မြန်မာနိုင်ငံ၏ အာခိလိဖနောင့် အပိုင်း (၄)
215
မြန်မာနိုင်ငံ၏ အာခိလိဖနောင့်
အပိုင်း (၄)
ဧည့်နိုင်ငံသား
(၁၉၄၈) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ နိုင်ငံသားဖြစ်ရန် လျှောက်ထား သူများသည် သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီပါက ဧည့်နိုင်ငံသားအဖြစ် ဗဟိုအဖွဲ့ (လဝကဝန် ကြီးဦးဆောင်၍ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြား ရေးဝန်ကြီးများပါဝင်သည့်ဗဟိုအဖွဲ့) က သတ်မှတ်ပြီးသည့်နောက် တစ်နှစ်အတွင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတ်မှတ်ထားသောအဖွဲ့အစည်းရှေ့မှောက်တွင် နိုင်ငံတော်၏သစ္စာ ကိုခံယူ ကြောင်း၊ နိုင်ငံတော်၏ ဥပဒေများကို ရိုသေလိုက်နာမည်ဖြစ်ကြောင်း၊ နိုင်ငံသားတစ်ဦး၏ တာဝန်နှင့် အခွင့်အရေးများ ကိုသိရှိကြောင်း စာဖြင့် ကတိသစ္စာပြုရမည်။ နိုင်ငံသားဖြစ်ရန်လျှောက်ထားသူတွင် အသက် (၁၈) နှစ်အောက် သား သမီးရှိပါက စာရင်းတွင်ထည့်သွင်းနိုင်ပြီး အသက် (၁၈) နှစ်ပြည့် ပါက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ သတ်မှတ်ထားသောအဖွဲ့အစည်းရှေ့မှောက် တွင် ကတိသစ္စာပြုရမည်။ အသက် (၂၂) နှစ်ပြည့် သည်အထိ လာ ရောက် ကတိသစ္စာမပြုပါက ဧည့်နိုင်ငံသားအဖြစ်မှဆုံးရှုံးမည်။ မိဘ (၂)ပါးစလုံးသည် ဧည့်နိုင်ငံသားဖြစ်၍ (၂)ဦး စလုံး ဧည့်နိုင်ငံသား အဖြစ်ကိုဆုံးရှုံးလျှင် ဖြစ်စေ၊ နိုင်ငံခြားသားနှင့်ပေါင်းသင်းနေထိုင်သည့် ဧည့်နိုင်ငံသားမိဘ (၁) ဦးမှ ဧည့် နိုင်ငံသားအဖြစ်ကို ဆုံးရှုံးလျှင်ဖြစ်စေ ထိုဧည့်နိုင်ငံ သား၏စာရင်းတွင် ထည့်သွင်းထားသော အသက် (၁၈) နှစ်အောက် သားသမီးနှင့် အသက် (၁၈) နှစ်ပြည့်သော်လည်း ကတိသစ္စာမခံယူရသေးသည့် သားသမီးများသည်လည်း ဧည့်နိုင်ငံသား အဖြစ်မှ ရပ်စဲသည်။ ဧည့်နိုင်ငံသားသည် နိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာလျှင် ဖြစ်စေ၊ အခြားနိုင်ငံသား အဖြစ်ခံယူ သည်ဖြစ်စေ၊ အခြား နိုင်ငံသားအဖြစ်မှတ်ပုံတင်(သို့)နိုင်ငံကူးလက်မှတ်နှင့် အလားတူ လက်မှတ်များထုတ်ယူလျှင် ဧည့် နိုင်ငံသားအဖြစ်ရပ်စဲသည်။ ထို့ပြင် နိုင်ငံတော်နှင့်အခြား နိုင်ငံစစ်မက်ဖြစ် ပွားနေချိန်တွင်ရန်သူနိုင်ငံနှင့် ဆက် သွယ်ခြင်း၊ အားပေးကူညီခြင်း၊ နိုင်ငံတော်အား ဆန့်ကျင်ဘက်အဖွဲ့အစည်းနှင့်ဆက်သွယ်ခြင်း၊ အားပေးကူညီခြင်း၊ နိုင်ငံတော်နှင့် ပြည်သူလုံခြုံရေးကိုထိပါးစေခြင်း၊ နိုင်ငံတော်အပေါ်သစ္စာမဲ့ခြင်း၊ နိုင်ငံတော်၏လျှို့ဝှက်ချက် ကိုပေါက်ကြားစေခြင်း၊ အကျင့်စာရိတ္တနှင့်ပတ်သက် သည့်ပြစ်မှုကိုကျုးလွန်သဖြင့် ထောင်ဒဏ် (၁) နှစ်နှင့်အထက်ကျခံရလျှင် ဧည့်နိုင်ငံသား အဖြစ်မှ ရပ်စဲခြင်းခံရမည်။
