လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ လာအိုနိုင်ငံခြားရေးဝန်ကြီးကို ရှင်းလင်းပြောကြားခဲ့

1291

ကျော် (NP News) - နိုဝင်ဘာ ၄
မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးမြတ်သက်ဦးမှ လာအိုနိုင်ငံ၊ ဒု-ဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးအား ရှင်းလင်းပြော ကြားခဲ့သည်။
လာအိုနိုင်ငံ၊ ဒု-ဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Saleumxay KOMMASITH အား မြန်မာ သံအမတ်ကြီးဦးမြတ်သက်ဦးမှ နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက လာအိုနိုင် ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက် တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် မြန်မာနိုင်ငံ နှင့် လာအိုနိုင်ငံတို့ကြား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ အွန်လိုင်း လောင်းကစား၊ ငွေကြေးလိမ်လည်မှု၊ လူကုန်ကူးမှု နှင့် မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုများကို ပူးပေါင်းနှိမ်နင်း ရေးတို့အား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာသံအမတ်ကြီးမှ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ နောက်ခံသမိုင်းကြောင်း၊ တိုက်ပွဲများဖြစ်ပွားရသည့် ပကတိအခြေအနေ တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့အတူ လက်နက်ကိုင်အဖွဲ့များ၏ နယ်မြေတည်ငြိမ်မှုပျက်ပြားစေရန် လုပ်ဆောင်နေမှုများ၊ အကြမ်းဖက်လုပ်ရပ် များ၊ မြန်မာအစိုးရမှ အွန်လိုင်းလောင်းကစားမှုများ နှင့် ငွေကြေးလိမ်လည်မှုများကို ထိထိရောက်ရောက် အရေးယူနေမှုတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် မဟုတ်မမှန်သတင်းမှားများအား ချေဖျက်နိုင်ရန် သတင်းမှန်များကို အချိန်နှင့်တစ်ပြေးညီဖြန့်ဝေနိုင်ရေးကို လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Zawgyi Version;
လာအိုႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီးက ျမန္မာႏိုင္ငံ အေရွ႕ေျမာက္ပိုင္းတြင္ျဖစ္ေပၚေနသည့္ တိုက္ပြဲမ်ားႏွင့္ ပတ္သက္၍ လာအိုႏိုင္ငံျခားေရးဝန္ႀကီးကို ရွင္းလင္းေျပာၾကားခဲ့
ေက်ာ္ (NP News) - ႏိုဝင္ဘာ ၄
ျမန္မာႏိုင္ငံ အေရွ႕ေျမာက္ပိုင္းတြင္ျဖစ္ေပၚေနသည့္ တိုက္ပြဲမ်ားႏွင့္ပတ္သက္၍ လာအိုႏိုင္ငံဆိုင္ရာ ျမန္မာသံ အမတ္ႀကီး ဦးျမတ္သက္ဦးမွ လာအိုႏိုင္ငံ၊ ဒု-ဝန္ႀကီးခ်ဳပ္ႏွင့္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဝန္ႀကီးအား ရွင္းလင္းေျပာ ၾကားခဲ့သည္။
လာအိုႏိုင္ငံ၊ ဒု-ဝန္ႀကီးခ်ဳပ္ႏွင့္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဝန္ႀကီး H.E. Mr. Saleumxay KOMMASITH အား ျမန္မာ သံအမတ္ႀကီးဦးျမတ္သက္ဦးမွ ႏိုဝင္ဘာ ၃ ရက္ နံနက္ပိုင္းက လာအိုႏိုင္ ငံ၊ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ သြားေရာက္ ေတြ႕ဆုံခဲ့သည္။
ေတြ႕ဆုံစဥ္ ျမန္မာႏိုင္ငံ ႏွင့္ လာအိုႏိုင္ငံတို႔ၾကား ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈမ်ားျမႇင့္တင္ေရး၊ အြန္လိုင္း ေလာင္းကစား၊ ေငြေၾကးလိမ္လည္မႈ၊ လူကုန္ကူးမႈ ႏွင့္ မူးယစ္ေဆးဝါးေမွာင္ခိုေရာင္းဝယ္မႈမ်ားကို ပူးေပါင္းႏွိမ္နင္း ေရးတို႔အား ေဆြးေႏြးခဲ့ၾကသည္။
ထို႔ျပင္ ျမန္မာသံအမတ္ႀကီးမွ ျမန္မာႏိုင္ငံ အေရွ႕ေျမာက္ပိုင္းတြင္ျဖစ္ေပၚေနသည့္ တိုက္ပြဲမ်ားႏွင့္ပတ္သက္၍ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၏ ေနာက္ခံသမိုင္းေၾကာင္း၊ တိုက္ပြဲမ်ားျဖစ္ပြားရသည့္ ပကတိအေျခအေန တို႔ကို ရွင္းလင္းေျပာၾကားခဲ့သည္။
ထို႔အတူ လက္နက္ကိုင္အဖြဲ႕မ်ား၏ နယ္ေျမတည္ၿငိမ္မႈပ်က္ျပားေစရန္ လုပ္ေဆာင္ေနမႈမ်ား၊ အၾကမ္းဖက္လုပ္ရပ္ မ်ား၊ ျမန္မာအစိုးရမွ အြန္လိုင္းေလာင္းကစားမႈမ်ား ႏွင့္ ေငြေၾကးလိမ္လည္မႈမ်ားကို ထိထိေရာက္ေရာက္ အေရးယူေနမႈတို႔ကိုလည္း ရွင္းလင္းေျပာၾကားခဲ့သည္။
ထို႔ျပင္ မဟုတ္မမွန္သတင္းမွားမ်ားအား ေခ်ဖ်က္ႏိုင္ရန္ သတင္းမွန္မ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီျဖန႔္ေဝႏိုင္ေရးကို လည္း ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။