အီရန်တွင် ရေတပ်နှင့် လေတပ်မရှိတော့ကြောင်း ထရမ့်ပြော

 787

ဂျန်ဇက် (NP News) - မတ် ၁၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အစိုးရအား စစ်ရေး၊ စီးပွားရေးအရ အပြီးတိုင် ဖျက်ဆီးပစ်နေပြီဖြစ် ကြောင်း ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်ထုတ်ဖော်ပြော ဆိုလိုက်သည်။ သမ္မတထရမ့်သည် အမေရိကန်နာ မည်ကျော် The New York Times သတင်းစာ၏ ဖော်ပြချက်များကို ဝေဖန်ခဲ့ပြီး စစ်ပွဲတွင် အမေရိကန် တို့ အပြတ်အသတ် အနိုင်ရနေကြောင်းထုတ်ဖော် ပြောဆိုထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “အီရန်ရဲ့ ရေတပ်ဆိုတာ မရှိတော့ဘူး။ သူတို့ရဲ့ လေတပ်လည်း ပျက်သွားပြီ။ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တခြားအရာအားလုံး ဖျက်ဆီးခံလိုက်ရ ပြီဖြစ်သလို၊ သူတို့ရဲ့ ခေါင်းဆောင်တွေလည်း မြေပြင်ပေါ်ကနေ အစတုံး ဖယ်ရှားခံလိုက်ရတယ်။ အီရန်ဟာ (၄၇) နှစ်တိုင်တိုင် ကမ္ဘာတစ်ဝန်းက အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ခဲ့တယ်။ အခုတော့ အမေရိကန် ပြည်ထောင်စုရဲ့ (၄၇) ဆက်မြောက် သမ္မတအနေနဲ့ သူတို့ကို ငါကိုယ်တိုင် သတ်ပစ်နေပြီ။ ဒါဟာ သိပ်ကို ဂုဏ်ယူစရာ ကောင်းတဲ့ ကိစ္စဖြစ်တယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၈) ရက်ကတည်းက စတင်ခဲ့သော အမေရိကန်-အစ္စရေးနှင့်အီရန်တို့အကြား ပြင်းထန်နေသည့် စစ်ပွဲကာလ (၁၃) ရက်မြောက်နေ့အတွင်း အမေရိကန်သမ္မတက ယင်းကဲ့ သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
အီရန်၏ ခေါင်းဆောင်သစ်ဖြစ်သူ အာယာတိုလာ မိုဂျ်တာဘာ ခါမေနီက အမေရိကန်စစ်စခန်း များကို လက်ခံ ထားသည့် ပင်လယ်ကွေ့နိုင်ငံများကို သတိပေးပြီးနောက်အီရန်က ဆော်ဒီအာရေဗျအပါအဝင် ပင်လယ်ကွေ့ အာရပ် နိုင်ငံများသို့ ဒရုန်းများဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်းကို တုံ့ပြန်မှုအဖြစ် အမေရိကန်သမ္မတ ထရမ့်က သတိပေး လိုက်ခြင်းဖြစ်သည်။ အမေရိကန် စစ်တပ်သည် အီရန်နှင့်ဖြစ်ပွား သည့် စစ်ပွဲကာလ (၁၃)ရက် အထိ အီရန်ရှိ ပစ်မှတ် ပေါင်း (၆ယဝဝဝ) ကျော်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ ပြီးဖြစ်ကြောင်း အမေရိ ကန်စစ်တပ်ကပြောသည်။ အီရန်နှင့် အမေရိကန် နိုင်ငံကြားဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံစည်ကူးသန်းရောင်းဝယ် ရေးအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားတွင် ကုန်သွယ်ရေးသင်္ဘောများသွားလာမှု ရပ်ဆိုင်း လုနီးပါး ဖြစ်နေပြီး၊ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာ လည်း တစ်စည်လျှင် အမေရိကန် ဒေါ်လာ (၁၀ဝ) ကျော် အထိ မြင့်တက်နေကြောင်း သိရသည်။