ဧည့်နိုင်ငံသား (၂) ဦးမှမွေးဖွားသည့် သားသမီးနှင့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသား ပြုခွင့်ရသူတို့မှ မွေးဖွားလာသူများ (ဆိုလိုသည်မှာ မိခင်နှင့် ဖခင် (၂) ဦး စလုံးသည် ဧည့်နိုင်ငံသားများဖြစ်ပြီး ၎င်းတို့မှ မွေးဖွားလာသူသည် ဧည့်နိုင်ငံသားသာဖြစ်ပြီး ထိုသူမှ နိုင်ငံသား(သို့)ဧည့်နိုင်ငံသား(သို့)နိုင်ငံသားပြုခွင့်ရသူတို့မှ မွေးဖွား သူနှင့် ပေါင်းသင်း၍ မွေးဖွားလာသူမှသာ နိုင်ငံသားဖြစ်နိုင်သည်။ မိခင်နှင့် ဖခင် (၂) ဦးစလုံးသည် နိုင်ငံ သားပြုခွင့်ရ သူများဖြစ်ပါက ၎င်းတို့မှ မွေးဖွားလာသူသည် နိုင်ငံသားပြုခွင့်ရသူသာဖြစ်ပြီး ထိုသူမှ နိုင်ငံသား(သို့)ဧည့်နိုင်ငံသား (သို့)နိုင်ငံသား ပြုခွင့် ရသူတို့မှ မွေးဖွားသူနှင့် ပေါင်းသင်း၍ မွေးဖွား လာသူမှသာ နိုင်ငံသားဖြစ်နိုင်သည်။) ဧည့်နိုင်ငံသား နှင့် နိုင်ငံသားပြုခွင့်ရသူတို့မှ မွေးဖွားလာသူသည် ပြု နိုင်ငံသား(သို့မဟုတ်) ဧည့်နိုင်ငံသားသာဖြစ်ပြီး ထိုသူမှ နိုင်ငံသား (သို့) ဧည့်နိုင်ငံသား (သို့) နိုင်ငံ သားပြုခွင့်ရသူတို့မှ မွေးဖွားသူနှင့် ပေါင်းသင်း၍ မွေးဖွားလာသူမှသာ နိုင်ငံသားဖြစ်နိုင် သည်။
ပုဒ်မ ၁၅။ အပိုဒ်(ခ) တွင် နိုင်ငံခြားသား တစ်ဦးသည် နိုင်ငံသား တစ်ဦးနှင့် အိမ်ထောင်ပြုကာမျှဖြင့် နိုင်ငံ သားအဖြစ် အလိုအလျောက်မရရှိစေရ ဟုကန့်သတ် ထားသည်။
ပြုနိုင်ငံသား တိုင်းရင်းသားမဟုတ်သော်လည်း အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲကာလ (၁၈၂၃) ခုနှစ်မှ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိချိန် (၁၉၄၈) ခုနှစ် ဇန်နဝါရီလ (၄) ရက်အတွင်း မြန်မာနိုင်ငံတွင် ရောက်ရှိနေထိုင်သူနှင့် ထိုသူတို့မှ မွေးဖွားသည့် သားသမီးများသည် နိုင်ငံသားပြုခွင့်လျှောက်ထားနိုင်သည်။ ထို့ပြင် ဤဥပဒေအာဏာ တည် သည့်နေ့မှစ၍ နိုင်ငံအတွင်း၌ဖြစ်စေ၊ နိုင်ငံပြင်ပ၌ဖြစ်စေ နိုင်ငံသားနှင့်နိုင်ငံခြားသားမိဘ (၂)ပါးမှ မွေးဖွားသူများ၊ ဧည့်နိုင်ငံသားနှင့်နိုင်ငံခြားသားမိဘ (၂)ပါးမှမွေးဖွားသူများ၊ ဧည့်နိုင်ငံသားနှင့်နိုင်ငံသားပြုခွင့်ရသူ မိဘ (၂)ပါးမှမွေးဖွား