ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်နွှဲမယ်ဆိုရင် အစ္စရေးတို့ ကြီးမားတဲ့ ပေးဆပ်မှုတွေ ရင်ဆိုင်ရမယ်လို့ ဟစ်ဘိုလာအဖွဲ့သတိပေး

952
ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၂
အစ္စရေး တပ်ဖွဲ့တွေအနေနဲ့ ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်နွှဲမယ်ဆိုရင် ကြီးမားတဲ့ ပေးဆပ်မှုတွေ တွေ့ကြုံရမှာဖြစ်ကြောင်း ဟစ်ဘိုလာအဖွဲ့ တာဝန်ရှိသူတစ်ဦးကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့အနေနဲ့ ဂါဇာဒေသကိုအစ္စရေးတပ်ဖွဲ့တွေမြေပြင်ထိုးစစ်ဆင်နွှဲမယ်ဆိုရင် စစ်ပွဲထဲ ပါဝင်လာဖွယ်ရှိနေကြောင်း ဟစ်ဘိုလာအဖွဲ့ရဲ့ဒုတိယခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Sheikh Naim Kassem ကပြောပါတယ်။ ဟစ်ဘိုလာအဖွဲ့ဟာ လက်ဘနွန်တောင်ပိုင်းကို ဒရုန်းများနဲ့တိုက်ခိုက်ခဲ့သလို ဟစ်ဘိုလာအဖွဲ့ကလည်း အစ္စရေးနိုင်ငံဘက်ခြမ်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။
ဟစ်ဘိုလာအဖွဲ့ ဒုတိယခေါင်းဆောင်က "ကျွန်တော်တို့ဟာ အစ္စရေးစစ်တပ်ကို အားနည်းအောင်လုပ်ဆောင်သွားမယ်။ အစ္စရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ အဆင့်သင့်ရှိနေတယ်"လို့ပြောပါတယ်။
အစ္စရေးစစ်တပ် နဲ့ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်တို့ စစ်ပွဲစတင်ခဲ့ပြီးနောက် ပိုင်းကတည်းက ဟစ်ဘိုလာအဖွဲ့ဟာ အစ္စရေးနိုင်ငံဘက်ခြမ်းကိုဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းကြားဖြစ်ပွားနေတဲ့စစ်ပွဲကာလ သီတင်းပတ်နှစ်ပတ်အတွင်းမှာ အစ္စရေးနိုင်ငံသား ၁၄၀၀ ကျော် သေဆုံးခဲ့ပြီး ပါလက်စတိုင်းလူမျိုး ၄၀၀၀ ကျော်သေဆုံးထားကြောင်းသိရပါတယ်။
ရော့ကဒ်၊ ဒုံးကျည် နဲ့ အခြားတိုက်ခိုက်ရေးဒရုန်းပေါင်းထောင်၊ သောင်းချီ ပိုင်ဆိုင်ထားတဲ့ ဟစ်ဘိုလာအဖွဲ့ဟာ အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲမှာ စစ်မျက်နှာအသစ်တစ်ခုထပ်မံဖွင့်လှစ်ဖို့ စီစဉ်နေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ အစ္စရေးဟာ လက်ရှိအချိန်မှာ ဂါဇာဒေသကို တိုက်ခိုက်ရမယ့်အစားနိုင်ငံမြောက်ပိုင်းကို ကာကွယ်နိုင်ဖို့ အစ္စရေးတပ်မ သုံးခုကိုနိုင်ငံမြောက်ပိုင်းကိုဖြန့်ကြတ်ချထားကာအခြေနေများကိုစောင့်ကြည့် တုံ့ပြန်နေရကြောင်းသိရပါတယ်။

zawgyi version
