ဘယ်လ်ဂျီယံနိုင်ငံတွင် ဆွီဒင်နိုင်ငံသားနှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီးနောက် အကြမ်းဖက်သတိပေးချက်ကို ဘယ်လ်ဂျီယံအစိုးရ ထုတ်ပြန်

761

Pika (NP News) - အောက်တိုဘာ ၁၇
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် အောက်တိုဘာလ(၁၆)ရက် ဖြစ်ပွားခဲ့သော ဆွီဒင်နိုင်ငံသားနှစ်ဦးအား ပစ်သတ်မှုကို အကြမ်းဖက်လုပ်ရပ်တစ်ခုအဖြစ် ဘယ်လ်ဂျီယံအစိုးရက ပြစ်တင်ဝေဖန်ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့အပြင် သံသယရှိသူအား နယ်စပ်ဖြတ်ကျော်ထွက်ပြေးခြင်းမှ တားမြစ်ရန်အတွက် နောက်ထပ်ရဲတပ်ဖွဲ့ဝင်များကို ဖြန့်ကျက်ချထားကြောင်း ဘယ်လ်ဂျီယံအစိုးရက ပြောကြားခဲ့သည်။ ဘယ်လ်ဂျီယံဝန်ကြီးချုပ် အလက်ဇန်းဒါး ဒီခရိုးသည် အဆိုပါဖြစ်ရပ်ကြောင့် စိတ်မကောင်းဖြစ်မိကြောင်း ပြောဆိုခဲ့ပြီး ဝမ်းနည်းကြောင်း စာတစ်စောင်ကို ဆွီဒင်ဝန်ကြီးချုပ်ထံပေးပို့ခဲ့ကြောင်း သိရသည်။
အလက်ဇန်းဒါးဒီခရိုးက "ရင်းနှီးတဲ့မိတ်ဖက်တွေအနေနဲ့ အကြမ်းဖက်မှုကို တိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်တာမျိုး လုပ်ဆောင်သွားမှာပါ" ဟု ပြောခဲ့သည်။
ဘယ်လ်ဂျီယံနိုင်ငံခြားရေးဝန်ကြီး Hadja Lahbib က "ဘယ်လ်ဂျီယံနဲ့ ဆွီဒင်တို့ဟာ အကြမ်းဖက်မှုကို တိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ ဘရပ်ဆဲလ်မြို့မှာဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုကြောင့် စိတ်မကောင်းဖြစ်မိပါတယ်။ ဒီအစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့ လိုအပ်တဲ့ နည်းလမ်းအားလုံးကို လုပ်ဆောင်သွားမှာပါ" ဟု ပြောခဲ့သည်။
ဆွီဒင်နိုင်ငံသားနှစ်ဦးသည် အောက်တိုဘာလ(၁၆)ရက် ည(၇)နာရီ (၁၅)မိနစ်အချိန်တွင် ဘရပ်ဆဲလ်မြို့မှာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးမှာ ဘယ်လ်ဂျီယံနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဆွီဒင်ဘောလုံးအသင်းပရိသတ်များ ဖြစ်နိုင်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဆွီဒင်-ဘယ်လ်ဂျီယံတို့ကစားသည့် ယူရို ၂ဝ၂၄ ခြေစစ်ပွဲကို ပွဲချိန်တစ်ဝက်တွင် ရပ်နားခဲ့ရပြီး ပရိသတ်များအားလုံးကို ကွင်းအတွင်းတွင် နေကြရန် ရဲတပ်ဖွဲ့က တိုက်တွန်းခဲ့ကြောင်း သိရသည်။ ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသောဗီဒီယိုဖိုင်တစ်ခုတွင် လိမ္မော်ရောင်ဂျာကင်အင်္ကျီ နှင့် အဖြူရောင်ဦးထုပ် ဆောင်းထားသော လူတစ်ဦးသည် ပစ်ခတ်ခြင်းများမပြုလုပ်မီ စကူတာပေါ်မှ ဆင်းလာသည်ကို ပြသခဲ့သည်။
ထို့နောက် ၎င်းသည် အရပ်သားများထွက်ပြေးသွားသော လူအနေအဆောက်အဦးတစ်ခုသို့ လိုက်သွားခဲ့ပြီးနောက် ရိုင်ဖယ်သေနတ်ဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့ပြီး စကူတာဖြင့် ထွက်ပြေးသွားသည်ကို ဗီဒီယိုထဲတွင် ပြသခဲ့ သည်။ သေနတ်သမားသည် ပစ်ခတ်ခြင်းများမပြုလုပ်မီ “Allahu Akbar” ဆိုသည့်စကားကို အော်ဟစ်ပြောဆိုခဲ့ ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
ဘယ်လ်ဂျီယံသတင်းဌာနများက အဆိုပါသေနတ်သမားသည် ISIS အကြမ်းဖက်အဖွဲ့နှင့်ဆက်နွယ်သည်ဟု သံသယ ရှိသော်လည်း ရဲတပ်ဖွဲ့များက အဆိုပါအချက်ကို အတည်ပြုခြင်း (သို့မဟုတ်) ငြင်းဆိုခြင်းမရှိသေးကြောင်း သိရသည်။

Zawgyi Version;
ဘယ္လ္ဂ်ီယံႏိုင္ငံတြင္ ဆြီဒင္ႏိုင္ငံသားႏွစ္ဦး ေသနတ္ျဖင့္ပစ္သတ္ခံရၿပီးေနာက္ အၾကမ္းဖက္သတိေပးခ်က္ကို ဘယ္လ္ဂ်ီယံအစိုးရ ထုတ္ျပန္
Pika (NP News) - ေအာက္တိုဘာ ၁၇
ဘယ္လ္ဂ်ီယံႏိုင္ငံ ဘရပ္ဆဲလ္ၿမိဳ႕တြင္ ေအာက္တိုဘာလ(၁၆)ရက္ ျဖစ္ပြားခဲ့ေသာ ဆြီဒင္ႏိုင္ငံသားႏွစ္ဦးအား ပစ္သတ္မႈကို အၾကမ္းဖက္လုပ္ရပ္တစ္ခုအျဖစ္ ဘယ္လ္ဂ်ီယံအစိုးရက ျပစ္တင္ေဝဖန္ေျပာဆိုခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ သံသယရွိသူအား နယ္စပ္ျဖတ္ေက်ာ္ထြက္ေျပးျခင္းမွ တားျမစ္ရန္အတြက္ ေနာက္ထပ္ရဲတပ္ဖြဲ႕ဝင္မ်ားကို ျဖန႔္က်က္ခ်ထားေၾကာင္း ဘယ္လ္ဂ်ီယံအစိုးရက ေျပာၾကားခဲ့သည္။ ဘယ္လ္ဂ်ီယံဝန္ႀကီးခ်ဳပ္ အလက္ဇန္းဒါး ဒီခ႐ိုးသည္ အဆိုပါျဖစ္ရပ္ေၾကာင့္ စိတ္မေကာင္းျဖစ္မိေၾကာင္း ေျပာဆိုခဲ့ၿပီး ဝမ္းနည္းေၾကာင္း စာတစ္ေစာင္ကို ဆြီဒင္ဝန္ႀကီးခ်ဳပ္ထံေပးပို႔ခဲ့ေၾကာင္း သိရသည္။