သူများ၊ နိုင်ငံသားပြုခွင့်ရသူ မိဘ (၂)ပါးမှမွေးဖွားသူများ၊ နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသား မိဘ (၂)ပါးမှမွေးဖွား သူများသည် လည်း နိုင်ငံသားပြုခွင့်ရရန်လျှောက်ထားနိုင်သည်။ နိုင်ငံသား(သို့)ဧည့်နိုင်ငံသား(သို့)နိုင်ငံသားပြုခွင့် သူနှင့် အိမ်ထောင်ကျသော နိုင်ငံခြားသားများသည်လည်း နိုင်ငံတော်အတွင်း (၃) နှစ်ဆက်တိုက်နေ ထိုင်ခဲ့လျှင်လည်း နိုင်ငံသား ပြုခွင့်လျှောက်ထားနိုင်သည်။ ဧည့်နိုင်ငံသားလျှောက်ထားသကဲ့သို့ပင် မိမိ၏ အသက် (၁၈) နှစ်အောက်သားသမီးများကို စာရင်း ထည့်သွင်းနိုင်သည်။ ဧည့်နိုင်ငံသားကဲ့သို့ စည်းကမ်း များကို လိုက်နာရမည်ဖြစ်သည်။ ပုဒ်မ (၄၄)။ အပိုဒ် (ဂ) အရ နိုင်ငံသားပြုခွင့်ရရန်လျှောက်ထားသူသည် တိုင်းရင်းသားဘာသာစကားတစ်မျိုးမျိုးကို ကောင်း မွန်စွာပြောတတ်ရမည် ဟုပါရှိပါသည်။
နိုင်ငံသား၊ ဧည့်နိုင်ငံသား နှင့် နိုင်ငံသားပြု ခွင့်ရသူတို့သည် နိုင်ငံသားတစ်ဦးရရှိထိုက်သော အခွင့်အရေးများကို တန်းတူခံစားပိုင်ခွင့်ရှိမည်ဖြစ်ပြီး ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူတို့၏ တတိယ မျိုးဆက်သည် နိုင်ငံသား ဖြစ်သွားမည်ဖြစ်သည်။
လူမျိုးလိမ်နှင့် နိုင်ငံသားဖြစ်နိုင်မှု
မည်သည့်နိုင်ငံတွင်မဆို နိုင်ငံသားဖြစ်ခွင့်သည် ဥပဒေနှင့်အညီသာ ဖြစ်သည်။ အင်္ဂလိပ်ခေတ်၌ ရန်ကုန်-မန္တလေးတို့တွင် အိန္ဒိယမှ ဝင်ရောက်လာသူ အများအပြားရှိသည်။ တချိန်က အင်္ဂလိပ်တို့၏ ကောင်းမှုကြောင့် ရန်ကုန်မြို့ တွင် အိန္ဒိယလူမျိုးက အများစုဖြစ်ခဲ့ဖူးသည်။ ထိုအထဲမှ ဟိန္ဒူရော၊ မွတ်စ လင်ပါ နိုင်ငံသားဖြစ်ခွင့်ရသူ အများအပြားရှိခဲ့ ပြီး ယခုအခါ မြန်မာနိုင်ငံသားအဖြစ်ရပ်တည်ခဲ့သည်။ ထိုသူတို့သည် မိမိကိုယ်မိမိ တိုင်းရင်းသားလူမျိုးဟု တောင်းဆိုခဲ့ ခြင်း မရှိသကဲ့သို့ မွတ်စလင်ပြည်နယ် တောင်းခံခြင်းလည်း မရှိပေ။ နိုင်ငံသားဖြစ်မှုကိုသာ ဦးတည်ခဲ့ကြသည်။
နိုင်ငံတကာတွင် ဌာနေတိုင်းရင်းသား (Indigenous Peoples) ကိုသတ်မှတ်ရာတွင် UN Declaration on the Rights of Indigenous Peoples (UNDRIP, 2007) နှင့် The ILO Convention No. 169 တို့ကို မှီငြမ်းလေ့ရှိပါသည်။ ILO Convention No. 169 (1989) Article 1(1)(b) တွင် “နိုင်ငံတစ်ခု သို့မဟုတ် နိုင်ငံဖြစ်ပေါ်လာမည့် နယ်မြေဒေသ တစ်ခုကို ကိုလိုနီပြုခြင်း၊ သိမ်းပိုက်ခြင်းမတိုင်မီ ထိုအချိန်က