ဂါဇာေဒသကို ေျမျပင္ထိုးစစ္ဆင္ႏႊဲမယ္ဆိုရင္ အစၥေရးတို႔ ႀကီးမားတဲ့ ေပးဆပ္မႈေတြ ရင္ဆိုင္ရမယ္လို႔ ဟစ္ဘိုလာအဖြဲ႕သတိေပး
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၂
အစၥေရး တပ္ဖြဲ႕ေတြအေနနဲ႔ ဂါဇာေဒသကို ေျမျပင္ထိုးစစ္ဆင္ႏႊဲမယ္ဆိုရင္ ႀကီးမားတဲ့ ေပးဆပ္မႈေတြ ေတြ႕ႀကဳံရမွာျဖစ္ေၾကာင္း ဟစ္ဘိုလာအဖြဲ႕ တာဝန္ရွိသူတစ္ဦးကထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
လက္ဘႏြန္အေျခစိုက္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕အေနနဲ႔ ဂါဇာေဒသကိုအစၥေရးတပ္ဖြဲ႕ေတြေျမျပင္ထိုးစစ္ဆင္ႏႊဲမယ္ဆိုရင္ စစ္ပြဲထဲ ပါဝင္လာဖြယ္ရွိေနေၾကာင္း ဟစ္ဘိုလာအဖြဲ႕ရဲ႕ဒုတိယေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ Sheikh Naim Kassem ကေျပာပါတယ္။ ဟစ္ဘိုလာအဖြဲ႕ဟာ လက္ဘႏြန္ေတာင္ပိုင္းကို ဒ႐ုန္းမ်ားနဲ႔တိုက္ခိုက္ခဲ့သလို ဟစ္ဘိုလာအဖြဲ႕ကလည္း အစၥေရးႏိုင္ငံဘက္ျခမ္းကို ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္းသိရပါတယ္။
ဟစ္ဘိုလာအဖြဲ႕ ဒုတိယေခါင္းေဆာင္က "ကြၽန္ေတာ္တို႔ဟာ အစၥေရးစစ္တပ္ကို အားနည္းေအာင္လုပ္ေဆာင္သြားမယ္။ အစၥေရးတပ္ဖြဲ႕ေတြကို တိုက္ခိုက္ဖို႔ အဆင့္သင့္ရွိေနတယ္"လို႔ေျပာပါတယ္။
အစၥေရးစစ္တပ္ နဲ႔ ပါလက္စတိုင္းလက္နက္ကိုင္အဖြဲ႕ ဟားမက္စ္တို႔ စစ္ပြဲစတင္ခဲ့ၿပီးေနာက္ ပိုင္းကတည္းက ဟစ္ဘိုလာအဖြဲ႕ဟာ အစၥေရးႏိုင္ငံဘက္ျခမ္းကိုဒုံးက်ည္ေတြနဲ႔ ပစ္ခတ္ခဲ့ေၾကာင္းသိရပါတယ္။ အစၥေရးနဲ႔ ပါလက္စတိုင္းၾကားျဖစ္ပြားေနတဲ့စစ္ပြဲကာလ သီတင္းပတ္ႏွစ္ပတ္အတြင္းမွာ အစၥေရးႏိုင္ငံသား ၁၄၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး ပါလက္စတိုင္းလူမ်ိဳး ၄၀၀၀ ေက်ာ္ေသဆုံးထားေၾကာင္းသိရပါတယ္။
ေရာ့ကဒ္၊ ဒုံးက်ည္ နဲ႔ အျခားတိုက္ခိုက္ေရးဒ႐ုန္းေပါင္းေထာင္၊ ေသာင္းခ်ီ ပိုင္ဆိုင္ထားတဲ့ ဟစ္ဘိုလာအဖြဲ႕ဟာ အစၥေရးနဲ႔ ဟားမက္စ္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့စစ္ပြဲမွာ စစ္မ်က္ႏွာအသစ္တစ္ခုထပ္မံဖြင့္လွစ္ဖို႔ စီစဥ္ေနေၾကာင္း သတင္းေတြထြက္ေပၚေနပါတယ္။ အစၥေရးဟာ လက္ရွိအခ်ိန္မွာ ဂါဇာေဒသကို တိုက္ခိုက္ရမယ့္အစားႏိုင္ငံေျမာက္ပိုင္းကို ကာကြယ္ႏိုင္ဖို႔ အစၥေရးတပ္မ သုံးခုကိုႏိုင္ငံေျမာက္ပိုင္းကိုျဖန႔္ၾကတ္ခ်ထားကာအေျခေနမ်ားကိုေစာင့္ၾကည့္ တုံ႔ျပန္ေနရေၾကာင္းသိရပါတယ္။