(၃)နှစ်ကြာ ရပ်နားထားသည့် အင်းလေးဖောင်တော်ဦးဘုရားပွဲတော် ယနေ့ စတင်ကျင်းပ

 2170

Pearl (NP News) - အောက်တိုဘာ ၁၅

(၃)နှစ်ကြာ ရပ်နားထားသည့် အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို ယနေ့ (အောက်တိုဘာလ ၁၅ ရက်)တွင် စတင်ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။

ယနေ့ (သီတင်းကျွတ်လဆန်း၁ရက်)(အောက်တိုဘာလ ၁၅ ရက်) ၊ နံနက်ပိုင်းတွင် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူသည် ရတနာစံကျောင်းတော်ကြီးမှ အင်းတိန်းကျေးရွာ မူလစံကျောင်းသို့ ကြွချီခဲ့ကြောင်း သိရသည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူသည် မူလစံကျောင်း သို့ ဒေသစာရီ စတင်လှည့်လည် ကြွချီအပူဇော်ခံစဉ် ရပ်ဝေးရှိ ဧည့်သည်များနှင့် မူလစံကျောင်းတော်ရှိ တောင်ရိုး၊ ဓနု၊ အင်း၊ ပအို့ စသည့်တိုင်းရင်းသားများမှ စည်ကားသိုက်မြိုက်စွာ ဖူးမြှော်ခဲ့ကြောင်း သိရသည်။

"အင်းအနောက်ဘက်ကို အရင်ကြွတာပေါ့။ အင်းအနောက်ဘက်ကနေ တောက်လျောက် ပတ်လာပြီးကာမှ ညောင်ရွှေမြို့ကနေပြီးမှ အင်းအရှေ့ဘက်ကို ပြန်ပတ်တာ။ နောက်ဆုံး သီတင်းကျွတ်လပြည့်ကျော်(၃)ရက်မှပြန်လည်ရောက်ရှိမှာပေါ့။ အားလုံး (၁၈)ရက်ကြာမယ်ဗျ။ ဒေသစာရီ အပူဇော်ခံတာက (၂၁)ဌာနပါ"ဟု ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံ ပညာရှင်များအသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူသည် သီတင်းကျွတ်လဆန်း(၁)ရက်(အောက်တိုဘာလ ၁၅ ရက်)မှစ၍ သီတင်းကျွတ်လပြည့်ကျော်(၃)ရက် (နိုဝင်ဘာလ ၁ ရက်)အထိ (၁၈)ရက်ကြာ အင်းလေးဒေသ (၂၁)ဌာနသို့ ဒေသစာရီ လှည့်လည်အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူသည် အောက်တိုဘာလ (၂၁)ရက်မှ (၂၃)ရက်အထိ ညောင်ရွှေမြို့သို့ ကြွချီအပူဇော်ခံမည်ဖြစ်ပြီး လှေပြိုင်ပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

" ဒီနေ့ကြွလာတဲ့ ရောက်တဲ့ဘက်ဆိုရင် ဘီလူးချောင်းဘက်က ထွက်လာတဲ့ရေကို ဆန်တတ်ရတာပေါ့။ ဆန်တတ်ရတယ်ဆိုတော့ ရေတတ်ကာမှ ဘုရားကြွဖို့အဆင်ပြေမှာလေ။ ရေက ဒီနှစ်မှာ အရင်တုန်းက စံချိန်ထက်ကို ကျော်လွန်ပြီးတော့ အင်းလေးရေပြင်က ရေတွေမြင့်တတ်လာတယ်ပေါ့။ ဒါလေးက ထူးခြားချက်လေးတစ်ခုဖြစ်တယ်"ဟု အထက်ပါ တာဝန်ရှိသူမှ ဆက်လက်ပြောသည်။

ပြိုင်ပွဲများတွင် အင်းသားရိုးရာအမျိုးသား ရာကျော်လှေပြိုင်ပွဲ၊ အမျိုးသားလေးကျိပ်ခြောက်လှေပြိုင်ပွဲ၊ အမျိုးသမီးနှစ်ကျိပ်ခြောက်လှေပြိုင်ပွဲ နှင့် အမျိုးသားတစ်ဦးချင်းလှေပြိုင်ပွဲတို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
(၃)ႏွစ္ၾကာ ရပ္နားထားသည့္ အင္းေလးေဖာင္ေတာ္ဦးဘုရားပြဲေတာ္ ယေန႔ စတင္က်င္းပ
Pearl (NP News) - ေအာက္တိုဘာ ၁၅

(၃)ႏွစ္ၾကာ ရပ္နားထားသည့္ အင္းေလးေဖာင္ေတာ္ဦးဘုရားပြဲေတာ္ကို ယေန႔ (ေအာက္တိုဘာလ ၁၅ ရက္)တြင္ စတင္က်င္းပေနၿပီျဖစ္ေၾကာင္း သိရသည္။

