မြန်မာ-အိန္ဒိယနယ်စပ်ဖြတ်ကျော်လက်နက် နှင့် မူးယစ်မှောင်ခိုမှုများတွင် ပါဝင်ပတ်သက်နေသော ကူကီးလက်နက်ကိုင်အဖွဲ့ CKMA မှ စစ်ဦးစီးချုပ်ကို အိန္ဒိယ ဖမ်းဆီး

513

သုတကျော် (NP News) - အောက်တိုဘာ ၄
မြန်မာ - အိန္ဒိယနယ်စပ်ဖြတ်ကျော် လက်နက်နှင့်မူးယစ်မှောင်ခိုမှုများတွင် ပါဝင်ပတ်သက်နေသော ကူကီးလက်နက်ကိုင်အဖွဲ့ CKMA မှ စစ်ဦးစီးချုပ်ကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း The Sangai Express ၏ သတင်းတွင် ဖော်ပြထားသည်။
ဖွဲ့စည်းထားသည်မှာ မကြာသေးသော Chin Kuki Mizo Army – CKMA သည် မှ ခေါင်းဆောင်ကို လက်နက်များနှင့်အတူ အောက်တိုဘာ (၁) ရက်တွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး အိန္ဒိယရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ Paokholen Guite အဖြစ် သိရှိရကာ မဏိပူရ ပြည်နယ်၊ Churachandpur မြို့နယ် ရှိ P Mongjang ကျေးရွာတွင် နေထိုင်သူ ဖြစ်ကြောင်း ယင်း သတင်းတွင် ဖော်ပြထားသည်။
ဖမ်းမိချိန် AK 47 ရိုင်ဖယ် နှစ်လက်၊ AK 47 ကျည်အိမ် နှစ်ခု၊ 7.62 AK ကျည် ၃၁ တောင်၊ 7.62 SLR/LMG ကျည် ၁၅၀ တောင်၊ ငွေသား ရူပီးတစ်သိန်း၊ ကျည်ကာအိတ်တစ်ခု၊ Hyundai Creta ကားတစ်စီးနှင့် မိုဘိုင်းဖုန်း နှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားသည်။
တစ်ချိန်တည်းမှာပင် ရဲအဖွဲ့သည် ယင်းနေ့တွင်ပင် Chandel ခရိုင်၊ Sajik Tampak ဒေသရှိ T Kotlen ကျေးရွာသို့ မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင်ဟု သံသယရှိသူတစ်ဦးကို ဖမ်းဆီးစဉ် လူအုပ်စု တစ်စု ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသောကြောင့် အာသံရိုင်ဖယ် နှင့် ဗဟိုလက်နက်ကိုင် ရဲတပ်ဖွဲ့၊ ဒေသခံ ခေါင်းဆောင်များ၏ အကူအညီကို ရယူ ဖြေရှင်းခဲ့ရကြောင်းလည်း သတင်းတွင် ရေးသားထားသည်။
ထို့ပြင် အောက်တိုဘာလ ၁ ရက် နှင့် ၂ ရက်တို့တွင် ငွေညှစ်ခြင်း နှင့် အခြား ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရသော မဏိပူရလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော RPF/PLA မှ တပ်ဖွဲ့ဝင် သုံးဦး ဖမ်းဆီးခဲ့သေးကြောင်း ယင်း သတင်းအရ သိရသည်။

