ဘရန့်ဖို့ဒ်အသင်းကို ရှုံးနိမ့်မှုနှင့်ပတ်သက်ပြီး ချဲလ်ဆီးကစားသမားများကို နည်းပြ ပိုချက်တီနို ဝေဖန်ပြစ်တင်

434

Pika (NP News) - အောက်တိုဘာ ၂၉
ချဲလ်ဆီးအသင်းသည် ဘရန့်ဖို့ဒ်အသင်းနှင့်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲကို (၂)ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းကစားသမားများအနေဖြင့် ပြိုင်ဖက်အသင်းဂိုးရှေ့တွင် အကောင်းဆုံးပုံစံမျိုးဖြင့် စုစည်းညီညွတ်စွာ ကစားရန် ချဲလ်ဆီးနည်းပြပိုချက်တီနို က တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။
ချဲလ်ဆီးအသင်းနှင့်ကစားခဲ့သည့်ပွဲတွင် ဘရန့်ဖို့ဒ်အသင်းနောက်တန်းကစားသမား Ethan Pinnock က ပွဲချိန်(၅၈)မိနစ်တွင် တစ်ဂိုးသွင်းယူခဲ့ပြီး တိုက်စစ်မှူး Bryan Mbeumo က ပွဲချိန်(၉၆)မိနစ်တွင် တစ်ဂိုးသွင်းယူ ခဲ့ပြီးနောက် (၂)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဘရန့်ဖိုဒ်အသင်းအား ရှုံးနိမ့်မှုသည် ယခုနှစ်အတွင်း ချဲလ်ဆီးအသင်း၏ ကိုးပွဲမြောက် အိမ်ကွင်း ရှုံးနိမ့်မှုဖြစ်ခဲ့ကြောင်းလည်း သိရသည်။
ချဲလ်ဆီးနည်းပြပိုချက်တီနို က "ပြိုင်ဖက်အသင်းဂိုးရှေ့မှာ အကောင်းဆုံးပုံစံနဲ့ စုစည်းညီညွတ်စွာ မကစားနိုင်ခဲ့တဲ့ အတွက် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သင့်ပါတယ်။ ပထမပိုင်းမှာတည်းက ကျွန်တော်တို့ ဂိုးသွင်းယူ နိုင်ခဲ့သင့်တာပါ။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးမသွင်းယူနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေ မယ့် ဂိုးသွင်းယူနိုင်တာမျိုးတော့ မရှိခဲ့ပါဘူး" ဟု ပြောခဲ့သည်။
အဆိုပါရလဒ်အရ ချဲလ်ဆီးအသင်းသည် ၎င်းတို့နောက်ဆုံးကစားထားသည့် အိမ်ကွင်းပွဲစဉ်(၁၃)ပွဲတွင် တစ်ပွဲသာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ပိုချက်တီနို က "တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဂိုးသွင်းနိုင်ဖို့ ကံကောင်းမှုလည်း လို ပါတယ်။ ဒုတိယပိုင်းမှာ ပေးလိုက်ရတဲ့ဂိုးကြောင့် ကျွန်တော်တို့ ဒီကစားပွဲကို ရှုံးနိမ့်ခဲ့ရတာပါ။ အဲဒီလို ဂိုးမျိုး ကျွန်တော်တို့မပေးခဲ့သင့်ပါဘူး။ ကျွန်တော်တို့ အာဆင်နယ်အသင်းနဲ့ အကောင်းဆုံးကစားနိုင်ခဲ့ပေမယ့် ဘရန့်ဖို့ဒ် အသင်းနဲ့ ပွဲမှာ ကျွန်တော်တို့ ဂိုးတောင် မသွင်းယူနိုင်ခဲ့ပါဘူး" ဟု ပြောခဲ့သည်။