ယေန႔ (သီတင္းကြၽတ္လဆန္း၁ရက္)(ေအာက္တိုဘာလ ၁၅ ရက္) ၊ နံနက္ပိုင္းတြင္ အင္းေလးေဖာင္ေတာ္ဦးျမတ္စြာဘုရား ႐ုပ္ရွင္ေတာ္ျမတ္ေလးဆူသည္ ရတနာစံေက်ာင္းေတာ္ႀကီးမွ အင္းတိန္းေက်း႐ြာ မူလစံေက်ာင္းသို႔ ႂကြခ်ီခဲ့ေၾကာင္း သိရသည္။

အင္းေလးေဖာင္ေတာ္ဦးျမတ္စြာဘုရား ႐ုပ္ရွင္ေတာ္ျမတ္ေလးဆူသည္ မူလစံေက်ာင္း သို႔ ေဒသစာရီ စတင္လွည့္လည္ ႂကြခ်ီအပူေဇာ္ခံစဥ္ ရပ္ေဝးရွိ ဧည့္သည္မ်ားႏွင့္ မူလစံေက်ာင္းေတာ္ရွိ ေတာင္႐ိုး၊ ဓႏု၊ အင္း၊ ပအို႔ စသည့္တိုင္းရင္းသားမ်ားမွ စည္ကားသိုက္ၿမိဳက္စြာ ဖူးေျမႇာ္ခဲ့ေၾကာင္း သိရသည္။

"အင္းအေနာက္ဘက္ကို အရင္ႂကြတာေပါ့။ အင္းအေနာက္ဘက္ကေန ေတာက္ေလ်ာက္ ပတ္လာၿပီးကာမွ ေညာင္ေ႐ႊၿမိဳ႕ကေနၿပီးမွ အင္းအေရွ႕ဘက္ကို ျပန္ပတ္တာ။ ေနာက္ဆုံး သီတင္းကြၽတ္လျပည့္ေက်ာ္(၃)ရက္မွျပန္လည္ေရာက္ရွိမွာေပါ့။ အားလုံး (၁၈)ရက္ၾကာမယ္ဗ်။ ေဒသစာရီ အပူေဇာ္ခံတာက (၂၁)ဌာနပါ"ဟု ရွမ္းျပည္နယ္ေတာင္ပိုင္း႐ိုးရာမီးပုံးပ်ံ ပညာရွင္မ်ားအသင္း၏ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အင္းေလးေဖာင္ေတာ္ဦးျမတ္စြာဘုရား ႐ုပ္ရွင္ေတာ္ျမတ္ေလးဆူသည္ သီတင္းကြၽတ္လဆန္း(၁)ရက္(ေအာက္တိုဘာလ ၁၅ ရက္)မွစ၍ သီတင္းကြၽတ္လျပည့္ေက်ာ္(၃)ရက္ (ႏိုဝင္ဘာလ ၁ ရက္)အထိ (၁၈)ရက္ၾကာ အင္းေလးေဒသ (၂၁)ဌာနသို႔ ေဒသစာရီ လွည့္လည္အပူေဇာ္ခံမည္ျဖစ္ေၾကာင္း သိရသည္။

အင္းေလးေဖာင္ေတာ္ဦးျမတ္စြာဘုရား ႐ုပ္ရွင္ေတာ္ျမတ္ေလးဆူသည္ ေအာက္တိုဘာလ (၂၁)ရက္မွ (၂၃)ရက္အထိ ေညာင္ေ႐ႊၿမိဳ႕သို႔ ႂကြခ်ီအပူေဇာ္ခံမည္ျဖစ္ၿပီး ေလွၿပိဳင္ပြဲမ်ားကိုလည္း က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

" ဒီေန႔ႂကြလာတဲ့ ေရာက္တဲ့ဘက္ဆိုရင္ ဘီလူးေခ်ာင္းဘက္က ထြက္လာတဲ့ေရကို ဆန္တတ္ရတာေပါ့။ ဆန္တတ္ရတယ္ဆိုေတာ့ ေရတတ္ကာမွ ဘုရားႂကြဖို႔အဆင္ေျပမွာေလ။ ေရက ဒီႏွစ္မွာ အရင္တုန္းက စံခ်ိန္ထက္ကို ေက်ာ္လြန္ၿပီးေတာ့ အင္းေလးေရျပင္က ေရေတြျမင့္တတ္လာတယ္ေပါ့။ ဒါေလးက ထူးျခားခ်က္ေလးတစ္ခုျဖစ္တယ္"ဟု အထက္ပါ တာဝန္ရွိသူမွ ဆက္လက္ေျပာသည္။

ၿပိဳင္ပြဲမ်ားတြင္ အင္းသား႐ိုးရာအမ်ိဳးသား ရာေက်ာ္ေလွၿပိဳင္ပြဲ၊ အမ်ိဳးသားေလးက်ိပ္ေျခာက္ေလွၿပိဳင္ပြဲ၊ အမ်ိဳးသမီးႏွစ္က်ိပ္ေျခာက္ေလွၿပိဳင္ပြဲ ႏွင့္ အမ်ိဳးသားတစ္ဦးခ်င္းေလွၿပိဳင္ပြဲတို႔ကို က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

© 2021. All rights reserved.