အုပ်ချုပ်သူတို့မှ တရားဝင်အသိအမှတ်ပြုထားသည့် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေနှင့်ဘာသာ စကား၊ ကိုယ်ပိုင်ရပ်တည်နိုင်မှုရှိခဲ့သော လူမျိုးများမှ ဆင်းသက်လာသူ တို့ကို ဌာနေတိုင်းရင်းသားအဖြစ်သတ်မှတ်သည်” ဟုဖော်ပြထားသည်။ ထိုအချက်ကို သိရှိသော လူမျိုးလိမ်တို့သည် ကိုလိုနီခေတ်မတိုင်မီ ဇာတ်လမ်းများကို ဖန်တီးနေခြင်းဖြစ်သည်။
(၂၀၁၆)ခုနှစ် ရခိုင်ပြည်နယ်အစိုးရ၏ စာရင်းဇယားများအရ ယာယီအသိအမှတ်ပြုလက်မှတ် (White card)ကိုင်ဆောင်ထားသူ ကျား ( ၃၂၄,၉၂၁) ဦး၊ မ (၃၄၅,၉၈၀)ဦး၊ စုစုပေါင်း (၆၇၀၉၀၁)ဦး ရှိ ကြောင်းသိရပါသည်။ (၂၀၁၆) ခုနှစ်နှင့် (၂၀၁၇) ခုနှစ် ဖြစ်စဉ်နှစ်ခု နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်သွားသော လူမျိုးလိမ်များအရေ အတွက်မှာ (၅) သိန်းကျော်သာ ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်မှ ဖော် ပြသည်မှာ (၁၂) သိန်းကျော်ဖြစ်ပါသည်။
လူမျိုးလိမ်များအား ပြန်လည် စိစစ်လက်ခံရန် မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား သဘောတူညီချက် (၃)ရပ် ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံဘက်မှ ပြန်လည်လက်ခံရေးမူ (၅) ချက်နှင့် အညီ စစ်ဆေးလက်ခံလျက်ရှိသည်။ လက်ခံ ရေးမူ (၅) ချက်မှာ-
(၁) မြန်မာနိုင်ငံတွင် အမှန်တကယ်နေထိုင်ခဲ့သူဖြစ်ရ မည်။
(၂) မိမိဆန္ဒအရပြန်လည်ဝင်ရောက်လာသူဖြစ်ရ မည်။
(၃) ကွဲကွာနေသောမိသားစုဝင်များအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတရားရုံး၏ မှန်ကန်ကြောင်း ထောက်ခံ ချက်ပါရမည်။
(၄) မြန်မာနိုင်ငံမှ ထွက်ခွာပြီးနောက် ဘင်္ဂလားဒေ့ရှ်တွင် မွေးဖွားခဲ့သည့်ကလေး၏ မိဘ (၂)ပါးစလုံးသည် မြန်မာ နိုင်ငံသားဖြစ်ရမည်။
(၅) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မွေးဖွားခဲ့သည့်ကလေး မှန်ကန်ကြောင်း ဘင်္ဂလားဒေ့ရှ်တရားရုံ၏ ထောက်ခံ ချက်ပါ ရှိရမည်။
လက်ခံရေးမူ (၅) ချက်တွင် မပါသော် လည်း နောက်ဆက်တွဲညှိနှိုင်းချက်အရ မြန်မာနိုင်ငံမှ ထွက်ပြေးသော လူမျိုးလိမ်တို့နှင့် အိမ်ထောင်ကျသည့် မိသားစုဝင်များကိုပါ စိစစ်လက်ခံနိုင်ရန်ဆောင်ရွက်ပေးလျက်ရှိပါသည်။
လူမျိုးလိမ်များကို စိစစ်လက်ခံရန်အတွက် (၁၅-၁၁-၂၀၁၈) နှင့် (၂၂-၈-၂၀၁၉) တို့တွင် တာဝန်ရှိသူများနှင့် အာဆီယံလူသားချင်း စာနာ ထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management- AHA Centre) ကိုယ်စားလှယ်များသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဂိတ်တွင် စောင့်ဆိုင်းနေသော်လည်း တစ်ဦးတစ်ယောက်မှ ဝင်လာခြင်းမရှိပေ။
