အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်ခြင်းကို အသိအမှတ်မပြုဟု ရုရှားအစိုးရပြော

79

Pika (NP News) - အောက်တိုဘာ ၄
အီရန်အပေါ် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်ခြင်းကို ရုရှားက အသိအမှတ်မပြုကြောင်း ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး Vassily Nebenzia က ထုတ်ဖော်ပြောဆိုခဲ့သည်။
အီရန်အပေါ် ကုလသမဂ္ဂ၏ပိတ်ဆို့အရေးယူမှုများကို ရုရှားက အသိအမှတ်ပြုသလားဆိုသည့်မေးခွန်းများကို Vassily Nebenzia က ယင်းကဲ့သို့ပြန်လည်တုံ့ပြန်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အီရန်၏နျူကလီးယားအစီအစဉ်များနှင့်ပတ်သက်ပြီး ကုလသမဂ္ဂက အီရန်အပေါ်ပိတ်ဆို့အရေးယူမှုများကို ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြန်လည်ချမှတ်ခဲ့ပြီးနောက် Vassily Nebenzia ၏ ပြောဆိုချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ကုလသမဂ္ဂ၏လုပ်ရပ်များသည် ပြင်းထန်သောလက်တုံ့ပြန်မှုများနှင့်ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း အီရန်အစိုးရက သတိပေးပြောဆိုထားသည်။
အီရန်က (၂၀၁၅)ခုနှစ် နျူကလီးယားသဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း ဗြိတိန်၊ ပြင်သစ် နှင့် ဂျာမနီတို့က စွပ်စွဲပြောဆိုခဲ့ပြီး ယခင်ကရုတ်သိမ်းထားသော ပိတ်ဆို့အရေးယူမှုများကို ပြန်လည်ချမှတ်ရန် စတင်လုပ်ဆောင်ခဲ့ ကြခြင်းဖြစ်ကြောင်း သိရသည်။
Vassily Nebenzia က “အီရန်အပေါ် ကုလသမဂ္ဂရဲ့ပိတ်ဆို့အရေးယူမှုတွေ ပြန်လည်ချမှတ်တာကို ကျွန်တော်တို့ အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ အဲဒါက ပြဿနာတွေကိုဖြစ်ပေါ်လာစေမှာပါ။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကို ကျွန်တော်တို့စောင့်ကြည့်သွားရမှာပါ” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်ဇွန်လတွင် အစ္စရေးနှင့် အမေရိကန်တို့က အီရန်၏ နျူကလီးယားနေရာများကို ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် နျူကလီးယားလက်နက်ဆိုင်ရာတင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
အီရန္အေပၚ ပိတ္ဆို႔အေရးယူမႈမ်ား ျပန္လည္ခ်မွတ္ျခင္းကို အသိအမွတ္မျပဳဟု ႐ုရွားအစိုးရေျပာ
Pika (NP News) - ေအာက္တိုဘာ ၄
အီရန္အေပၚ ကုလသမဂၢ၏ ပိတ္ဆို႔အေရးယူမႈမ်ား ျပန္လည္ခ်မွတ္ျခင္းကို ႐ုရွားက အသိအမွတ္မျပဳေၾကာင္း ႐ုရွားႏိုင္ငံဆိုင္ရာ ကုလသမဂၢသံအမတ္ႀကီး Vassily Nebenzia က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
အီရန္အေပၚ ကုလသမဂၢ၏ပိတ္ဆို႔အေရးယူမႈမ်ားကို ႐ုရွားက အသိအမွတ္ျပဳသလားဆိုသည့္ေမးခြန္းမ်ားကို Vassily Nebenzia က ယင္းကဲ့သို႔ျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အီရန္၏န်ဴကလီးယားအစီအစဥ္မ်ားႏွင့္ပတ္သက္ၿပီး ကုလသမဂၢက အီရန္အေပၚပိတ္ဆို႔အေရးယူမႈမ်ားကို ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ျပန္လည္ခ်မွတ္ခဲ့ၿပီးေနာက္ Vassily Nebenzia ၏ ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္း ျဖစ္သည္။ ကုလသမဂၢ၏လုပ္ရပ္မ်ားသည္ ျပင္းထန္ေသာလက္တုံ႔ျပန္မႈမ်ားႏွင့္ရင္ဆိုင္ရလိမ့္မည္ျဖစ္ေၾကာင္း အီရန္အစိုးရက သတိေပးေျပာဆိုထားသည္။
အီရန္က (၂၀၁၅)ခုႏွစ္ န်ဴကလီးယားသေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ခဲ့ေၾကာင္း ၿဗိတိန္၊ ျပင္သစ္ ႏွင့္ ဂ်ာမနီတို႔က စြပ္စြဲေျပာဆိုခဲ့ၿပီး ယခင္က႐ုတ္သိမ္းထားေသာ ပိတ္ဆို႔အေရးယူမႈမ်ားကို ျပန္လည္ခ်မွတ္ရန္ စတင္လုပ္ေဆာင္ခဲ့ ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
Vassily Nebenzia က “အီရန္အေပၚ ကုလသမဂၢရဲ႕ပိတ္ဆို႔အေရးယူမႈေတြ ျပန္လည္ခ်မွတ္တာကို ကြၽန္ေတာ္တို႔ အသိအမွတ္ျပဳမွာ မဟုတ္ပါဘူး။ အဲဒါက ျပႆနာေတြကိုျဖစ္ေပၚလာေစမွာပါ။ ဘာေတြဆက္ျဖစ္လာမလဲဆိုတာ ကို ကြၽန္ေတာ္တို႔ေစာင့္ၾကည့္သြားရမွာပါ” ဟု ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ၿပီးခဲ့သည့္ဇြန္လတြင္ အစၥေရးႏွင့္ အေမရိကန္တို႔က အီရန္၏ န်ဴကလီးယားေနရာမ်ားကို ဗုံးႀကဲတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ၿပီးေနာက္ န်ဴကလီးယားလက္နက္ဆိုင္ရာတင္းမာမႈမ်ား ပိုမိုျမင့္တက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။