Zawgyi Version;
အီရန္တြင္ ေရတပ္ႏွင့္ ေလတပ္မရွိေတာ့ေၾကာင္း ထရမ့္ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၁၅
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အီရန္အစိုးရအား စစ္ေရး၊ စီးပြားေရးအရ အၿပီးတိုင္ ဖ်က္ဆီးပစ္ေနၿပီျဖစ္ ေၾကာင္း ၎၏ Truth Social လူမႈကြန္ရက္စာမ်က္ႏွာမွတစ္ဆင့္ထုတ္ေဖာ္ေျပာ ဆိုလိုက္သည္။ သမၼတထရမ့္သည္ အေမရိကန္နာ မည္ေက်ာ္ The New York Times သတင္းစာ၏ ေဖာ္ျပခ်က္မ်ားကို ေဝဖန္ခဲ့ၿပီး စစ္ပြဲတြင္ အေမရိကန္ တို႔ အျပတ္အသတ္ အႏိုင္ရေနေၾကာင္းထုတ္ေဖာ္ ေျပာဆိုထားသည္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က “အီရန္ရဲ႕ ေရတပ္ဆိုတာ မရွိေတာ့ဘူး။ သူတို႔ရဲ႕ ေလတပ္လည္း ပ်က္သြားၿပီ။ ဒုံးက်ည္ေတြ၊ ဒ႐ုန္းေတြနဲ႔ တျခားအရာအားလုံး ဖ်က္ဆီးခံလိုက္ရ ၿပီျဖစ္သလို၊ သူတို႔ရဲ႕ ေခါင္းေဆာင္ေတြလည္း ေျမျပင္ေပၚကေန အစတုံး ဖယ္ရွားခံလိုက္ရတယ္။ အီရန္ဟာ (၄၇) ႏွစ္တိုင္တိုင္ ကမာၻတစ္ဝန္းက အျပစ္မဲ့ျပည္သူေတြကို သတ္ျဖတ္ခဲ့တယ္။ အခုေတာ့ အေမရိကန္ ျပည္ေထာင္စုရဲ႕ (၄၇) ဆက္ေျမာက္ သမၼတအေနနဲ႔ သူတို႔ကို ငါကိုယ္တိုင္ သတ္ပစ္ေနၿပီ။ ဒါဟာ သိပ္ကို ဂုဏ္ယူစရာ ေကာင္းတဲ့ ကိစၥျဖစ္တယ္” ဟုေျပာသည္။ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ (၂၈) ရက္ကတည္းက စတင္ခဲ့ေသာ အေမရိကန္-အစၥေရးႏွင့္အီရန္တို႔အၾကား ျပင္းထန္ေနသည့္ စစ္ပြဲကာလ (၁၃) ရက္ေျမာက္ေန႔အတြင္း အေမရိကန္သမၼတက ယင္းကဲ့ သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။
အီရန္၏ ေခါင္းေဆာင္သစ္ျဖစ္သူ အာယာတိုလာ မိုဂ်္တာဘာ ခါေမနီက အေမရိကန္စစ္စခန္း မ်ားကို လက္ခံ ထားသည့္ ပင္လယ္ေကြ႕ႏိုင္ငံမ်ားကို သတိေပးၿပီးေနာက္အီရန္က ေဆာ္ဒီအာေရဗ်အပါအဝင္ ပင္လယ္ေကြ႕ အာရပ္ ႏိုင္ငံမ်ားသို႔ ဒ႐ုန္းမ်ားျဖင့္ အျပင္းအထန္ တိုက္ခိုက္ခဲ့ျခင္းကို တုံ႔ျပန္မႈအျဖစ္ အေမရိကန္သမၼတ ထရမ့္က သတိေပး လိုက္ျခင္းျဖစ္သည္။ အေမရိကန္ စစ္တပ္သည္ အီရန္ႏွင့္ျဖစ္ပြား သည့္ စစ္ပြဲကာလ (၁၃)ရက္ အထိ အီရန္ရွိ ပစ္မွတ္ ေပါင္း (၆ယဝဝဝ) ေက်ာ္ကို ေလေၾကာင္းမွ တိုက္ခိုက္ခဲ့ ၿပီးျဖစ္ေၾကာင္း အေမရိ ကန္စစ္တပ္ကေျပာသည္။ အီရန္ႏွင့္ အေမရိကန္ ႏိုင္ငံၾကားျဖစ္ပြားေနသည့္ ပဋိပကၡေၾကာင့္ ကမာၻ႔ေရနံစည္ကူးသန္းေရာင္းဝယ္ ေရးအတြက္ အေရးပါေသာ ေဟာ္မုဇ္ေရလက္ၾကားတြင္ ကုန္သြယ္ေရးသေဘၤာမ်ားသြားလာမႈ ရပ္ဆိုင္း လုနီးပါး ျဖစ္ေနၿပီး၊ ကမာၻ႔ေရနံစိမ္းေဈးႏႈန္းမွာ လည္း တစ္စည္လွ်င္ အေမရိကန္ ေဒၚလာ (၁၀ဝ) ေက်ာ္ အထိ ျမင့္တက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.