ဗိုလ်တစ်ထောင်ဆိပ်ကမ်းရှိ သင်္ဘောပေါ်၌ မီးလိုင်းတပ်ဆင်သည့်အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွား

 1561

သန့်ဇင် (NP News) - နိုဝင်ဘာ ၄

ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်တစ်ထောင်ဆိပ်ကမ်းရှိ သင်္ဘောပေါ်၌ မီးလိုင်းတပ်ဆင်သည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း လင်းလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဓာတ်လိုက်သေဆုံးမှုသည် ယမန်နေ့(နိုဝင်ဘာလ ၃ ရက်)၊ ညနေ ၄ နာရီအချိန်တွင် ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်တစ်ထောင်ဆိပ်ကမ်းရှိ ဘောတံတား(၂)တွင် ကမ်းကပ်ထားသည့် သင်္ဘောပေါ်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဓာတ်လိုက်သေတဲ့အမျိုးသားက အပြင်ကလူပါ။ သူက သင်္ဘောပေါ်မှာ မီးလိုင်းဆင်နေရင်းကနေ ဝါယာရှော့ဖြစ် ပြီးတော့ ဓာတ်လိုက်တာ ပေါ့” ဟု လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါဓာတ်လိုက်သေဆုံးသူအမျိုးသားမှာ အသက်(၃၄)အရွယ်ခန့်ဖြစ်ပြီး သင်္ဘောပေါ်၌ မီးလိုင်းတပ်ဆင်နေစဉ် ဝါယာရှော့ဖြစ်ကာ ဓာတ်လိုက်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဓာတ်လိုက်တော့ လူက အသက်ရှိသေးတယ်။ ဒါပေမဲ့ သတိကတော့ မရတစ်ချက်ရတစ်ချက်ပေါ့နော်။ ဆေးရုံပို့နေ တုန်း ကားပေါ်မှာပဲ အသက်ဆုံးသွားတာပါ။ မိသားစုကလဲ လိုက်လာပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့နောက် ဓာတ်လိုက်သေဆုံးသူအမျိုးသားအား လင်းလက်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ဗိုလ္တစ္ေထာင္ဆိပ္ကမ္းရွိ သေဘၤာေပၚ၌ မီးလိုင္းတပ္ဆင္သည့္အမ်ိဳးသားတစ္ဦး ဓာတ္လိုက္ေသဆုံးမႈျဖစ္ပြား
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၄

ရန္ကုန္တိုင္း၊ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္၊ ဗိုလ္တစ္ေထာင္ဆိပ္ကမ္းရွိ သေဘၤာေပၚ၌ မီးလိုင္းတပ္ဆင္သည့္ အမ်ိဳးသားတစ္ဦး ဓာတ္လိုက္ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း လင္းလက္လူမႈကူညီေရးအသင္းထံမွ သိရသည္။

ဓာတ္လိုက္ေသဆုံးမႈသည္ ယမန္ေန႔(ႏိုဝင္ဘာလ ၃ ရက္)၊ ညေန ၄ နာရီအခ်ိန္တြင္ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္၊ ဗိုလ္တစ္ေထာင္ဆိပ္ကမ္းရွိ ေဘာတံတား(၂)တြင္ ကမ္းကပ္ထားသည့္ သေဘၤာေပၚ၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ဓာတ္လိုက္ေသတဲ့အမ်ိဳးသားက အျပင္ကလူပါ။ သူက သေဘၤာေပၚမွာ မီးလိုင္းဆင္ေနရင္းကေန ဝါယာေရွာ့ျဖစ္ ၿပီးေတာ့ ဓာတ္လိုက္တာ ေပါ့” ဟု လင္းလက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါဓာတ္လိုက္ေသဆုံးသူအမ်ိဳးသားမွာ အသက္(၃၄)အ႐ြယ္ခန႔္ျဖစ္ၿပီး သေဘၤာေပၚ၌ မီးလိုင္းတပ္ဆင္ေနစဥ္ ဝါယာေရွာ့ျဖစ္ကာ ဓာတ္လိုက္ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဓာတ္လိုက္ေတာ့ လူက အသက္ရွိေသးတယ္။ ဒါေပမဲ့ သတိကေတာ့ မရတစ္ခ်က္ရတစ္ခ်က္ေပါ့ေနာ္။ ေဆး႐ုံပို႔ေန တုန္း ကားေပၚမွာပဲ အသက္ဆုံးသြားတာပါ။ မိသားစုကလဲ လိုက္လာပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ေနာက္ ဓာတ္လိုက္ေသဆုံးသူအမ်ိဳးသားအား လင္းလက္လူမႈကူညီေရးအသင္းမွ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္

Related news

© 2021. All rights reserved.