အမေရိကန် လက်နက်ကောင်းပေးလို့ စစ်ပွဲတိုင်း အစ္စရေး အနိုင်ရသလား (ဘာသာပြန်ဆောင်းပါး)

 2314

Htay Oung (NP News) - နိုဝင်ဘာ ၇

လက်ရှိဖြစ်ပွားနေတဲ့ ဟားမတ်စ်-အစ္စရေးစစ်ပွဲနဲ့ ပတ်သက်ပြီး သတင်းဘာသာပြန်များ လွှင့်တင်ဖော်ပြပေးနေသူ ကျွန်တော်နဲ့ ဖေ့ဘွတ်ခ် မိတ်ဆွေတစ်ဦးတို့ ကောမန့်များ အပြန်အလှန် ရေးသား ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။

ယခု စစ်ပွဲဖြစ်ရခြင်းအကြောင်း နားလည်ရန်နဲ့ နောင်ဖြစ်လာနိုင်တာတွေကို မှန်းဆနိုင်ဖို့အတွက် ၆-ကြိမ်တိုင် ဖြစ်ပွားဖူးတဲ့ အာရပ်-အစ္စရေးစစ်ပွဲများအကြောင်း၊ ဒေသတွင်း အိမ်နီးချင်းနဲ့ အခြားနိုင်ငံ တစ်ဒါဇင်လောက်က ဝိုင်းဝန်းတိုက်ခိုက်ကြတဲ့ ယွန်ကစ်ပူးစစ်ပွဲကို ၁၉ ရက်တည်းနဲ့ အနိုင်ရအောင် ဦးဆောင်ပေးခဲ့သူ အစ္စရေးအဖွားအို ဝန်ကြီးချုပ် ဂိုလ်ဒါမီယာ အကြောင်းလည်း ရေးခဲ့လို့ဖြစ်ပါတယ်။

ကျွန်တော် ပြန်လည် ဆွေးနွေးရာမှာ ကျွန်တော့်ရဲ့ အမြင်အာဘော်သက်သက်ကို ဖော်ပြနေခြင်း မဟုတ်ပဲ အဲဒီဖြစ်ရပ်များနဲ့ပတ်သက်ပြီး နိုင်ငံတကာ မီဒီယာများရဲ့ရေးသားချက်များ၊ ပြည်ပမီဒီယာကြီးများမှ စစ်ရေး/နိုင်ငံရေးလေ့လာသူ ပင်တိုင်ဆောင်းပါရှင်တို့ရဲ့ သုံးသပ်ချက်များ ဖြစ်ပါတယ်။

မိတ်ဆွေ ။ ။ အစ္စရေးတော်လို့ အာရပ်နိုင်ငံတွေကို ထိမ်းနိုင်တယ်လို့တော့ မထင်ပါ၊ အမေရိကန်ရဲ့အစီအမံတွေ ကောင်းလို့သာ ထိမ်းနိုင်ခြင်းဖြစ်ပါတယ်၊ အာရပ်နိုင်ငံတွေကို အတော်အတန် ချမ်းသာအောင် အမေရိကန်က လုပ်ပေးထားလို့ အခြေခံအဆောက်အအုံကောင်းတွေတည်ဆောက်လာနိင်ပြီး အာရပ်တွေက အဲဒါတွေ ပျက်စီးမှာ စိုးရိမ်လာအောင် လုပ်ထားခြင်းကြောင့် ဖြစ်ပါတယ်၊ နောက်ပြီး အမေရိကန်က အာရပ်အုပ်စုတွေကို ရောင်းထားတဲ့ လက်နက်တွေက အစ္စရေးကို ပေးထားတဲ့လက်နက်နဲ့ အမျိုးအစားတူဖြစ်ရင်တောင် အရည်အသွေးမတူတဲ့ အစုတ်များသာဖြစ်ကြောင်း ဂိုလ်ဒါမီယာလက်ထက် စစ်ပွဲထဲတည်းက အာရပ်တွေ သိပြီးဖြစ်ပါတယ်၊ အစ္စရေးကိုနိင်ချင်ရင် နောက်ကွယ်က အမေရိကန်ကိုနိင်အောင်လုပ်ရမှာပါ၊ ရုရှား-တရုတ်တို့လို အင်အားကြီး နိင်ငံမျိုးတွေ အာရပ်နိင်ငံတွေမှာ ပေါ်ထွန်းလာအောင် လုပ်ရမှာပါ။

