ရန်ကုန်-ထားဝယ် လေယာဉ်လက်မှတ် တစ်သိန်းကျော်ဈေးတက်၊ ကော့သောင်း လေယာဉ်လက်မှတ်ပြတ်နေ

259

ပြည့်ဖြိုး(NP News) နိုဝင်ဘာ ၆
ရန်ကုန်မြို့နှင့် ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့များသို့ ပြေးဆွဲသည့် လေယာဉ်လက်မှတ်ဈေးနှုန်းများ မြင့်တက်နေပြီး ယင်းအနက် ရန်ကုန်-ထားဝယ် လေယာဉ်လက်မှတ်စျေးမှာ အမြင့်ဆုံးဖြစ်နေကြောင်း စုံစမ်းသိရသည်။
စက်တင်ဘာလ လလယ်ခန့်က ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ရန်ကုန်-ထားဝယ် လေယာဉ်လက်မှတ်ဈေးနှုန်းမှာ ကျပ်တစ်သိန်းခွဲ နီးပါးအထိ မြင့်တက်သွားကြောင်း လေယာဉ်လက်မှတ်ရောင်းချသူများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ လလယ်ခန့်က ရန်ကုန်-ထားဝယ် လေယာဉ်လက်မှတ် နှုန်းထားမှာ ကျပ် ၃၆၀၀၀၀ ဝန်းကျင်သာ ရှိသော်လည်း လက်ရှိတွင်မူ အမြင့်ဆုံး ၅၁၀၀၀၀ ကျပ်အထိ ရှိနေကြောင်း ၎င်းတို့က ဆိုသည်။
“(ရန်ကုန်-ထားဝယ်က) ဈေးနှစ်မျိုးရှိတယ်။ လေးသိန်းကျော်က တစ်မျိုး၊ ငါးသိန်းကျော်က တစ်မျိုး။ ဆယ်လပိုင်းထဲမှာ ဈေးတွေ တက်သွားတာ” ဟု ထားဝယ်မြို့ရှိ လေယာဉ်လက်မှတ်ရောင်းချသူတစ်ဦးက ပြောသည်။
လေကြောင်းလိုင်းများက တစ်နိုင်ငံလုံးရှိ လေယာဉ်လက်မှတ်ဈေးနှုန်းများကို မြှင့်တင်လိုက်သဖြင့် ယခုကဲ့သို့ ဈေးတက်သွားခြင်းဖြစ်ကြောင်း လေယာဉ်လက်မှတ်ရောင်းချသူများထံမှ သိရသည်။
တနင်္သာရီတိုင်းရှိ လေယာဉ်လက်မှတ်ရောင်းချသူသုံးဦးကမူ လေကြောင်းလိုင်းဘက်က မည်သည့်အကြောင်းအရင်းကြောင့် ဈေးနှုန်းမြှင့်တင်လိုက်သည်ကို တိတိကျကျမသိဟု ဆိုသည်။
“သူတို့လေကြောင်းလိုင်းတွေဘက်ကနေ လက်မှတ်ဈေးနှုန်းအသစ်တွေကို စာနဲ့အကြောင်းကြားတာပဲရှိတယ်။ ဘာဖြစ်လို့ ပြောင်းလိုက်တာလဲဆိုတာတော့ ကျွန်မလည်း မမေးမိဘူး။ ကြားရတာကတော့ သူတို့မှာလည်း ဟိုစာရိတ်၊ ဒီစာရိတ်တွေ အရမ်းတက်နေလို့ဆိုပြီး ပြောနေကြတာတော့ရှိတယ်”ဟုမြိတ်မြို့ရှိ လေယာဉ်လက်မှတ်ရောင်းချသူတစ်ဦးကပြောသည်။
ကော့သောင်းမြို့သို့ သွားမည့် လေယာဉ်လက်မှတ်များမှာ လတ်တလောတွင် ပြတ်လပ်နေပြီး ဒီဇင်ဘာလ ဒုတိယအပတ်အထိ လက်မှတ်ကုန်နေကြောင်း လေယာဉ်လက်မှတ်အရောင်းဆိုင်အချို့ထံမှ သိရသည်။
“ရန်ကုန်-ကော့သောင်းရော၊ ထားဝယ်-ကော့သောင်းရော လက်မှတ်တွေ ကုန်နေတယ်။ အနီးစပ်ဆုံး ရနိုင်တာကတော့ ဒီဇင်ဘာ ၇ ရက်၊ ၈ ရက်လောက်မှ ရလိမ့်မယ်” ဟု လေယာဉ်လက်မှတ်ရောင်းချသူ ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။