အလက္ဇန္းဒါးဒီခ႐ိုးက "ရင္းႏွီးတဲ့မိတ္ဖက္ေတြအေနနဲ႔ အၾကမ္းဖက္မႈကို တိုက္ဖ်က္ဖို႔ ပူးေပါင္းေဆာင္႐ြက္တာမ်ိဳး လုပ္ေဆာင္သြားမွာပါ" ဟု ေျပာခဲ့သည္။
ဘယ္လ္ဂ်ီယံႏိုင္ငံျခားေရးဝန္ႀကီး Hadja Lahbib က "ဘယ္လ္ဂ်ီယံနဲ႔ ဆြီဒင္တို႔ဟာ အၾကမ္းဖက္မႈကို တိုက္ဖ်က္ဖို႔ ပူးေပါင္းေဆာင္႐ြက္သြားမွာပါ။ ဘရပ္ဆဲလ္ၿမိဳ႕မွာျဖစ္ပြားခဲ့တဲ့ပစ္ခတ္မႈေၾကာင့္ စိတ္မေကာင္းျဖစ္မိပါတယ္။ ဒီအစြန္းေရာက္ဝါဒကို တိုက္ဖ်က္ဖို႔ လိုအပ္တဲ့ နည္းလမ္းအားလုံးကို လုပ္ေဆာင္သြားမွာပါ" ဟု ေျပာခဲ့သည္။
ဆြီဒင္ႏိုင္ငံသားႏွစ္ဦးသည္ ေအာက္တိုဘာလ(၁၆)ရက္ ည(၇)နာရီ (၁၅)မိနစ္အခ်ိန္တြင္ ဘရပ္ဆဲလ္ၿမိဳ႕မွာ ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။ ၎တို႔ႏွစ္ဦးမွာ ဘယ္လ္ဂ်ီယံႏိုင္ငံသို႔ အလည္အပတ္ ေရာက္ရွိေနေသာ ဆြီဒင္ေဘာလုံးအသင္းပရိသတ္မ်ား ျဖစ္ႏိုင္ဖြယ္ရွိေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။
ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ ဆြီဒင္-ဘယ္လ္ဂ်ီယံတို႔ကစားသည့္ ယူ႐ို ၂ဝ၂၄ ေျခစစ္ပြဲကို ပြဲခ်ိန္တစ္ဝက္တြင္ ရပ္နားခဲ့ရၿပီး ပရိသတ္မ်ားအားလုံးကို ကြင္းအတြင္းတြင္ ေနၾကရန္ ရဲတပ္ဖြဲ႕က တိုက္တြန္းခဲ့ေၾကာင္း သိရသည္။ ဆိုရွယ္မီဒီယာေပၚတြင္ တင္ထားေသာဗီဒီယိုဖိုင္တစ္ခုတြင္ လိေမၼာ္ေရာင္ဂ်ာကင္အက်ႌ ႏွင့္ အျဖဴေရာင္ဦးထုပ္ ေဆာင္းထားေသာ လူတစ္ဦးသည္ ပစ္ခတ္ျခင္းမ်ားမျပဳလုပ္မီ စကူတာေပၚမွ ဆင္းလာသည္ကို ျပသခဲ့သည္။
ထို႔ေနာက္ ၎သည္ အရပ္သားမ်ားထြက္ေျပးသြားေသာ လူအေနအေဆာက္အဦးတစ္ခုသို႔ လိုက္သြားခဲ့ၿပီးေနာက္ ႐ိုင္ဖယ္ေသနတ္ျဖင့္ အခ်က္ေပါင္းမ်ားစြာပစ္ခတ္ခဲ့ၿပီး စကူတာျဖင့္ ထြက္ေျပးသြားသည္ကို ဗီဒီယိုထဲတြင္ ျပသခဲ့ သည္။ ေသနတ္သမားသည္ ပစ္ခတ္ျခင္းမ်ားမျပဳလုပ္မီ “Allahu Akbar” ဆိုသည့္စကားကို ေအာ္ဟစ္ေျပာဆိုခဲ့ ေၾကာင္း မ်က္ျမင္သက္ေသမ်ားက ေျပာၾကားခဲ့သည္။
ဘယ္လ္ဂ်ီယံသတင္းဌာနမ်ားက အဆိုပါေသနတ္သမားသည္ ISIS အၾကမ္းဖက္အဖြဲ႕ႏွင့္ဆက္ႏြယ္သည္ဟု သံသယ ရွိေသာ္လည္း ရဲတပ္ဖြဲ႕မ်ားက အဆိုပါအခ်က္ကို အတည္ျပဳျခင္း (သို႔မဟုတ္) ျငင္းဆိုျခင္းမရွိေသးေၾကာင္း သိရသည္။