Barbie ရုပ်ရှင်ကားကြောင့် Birkenstock ဖိနပ်တွေ စျေးနှုန်းမြင့်လာ

876

ရောင်နီ (NP News) - အောက်တိုဘာ ၁၄
မကြာသေးမီက လူကြိုက်များရေပန်းစားခဲ့တဲ့ ရုပ်ရှင် "Barbie" မှာ ပါဝင်ခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ခုကြောင့် Birkenstocks ရဲ့ ကွင်းထိုးခြေညှပ်ဖိနပ်တွေဟာ သာမာန်မှ လူကြိုက်များတဲ့ဖက်ရှင်ပစ္စည်းအဖြစ် ပြောင်းလဲသွားခဲ့ ပါတယ်။
ရုပ်ရှင်ထဲမှာ "Weird Barbie" အဖြစ် သရုပ်ဆောင် ကိတ်မက်ကန်နွန် ပါဝင်သရုပ်ဆောင်ထားတဲ့ Barbie ကို ဒေါက်ဖိနပ်နဲ့ ခြေညှပ်ဖိနပ် ၂ ခုထဲက ၁ ခု ရွေးချယ်ခိုင်းတဲ့ အဓိကဇာတ်ဝင်ခန်းတစ်ခု ပါဝင်ခဲ့ပါတယ်။ အဲဒီဇာတ်ဝင်ခန်းကြောင့် တစ်ချိန်က ရေပန်းစားလူကြိုက်များခဲ့တဲ့ Birkenstock ကွင်းထိုးခြေညှပ်ဖိနပ်တွေဟာ အွန်လိုင်းမှာ ရှာဖွေမှုပြန်လည်မြင့်တက်လာခဲ့ပြီး ဖက်ရှင်တစ်ခုဖြစ်လာခဲ့ပါတယ်။
Birkenstock ကုမ္ပဏီကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ဝ ခန့်က ဂျာမနီကျေးလက်ဒေသမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ Birkenstock မိသားစုနွယ်ဝင် ညီအစ်ကို အဲလက်နဲ့ ခရစ်စတီယန်တို့က ဆက်လက် အမွေဆက်ခံထားပါတယ်။ အခု "Barbie" ရုပ်ရှင်မှတဆင့် ပြန်လည်ရေပန်းစားလာချိန်မှာတော့ ကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ၁.၄၈ ဘီလျံ (စင်ကာပူဒေါ်လာ ၂.၀၂ ဘီလျံ) ခန့် စုဆောင်းရရှိခဲ့ပြီဖြစ်ပြီး ကုမ္ပဏီရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၉ ဘီလျံကျော်ထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
နာမည်ကျော် သရုပ်ဆောင်မားဂေါ့ရော်ဘီနဲ့ ရိုင်ယန် ဂို့စလင်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Barbie" ရုပ်ရှင်ဟာ စီးပွားရေးအရ အအောင်မြင်ဆုံးရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

Zawgyi Version;
Barbie ႐ုပ္ရွင္ကားေၾကာင့္ Birkenstock ဖိနပ္ေတြ ေစ်းႏႈန္းျမင့္လာ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၄
မၾကာေသးမီက လူႀကိဳက္မ်ားေရပန္းစားခဲ့တဲ့ ႐ုပ္ရွင္ "Barbie" မွာ ပါဝင္ခဲ့တဲ့ ဇာတ္ဝင္ခန္းတစ္ခုေၾကာင့္ Birkenstocks ရဲ႕ ကြင္းထိုးေျခညႇပ္ဖိနပ္ေတြဟာ သာမာန္မွ လူႀကိဳက္မ်ားတဲ့ဖက္ရွင္ပစၥည္းအျဖစ္ ေျပာင္းလဲသြားခဲ့ ပါတယ္။
႐ုပ္ရွင္ထဲမွာ "Weird Barbie" အျဖစ္ သ႐ုပ္ေဆာင္ ကိတ္မက္ကန္ႏြန္ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Barbie ကို ေဒါက္ဖိနပ္နဲ႔ ေျခညႇပ္ဖိနပ္ ၂ ခုထဲက ၁ ခု ေ႐ြးခ်ယ္ခိုင္းတဲ့ အဓိကဇာတ္ဝင္ခန္းတစ္ခု ပါဝင္ခဲ့ပါတယ္။ အဲဒီဇာတ္ဝင္ခန္းေၾကာင့္ တစ္ခ်ိန္က ေရပန္းစားလူႀကိဳက္မ်ားခဲ့တဲ့ Birkenstock ကြင္းထိုးေျခညႇပ္ဖိနပ္ေတြဟာ အြန္လိုင္းမွာ ရွာေဖြမႈျပန္လည္ျမင့္တက္လာခဲ့ၿပီး ဖက္ရွင္တစ္ခုျဖစ္လာခဲ့ပါတယ္။
Birkenstock ကုမၸဏီကို လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၅ဝ ခန္႔က ဂ်ာမနီေက်းလက္ေဒသမွာ စတင္တည္ေထာင္ခဲ့တာျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ Birkenstock မိသားစုႏြယ္ဝင္ ညီအစ္ကို အဲလက္နဲ႔ ခရစ္စတီယန္တို႔က ဆက္လက္ အေမြဆက္ခံထားပါတယ္။ အခု "Barbie" ႐ုပ္ရွင္မွတဆင့္ ျပန္လည္ေရပန္းစားလာခ်ိန္မွာေတာ့ ကုမၸဏီဟာ အေမရိကန္ေဒၚလာ ၁.၄၈ ဘီလ်ံ (စင္ကာပူေဒၚလာ ၂.၀၂ ဘီလ်ံ) ခန႔္ စုေဆာင္းရရွိခဲ့ၿပီျဖစ္ၿပီး ကုမၸဏီရဲ႕တန္ဖိုးဟာ အေမရိကန္ေဒၚလာ ၉ ဘီလ်ံေက်ာ္ထိ ျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။
နာမည္ေက်ာ္ သ႐ုပ္ေဆာင္မားေဂါ့ေရာ္ဘီနဲ႔ ႐ိုင္ယန္ ဂို႔စလင္းတို႔ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Barbie" ႐ုပ္ရွင္ဟာ စီးပြားေရးအရ အေအာင္ျမင္ဆုံး႐ုပ္ရွင္ေတြထဲက တစ္ခုျဖစ္ခဲ့ပါတယ္။