နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်း(၂ဝဝ)နီးပါးကို ဘာသာ စကား(၁၀)မျိုး သင်ကြားပေး

1081
စော(NP News) - အောက်တိုဘာ ၁၃
နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများအား ဘာသာစကား (၁၀)မျိုးကို သင်ကြားပေးခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီး ဌာန နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တို့ ပူးပေါင်းကာ ဘာသာ စကား(၁၀)မျိုး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ (အောက်တိုဘာလ ၁၃ ရက်)တွင် နေပြည်တော်ရှိ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်ကြားပေးသည့် ဘာသာစကား(၁ဝ)မျိုးတွင် ကုလသမဂ္ဂရုံးသုံးဘာသာစကားများဖြစ်သည့် အင်္ဂလိပ်၊ တရုတ်၊ ပြင်သစ်၊ရုရှား၊ စပိန်ဘာသာစကားများအပြင် အခြားဘာသာစကားများဖြစ်သည့် ထိုင်း၊ ကိုရီးယား၊ ဂျာမန်၊ ဂျပန် နှင့် အီတလီ စသည်တို့ပါဝင်ကြောင်း သိရသည်။
အဆိုပါ ဘာသာစကားသင်တန်းများကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ၌ ယနေ့(အောက်တိုဘာလ ၁၃)ရက်မှစတင်ကာ Online စနစ်ဖြင့်လည်း ကောင်း၊ In person စနစ်များဖြင့်လည်းကောင်း ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းသင်တန်းများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ အရာထမ်း/ အမှုထမ်း စုစုပေါင်း (၁၉၄)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုသင်တန်းကို တက်ရောက်မည့် အရာထမ်း/အမှုထမ်းများအား ဘာသာစကားအသီးသီးကို ကျွမ်းကျင်တတ်မြောက်နိုင်ရန် နှင့် ထိရောက်ပိုင်နိုင်စွာ အသုံးချနိုင်သည်အထိ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ အရာထမ္း/အမႈထမ္း(၂ဝဝ)နီးပါးကို ဘာသာ စကား(၁၀)မ်ိဳး သင္ၾကားေပး
ေစာ(NP News) - ေအာက္တိုဘာ ၁၃
ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ အရာထမ္း/အမႈထမ္းမ်ားအား ဘာသာစကား (၁၀)မ်ိဳးကို သင္ၾကားေပးခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ မဟာဗ်ဴဟာေလ့လာေရးႏွင့္ေလ့က်င့္ေရးဦးစီး ဌာန ႏွင့္ ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္တို႔ ပူးေပါင္းကာ ဘာသာ စကား(၁၀)မ်ိဳး သင္တန္းဖြင့္ပြဲ အခမ္းအနားကို ယေန႔ (ေအာက္တိုဘာလ ၁၃ ရက္)တြင္ ေနျပည္ေတာ္ရွိ ေလာကနတ္ခန္းမ၌ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
သင္ၾကားေပးသည့္ ဘာသာစကား(၁ဝ)မ်ိဳးတြင္ ကုလသမဂၢ႐ုံးသုံးဘာသာစကားမ်ားျဖစ္သည့္ အဂၤလိပ္၊ တ႐ုတ္၊ ျပင္သစ္၊႐ုရွား၊ စပိန္ဘာသာစကားမ်ားအျပင္ အျခားဘာသာစကားမ်ားျဖစ္သည့္ ထိုင္း၊ ကိုရီးယား၊ ဂ်ာမန္၊ ဂ်ပန္ ႏွင့္ အီတလီ စသည္တို႔ပါဝင္ေၾကာင္း သိရသည္။
အဆိုပါ ဘာသာစကားသင္တန္းမ်ားကို ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္ ၌ ယေန႔(ေအာက္တိုဘာလ ၁၃)ရက္မွစတင္ကာ Online စနစ္ျဖင့္လည္း ေကာင္း၊ In person စနစ္မ်ားျဖင့္လည္းေကာင္း ဖြင့္လွစ္သင္ၾကားပို႔ခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။
၎သင္တန္းမ်ားကို ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ဝန္ႀကီး႐ုံးႏွင့္ ဦးစီးဌာနအသီးသီးမွ အရာထမ္း/ အမႈထမ္း စုစုေပါင္း (၁၉၄)ဦး တက္ေရာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုသင္တန္းကို တက္ေရာက္မည့္ အရာထမ္း/အမႈထမ္းမ်ားအား ဘာသာစကားအသီးသီးကို ကြၽမ္းက်င္တတ္ေျမာက္ႏိုင္ရန္ ႏွင့္ ထိေရာက္ပိုင္ႏိုင္စြာ အသုံးခ်ႏိုင္သည္အထိ သင္ၾကားသြားမည္ျဖစ္ေၾကာင္း သိရသည္။