Zawgyi Version;
ဘရန႔္ဖို႔ဒ္အသင္းကို ရႈံးနိမ့္မႈႏွင့္ပတ္သက္ၿပီး ခ်ဲလ္ဆီးကစားသမားမ်ားကို နည္းျပ ပိုခ်က္တီႏို ေဝဖန္ျပစ္တင္
Pika (NP News) - ေအာက္တိုဘာ ၂၉
ခ်ဲလ္ဆီးအသင္းသည္ ဘရန႔္ဖို႔ဒ္အသင္းႏွင့္ကစားခဲ့ေသာ ပရီးမီးယားလိဂ္ပြဲကို (၂)ဂိုး-ဂိုးမရွိျဖင့္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အသင္းကစားသမားမ်ားအေနျဖင့္ ၿပိဳင္ဖက္အသင္းဂိုးေရွ႕တြင္ အေကာင္းဆုံးပုံစံမ်ိဳးျဖင့္ စုစည္းညီၫြတ္စြာ ကစားရန္ ခ်ဲလ္ဆီးနည္းျပပိုခ်က္တီႏို က တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္း သိရသည္။
ခ်ဲလ္ဆီးအသင္းႏွင့္ကစားခဲ့သည့္ပြဲတြင္ ဘရန႔္ဖို႔ဒ္အသင္းေနာက္တန္းကစားသမား Ethan Pinnock က ပြဲခ်ိန္(၅၈)မိနစ္တြင္ တစ္ဂိုးသြင္းယူခဲ့ၿပီး တိုက္စစ္မႉး Bryan Mbeumo က ပြဲခ်ိန္(၉၆)မိနစ္တြင္ တစ္ဂိုးသြင္းယူ ခဲ့ၿပီးေနာက္ (၂)ဂိုး-ဂိုးမရွိျဖင့္ အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။ ဘရန႔္ဖိုဒ္အသင္းအား ရႈံးနိမ့္မႈသည္ ယခုႏွစ္အတြင္း ခ်ဲလ္ဆီးအသင္း၏ ကိုးပြဲေျမာက္ အိမ္ကြင္း ရႈံးနိမ့္မႈျဖစ္ခဲ့ေၾကာင္းလည္း သိရသည္။
ခ်ဲလ္ဆီးနည္းျပပိုခ်က္တီႏို က "ၿပိဳင္ဖက္အသင္းဂိုးေရွ႕မွာ အေကာင္းဆုံးပုံစံနဲ႔ စုစည္းညီၫြတ္စြာ မကစားႏိုင္ခဲ့တဲ့ အတြက္ ကြၽန္ေတာ္တို႔ ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္သင့္ပါတယ္။ ပထမပိုင္းမွာတည္းက ကြၽန္ေတာ္တို႔ ဂိုးသြင္းယူ ႏိုင္ခဲ့သင့္တာပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဂိုးမသြင္းယူႏိုင္ခဲ့ပါဘူး။ ကြၽန္ေတာ္တို႔အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့ေပ မယ့္ ဂိုးသြင္းယူႏိုင္တာမ်ိဳးေတာ့ မရွိခဲ့ပါဘူး" ဟု ေျပာခဲ့သည္။
အဆိုပါရလဒ္အရ ခ်ဲလ္ဆီးအသင္းသည္ ၎တို႔ေနာက္ဆုံးကစားထားသည့္ အိမ္ကြင္းပြဲစဥ္(၁၃)ပြဲတြင္ တစ္ပြဲသာ အႏိုင္ရရွိခဲ့ေၾကာင္း သိရသည္။ ပိုခ်က္တီႏို က "တစ္ခါတစ္ရံမွာ ကြၽန္ေတာ္တို႔ဂိုးသြင္းႏိုင္ဖို႔ ကံေကာင္းမႈလည္း လို ပါတယ္။ ဒုတိယပိုင္းမွာ ေပးလိုက္ရတဲ့ဂိုးေၾကာင့္ ကြၽန္ေတာ္တို႔ ဒီကစားပြဲကို ရႈံးနိမ့္ခဲ့ရတာပါ။ အဲဒီလို ဂိုးမ်ိဳး ကြၽန္ေတာ္တို႔မေပးခဲ့သင့္ပါဘူး။ ကြၽန္ေတာ္တို႔ အာဆင္နယ္အသင္းနဲ႔ အေကာင္းဆုံးကစားႏိုင္ခဲ့ေပမယ့္ ဘရန႔္ဖို႔ဒ္ အသင္းနဲ႔ ပြဲမွာ ကြၽန္ေတာ္တို႔ ဂိုးေတာင္ မသြင္းယူႏိုင္ခဲ့ပါဘူး" ဟု ေျပာခဲ့သည္။