ရုရှားအစိုးရက လေကြောင်းနှင့် အာကာသတပ်ဖွဲ့တို့၏ အကြီးအကဲအသစ်နာမည်ကို ထုတ်ဖော်ပြော

 884

Pika (NP News) - အောက်တိုဘာ ၂၈

ရုရှားအစိုးရသည် ဒုဗိုလ်ချုပ်ကြီး Viktor Afzalov ကို ရုရှားလေကြောင်း နှင့် အာကာသတပ်ဖွဲ့တို့၏ အကြီးအကဲ အသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက "သမ္မတပူတင်ရဲ့အမိန့်နဲ့ ရုရှားလေကြောင်းနဲ့ အာကာသတပ်ဖွဲ့တို့ရဲ့ အကြီးအကဲ အသစ်ကို ၂ဝ၂၃ ခုနှစ် အောက်တိုဘာလမှာ ခန့်အပ်ခဲ့ပါတယ်" ဟု သတင်းထုတ်ပြန်ထားသည်။

အသက်(၅၅)နှစ်အရွယ် Viktor Afzalov သည် လေကြောင်းရန်ကာကွယ်ရေးအရာရှိတစ်ဦးဖြစ်ပြီး ၂ဝ၁၈ ခုနှစ်ကတည်းက လေကြောင်းနှင့် အာကာသတပ်ဖွဲ့တို့၏ ဝန်ထမ်းများကို ဦးဆောင်ခဲ့သူဖြစ်ကြောင်းလည်း သိရသည်။ Viktor Afzalov ကို ၁၉၆၈ ခုနှစ် ဇွန်လ(၉)ရက်တွင် ခရိုင်းမီးယားကျွန်းဆွယ် Simferopol မြို့အနီးတွင် မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Viktor Afzalov သည် ရုရှားလေကြောင်းနှင့် အာကာသတပ်ဖွဲ့တို့၏ ယာယီအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီးနောက် နှစ်လအကြာတွင် တရားဝင်ခန့်အပ်မှုထွက်ပေါ်လာခြင်းဖြစ်သည်။ ရုရှားသမ္မတပူတင်သည် လေကြောင်း နှင့် အာကာသတပ်ဖွဲ့အကြီးအကဲ Sergey Surovikin ကို ရာထူးမှဖြုတ်ချခဲ့ပြီးနောက် Viktor Afzalov က ယာယီအကြီးအကဲအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ Sergey Surovikin သည် ချေချင်းညာနှင့် ဆီးရီးယားတို့တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်း စတင်နာမည်ရလာခဲ့ခြင်းဖြစ်ပြီး ၎င်း၏ စစ်ရေးဆိုင်ရာ လုပ်ရပ်များအတွက် ဗိုလ်ချုပ် Armageddon ဆိုသည့် နာမည်ပြောင်ကို ရရှိခဲ့ကြောင်းလည်း သိရသည်။

Zaporozhye နှင့် ခါဆွန်ဒေသ ကာကွယ်ရေးပိုင်းကို ဦးဆောင်ခဲ့သော ဗိုလ်ချုပ်ကြီးSergey Surovikin သည် ရုရှားကြေးစားတပ်ဖွဲ့ Wagner ၏ ပုန်ကန်မှုများအပြီးတွင် ရာထူးမှဖြုတ်ချခံခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version;
႐ုရွားအစိုးရက ေလေၾကာင္းႏွင့္ အာကာသတပ္ဖြဲ႕တို႔၏ အႀကီးအကဲအသစ္နာမည္ကို ထုတ္ေဖာ္ေျပာ
Pika (NP News) - ေအာက္တိုဘာ ၂၈

႐ုရွားအစိုးရသည္ ဒုဗိုလ္ခ်ဳပ္ႀကီး Viktor Afzalov ကို ႐ုရွားေလေၾကာင္း ႏွင့္ အာကာသတပ္ဖြဲ႕တို႔၏ အႀကီးအကဲ အသစ္အျဖစ္ ခန႔္အပ္လိုက္ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာဆိုခဲ့သည္။

႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက "သမၼတပူတင္ရဲ႕အမိန႔္နဲ႔ ႐ုရွားေလေၾကာင္းနဲ႔ အာကာသတပ္ဖြဲ႕တို႔ရဲ႕ အႀကီးအကဲ အသစ္ကို ၂ဝ၂၃ ခုႏွစ္ ေအာက္တိုဘာလမွာ ခန႔္အပ္ခဲ့ပါတယ္" ဟု သတင္းထုတ္ျပန္ထားသည္။

အသက္(၅၅)ႏွစ္အ႐ြယ္ Viktor Afzalov သည္ ေလေၾကာင္းရန္ကာကြယ္ေရးအရာရွိတစ္ဦးျဖစ္ၿပီး ၂ဝ၁၈ ခုႏွစ္ကတည္းက ေလေၾကာင္းႏွင့္ အာကာသတပ္ဖြဲ႕တို႔၏ ဝန္ထမ္းမ်ားကို ဦးေဆာင္ခဲ့သူျဖစ္ေၾကာင္းလည္း သိရသည္။ Viktor Afzalov ကို ၁၉၆၈ ခုႏွစ္ ဇြန္လ(၉)ရက္တြင္ ခ႐ိုင္းမီးယားကြၽန္းဆြယ္ Simferopol ၿမိဳ႕အနီးတြင္ ေမြးဖြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Viktor Afzalov သည္ ႐ုရွားေလေၾကာင္းႏွင့္ အာကာသတပ္ဖြဲ႕တို႔၏ ယာယီအႀကီးအကဲအျဖစ္ တာဝန္ထမ္းေဆာင္ ခဲ့ၿပီးေနာက္ ႏွစ္လအၾကာတြင္ တရားဝင္ခန႔္အပ္မႈထြက္ေပၚလာျခင္းျဖစ္သည္။ ႐ုရွားသမၼတပူတင္သည္ ေလေၾကာင္း ႏွင့္ အာကာသတပ္ဖြဲ႕အႀကီးအကဲ Sergey Surovikin ကို ရာထူးမွျဖဳတ္ခ်ခဲ့ၿပီးေနာက္ Viktor Afzalov က ယာယီအႀကီးအကဲအျဖစ္ စတင္တာဝန္ထမ္းေဆာင္ခဲ့ျခင္းျဖစ္သည္။ Sergey Surovikin သည္ ေခ်ခ်င္းညာႏွင့္ ဆီးရီးယားတို႔တြင္ျဖစ္ပြားခဲ့ေသာ ပဋိပကၡမ်ားအတြင္း စတင္နာမည္ရလာခဲ့ျခင္းျဖစ္ၿပီး ၎၏ စစ္ေရးဆိုင္ရာ လုပ္ရပ္မ်ားအတြက္ ဗိုလ္ခ်ဳပ္ Armageddon ဆိုသည့္ နာမည္ေျပာင္ကို ရရွိခဲ့ေၾကာင္းလည္း သိရသည္။

Zaporozhye ႏွင့္ ခါဆြန္ေဒသ ကာကြယ္ေရးပိုင္းကို ဦးေဆာင္ခဲ့ေသာ ဗိုလ္ခ်ဳပ္ႀကီးSergey Surovikin သည္ ႐ုရွားေၾကးစားတပ္ဖြဲ႕ Wagner ၏ ပုန္ကန္မႈမ်ားအၿပီးတြင္ ရာထူးမွျဖဳတ္ခ်ခံခဲ့ရျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.