တောင်ကိုရီးယားမှာ အသက် ၈၂ နှစ်အရွယ် အဘိုးအိုတစ်ဦး ရေဘဝဲစားပြီး အသက်ရှူကြပ်သေဆုံး

 2010

ရောင်နီ (NP News) - အောက်တိုဘာ ၂၆
ရေဘဝဲအရှင် နဲ့ ဆား၊ နှမ်းဆီရောစပ်ထားတဲ့ Sannakji အစားအစာဟာ တောင်ကိုရီးယားမှာ နာမည် ဆိုးနဲ့ အကျော်ကြားဆုံး အစားအစာတွေထဲက တစ်ခုဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်ရဲ့ တောင်ကိုရီးယားရုပ်ရှင် Oldboy မှာ မင်းသား ချိုမင်ဆက်ခ် သရုပ်ဆောင်ထားတဲ့ ဇာတ် ကောင် ကာရိုက်တာရဲ့ ဆူရှီဘားမှာ စားသောက်ပြခဲ့တဲ့ ဇာတ်ဝင်ခန်းကြောင့် အဆိုပါ ဟင်းပွဲဟာ ကမ္ဘာနဲ့ချီပြီး ကျော်ကြားပါတယ်။ YouTube ပေါ်မှာရှိတဲ့ Food Blogger ဗီဒီယိုများစွာမှာလည်း တောင်ကိုရီးယားရဲ့ ဒေသန္တရငါးဈေးတွေမှာ sannakji ကို မကြောက်မရွံ့စားသောက်နေတဲ့ ဗီဒီယိုတွေ တွေ့ရလေ့ရှိပြီး ဟင်းလျာရဲ့ ကျော်ကြားမှုကို မီးမောင်းထိုးပြနေပါတယ်။ ဒါပေမယ့် sannakji ကိုစားသုံးခြင်းဟာ အသက်အန္တရာယ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။

တောင်ပိုင်း Gwangju Gwangsan မီးသတ်စခန်းရဲ့ အဆိုအရ တနင်္လာနေ့(အောက်တိုဘာလ ၂၃ ရက်)က အသက် ၈၂ နှစ်အရွယ်အဘိုးအိုတစ်ဦးဟာ sannakji စားရင်း အသက်ရှုကြပ်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဟာ အရေးပေါ် ဖုန်းခေါ်ဆိုမှု လက်ခံရရှိပြီးတာနဲ့ တပြိုင်နက် အခင်းဖြစ်ပွားရာကို ရောက်ရှိလာပေမယ့် အဆိုပါ အမျိုးသားဟာ သတိပြန်မလည်ခဲ့ဘဲ ဒေသဆေးရုံရောက်တဲ့အခါမှာတော့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါဟာနိုင်ငံမှာ ရေဘဝဲစားခြင်းကြောင့် ပထမဆုံးအသက်ဆုံးရှုံးမှုမဟုတ်ပါဘူး။ ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း လူ ၃ ဦးဟာ အဆိုပါ sannakji ရေဘဝဲ ဟင်းပွဲကြောင့် အသက်ရှူကြပ်သေဆုံးခဲ့ရတယ်လို့ ဆိုးလ်မြို့တော် မီးသတ်နဲ့ သဘာဝဘေးရုံးချုပ်မှ အချက်အလက်များအရ သိရပါတယ်။

zawgyi version
ေတာင္ကိုရီးယားမွာ အသက္ ၈၂ ႏွစ္အ႐ြယ္ အဘိုးအိုတစ္ဦး ေရဘဝဲစားၿပီး အသက္ရႉၾကပ္ေသဆုံး
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၆
ေရဘဝဲအရွင္ နဲ႔ ဆား၊ ႏွမ္းဆီေရာစပ္ထားတဲ့ Sannakji အစားအစာဟာ ေတာင္ကိုရီးယားမွာ နာမည္ ဆိုးနဲ႔ အေက်ာ္ၾကားဆုံး အစားအစာေတြထဲက တစ္ခုျဖစ္ပါတယ္။
၂၀၀၄ ခုႏွစ္ရဲ႕ ေတာင္ကိုရီးယား႐ုပ္ရွင္ Oldboy မွာ မင္းသား ခ်ိဳမင္ဆက္ခ္ သ႐ုပ္ေဆာင္ထားတဲ့ ဇာတ္ ေကာင္ ကာ႐ိုက္တာရဲ႕ ဆူရွီဘားမွာ စားေသာက္ျပခဲ့တဲ့ ဇာတ္ဝင္ခန္းေၾကာင့္ အဆိုပါ ဟင္းပြဲဟာ ကမာၻနဲ႔ခ်ီၿပီး ေက်ာ္ၾကားပါတယ္။ YouTube ေပၚမွာရွိတဲ့ Food Blogger ဗီဒီယိုမ်ားစြာမွာလည္း ေတာင္ကိုရီးယားရဲ႕ ေဒသႏၲရငါးေဈးေတြမွာ sannakji ကို မေၾကာက္မ႐ြံ႕စားေသာက္ေနတဲ့ ဗီဒီယိုေတြ ေတြ႕ရေလ့ရွိၿပီး ဟင္းလ်ာရဲ႕ ေက်ာ္ၾကားမႈကို မီးေမာင္းထိုးျပေနပါတယ္။ ဒါေပမယ့္ sannakji ကိုစားသုံးျခင္းဟာ အသက္အႏၲရာယ္ကို ဆိုးဆိုး႐ြား႐ြား ထိခိုက္ေစႏိုင္ပါတယ္။
ေတာင္ပိုင္း Gwangju Gwangsan မီးသတ္စခန္းရဲ႕ အဆိုအရ တနလၤာေန႔(ေအာက္တိုဘာလ ၂၃ ရက္)က အသက္ ၈၂ ႏွစ္အ႐ြယ္အဘိုးအိုတစ္ဦးဟာ sannakji စားရင္း အသက္ရႈၾကပ္ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။

ရဲတပ္ဖြဲ႕ဟာ အေရးေပၚ ဖုန္းေခၚဆိုမႈ လက္ခံရရွိၿပီးတာနဲ႔ တၿပိဳင္နက္ အခင္းျဖစ္ပြားရာကို ေရာက္ရွိလာေပမယ့္ အဆိုပါ အမ်ိဳးသားဟာ သတိျပန္မလည္ခဲ့ဘဲ ေဒသေဆး႐ုံေရာက္တဲ့အခါမွာေတာ့ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။

ဒါဟာႏိုင္ငံမွာ ေရဘဝဲစားျခင္းေၾကာင့္ ပထမဆုံးအသက္ဆုံးရႈံးမႈမဟုတ္ပါဘူး။ ၂၀၀၇ ခုႏွစ္မွ ၂၀၁၂ ခုႏွစ္အတြင္း လူ ၃ ဦးဟာ အဆိုပါ sannakji ေရဘဝဲ ဟင္းပြဲေၾကာင့္ အသက္ရႉၾကပ္ေသဆုံးခဲ့ရတယ္လို႔ ဆိုးလ္ၿမိဳ႕ေတာ္ မီးသတ္နဲ႔ သဘာဝေဘး႐ုံးခ်ဳပ္မွ အခ်က္အလက္မ်ားအရ သိရပါတယ္။

Picture

Sai Tun

26/10/2023 16:35

သူတစ်ပါးအသက်ကို

Picture

Sai Tun

26/10/2023 16:37

မသေမရှင်နဲ့ မြိန်ရည်ယှက်ရည် စားမှတော့ ဝဋ်ဆိုတာ ဘဝမကူးပါဘူး

Related news

© 2021. All rights reserved.