စဉ့်ကူးမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ကာ ဆိုင်ကယ်နှင့် ဖုန်းတစ်လုံးလုယက်

 828

NP News -အောက်တိုဘာ ၂၅

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ဆိုင်ကယ်နှင့် ဖုန်းတစ်လုံး လုယက်ယူ ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၂၂ ရက်၊ မွန်းလွဲ ၁နာရီခွဲအချိန်တွင် စဉ့်ကူးမြို့နယ်၊ ရွှေဒုံးကျေးရွာတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါကျေးရွာတွင် နေထိုင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဗေဒါသည် ၎င်းမိသားစုနှင့်အတူ နေအိမ်၌ရှိနေစဉ် PDFအဖွဲ့ အင်အား (၄)ဦးက ဆိုင်ကယ် (၃)စီးဖြင့်ရောက်ရှိလာကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးဗေဒါ(၅၇)နှစ်တွင် ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းပိုင် ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်းတစ်လုံးပါ PDF အဖွဲ့မှ အကြမ်းဖက်လုယက်ယူဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့နောက် လုပ်ကြံသတ်ဖြတ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

zawgyi version
NP News -အောက်တိုဘာ ၂၅







Picture

L Mone

25/10/2023 23:22

အင်တာနက်ကို...လျော့မတွက်ကြသင့်သလို..အိမ်ထဲက ဒုက္ခိတတောင်...အလုပ်ဝင်လုပ်လို့ရတဲ့ခေါတ်ကြီးမှာ...အင်တာနက်ကို..ပြန်မတိုက်နိုင်ပဲငြိမ်ခံနေကြတယ်...တိုင်းပြည်လစာစားနေတဲ့..ဝန်ထမ်းအမျိူးတွေ..ပင်စင်စားတွေက..အိမ်ထဲကနေ..လခတောင်းပြီး..အင်တာနက်..တိုက်ခိုက်ခံရမှူ့ကို..မတော်လှန်သင့်ဘူးလား..ဒဏ်ပြန် မလုပ်နိုင်ကြဘူးလား...ရှက်စရာကြီးနော်..။ကျွန်တော်သာ.....ဆိုရင်..ဒီပွဲ..မှာ..မအေလိုးတွေ..အလဲအကွဲ အပြဲ ဖြစ်အောင်ကို..ဆော်ပေးလိုက်မှာပါ..နစကကြီး..ရေ...ဖားတာတော့မဟုတ်ဘူ...တကယ်လုပ်မှာ...ရှက်စရာကြီး...ဖြစ်နေတယ်..အင်တာနက်တိုက်အား..လိုနေသေးတယ်...

Related news

© 2021. All rights reserved.