ဂျပန်နိုင်ငံ၏ ပင်လယ်စာတင်သွင်းမှုများကို ပိတ်ပင်လိုက်ကြောင်း ရုရှားအစိုးရပြော

 1114

Pika (NP News) - အောက်တိုဘာ ၁၆

ရုရှားနိုင်ငံသည် ဂျပန်နိုင်ငံ၏ ပင်လယ်စာတင်သွင်းမှုများအပေါ် ချမှတ်ထားသော တရုတ်နိုင်ငံ၏ ပိတ်ဆို့အရေးယူ မှုအစီအစဉ်များတွင် ပါဝင်လာခဲ့ကြောင်း ရုရှား၏စိုက်ပျိုးရေးစောင့်ကြည့်ရေးအဖွဲ့ Rosselkhoznadzor က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် ပျက်စီးနေသော ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေဆိုးများကို ပြီးခဲ့သည့်ဩဂုတ်လတွင် ပင်လယ်ထဲသို့ စတင်စွန့်ပစ်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် ဂျပန်အစိုးရ၏ ရေဒီယိုသတ္တိကြွရေဆိုးများ ပင်လယ်ထဲသို့စွန့်ပစ်မှုကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဂျပန်၏ပင်လယ်စာတင်သွင်းမှုအားလုံး ကို ပိတ်ပင်ခဲ့ကြောင်း သိရသည်။

ဂျပန်၏ ပင်လယ်စာတင်သွင်းမှုအပေါ် ကန့်သတ်ချက်များကို ကြိုတင်ကာကွယ်မှုအဖြစ် သတ်မှတ်ထားပြီး ပင်လယ်စာများ ဘေးကင်းကြောင်းပြသသည့်သတင်းအချက်အလက်များ မပေးမချင်း အဆိုပါကန့်သတ်ချက်များ ကို ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း ရုရှားဖက်က ပြောခဲ့သည်။ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ ရုရှားသို့ ဂျပန်နိုင်ငံ၏ ငါးနှင့် ပင်လယ်စာတင်သွင်းမှု စုစုပေါင်းတန်ချိန်(၁၁၈)တန်ရှိကြောင်း Rosselkhoznadzor က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေဆိုးများအား ပင်လယ်ထဲသို့ ဒုတိယအကြိမ်မြောက်စွန့်ပစ်မှုကို အောက်တိုဘာလ(၅)ရက်တွင် စတင်လုပ်ဆောင်ခဲ့ပြီးနောက် သီတင်းပတ်များ အကြာတွင် ရုရှားဖက်က ယခုကဲ့သို့ ကန့်သတ်ချက်များချမှတ်ခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံ၏ ပင္လယ္စာတင္သြင္းမႈမ်ားကို ပိတ္ပင္လိုက္ေၾကာင္း ႐ုရွားအစိုးရေျပာ
Pika (NP News) - ေအာက္တိုဘာ ၁၆

႐ုရွားႏိုင္ငံသည္ ဂ်ပန္ႏိုင္ငံ၏ ပင္လယ္စာတင္သြင္းမႈမ်ားအေပၚ ခ်မွတ္ထားေသာ တ႐ုတ္ႏိုင္ငံ၏ ပိတ္ဆို႔အေရးယူ မႈအစီအစဥ္မ်ားတြင္ ပါဝင္လာခဲ့ေၾကာင္း ႐ုရွား၏စိုက္ပ်ိဳးေရးေစာင့္ၾကည့္ေရးအဖြဲ႕ Rosselkhoznadzor က ေျပာၾကားခဲ့သည္။

ဂ်ပန္ႏိုင္ငံသည္ ပ်က္စီးေနေသာ ဖူကူရွီးမားန်ဴကလီးယားဓါတ္အားေပးစက္႐ုံမွ ေရဒီယိုသတၱိႂကြေရဆိုးမ်ားကို ၿပီးခဲ့သည့္ဩဂုတ္လတြင္ ပင္လယ္ထဲသို႔ စတင္စြန႔္ပစ္ခဲ့ေၾကာင္း သိရသည္။ တ႐ုတ္ႏိုင္ငံသည္ ဂ်ပန္အစိုးရ၏ ေရဒီယိုသတၱိႂကြေရဆိုးမ်ား ပင္လယ္ထဲသို႔စြန႔္ပစ္မႈကို ျပစ္တင္ေဝဖန္ခဲ့ၿပီး ဂ်ပန္၏ပင္လယ္စာတင္သြင္းမႈအားလုံး ကို ပိတ္ပင္ခဲ့ေၾကာင္း သိရသည္။

ဂ်ပန္၏ ပင္လယ္စာတင္သြင္းမႈအေပၚ ကန႔္သတ္ခ်က္မ်ားကို ႀကိဳတင္ကာကြယ္မႈအျဖစ္ သတ္မွတ္ထားၿပီး ပင္လယ္စာမ်ား ေဘးကင္းေၾကာင္းျပသသည့္သတင္းအခ်က္အလက္မ်ား မေပးမခ်င္း အဆိုပါကန႔္သတ္ခ်က္မ်ား ကို ဆက္လက္ထားရွိသြားမည္ျဖစ္ေၾကာင္း ႐ုရွားဖက္က ေျပာခဲ့သည္။ ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလမွ စက္တင္ဘာလ အထိ ႐ုရွားသို႔ ဂ်ပန္ႏိုင္ငံ၏ ငါးႏွင့္ ပင္လယ္စာတင္သြင္းမႈ စုစုေပါင္းတန္ခ်ိန္(၁၁၈)တန္ရွိေၾကာင္း Rosselkhoznadzor က ေျပာၾကားခဲ့သည္။

ဂ်ပန္ႏိုင္ငံသည္ ဖူကူရွီးမားန်ဴကလီးယားဓါတ္အားေပးစက္႐ုံမွ ေရဒီယိုသတၱိႂကြေရဆိုးမ်ားအား ပင္လယ္ထဲသို႔ ဒုတိယအႀကိမ္ေျမာက္စြန႔္ပစ္မႈကို ေအာက္တိုဘာလ(၅)ရက္တြင္ စတင္လုပ္ေဆာင္ခဲ့ၿပီးေနာက္ သီတင္းပတ္မ်ား အၾကာတြင္ ႐ုရွားဖက္က ယခုကဲ့သို႔ ကန႔္သတ္ခ်က္မ်ားခ်မွတ္ခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.