ရန်ကုန်-ကော့သောင်း ဈေးနှုန်းမှာလည်း စက်တင်ဘာလက ကျပ် ၈၇၃၀၀၀ ဝန်းကျင်သာ ရှိသော်လည်း လတ်တလောတွင် ကျပ်သုံးသောင်းကျော်မြင့်တက်ကာ ကိုးသိန်းကျပ်ကျော် ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
အလားတူ ထားဝယ်-ကော့သောင်း လက်မှတ်ဈေးနှုန်းလည်း ကျပ် ၂၅၀၀၀ မြင့်တက်နေပြီး လတ်တလောတွင် ၅၁၀၀၀၀ ကျော် ဈေးပေါက်နေကြောင်း လေယာဉ်လက်မှတ်ရောင်းချသူများထံမှ သိရသည်။
လတ်တလောတွင် ကော့သောင်းမြို့သို့သွားရန် ကုန်လမ်းတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ခရီးသည်များမှာ အခက်အခဲကြုံနေရကြောင်း ၎င်းတို့က ဆိုသည်။
“ကားနဲ့လည်း မသွားရဲဘူး။ လေယာဉ်လက်မှတ်ကလည်း ဒီလကုန်တဲ့အထိ စောင့်ရမှာဆိုတော့ ရေလမ်းကနေပဲ စပိဘုတ်နဲ့ သွားရမလား စဉ်းစားနေတယ်” ဟု လတ်တလော ကော့သောင်းမြို့ကိုသွားရောက်မည့်သူတစ်ဦးကဆိုသည်။
တနင်္သာရီတိုင်းသို့ ပြေးဆွဲနေသည့် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI) ကလည်း နိုဝင်ဘာလ ၁ ရက်မှစပြီး လေယာဉ်လက်မှတ်ဈေးကို တိုးမြှင့်သတ်မှတ်ထားကြောင်း လေယာဉ်လက်မှတ်ရောင်းချနေသူတို့ထံမှ သိရသည်။

Zawgyi Version:
ရန္ကုန္-ထားဝယ္ ေလယာဥ္လက္မွတ္ တစ္သိန္းေက်ာ္ေဈးတက္၊ ေကာ့ေသာင္း ေလယာဥ္လက္မွတ္ျပတ္ေန
ျပည့္ၿဖိဳး(NP News) ႏိုဝင္ဘာ ၆
ရန္ကုန္ၿမိဳ႕ႏွင့္ ထားဝယ္၊ ၿမိတ္၊ ေကာ့ေသာင္းၿမိဳ႕မ်ားသို႔ ေျပးဆြဲသည့္ ေလယာဥ္လက္မွတ္ေဈးႏႈန္းမ်ား ျမင့္တက္ေနၿပီး ယင္းအနက္ ရန္ကုန္-ထားဝယ္ ေလယာဥ္လက္မွတ္ေစ်းမွာ အျမင့္ဆုံးျဖစ္ေနေၾကာင္း စုံစမ္းသိရသည္။
စက္တင္ဘာလ လလယ္ခန႔္က ေဈးႏႈန္းႏွင့္ ႏႈိင္းယွဥ္ပါက ရန္ကုန္-ထားဝယ္ ေလယာဥ္လက္မွတ္ေဈးႏႈန္းမွာ က်ပ္တစ္သိန္းခြဲ နီးပါးအထိ ျမင့္တက္သြားေၾကာင္း ေလယာဥ္လက္မွတ္ေရာင္းခ်သူမ်ားထံမွ သိရသည္။
ၿပီးခဲ့သည့္ စက္တင္ဘာလ လလယ္ခန႔္က ရန္ကုန္-ထားဝယ္ ေလယာဥ္လက္မွတ္ ႏႈန္းထားမွာ က်ပ္ ၃၆၀၀၀၀ ဝန္းက်င္သာ ရွိေသာ္လည္း လက္ရွိတြင္မူ အျမင့္ဆုံး ၅၁၀၀၀၀ က်ပ္အထိ ရွိေနေၾကာင္း ၎တို႔က ဆိုသည္။
“(ရန္ကုန္-ထားဝယ္က) ေဈးႏွစ္မ်ိဳးရွိတယ္။ ေလးသိန္းေက်ာ္က တစ္မ်ိဳး၊ ငါးသိန္းေက်ာ္က တစ္မ်ိဳး။ ဆယ္လပိုင္းထဲမွာ ေဈးေတြ တက္သြားတာ” ဟု ထားဝယ္ၿမိဳ႕ရွိ ေလယာဥ္လက္မွတ္ေရာင္းခ်သူတစ္ဦးက ေျပာသည္။