ကျွန်တော် ။ ။ အာဖဂန်နစ္စတန်က အစိုးရကိုရော အမေရိကန်က ငွေကြေး ထောက်ပံ့ယုံမက ကြည်း/လေတပ် လက်နက်တပ်ဆင်လေ့ကျင့်ပေးခဲ့တာပဲ၊ အမေရိကန်တပ်တွေ အာဖဂန်မြေပေါ်က ဆုတ်ခွာပြီဆိုတာနဲ့ အာရှတ် ဂနီ အာဖဂန်အစိုးရဟာ လက်နက်ငယ်လောက်သာ အများစုကိုင်နိုင်တဲ့ တာလီဘန်ကိုပင် မခုခံနိုင်ပါ။

တကယ်တော့ အစ္စရေးမှာ အာဖဂန်လောက်ပင် အမေရိကန်နဲ့ အခြားနိုင်ငံတပ်များ ကိုယ်တိုင်ကိုယ်ကျ စစ်ဝင် တိုက်ပေးရခြင်း မရှိခဲ့ပါ၊ မြန်မာအပါအဂင် ကမ္ဘာအရပ်ရပ်က အစ္စရေးထံမှ အလေးထားဝယ်ယူနေရတဲ့ စစ်လက်နက်နဲ့ စစ်ယာဉ်အချို့ ဟာ အမေရိကန်တွေပေးခဲ့တာမဟုတ်ပဲ ဂျူးတွေဖာသာ တီထွင်ထုတ်လုပ်ခြင်းဖြစ်ပါတယ်

မိတ်ဆွေ ။ ။ အာရှတ်ဂနီတို့ အာဖဂန် အစိုးရနဲ့တာလီဘန်က လူမျိုးတူ တစ်မျိုးတည်းမို့ အမေရိကန်အနေနဲ့ သွေးခွဲလို့ မရတာပါ။ ဂျူးနဲ့ အာရပ်က လူမျိုးတူ မဟုတ်၊ ဂျူးတွေအတွက် ဥရောပမှာ နေထိုင်လုပ်ကိုင်နေတဲ့ အမျိုးတွေ အများကြီး၊ အမေရိကန်တောင် ဂျူးကြီးစိုးမူ့တချို့ရှိတယ်လို့ပြောကြတယ်၊ ဥရောပလက်နက်စက်ရုံတွေက ဂျူးနဲ့ အဆက်အသွယ်ရှိပါတယ်၊ အိုင်းစတိုင်းက ဂျူးအနွယ်ပါ။

ကျွန်တော် ။ ။ အစ္စရေးနိုင်ငံထူထောင်ကြောင်း ကြေညာတဲ့နေ့မှာပဲ အိမ်နီးချင်းအာရပ် ၇-နိုင်ငံက ဝိုင်းဝန်း စစ်တိုက်ထာ ခံခဲ့ရတယ်၊ အဲ့ဒီအချိန် ဂျူးတွေမှာ ဥရောပက ခိုးသွင်းလာတဲ့ ဒုတိယကမ္ဘာစစ်ကျန် လက်နက်တွေကို ပြုပြင်ပြီး သုံးနေရတုန်းပါ။ အဲ့ဒီရက်ဟာ ပါလက်စတိုင်းဒေသကို တရားဝင် ထိန်းသိမ်းစောင့်ရှောက်ခွင့်ရသူ နိုင်ငံအဖြစ်မှ ဗြိတိန်က စွန့်လွှတ်ကြောင်း အသက်ဝင်တဲ့ နောက်ဆုံး ရက်-နာရီပါ။
နိုင်ငံမထူထောင်မီ စစ်တိုက်ပေးဖို့ ဂျူးတစ်ယောက်ခိုးသွင်းဖို့တောင် အာရပ်နဲ့ ဂျူးတို့ လူမျိုးရေးအဓိကရုဏ်း ဖြစ်လွန်းလို့ ဒေသတွင်း တစ်စိမ်းတရံစာမှန်သမျှ ထိန်းသိမ်းစောင့်ရှောက်ခွင့်ရ ဗြိတိသျှ သေနတ်နဲ့ပစ်နေပါတယ်။