(၂၀၂၃) ခုနှစ် အောက်တိုဘာလ (၃၁) ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပေးပို့လာသည့် လူဦး ရေစာရင်းများကို စစ်ဆေးပြီးနောက် မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း အထောက်အထားတွေ့ရှိသူ (၉၁၀ဝဝ) ကျော်ရှိကြောင်း စစ်ဆေး တွေ့ရသည်။ နှစ်နိုင်ငံညှိနှိုင်းချက်အရ ပြန်လည်လက်ခံရေး လုပ်ငန်းများကို Pilot Project ဖြင့် ဆောင်ရွက်ရန် သဘောတူခဲ့ပြီး လူဦးရေ (၇၀ဝ)ကျော်ကို ပြန်လည် လက်ခံရန် မြန်မာနိုင်ငံမှ လျာထားပေးပို့ခဲ့သော်လည်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်မှ လျာထားသူ (၇၀ဝ) ကျော်အပြင် ၎င်းတို့၏ဆက်စပ်မိသားစုဝင်(၄၀ဝ)ကျော်၏ စာရင်းပါထပ်တိုးပေးပို့ လာခဲ့သည်။ ထို့ကြောင့် စိစစ်အတည်ပြုရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်မြို့သို့ သွားရောက်စစ်ဆေးခဲ့ပြီး မူလ လျာထား သူ (၇၀ဝ)ကျော်နှင့် သွားရောက်စစ်ဆေး အတည်ပြုခဲ့သူ (၄၀ဝ)ကျော် စုစုပေါင်း (၁၁၀ဝ) ကျော်အား လက်ခံရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် နှစ်နိုင်ငံ ကမကထပြုဆောင်ရွက်မည့် အစီအစဉ်သစ် (New Bilateral Initiative) အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ (၂၈၀ဝ) ကျော်နှင့် ထပ်တိုး မိသားစုဝင် (၃၀ဝ) ကျော်ကို ထပ်မံပေးပို့သဖြင့် သွားရောက် စစ်ဆေးရာတွင် စာရင်းပေးပို့ထားသည့် (၃၀ဝ)ကျော်အနက် လာရောက်အစစ်ဆေးခံသူ (၁၄၂) ဦးကို စစ်ဆေးခဲ့ရာ နှစ်နိုင်ငံ သဘောတူညီ ချက်အရ ပြန်လည်လက်ခံနိုင်သူ (၁၂၆)ဦးရှိပြီး လက်ခံရန် သင့်/ မသင့် စဉ်းစားရမည့်သူ (၁၁)ဦး၊ သေဆုံးသူ (၄)ဦး၊ စာရင်းမှား(၁)ဦးတို့ တွေ့ရှိခဲ့ရပါ သည်။
နိုင်ငံတော်အနေဖြင့် ပြန်လည်ဝင်ရောက် လာသူများအတွက် တောင်ပြိုလက်ဝဲပြန်လည်လက်ခံ ရေးစခန်း၊ ငါးခူရ ပြန်လည်လက်ခံရေးစခန်းနှင့် ပြန်လည်ဝင်ရောက်လာသူများ ယာယီနေထိုင်မည့် လှဖိုးခေါင်ကြားစခန်းတို့ကို ဖွင့်လှစ်ထားရှိသည်။ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းနှင့် ငါးခူရ ပြန်လည်လက်ခံရေးစခန်းတို့သို့ နေရပ် စွန့်ခွာသူများ ရောက်ရှိလာပါက လူတစ်ဦးတစ်ရက်လျှင် စားစရိတ်ငွေကျပ် (၃၀ဝဝ) နှုန်းဖြင့် ထောက်ပံ့ လျှက်ရှိသည်။ လှဖိုးခေါင်ကြားစခန်းတွင် ပြန်လည် ဝင်ရောက်လာသူများ ယာယီနေထိုင်စဉ် လူတစ်ဦး တစ်လလျှင် တစ်ယူနစ် (ဆန် ရှစ်ပြည်၊ ဆီ တစ်လီ တာ၊ ဆား (ဝ ဒသမ ၂၅) ပိဿာ၊ ကုလားပဲခြမ်း (၁ ဒသမ ၅ ပိဿာ) ထောက်ပံ့ထားပါသည်။ ထို့ပြင် ဝင်ရောက်လာသည့် မိသားစုတစ်စုလျှင် မီးဖိုချောင်သုံး ပစ္စည်းစုံ (Kitchen Set) တစ်စုံ၊ မိသားစုပစ္စည်းစုံ (Family Kits) တစ်စုံ ထောက်ပံ့လျက်ရှိပါသည်။ ထိုစခန်းများတွင် ဘင်္ဂလားဒေ့ရှ်မှ ပို့ဆောင်သူများအပြင် မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းဆီးရမိသဖြင့် ထောင်ဒဏ်ကျခံပြီးသည့် လူမျိုးလိမ်များကို ထားရှိကြောင်း သုံးသပ်ရပါသည်။ ထိုကဲ့သို့ မြန်မာနိုင်ငံမှ လက်ခံရန် ကမ်းလှမ်းပြင်ဆင်ထားသော်လည်း ပြန်လည်ဝင်ရောက်မလာခြင်းမှာ ၎င်းတို့၏ ရည်မှန်း ချက်များ ကြောင့်ဖြစ်သည်။
လူမျိုးလိမ်တို့၏ ရည်မှန်းချက်
လူမျိုးလိမ်များသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းအပြောင်းအလဲဖြစ်သည့်အချိန် တိုင်းတွင် အကွက်ချ ၍ အမြတ်ထုတ်ရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိပါသည်။
(၁၉၄၈) ခုနှစ် ဇွန်လ (၉) ရက်နေ့စွဲဖြင့် ဆာပန်ဟူစိန် ဆိုသူက မောင်တောမြို့နယ် နယ်ပိုင်ဝန်ထောက်မှ တစ်ဆင့် နိုင်ငံတော်အစိုးရသို့ အူရဒူဘာသာဖြင့် ရေးသားထားသော အောက်ပါအချက်များပါ ဝင်သော ၎င်းတို့၏ တောင်းဆိုချက်စာကို ပေးပို့ခဲ့သည်။
(၁) ကုလားတန်မြစ်အနောက်ဘက်ခြမ်းမှ နတ်မြစ် အရှေ့ဘက်ကမ်းရှိနယ်မြေကို မြန်မာနိုင်ငံရှိမွတ် စလင် တို့၏ အမျိုးသားနယ်မြေဟု သတ်မှတ်ပေးရမည်။
(၂) ရခိုင်ပြည်ရှိမွတ်စလင်များ (Arakani Muslims) ကို တိုင်းရင်းသားအဖြစ်အသိအမှတ်ပြုရမည်။
(၃) မူဂျာဟစ်ပါတီကို တရားဝင်နိုင်ငံရေးအဖွဲ့အစည်း အဖြစ်အသိအမှတ်ပြုရမည်။
(၄) အူရဒူဘာသာကိုရခိုင်ပြည်ရှိမွတ်စလင်များ၏အမျိုးသားဘာသာစကားအဖြစ်အသိအမှတ်ပြု၍ မွတ်စလင်ကျောင်းများတွင် သင်ကြားခွင့်ပြုရမည်။
(၅) ကျောက်တော်နှင့် မြို့ဟောင်းမြို့နယ်မှ ဒုက္ခသည်များကို နိုင်ငံတော်စရိတ်ဖြင့်ပြန်လည် နေရာချထားရ မည်။
(၆) လုံခြုံရေးအက်ဥပဒေအရ ဖမ်းဆီးထားသော မွတ်စလင်များကို ခြွင်းချက်မရှိ လွှတ်ပေးရမည်။
(၇) မူဂျာဟစ်ပါတီဝင်အားလုံးအတွက် လွတ်ငြိမ်း ချမ်းသာခွင့်ကြေညာပေးရမည်။