ေလေၾကာင္းလိုင္းမ်ားက တစ္ႏိုင္ငံလုံးရွိ ေလယာဥ္လက္မွတ္ေဈးႏႈန္းမ်ားကို ျမႇင့္တင္လိုက္သျဖင့္ ယခုကဲ့သို႔ ေဈးတက္သြားျခင္းျဖစ္ေၾကာင္း ေလယာဥ္လက္မွတ္ေရာင္းခ်သူမ်ားထံမွ သိရသည္။
တနသၤာရီတိုင္းရွိ ေလယာဥ္လက္မွတ္ေရာင္းခ်သူသုံးဦးကမူ ေလေၾကာင္းလိုင္းဘက္က မည္သည့္အေၾကာင္းအရင္းေၾကာင့္ ေဈးႏႈန္းျမႇင့္တင္လိုက္သည္ကို တိတိက်က်မသိဟု ဆိုသည္။
“သူတို႔ေလေၾကာင္းလိုင္းေတြဘက္ကေန လက္မွတ္ေဈးႏႈန္းအသစ္ေတြကို စာနဲ႔အေၾကာင္းၾကားတာပဲရွိတယ္။ ဘာျဖစ္လို႔ ေျပာင္းလိုက္တာလဲဆိုတာေတာ့ ကြၽန္မလည္း မေမးမိဘူး။ ၾကားရတာကေတာ့ သူတို႔မွာလည္း ဟိုစာရိတ္၊ ဒီစာရိတ္ေတြ အရမ္းတက္ေနလို႔ဆိုၿပီး ေျပာေနၾကတာေတာ့ရွိတယ္”ဟုၿမိတ္ၿမိဳ႕ရွိ ေလယာဥ္လက္မွတ္ေရာင္းခ်သူတစ္ဦးကေျပာသည္။
ေကာ့ေသာင္းၿမိဳ႕သို႔ သြားမည့္ ေလယာဥ္လက္မွတ္မ်ားမွာ လတ္တေလာတြင္ ျပတ္လပ္ေနၿပီး ဒီဇင္ဘာလ ဒုတိယအပတ္အထိ လက္မွတ္ကုန္ေနေၾကာင္း ေလယာဥ္လက္မွတ္အေရာင္းဆိုင္အခ်ိဳ႕ထံမွ သိရသည္။
“ရန္ကုန္-ေကာ့ေသာင္းေရာ၊ ထားဝယ္-ေကာ့ေသာင္းေရာ လက္မွတ္ေတြ ကုန္ေနတယ္။ အနီးစပ္ဆုံး ရႏိုင္တာကေတာ့ ဒီဇင္ဘာ ၇ ရက္၊ ၈ ရက္ေလာက္မွ ရလိမ့္မယ္” ဟု ေလယာဥ္လက္မွတ္ေရာင္းခ်သူ ေကာ့ေသာင္းၿမိဳ႕ခံတစ္ဦးက ေျပာသည္။
ရန္ကုန္-ေကာ့ေသာင္း ေဈးႏႈန္းမွာလည္း စက္တင္ဘာလက က်ပ္ ၈၇၃၀၀၀ ဝန္းက်င္သာ ရွိေသာ္လည္း လတ္တေလာတြင္ က်ပ္သုံးေသာင္းေက်ာ္ျမင့္တက္ကာ ကိုးသိန္းက်ပ္ေက်ာ္ ျဖစ္ေနေၾကာင္း ၎က ဆိုသည္။
အလားတူ ထားဝယ္-ေကာ့ေသာင္း လက္မွတ္ေဈးႏႈန္းလည္း က်ပ္ ၂၅၀၀၀ ျမင့္တက္ေနၿပီး လတ္တေလာတြင္ ၅၁၀၀၀၀ ေက်ာ္ ေဈးေပါက္ေနေၾကာင္း ေလယာဥ္လက္မွတ္ေရာင္းခ်သူမ်ားထံမွ သိရသည္။
လတ္တေလာတြင္ ေကာ့ေသာင္းၿမိဳ႕သို႔သြားရန္ ကုန္လမ္းတြင္လည္း တိုက္ပြဲမ်ား ျဖစ္ပြားေနသျဖင့္ ခရီးသည္မ်ားမွာ အခက္အခဲႀကဳံေနရေၾကာင္း ၎တို႔က ဆိုသည္။
“ကားနဲ႔လည္း မသြားရဲဘူး။ ေလယာဥ္လက္မွတ္ကလည္း ဒီလကုန္တဲ့အထိ ေစာင့္ရမွာဆိုေတာ့ ေရလမ္းကေနပဲ စပိဘုတ္နဲ႔ သြားရမလား စဥ္းစားေနတယ္” ဟု လတ္တေလာ ေကာ့ေသာင္းၿမိဳ႕ကိုသြားေရာက္မည့္သူတစ္ဦးကဆိုသည္။
တနသၤာရီတိုင္းသို႔ ေျပးဆြဲေနသည့္ အျပည္ျပည္ဆိုင္ရာျမန္မာ့ေလေၾကာင္းလိုင္း (MAI) ကလည္း ႏိုဝင္ဘာလ ၁ ရက္မွစၿပီး ေလယာဥ္လက္မွတ္ေဈးကို တိုးျမႇင့္သတ္မွတ္ထားေၾကာင္း ေလယာဥ္လက္မွတ္ေရာင္းခ်ေနသူတို႔ထံမွ သိရသည္။