သဲကန္တာရမြေကိုပင် စိုက်ပျိုးလို့အောင် အမေရိကန်တွေလုပ်မပေး ဝျူးတို့ဖာသာလုပ်ကြရခြင်းဖြစ်ပါတယ်
လက်ရှိအမေရိကန်နိုင်ငံခြားဝန်ကြီး အန်သိုနီဘလင်ကင်နဲ့ Facebook ဇူကာဘတ်တို့ဟာ ဂျူးလူမျိုးတွေပါ။ အာရှတ်ဂနီတို့ အာဖဂန်အစိုးရဟာ လူမျိုးတူချင်းမို့ သွေးစည်းတဲ့အနေနဲ့ သေနတ်တွေ တင့်ကားတွေ ရဟတ်ယာဉ် တွေ တိုက်လေယာဉ်တွေထားခဲ့ပြီး လူတွေချည့် ထွက်ပေးခဲ့သလားဆိုတာကိုတော့ (၂၀၀၁- ၂၀၂၁ ခုနှစ်) ပိုင်း အာဖဂန်ဖြစ်စဉ်များကို ပြန်ကြည့်သင့်ပါတယ်။

ကျွန်တော် ။ ။ ကျွန်တော် သိပ်မရေးချင် အချိန်လည်းမရပါ အမေရိကန်အတွက် အာရှတ်ဂနီတို့ တွေဟာ ဂျူးတွေနဲ့ တခြားစီပါ။
(၁) အမေရိကန်အပါအဝင် အာဖဂန်အစိုးရရဲ့လွဲမှားတဲ့ စီမံခန့်ခွဲမှုများ၊
(၂) အကျင့်ပျက်ခြစားလွန်းလို့ အမေရိကန်ပေးသမျှအရာမထင်
(၃) စစ်ဆင်ရေးအရည်အသွေးကျဆင်းခြင်း

အာဖဂန်အစိုးရနဲ့စစ်တပ်ခေါင်းဆောင်ပိုင်းဟာ ဘယ်နေရာဘယ်လောက်ရပြီး ဘယ်လိုဝါးရမလဲသာ အကွက်ချောင်းရင်းအချိန်ကုန်နေပြီး လက်အောက်အရာရှိစစ်သည်များအတွင်း တိုက်ပွဲဝင်လိုစိတ်ကို မြှင့်တင်ပေးဖို့ စစ်ရည်စစ်သွေးထက်မြက်အောင်လေ့ကျင့်ပေးဖို့စိတ်မဝင်စားကြပါ၊ အဲဒါကြောင့် ရန်သူကို ခုခံမယ့်အစား ထွက်ပြေးကြခြင်းဖြစ်ပါတယ်။ ဂျူးတွေမှာ စစ်မဖြစ်ခင် ထွက်လိုသူ ထွက်ခွာနိုင်ကြောင်း ကြေညာလေ့ရှိပါတယ်။ တစ်ယောက်မှ ထွက်မသွား ကြတဲ့အပြင် တခြားနိုင်ငံရောက်နေတဲ့ ဂျူးတွေတောင် ပြန်ဝင်လာကြပါတယ်။