(၁၉၅၁) ခုနှစ် မောင်တောမြို့နယ် အလယ်သံကျော်တွင် အနယ်နယ်အရပ်ရပ်မှ ဘင်္ဂါလီများပါဝင်သည့် ညီလာခံ တစ်ရပ်ကို (၁၉၅၁) ခုနှစ် ဇွန်လတွင်ကျင်းပခဲ့ပြီး ၎င်းတို့၏ နိုင်ငံရေး တောင်းဆိုချက်များကို ပြည်ထောင်စုအစိုးရ ခေါင်း ဆောင်များထံသို့ အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည်။
(၁)မွတ်စလင်များကို ရခိုင်များနှင့်တန်းတူအခွင့် အရေးပေးရန်၊
(၂) ရခိုင်ပြည်နယ် မြောက်ပိုင်းကို မွတ်စလင်ပြည် နယ် ဖွဲ့စည်းခွင့် ပေးရန်၊
(၃) ပြည်ထောင်စု အစိုးရအဖွဲ့တွင် မွတ်စလင်ဝန်ကြီး ခန့်အပ်ပေးရန်၊
(၄) ရခိုင်တိုင်း၏ ကိစ္စအဝဝတွင် ရခိုင်နှင့် မွတ်စလင် (၅၀) ရာခိုင်နှုန်းစီ ဝေစုခွဲဝေသည့်စနစ် ကျင့်သုံးရန်၊
(၅) မွတ်စလင် မူလတန်း အလယ်တန်း ကျောင်းများတွင် ဘာသာ အားလုံးအား အူရဒူဘာသာဖြင့် သင်ကြားရန်၊ မွတ်စလင်များအား ၎င်းတို့ဆန္ဒ မပါဘဲ အခြားဘာသာ သင်ကြားခြင်း မပြုရန် စသည့်အချက်များ ပါဝင်သည်ကို တွေ့ရ သည်။
(၆) ရခိုင်ပြည်နယ်အတွင်းရှိလက်နက်ကိုင်အဖွဲ့တွင် မွတ်စလင်လူမျိုး ၅၀ ရာခိုင်နှုန်းပါဝင်ခွင့်ပြုရန်
(၁၉၄၈-၁၉၆၂) ခုနှစ်အတွင်း ရခိုင်တိုင်း ရင်းသားကိုယ်စားလှယ်တို့သည် ရခိုင်ပြည်နယ်ရရှိရေး ပါလီမန်၌ တောင်းဆိုနေချိန်တွင် မောင်တောမဲ ဆန္ဒနယ်အမတ် စူလ်တန်မာမွတ်က အသစ်ဖွဲ့စည်းမည့် ရခိုင်ပြည်နယ်၏ အကြီး အကဲသည် မွတ်စလင် တလှည့်၊ မွတ်စလင်မဟုတ်သူတလှည့် တာဝန်ထမ်း ဆောင်ရလျှင်၊ ပြည်နယ်အကြီး အကဲသည် မူစလင်ဖြစ်လျှင် ပြည်နယ်လွှတ်တော်ဥက္ကဌသည် မွတ်စလင် မဟုတ်သူနှင့် ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌသည် မွတ်စလင်ဖြစ်သူတို့ တာဝန်ထမ်းဆောင်ရလျှင်၊ ပြည်နယ်ဝန်ကြီးအဖွဲ့၏ (၃)ပုံ (၁)ပုံသည် မွတ်စလင် ဖြစ်ရမည်ဆိုသော အချက်များကို ဆောင်ရွက်မှသာ ရခိုင်ပြည်နယ်ရရှိရေးကို ထောက်ခံမည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်ပေါ်ပေါက် လာပါကလည်း ရခိုင်ပြည်နယ်တွင်နေထိုင်သည့် မွတ်စလင်အားလုံးကို ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ်သတ်မှတ် ပေးရမည်ဟု တောင်းဆိုခဲ့သည်။
(၁၉၆၆) ခုနှစ်တွင် လူမျိုးလိမ်အမျိုးသား လွတ်မြောက်ရေးပါတီကို ဖွဲ့စည်းခဲ့ပြီး လစ်ဗျားနိုင်ငံ သို့ သွားရောက်၍ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအား Arkistan အမည်ဖြင့် နိုင်ငံတစ်ခုတည်ထောင်ရာတွင် ကူညီပေးရန် တောင်းဆိုခဲ့ သည်။
