စင်ကာပူရဲ့အကြီးဆုံး ဂျပန် anime ပွဲတော်ရဲ့စျေးတန်းမှာ ဂျပန်လိင်အရုပ်ကုမ္ပဏီကြီး Tenga လည်း ပါဝင်မည်

 1689

ရောင်နီ(NP News) - နိုဝင်ဘာ ၄

စင်္ကာပူရဲ့အကြီးဆုံး ဂျပန် anime ပွဲတော်ကြီးရဲ့အမှတ်တရစျေးတန်းမှာ ဂျပန်လိင်အရုပ်ထုတ်လုပ်သူ Tenga လည်း ပါဝင်မယ်ဆိုတဲ့သတင်းကြောင့် အွန်လိုင်းမှာ ဝေဖန်ငြင်းခုံမှုတွေ ဖြစ်ပွားနေပါတယ်။

ဗုဒ္ဓဟူးနေ့(နိုဝင်ဘာ ၁ ရက်) က Anime Festival Asia (AFA) facebook page မှ ဂျပန်နိုင်ငံရဲ့ထိပ်တန်း လူကြီး ကစားစရာ အမှတ်တံဆိပ်များထဲမှ တစ်ခုဖြစ်တဲ့ Tenga ဟာ ပွဲမှာ ပါဝင်သွားမယ်ဆိုတဲ့အကြောင်း ဖော်ပြခဲ့ ပါတယ်။

အဆိုပါပွဲမှာ ပြည်တွင်းပြည်ပ ကုန်စည်ပေါင်း ၇ဝ ကျော် စျေးခင်းမှာဖြစ်ပြီး ၎င်းတို့ထဲမှာ Tenga လည်း ပါဝင်လာ ခြင်းဖြစ်ပါတယ်။ ကနဦးဖော်ပြချက်မှာ အသက်အရွယ်ကန့်သတ်ချက်ကို မပြောထားပေမယ့် အွန်လိုင်းအသုံးပြုသူ တွေရဲ့ပြစ်တင်ဝေဖန်မှုကြောင့် AFA က အဆိုပါ Tenga ရဲ့စျေးတဲကို အသက်၂၁ နှစ်နဲ့အထက်သာ ဝင်ခွင့်ပေးမယ် လို့ ပြန်ကြေညာခဲ့ပါတယ်။

ဆိုင်ရဲ့ဝန်ထမ်းတွေကလည်း ဝယ်သူတွေကို တဲအတွင်း ဝင်ရောက်ခွင့်မပြုမီ အသက်ကို သေချာစိစစ်မှုများ ပြုလုပ် မှာဖြစ်ပြီး လိုအပ်ရင် တရားဝင် ဓာတ်ပုံ ID တောင်းခံခြင်းတို့ပါ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ အချို့ ပရိသတ်တွေ က အဆိုပါကြေညာချက်ကို ကြိုဆိုလက်ခံစွာ တုံ့ပြန်ခဲ့ကြပြီး အချို့ကတော့ ကလေးတွေ၊ လူငယ်တွေ လိင်ထုတ် ကုန်တွေကို ထိတွေ့ခြင်းအပေါ် စိုးရိမ်မှုတွေ ရှိနေခဲ့ပါတယ်။

AFA Singapore 2023 ကို နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ Suntec Singapore Convention Center မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Zawgyi Version;
စင်ကာပူရဲ့အကြီးဆုံး ဂျပန် anime ပွဲတော်ရဲ့ဈေးတန်းမှာ ဂျပန်လိင်အရုပ်ကုမ္ပဏီကြီး Tenga လည်း ပါဝင်မည်
ရောင်နီ(NP News) - နိုဝင်ဘာ ၎

စင်္ကာပူရဲ့အကြီးဆုံး ဂျပန် anime ပွဲတော်ကြီးရဲ့အမှတ်တရဈေးတန်းမှာ ဂျပန်လိင်အရုပ်ထုတ်လုပ်သူ Tenga လည်း ပါဝင်မယ်ဆိုတဲ့သတင်းကြောင့် အွန်လိုင်းမှာ ဝေဖန်ငြင်းခုံမှုတွေ ဖြစ်ပွားနေပါတယ်။


အဆိုပါပွဲမှာ ပြည်တွင်းပြည်ပ ကုန်စည်ပေါင်း ၇ဝ ကျော် ဈေးခင်းမှာဖြစ်ပြီး ၎င်းတို့ထဲမှာ Tenga လည်း ပါဝင်လာ ခြင်းဖြစ်ပါတယ်။ ကနဦးဖော်ပြချက်မှာ အသက်အရွယ်ကန့်သတ်ချက်ကို မပြောထားပေမယ့် အွန်လိုင်းအသုံးပြုသူ တွေရဲ့ပြစ်တင်ဝေဖန်မှုကြောင့် AFA က အဆိုပါ Tenga ရဲ့ဈေးတဲကို အသက်၂၁ နှစ်နဲ့အထက်သာ ဝင်ခွင့်ပေးမယ် လို့ ပြန်ကြေညာခဲ့ပါတယ်။



Related news

© 2021. All rights reserved.