အမေရိကန်နိုင်ငံ 9/11 အကြမ်းဖက်မှုမှာ အဓိကတာဝန်ရှိသူ အယ်လ်ကိုင်ဒါ ဘာသာရေးအစွန်းရောက် ခေါင်းဆောင် အိုစမာဘင်လာဒင်ကို ချက်ချင်းလက်ရောပေးအပ်ရန် ရာဇသံကို ငြင်းပယ်တဲ့အတွက် သမ္မတဂျော့ချ်ဒဗလျူဘွတ်ရှ် (သား ဘွတ်ရှ်)တို့ နေတိုးဦးဆောင် နိုင်ငံတကာညွန့်ပေါင်းတပ်များက ၂၀၀၁ ခုနှစ် အောက်တိုဘာလ ၇ ရက် အာဖဂန်နစ္စတန် တာလီဘန်အစိုးရအပေါ် “လွတ်လပ်မှုတည်တန့်ရေးစစ်ဆင်ရေး" နဲ့ စစ်ရေးအရ ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။

ကဘူးလ်ကို အုပ်ချုပ်နေတဲ့ တာလီဘန်များ၊ စော်ဘွားများနဲ့အတူ အယ်လ်ကိုင်ဒါ ထိပ်တန်းခေါင်းဆောင်များ ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် ရည်မှန်းစစ် ပြီးဆုံးတယ်လို့ မသတ်မှတ်နိုင်ပဲ ရှိခဲ့ပါတယ်။ ၃-နှစ်အကြာမှာ ရွေးကောက်ပွဲ ကျင်းပပြီး နိုင်ငံတကာအသိအမှတ်ပြု ဟာမစ်ကာဇိုင်းအစိုးရတက်လာပါတယ်။ တစ်ဆက်တည်းမှာပဲ အာဖဂန်အမျိုးသား ကာကွယ်ရေးနဲ့လုံခြုံရေးတပ် (ANDSF ) ကို ဖွဲ့စည်းပေးပြီး တပ်ဖွဲ့ဝင် အင်အား ၃ သိန်းရှိဖို့ ရည်မှန်းတည် ဆောက်ခဲ့ပါတယ်။

အများဆုံးအချိန် နေတိုးနဲ့ နိုင်ငံတကာ ကြည်း-လေ အင်အား တစ်သိန်းလေးသောင်းအကူအညီနဲ့ အာဖဂန်ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆ ထီလျံကုန်ကျခဲ့ပြီး ဝါရှင်တန်ရဲ့ အကြာဆုံးသမိုင်းဝင် ဗီယက်နမ်စစ်ပွဲ(၁၉၅၅-၁၉၇၆) ထက် ၆ လ ပိုမိုကြာမြင့်ပါတယ်။

လူဦးရေ ၃၃ သန်း နေထိုင်တယ်လို့ ခန့်မှန်းရတဲ့ အာဖဂန်နစ္စတန်ဟာ ဥရောပနဲ့ အာရှဆက် လမ်းကြောင်းပေါ် မှာ သာမက၊ ရုရှား-တရုတ်-အိန္ဒိယတို့နဲ့ ကုန်းလမ်းပေါက်တဲ့အတွက် ပထဝီနိုင်ငံရေး အရ အလွန်အရေးပါ ပါတယ်။ မြစ်ဝှမ်း-တောင်တန်း-ကုန်းမြင့်များနဲ့ ပုံမှန်မဟုတ်တဲ့ တောင်ကုန်းများလည်း ရှိနေပါတယ်။ လူဦးရေ ၇၅% ခန့်ဟာ ကျေးလက်မှာ နေထိုင်ကြပြီး ၅% ခန့်ဟာ ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာနေထိုင်သူ များဖြစ်တဲ့အတွက် ကျေးလက်နိုင်ငံလို့ သတ်မှတ်ကြပါတယ်။ ကြမ်းတမ်းတဲ့ ရုပ်ပိုင်းဆိုင်ရာ ပထဝီဝင်နဲ့ကုန်း တွင်းပိတ်အနေအထား၊ ဆယ်စုနှစ်ချီတဲ့စစ်ပွဲရဲ့အကျိုးဆက်များကြောင့် လူသားရင်းမြစ် နိမ့်ကျခြင်းများဟာ မှောင်ခိုစီးပွားရေးနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်ဖို့ရေခံမြေခံကောင်းများ ဖြစ်နေပါတယ်။