Zawgyi Version:
ျမန္မာ-အိႏၵိယနယ္စပ္ျဖတ္ေက်ာ္လက္နက္ ႏွင့္ မူးယစ္ေမွာင္ခိုမႈမ်ားတြင္ ပါဝင္ပတ္သက္ေနေသာ ကူကီးလက္နက္ကိုင္အဖြဲ႕ CKMA မွ စစ္ဦးစီးခ်ဳပ္ကို အိႏၵိယ ဖမ္းဆီး
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၄
ျမန္မာ - အိႏၵိယနယ္စပ္ျဖတ္ေက်ာ္ လက္နက္ႏွင့္မူးယစ္ေမွာင္ခိုမႈမ်ားတြင္ ပါဝင္ပတ္သက္ေနေသာ ကူကီးလက္နက္ကိုင္အဖြဲ႕ CKMA မွ စစ္ဦးစီးခ်ဳပ္ကို အိႏၵိယလုံၿခဳံေရးတပ္ဖြဲ႕က ဖမ္းဆီးခဲ့ေၾကာင္း The Sangai Express ၏ သတင္းတြင္ ေဖာ္ျပထားသည္။
ဖြဲ႕စည္းထားသည္မွာ မၾကာေသးေသာ Chin Kuki Mizo Army – CKMA သည္ မွ ေခါင္းေဆာင္ကို လက္နက္မ်ားႏွင့္အတူ ေအာက္တိုဘာ (၁) ရက္တြင္ ဖမ္းမိခဲ့ျခင္းျဖစ္ၿပီး အိႏၵိယရဲတပ္ဖြဲ႕ ၏ သတင္းထုတ္ျပန္ခ်က္အရ Paokholen Guite အျဖစ္ သိရွိရကာ မဏိပူရ ျပည္နယ္၊ Churachandpur ၿမိဳ႕နယ္ ရွိ P Mongjang ေက်း႐ြာတြင္ ေနထိုင္သူ ျဖစ္ေၾကာင္း ယင္း သတင္းတြင္ ေဖာ္ျပထားသည္။
ဖမ္းမိခ်ိန္ AK 47 ႐ိုင္ဖယ္ ႏွစ္လက္၊ AK 47 က်ည္အိမ္ ႏွစ္ခု၊ 7.62 AK က်ည္ ၃၁ ေတာင္၊ 7.62 SLR/LMG က်ည္ ၁၅၀ ေတာင္၊ ေငြသား ႐ူပီးတစ္သိန္း၊ က်ည္ကာအိတ္တစ္ခု၊ Hyundai Creta ကားတစ္စီးႏွင့္ မိုဘိုင္းဖုန္း ႏွစ္လုံးတို႔ကို သိမ္းဆည္းရမိခဲ့သည္ဟု အိႏၵိယရဲတပ္ဖြဲ႕က ေျပာၾကားသည္။
တစ္ခ်ိန္တည္းမွာပင္ ရဲအဖြဲ႕သည္ ယင္းေန႔တြင္ပင္ Chandel ခ႐ိုင္၊ Sajik Tampak ေဒသရွိ T Kotlen ေက်း႐ြာသို႔ မူးယစ္ေဆးဝါးဂိုဏ္းေခါင္းေဆာင္ဟု သံသယရွိသူတစ္ဦးကို ဖမ္းဆီးစဥ္ လူအုပ္စု တစ္စု ၏ တိုက္ခိုက္ျခင္းကို ခံခဲ့ရေသာေၾကာင့္ အာသံ႐ိုင္ဖယ္ ႏွင့္ ဗဟိုလက္နက္ကိုင္ ရဲတပ္ဖြဲ႕၊ ေဒသခံ ေခါင္းေဆာင္မ်ား၏ အကူအညီကို ရယူ ေျဖရွင္းခဲ့ရေၾကာင္းလည္း သတင္းတြင္ ေရးသားထားသည္။
ထို႔ျပင္ ေအာက္တိုဘာလ ၁ ရက္ ႏွင့္ ၂ ရက္တို႔တြင္ ေငြညႇစ္ျခင္း ႏွင့္ အျခား ရာဇဝတ္မႈမ်ားတြင္ ပါဝင္ပတ္သက္သည္ဟု စြပ္စြဲခံထားရေသာ မဏိပူရလက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္ေသာ RPF/PLA မွ တပ္ဖြဲ႕ဝင္ သုံးဦး ဖမ္းဆီးခဲ့ေသးေၾကာင္း ယင္း သတင္းအရ သိရသည္။