(၁၉၇၁) ခုနှစ်တွင် မြန်မာဆိုရှယ်လစ်လမ်း စဉ်ပါတီမှ (၁၉၄၇) ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန် ပြည်သူ လူထုထံမှ အကြံÓဏ်တောင်းခံခဲ့ချိန်တွင် လူမျိုးလိမ်တို့မှ “လူမျိုးလိမ်များ၏ အကြံပေးဆန္ဒပြု စာတမ်း” တစ်စောင် အစိုးရသို့ ပေးပို့ခဲ့သည်။ ထိုစာ တမ်းတွင်
(၁) လူမျိုးလိမ်တို့ကို တိုင်းရင်းသားအဖြစ်သတ်မှတ် ပေးရန်၊
(၂) ရခိုင်မြောက်ပိုင်းဒေသကို မေယုခရိုင်အဖြစ် သတ်မှတ်ပေးရန်
(၃) မေယုခရိုင်တွင် လူမျိုးလိမ်တို့၏ ပြည်နယ်အဖြစ် အသိအမှတ်ပြုရန် တောင်းဆိုခဲ့သည်။
(၂၀၁၆) ခုနှစ် နှင့် (၂၀၁၇) ခုနှစ် ဖြစ်စဉ် ကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာသွားသော လူမျိုး လိမ်တို့သည်
(၁) ၎တို့ကို လူမျိုးလိမ်အမည်ဖြင့်လွှတ် တော်တွင်အသိအမှတ်ပြုပေးပြီး နိုင်ငံတော်အခြေပြု မှတ်တမ်းမှာ တရားဝင်တိုင်းရင်းသားအဖြစ်မှတ်တမ်းတင်ရန်။
(၂) ၎င်းတို့အား စိစစ်ချက်မရှိဘဲ လက်ခံရန်။
(၃) ၎င်းတို့ ထွက်ခွာမှုတွင် တာဝန်ရှိသည်ဟု စွပ်စွဲထားသည့် မြန်မာနိုင်ငံမှ အာဏာပိုင်များကို အရေးယူပေး ရန်။
(၄) ၎င်းတို့၏ လုံခြုံမှုအတွက် အာမခံချက်ပေးရန်။ (ကိုယ်ပိုင်အုပ်ချုပ်ခွင့်သဘောမျိုးကိုဆိုလိုသည် ဟုသုံး သပ်ရပါသည်။)
စသည်တို့အပြင် လူမျိုးလိမ်အမည်ခံ အဖွဲ့အစည်းအသီးသီးမှ တောင်းဆိုချက်များစွာ ပြုလုပ်လျက်ရှိသည်ကို တွေ့နိုင်ပါသည်။
(၂၀၂၄) ခုနှစ် အောက်တိုဘာ (၁၄) ရက်တွင် ကုလသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့် အရေးအထူး ကိုယ်စားလှယ် သောမတ်စ်အင်ဒရူးနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရခေါင်းဆောင် မိုဟာမက်ယူနို့စ် တို့တွေ့ ဆုံခဲ့ရာတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှ ဘင်္ဂါလီများအတွက် ကုလသမဂ္ဂက ကာကွယ်ပေးမည့် လုံခြုံရေးဇုန် (safezome) တစ်ခုတည်ထောင်ပေးရန် ယူနို့စ်ကတောင်းဆိုခဲ့သည်။ ရှိတ်ဟာစီနာအစိုးရ လက်ထက်ကလည်း မောင်တော၊ ဘူးသီး တောင်နယ်ကို (safezome) သတ်မှတ်ပေးရေး တောင်းဆိုမှုများ ရှိခဲ့သလို ဘင်္ဂလားဒေ့ရှ်တပ်မတော်အရာရှိကြီး တစ်ဦးကလည်း မောင်တော၊ ဘူးသီးတောင် နယ်မြေများရှိ ဘင်္ဂါလီများလုံခြုံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရက တာဝန်ယူသင့်လျှင် ယူရမည်ဖြစ်ကြောင်း ပြောကြားမှု ရှိခဲ့သည်။ safezome တောင်းဆိုခြင်းဖြင့် R2P ကဲ့သို့ နိုင်ငံခြား တပ်များဝင်လာနိုင်ရေး ထောင် ချောက်ဖန်တီးနေကြသည်ကိုတွေ့မြင်နေရသည်။
ဖြိုးဝေလင်း (ပုသိမ်)
Zawgyi Version:
အပိုင်း (၄)
ဧည့်နိုင်ငံသား