အာဖဂန်မှာ တာလီဘန်တွေချည့် လက်နက်ကိုင်နေကြတာ မဟုတ်ပါဘူး၊ အယ်လ်ကိုင်ဒါ-အိုင်စစ်တို့လို ဘာသာရေးအစွန်းရောက်များနဲ့ လူမျိုး-နယ်မြေကို အစွဲပြုတဲ့ ဒေသန္တရ စစ်ဘုရင်ငယ်များလည်း ရှိနေပါတယ်။ အမေရိကန်တို့ ကျူးကျော်ပြီးနောက်ပိုင်း အာဖဂန်ဟာ ကမ္ဘာ့အများဆုံး တရားမဝင် ဘိန်းထုတ်လုပ်သူဖြစ်လာပါတယ်။ ၂၀၁၈ ခုနှစ်အထိ ဘိန်းနဲ့ ဘိန်းဖြူထုတ်လုပ်မှုမှ နှစ်စဉ် ဒေါ်လာသန်းပေါင်း ဆယ်ချီရရှိနေပြီး လက်နက်မှောင်ခိုဈေးကွက်မှ ခေတ်မီလက်နက်ကောင်းများကို ဝယ်ယူဖြည့်တင်းနိုင်ကြပါတယ်။ ကမ္ဘာ့ရာသီ ဥတုပြောင်းလဲမှုဒဏ်ကို ဆဋ္ဌမမြောက် အခံစားရဆုံး ဖြစ်ပေမယ့် တာလီဘန်တို့အတွက်ကတော့ အမြတ်ထွက်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ် အာဖဂန်ဟာ ကမ္ဘာ့ ဒုတိယမြောက် အဂတိလိုက်စားမှုအများဆုံးတိုင်းပြည်ဖြစ်လာပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံဟာ စာရွက်ပေါ်မှာသာရှိနေပြီး စစ်ဆင်ရေး လိမ်လည်အစီရင်ခံမှုများနဲ့ ပြည့်နှက်နေပါတယ်။ အမေရိကန်တို့ဟာ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနဲ့ အဂတိလိုက်စားမှုများကို ထိထိရောက်ရောက် နှိမ်နင်းရန် ပျက်ကွက်ခဲ့ပါတယ်။ သူတို့အခြေစိုက်စခန်းများမှ ပြင်ပထွက်ပြီး ကင်းလှည့်ရတိုင်း ကျေးလက်ပြောက်ကျားစစ်နဲ့ ချောင်းပစ်၊ မိုင်းဆွဲခံရလွန်းတဲ့အတွက် ရန်သူထံဆက်ကြေးပေးခြင်းဖြင့် အဂတိမှုကို ကိုယ်တိုင် ပါဝင်ကျူးလွန်ခဲ့ကြပါတယ်။

(၁) အမေရိကန်နဲ့ အာဖဂန်အစိုးရတို့ ပထမဆုံး နဲ့ အကြီးဆုံးအမှားက တာလီဘန်တို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမိခြင်းဖြစ်တယ်လို့ နိုင်ငံတကာနိုင်ငံရေး စစ်ရေးလေ့လာသူများက ပြောကြပါတယ်။ အကျင့်ပျက်ခြစားမှု ဘိန်းထုတ်လုပ်နဲ့ဆက်နွယ်တဲ့လက်နက်ကိုင်သောင်းကျန်းမှုများကို ဦးချိုးပစ်ရမယ့် အစား ဟာမစ်ကာဇိုင်းကို ဆက်ခံတဲ့ အာရှတ်ဂနီအစိုးရကလည်း ခြွင်းချက်မရှိ ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးခြင်းဖြင့် ၂၀၁၈-ခုနှစ် အာဖဂန် ရဲ့နယ်မြေ ၇၀% မှာ တာလီဘန်နဲ့ လက်နက်ကိုင်တို့က ထင်ထင်ပေါ်ပေါ် လှုပ်ရှားခွင့် ရရှိသွားပါတယ်။

