အောင်မြေသာစံမြို့နယ်ရှိ ပေါ်ဦးရွှေဆိုင်ကို အမျိုးသား (၄)ဦးက သေနတ်ပစ်ဖောက်ကာ ဓားပြဝင်တိုက်

 4325

စော (NP News) - အောက်တိုဘာ ၃၀

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ ပေါ်ဦးရွှေဆိုင်ကို အမျိုးသား (၄)ဦးက ဓားပြဝင်တိုက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၃၀ ရက်)၊ နံနက် (၉)နာရီကျော်တွင် မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်၊ (၈၄)လမ်း၊ (၄၁)လမ်းနှင့် (၄၂)ကြားရှိ ပေါ်ဦးရွှေဆိုင်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါရွှေဆိုင်သို့ အမျိုးသား(၄)ဦးသည် ဆိုင်ကယ်(၂)စီးဖြင့်ရောက်ရှိလာပြီးနောက် ဆိုင်အတွင်းသို့ ဝင်ရောက်လာကာ ရွှေထည်ပစ္စည်းများထည့်ထားသည့် ကောင်တာအား သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့သို့ သေနတ်ဖြင့် ကောင်တာအား ပစ်ခတ်ခဲ့ပြီးနောက် ကောင်တာအတွင်းရှိ ရွှေဆွဲကြိုး နှင့် ရွှေကလစ် အပါအဝင် စုစုပေါင်း ငွေကျပ် သိန်း (၁၂၀၀)ခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့သော ရွှေဆိုင်အတွင်းသို့ လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ၎င်းအမျိုးသား(၄)ဦးကိုလည်း လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းမှစတင်၍ မြို့ကြီးများရှိ ရွှေဆိုင်များ ၌ ဓါးပြတိုက်ခံရသည့်ဖြစ်စဉ်များ မကြာခဏဆိုသကဲ့သို့ ဖြစ်ပွားလာနေသည်ကို တွေ့ရှိရသည်။

zawgyi version
ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ ေပၚဦးေ႐ႊဆိုင္ကို အမ်ိဳးသား (၄)ဦးက ေသနတ္ပစ္ေဖာက္ကာ ဓားျပဝင္တိုက္
ေစာ (NP News) - ေအာက္တိုဘာ ၃၀

မႏၲေလးတိုင္း၊ ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ ေပၚဦးေ႐ႊဆိုင္ကို အမ်ိဳးသား (၄)ဦးက ဓားျပဝင္တိုက္ခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ေအာက္တိုဘာလ ၃၀ ရက္)၊ နံနက္ (၉)နာရီေက်ာ္တြင္ မဟာေအာင္ေျမၿမိဳ႕နယ္၊ ေ႐ႊဘုန္းရွိန္ရပ္ကြက္၊ (၈၄)လမ္း၊ (၄၁)လမ္းႏွင့္ (၄၂)ၾကားရွိ ေပၚဦးေ႐ႊဆိုင္တြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕ထံမွ သိရသည္။

အဆိုပါေ႐ႊဆိုင္သို႔ အမ်ိဳးသား(၄)ဦးသည္ ဆိုင္ကယ္(၂)စီးျဖင့္ေရာက္ရွိလာၿပီးေနာက္ ဆိုင္အတြင္းသို႔ ဝင္ေရာက္လာကာ ေ႐ႊထည္ပစၥည္းမ်ားထည့္ထားသည့္ ေကာင္တာအား ေသနတ္ျဖင့္ ႏွစ္ခ်က္ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။

ထို႔သို႔ ေသနတ္ျဖင့္ ေကာင္တာအား ပစ္ခတ္ခဲ့ၿပီးေနာက္ ေကာင္တာအတြင္းရွိ ေ႐ႊဆြဲႀကိဳး ႏွင့္ ေ႐ႊကလစ္ အပါအဝင္ စုစုေပါင္း ေငြက်ပ္ သိန္း (၁၂၀၀)ခန႔္ တန္ဖိုးရွိ ေ႐ႊထည္ပစၥည္းမ်ားကို ယူေဆာင္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ျဖစ္ပြားခဲ့ေသာ ေ႐ႊဆိုင္အတြင္းသို႔ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီး ၎အမ်ိဳးသား(၄)ဦးကိုလည္း လိုက္လံရွာေဖြလ်က္ရွိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ၂ဝ၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလေနာက္ပိုင္းမွစတင္၍ ၿမိဳ႕ႀကီးမ်ားရွိ ေ႐ႊဆိုင္မ်ား ၌ ဓါးျပတိုက္ခံရသည့္ျဖစ္စဥ္မ်ား မၾကာခဏဆိုသကဲ့သို႔ ျဖစ္ပြားလာေနသည္ကို ေတြ႕ရွိရသည္။

Related news

© 2021. All rights reserved.