ပတ်စ်ပို့သက်တမ်းတိုးရန် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ကို ရန်ကုန်တွင် မြို့နယ်လေးခု နှင့် မန္တလေးတွင် မြို့နယ်နှစ်ခုတို့၌ လျှောက်ထားနိုင်

5923
NP News - အောက်တိုဘာ ၂၁
ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများ (PJ) နှင့် မြန်မာသင်္ဘော သား (PS) ပတ်စ်ပို့များသက်တမ်းတိုးရန် လိုအပ်သော အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပုံစံများကို ရန်ကုန်တွင် မြို့နယ်လေးခုနှင့် မန္တလေးတွင် မြို့နယ်နှစ်ခုတို့၌ ထုတ်ယူနိုင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
ထို့ပြင် ကျန်ပြည်နယ်၊ တိုင်းဒေသကြီး နှင့် ပြည်ထောင်စုနယ်မြေတို့တွင် အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ပုံစံကို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတည်ရှိရာမြို့နယ်ရှိ အခွန်ဦးစီးဌာနရုံးများတွင် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပုံစံများကို အောက်တိုဘာလတွင် စတင်ထုတ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။
“ဝင်ငွေခွန်တွက်ချက်ပေးပြီးတဲ့ အချက်တွေနဲ့အညီ အခွန်မှာအကျုံးဝင်ရင် အခွန်ဆောင်ရမယ်။ အခွန်ကင်းရှင်ကြောင်းလက်မှတ်မှာလည်း လုံခြုံမှုအဆင့်အတန်းပါရှိတယ်။ QR ကုဒ်လိုမျိုးနည်းပညာနဲ့ စနစ်တကျထုတ်ပေးသွားမှာပါ”ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ အရာရှိတစ်ဦးက NP News ကိုပြောသည်။
ရန်ကုန်မြို့တွင် အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ပုံစံကို ရန်ကင်းမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ အင်းစိန်မြို့နယ် နှင့် ဒေါပုံမြို့နယ်တို့ရှိ အခွန်ဦးစီးဌာနရုံးများတွင်လျှောက်ထားထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင် အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ပုံစံကို မဟာအောင်မြေ နှင့် ချမ်းမြသာစည်မြို့နယ်ရှိ အခွန်ဦးစီးဌာနရုံးများတွင်လျှောက်ထားထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
zawgyi version
ပတ္စ္ပို႔သက္တမ္းတိုးရန္ အခြန္ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္ကို ရန္ကုန္တြင္ ၿမိဳ႕နယ္ေလးခု ႏွင့္ မႏၲေလးတြင္ ၿမိဳ႕နယ္ႏွစ္ခုတို႔၌ ေလွ်ာက္ထားႏိုင္
NP News - ေအာက္တိုဘာ ၂၁
ျပည္ပသို႔ အလုပ္သြားေရာက္လုပ္ကိုင္မည့္ ျမန္မာႏိုင္ငံသားမ်ား (PJ) ႏွင့္ ျမန္မာသေဘၤာ သား (PS) ပတ္စ္ပို႔မ်ားသက္တမ္းတိုးရန္ လိုအပ္ေသာ အခြန္ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္ပုံစံမ်ားကို ရန္ကုန္တြင္ ၿမိဳ႕နယ္ေလးခုႏွင့္ မႏၲေလးတြင္ ၿမိဳ႕နယ္ႏွစ္ခုတို႔၌ ထုတ္ယူႏိုင္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ သိရသည္။
ထို႔ျပင္ က်န္ျပည္နယ္၊ တိုင္းေဒသႀကီး ႏွင့္ ျပည္ေထာင္စုနယ္ေျမတို႔တြင္ အခြန္ကင္းရွင္းေၾကာင္းေထာက္ခံခ်က္ပုံစံကို ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးတည္ရွိရာၿမိဳ႕နယ္ရွိ အခြန္ဦးစီးဌာန႐ုံးမ်ားတြင္ ထုတ္ယူႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အခြန္ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္ပုံစံမ်ားကို ေအာက္တိုဘာလတြင္ စတင္ထုတ္ေပးရန္ စီစဥ္ထားေၾကာင္း သိရသည္။
“ဝင္ေငြခြန္တြက္ခ်က္ေပးၿပီးတဲ့ အခ်က္ေတြနဲ႔အညီ အခြန္မွာအက်ဳံးဝင္ရင္ အခြန္ေဆာင္ရမယ္။ အခြန္ကင္းရွင္ေၾကာင္းလက္မွတ္မွာလည္း လုံၿခဳံမႈအဆင့္အတန္းပါရွိတယ္။ QR ကုဒ္လိုမ်ိဳးနည္းပညာနဲ႔ စနစ္တက်ထုတ္ေပးသြားမွာပါ”ဟု ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ အရာရွိတစ္ဦးက NP News ကိုေျပာသည္။
ရန္ကုန္ၿမိဳ႕တြင္ အခြန္ကင္းရွင္းေၾကာင္းေထာက္ခံခ်က္ပုံစံကို ရန္ကင္းၿမိဳ႕နယ္၊ ေတာင္ဒဂုံၿမိဳ႕နယ္၊ အင္းစိန္ၿမိဳ႕နယ္ ႏွင့္ ေဒါပုံၿမိဳ႕နယ္တို႔ရွိ အခြန္ဦးစီးဌာန႐ုံးမ်ားတြင္ေလွ်ာက္ထားထုတ္ယူရမည္ျဖစ္ေၾကာင္း သိရသည္။
မႏၲေလးၿမိဳ႕တြင္ အခြန္ကင္းရွင္းေၾကာင္းေထာက္ခံခ်က္ပုံစံကို မဟာေအာင္ေျမ ႏွင့္ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ အခြန္ဦးစီးဌာန႐ုံးမ်ားတြင္ေလွ်ာက္ထားထုတ္ယူရမည္ျဖစ္ေၾကာင္း သိရသည္။