၂၀၂၀-၂၀၂၂-ခုနှစ် ကာတာနိုင်ငံမှာ အမေရိကန်နဲ့ တာလီဘန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ အကောင်အထည်ဖော်မှုများဟာ အာဖဂန်အစိုးရနဲ့ အာဖဂန်တပ်မတော် ANDSF တို့ ပြိုလဲရခြင်း အစပဲ ဖြစ်ပါတယ်။ ဗြိတိန် အပါအဝင် နေတိုးတပ်များကို အာဖဂန်မှာ ရုတ်သိမ်းခြင်း၊ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို လျော့ချခြင်းတို့ဟာ အထီးကျန်ဖြစ်သွားတဲ့ ANDSF တပ်များအတွင်း တပ်ပြေးများ လက်နက်ရောင်းစားမှုများ ဖြစ်လာစေခဲ့ပါတယ်။

၂၀၂၂-ခုနှစ် သြဂုတ်လ ၃၀ ရက် အာဖဂန်မှ အမေရိကန်တပ်များ ရုပ်ပျက်ဆင်းပျက် ရုတ်သိမ်းခြင်းနဲ့အတူ အာရှတ်ဂနီ အစိုးရထွက်ပြေးပြီး တပ်မတော်လည်း ပြိုကွဲသွားပါတယ်။ နှစ် ၂၀ ကြာစစ်ပွဲမှာ အာဖဂန်အရပ်သား တစ်သိန်းခြောက်သောင်းကျော် သေဆုံးပြီး တိုင်းပြည်မငြိမ်သက်ရာမှာ ရောဂါ၊ အစားအစာ၊ ရေနဲ့ အခြေခံအဆောက်အအုံ လိုအပ်မှုကြောင့် သေဆုံးရသူဦးရေဟာ အဲ့ဒီထက် အများကြီး ပိုမိုနိုင်ပါတယ်။ အာဖဂန် လူဦးရေ ၄-သန်းဟာ ဒုက္ခသည်များအဖြစ် ပြည်တွင်းမှာ လှည့်လည်တိမ်းရှောင် နေကြရပါတယ်။ အမေရိကန်စစ်သား ၃၉၁၇-ဦး၊ နိုင်ငံတကာစစ်သား ၁၁၄၄-ဦးတို့ အသက်ပေးခဲ့ရပြီး တန်ဖိုးအားဖြင့် မဖော်ပြနိုင်တဲ့ စစ်လက်နက်နဲ့ အသုံးအဆောင်များ စစ်ယန္တရားများဟာ တာလီဘန်တို့ လက်တွင်း ကျဆင်းသွားရပါတယ်။ အမေရိကန်တစ်နိုင်ငံတည်းအတွက် အီရတ်နဲ့ အာဖဂန်စစ်မှုထမ်းဟောင်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ မသန်စွမ်းမှု၊ သင်္ဂြိုလ်စရိတ်နဲ့ အခြားကုန်ကျစရိတ်များအတွက် ဒေါ်လာ ၂ ထီလျံယံကျော် ဆက်လက်ကုန်ကျနေမှာဖြစ်ပါတယ်။

တာလီဘန်တို့ အုပ်ချုပ်နေပြီဆိုတဲ့ အာဖဂန်နစ္စတန်ကတော့ လက်နက်ကိုင် ဒေသန္တရစစ်ဘုရင်များ၊ အယ်လ်ကိုင်ဒါ သာမက အိုင်စစ် ဘာသာရေးအစွန်းရောက်အကြမ်းဖက်တို့က ဆက်လက်မင်းမူပြီး ယခင် ဆယ်စုနှစ်များ အတိုင်း ဗိုလ်နေမြဲ ကျားနေမြဲ အခြေအနေပြန်ရောက်သွားပါတယ်။

zawgyi version
အေမရိကန္ လက္နက္ေကာင္းေပးလို႔ စစ္ပြဲတိုင္း အစၥေရး အႏိုင္ရသလား (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ႏိုဝင္ဘာ ၇

