မနက်ဖြန်မှစ၍ ပြည်တွင်းလေကြောင်းခရီးစဉ်တွင် ဆိုက်ရောက် နှင့် ထွက်ခွာပုံစံများ ဖြည့်စွက်ရမည်

1427

စော (NP News) - အောက်တိုဘာ ၃၁
မနက်ဖြန် (နိုဝင်ဘာ ၁ ရက်) မှစ၍ ပြည်တွင်းလေကြောင်းခရီးစဉ်တွင် ဆိုက်ရောက် နှင့် ထွက်ခွာပုံစံများ ဖြည့်စွက် ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်အရ မနက်ဖြန် နိုဝင်ဘာလ (၁) ရက် မှစ၍ ရန်ကုန်မြိုမှ မန္တလေးမြို့ နှင့် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းစီနှင်းလိုက်ပါကြမည့် ခရီးသည်များအနေဖြင့် Arrival နှင့် Departure Card များအား ဖြည့်စွက်ရမည်ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းခရီးစဉ် ဝန်ဆောင်မှု ပေးနေသည့် agency ထံမှ သိရသည်။
“Arrival နှင့် Departure Cardတို့ကြ ပုံမှန်အတိုင်းပဲ နာမည်၊ အသက် ၊ ဘယ်ရက် ရောက်မယ်၊ ဘယ်ရက် ထွက်ခွာ မယ်၊ လိပ်စာ ဘာညာထည့်ရမယ်။ သက်ဆိုင်ရာ Air line ရဲ့ ကောင်တာမှာလည်း လုပ်ရမှာပါ။ Arrival နှင့် Departure Card တို့ကြ အရင်တုန်းက International ထွက်မှ လိုတာပါနော်” ဟု ပြည်တွင်းလေကြောင်းခရီးစဉ် ဝန်ဆောင်မှုပေးနေသည့် agency မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါလေကြောင်းခရီးစဉ် ရန်ကုန်မြို့ မှ မန္တလေးမြို့ သို့ ထွက်ခွာမည့် ခရီးသည်များအနေဖြင့် Departure Card ဖြစ်သည့် ထွက်ခွာပုံစံကို ဖြည့်စွက်ရန်လိုအပ်ပြီး မန္တလေးမြို့ မှ ရန်ကုန်မြို့သို့ ဆိုက်ရောက်မည့် ခရီးသည်များအနေ ဖြင့် Arrival Card ဆိုက်ရောက်ပုံစံများကို ဖြည့်စွက်ရန် လိုအပ်မည်ဖြစ်သည်။

Zawgyi Version;
မနက္ျဖန္မွစ၍ ျပည္တြင္းေလေၾကာင္းခရီးစဥ္တြင္ ဆိုက္ေရာက္ ႏွင့္ ထြက္ခြာပုံစံမ်ား ျဖည့္စြက္ရမည္
ေစာ (NP News) - ေအာက္တိုဘာ ၃၁
မနက္ျဖန္ (ႏိုဝင္ဘာ ၁ ရက္) မွစ၍ ျပည္တြင္းေလေၾကာင္းခရီးစဥ္တြင္ ဆိုက္ေရာက္ ႏွင့္ ထြက္ခြာပုံစံမ်ား ျဖည့္စြက္ ရမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။
ေလေၾကာင္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန၏ ၫႊန္ၾကားခ်က္အရ မနက္ျဖန္ ႏိုဝင္ဘာလ (၁) ရက္ မွစ၍ ရန္ကုန္ၿမိဳမွ မႏၲေလးၿမိဳ႕ ႏွင့္ မႏၲေလးၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ ပ်ံသန္းစီႏွင္းလိုက္ပါၾကမည့္ ခရီးသည္မ်ားအေနျဖင့္ Arrival ႏွင့္ Departure Card မ်ားအား ျဖည့္စြက္ရမည္ျဖစ္ေၾကာင္း ျပည္တြင္းေလေၾကာင္းခရီးစဥ္ ဝန္ေဆာင္မႈ ေပးေနသည့္ agency ထံမွ သိရသည္။
“Arrival ႏွင့္ Departure Cardတို႔ၾက ပုံမွန္အတိုင္းပဲ နာမည္၊ အသက္ ၊ ဘယ္ရက္ ေရာက္မယ္၊ ဘယ္ရက္ ထြက္ခြာ မယ္၊ လိပ္စာ ဘာညာထည့္ရမယ္။ သက္ဆိုင္ရာ Air line ရဲ႕ ေကာင္တာမွာလည္း လုပ္ရမွာပါ။ Arrival ႏွင့္ Departure Card တို႔ၾက အရင္တုန္းက International ထြက္မွ လိုတာပါေနာ္” ဟု ျပည္တြင္းေလေၾကာင္းခရီးစဥ္ ဝန္ေဆာင္မႈေပးေနသည့္ agency မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါေလေၾကာင္းခရီးစဥ္ ရန္ကုန္ၿမိဳ႕ မွ မႏၲေလးၿမိဳ႕ သို႔ ထြက္ခြာမည့္ ခရီးသည္မ်ားအေနျဖင့္ Departure Card ျဖစ္သည့္ ထြက္ခြာပုံစံကို ျဖည့္စြက္ရန္လိုအပ္ၿပီး မႏၲေလးၿမိဳ႕ မွ ရန္ကုန္ၿမိဳ႕သို႔ ဆိုက္ေရာက္မည့္ ခရီးသည္မ်ားအေန ျဖင့္ Arrival Card ဆိုက္ေရာက္ပုံစံမ်ားကို ျဖည့္စြက္ရန္ လိုအပ္မည္ျဖစ္သည္။