၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲသကဲ့သို့ သမိုင်းတွင် အရုပ်ဆိုးအကျည်းတန်သည့် အဖြစ်မျိုးထပ်မဖြစ်ရန် နစကဥက္ကဋ္ဌတိုက်တွန်း

176

သန့်ဇင်(NP News)-မေ ၂၂
ပါတီစုံဒီမိုကရေစီစနစ်လျှောက်လှမ်းရာတွင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲသကဲ့သို့ သမိုင်းတွင် အရုပ်ဆိုးအကျည်းတန်သည့် အဖြစ်မျိုး ထပ်မံမဖြစ်ပေါ်စေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။
ယမန်နေ့(မေလ ၂၁ရက်)နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် အခြေခံနှင့် တန်းမြင့်ရေကြောင်း လူငယ် သင်တန်းတွင် နစကဥက္ကဋ္ဌက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်အဖြစ် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားရေး ရည်မှန်းချက် နှစ်ရပ် အဖြစ် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးတို့ကို ချမှတ်ထားကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းသည့်နေရာတွင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတုန်းကကဲ့သို့ သမိုင်းတွင် အရုပ်ဆိုးအကျည်းတန်သည့် အဖြစ်မျိုးများ၊ ရွေးကောက်ပွဲမတိုင်မီကာလတွင်လည်း ဒီမိုကရေစီအမည်ခံဥပဒေမဲ့လုပ်ဆောင်မှုများ၊ အာဏာရှင်ဆန်ဆန် လုပ်ဆောင်မှုများကြောင့် တိုင်းပြည်၏ စည်းလုံးညီညွတ်မှု၊ ဟန်ချက်ညီရပ်တည်မှုများ ပြိုကွဲမည့်အဖြစ်များ ထပ်မံမဖြစ်ပေါ်စေရေး လုပ်ဆောင်ကြရန်လိုအပ်ကြောင်းလည်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
ထို့ကြောင့် နိုင်ငံသားတိုင်းသည် မိမိတို့နိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကို သိရှိပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာတွင် ဦးဆောင်လူငယ်များအဖြစ် ပါဝင်ကြရန်လိုကြောင်းလည်း နစကဥက္ကဋ္ဌက ဆိုသည်။

Zawgyi Version:
၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲသကဲ့သို႔ သမိုင္းတြင္ အ႐ုပ္ဆိုးအက်ည္းတန္သည့္ အျဖစ္မ်ိဳးထပ္မျဖစ္ရန္ နစကဥကၠ႒တိုက္တြန္း
သန႔္ဇင္(NP News)-ေမ ၂၂
ပါတီစုံဒီမိုကေရစီစနစ္ေလွ်ာက္လွမ္းရာတြင္ ၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲသကဲ့သို႔ သမိုင္းတြင္ အ႐ုပ္ဆိုးအက်ည္းတန္သည့္ အျဖစ္မ်ိဳး ထပ္မံမျဖစ္ေပၚေစရန္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တိုက္တြန္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ယမန္ေန႔(ေမလ ၂၁ရက္)နံနက္ပိုင္းက ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္၌ က်င္းပျပဳလုပ္သည့္ အေျခခံႏွင့္ တန္းျမင့္ေရေၾကာင္း လူငယ္ သင္တန္းတြင္ နစကဥကၠ႒က အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ႏိုင္ငံေရးရည္မွန္းခ်က္ ႏွစ္ရပ္အျဖစ္ စစ္မွန္စည္းကမ္းျပည့္ဝသည့္ ပါတီစုံဒီမိုကေရစီစနစ္ ခိုင္မာေစေရး၊ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရးႏွင့္ အမ်ိဳးသားေရး ရည္မွန္းခ်က္ ႏွစ္ရပ္ အျဖစ္ တိုင္းျပည္သာယာဝေျပာေရး၊ စားေရရိကၡာဖူလုံေရးတို႔ကို ခ်မွတ္ထားေၾကာင္း နစကဥကၠ႒က ဆိုသည္။
ျပည္သူမ်ားလိုလားသည့္ ပါတီစုံဒီမိုကေရစီစနစ္ကို ေလွ်ာက္လွမ္းသည့္ေနရာတြင္ ၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲတုန္းကကဲ့သို႔ သမိုင္းတြင္ အ႐ုပ္ဆိုးအက်ည္းတန္သည့္ အျဖစ္မ်ိဳးမ်ား၊ ေ႐ြးေကာက္ပြဲမတိုင္မီကာလတြင္လည္း ဒီမိုကေရစီအမည္ခံဥပေဒမဲ့လုပ္ေဆာင္မႈမ်ား၊ အာဏာရွင္ဆန္ဆန္ လုပ္ေဆာင္မႈမ်ားေၾကာင့္ တိုင္းျပည္၏ စည္းလုံးညီၫြတ္မႈ၊ ဟန္ခ်က္ညီရပ္တည္မႈမ်ား ၿပိဳကြဲမည့္အျဖစ္မ်ား ထပ္မံမျဖစ္ေပၚေစေရး လုပ္ေဆာင္ၾကရန္လိုအပ္ေၾကာင္းလည္း နစကဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ ႏိုင္ငံသားတိုင္းသည္ မိမိတို႔ႏိုင္ငံ၏ သမိုင္းျဖစ္ရပ္မွန္မ်ားကို သိရွိၿပီး စစ္မွန္စည္းကမ္းျပည့္ဝသည့္ ပါတီစုံဒီမိုကေရစီစနစ္ႏွင့္ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္သည့္ ႏိုင္ငံေတာ္တည္ေဆာက္ရာတြင္ ဦးေဆာင္လူငယ္မ်ားအျဖစ္ ပါဝင္ၾကရန္လိုေၾကာင္းလည္း နစကဥကၠ႒က ဆိုသည္။