လက္ရွိျဖစ္ပြားေနတဲ့ ဟားမတ္စ္-အစၥေရးစစ္ပြဲနဲ႔ ပတ္သက္ၿပီး သတင္းဘာသာျပန္မ်ား လႊင့္တင္ေဖာ္ျပေပးေနသူ ကြၽန္ေတာ္နဲ႔ ေဖ့ဘြတ္ခ္ မိတ္ေဆြတစ္ဦးတို႔ ေကာမန႔္မ်ား အျပန္အလွန္ ေရးသား ေဆြးေႏြးျဖစ္ခဲ့ၾကပါတယ္။

ယခု စစ္ပြဲျဖစ္ရျခင္းအေၾကာင္း နားလည္ရန္နဲ႔ ေနာင္ျဖစ္လာႏိုင္တာေတြကို မွန္းဆႏိုင္ဖို႔အတြက္ ၆-ႀကိမ္တိုင္ ျဖစ္ပြားဖူးတဲ့ အာရပ္-အစၥေရးစစ္ပြဲမ်ားအေၾကာင္း၊ ေဒသတြင္း အိမ္နီးခ်င္းနဲ႔ အျခားႏိုင္ငံ တစ္ဒါဇင္ေလာက္က ဝိုင္းဝန္းတိုက္ခိုက္ၾကတဲ့ ယြန္ကစ္ပူးစစ္ပြဲကို ၁၉ ရက္တည္းနဲ႔ အႏိုင္ရေအာင္ ဦးေဆာင္ေပးခဲ့သူ အစၥေရးအဖြားအို ဝန္ႀကီးခ်ဳပ္ ဂိုလ္ဒါမီယာ အေၾကာင္းလည္း ေရးခဲ့လို႔ျဖစ္ပါတယ္။

ကြၽန္ေတာ္ ျပန္လည္ ေဆြးေႏြးရာမွာ ကြၽန္ေတာ့္ရဲ႕ အျမင္အာေဘာ္သက္သက္ကို ေဖာ္ျပေနျခင္း မဟုတ္ပဲ အဲဒီျဖစ္ရပ္မ်ားနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာ မီဒီယာမ်ားရဲ႕ေရးသားခ်က္မ်ား၊ ျပည္ပမီဒီယာႀကီးမ်ားမွ စစ္ေရး/ႏိုင္ငံေရးေလ့လာသူ ပင္တိုင္ေဆာင္းပါရွင္တို႔ရဲ႕ သုံးသပ္ခ်က္မ်ား ျဖစ္ပါတယ္။

မိတ္ေဆြ ။ ။ အစၥေရးေတာ္လို႔ အာရပ္ႏိုင္ငံေတြကို ထိမ္းႏိုင္တယ္လို႔ေတာ့ မထင္ပါ၊ အေမရိကန္ရဲ႕အစီအမံေတြ ေကာင္းလို႔သာ ထိမ္းႏိုင္ျခင္းျဖစ္ပါတယ္၊ အာရပ္ႏိုင္ငံေတြကို အေတာ္အတန္ ခ်မ္းသာေအာင္ အေမရိကန္က လုပ္ေပးထားလို႔ အေျခခံအေဆာက္အအုံေကာင္းေတြတည္ေဆာက္လာနိင္ၿပီး အာရပ္ေတြက အဲဒါေတြ ပ်က္စီးမွာ စိုးရိမ္လာေအာင္ လုပ္ထားျခင္းေၾကာင့္ ျဖစ္ပါတယ္၊ ေနာက္ၿပီး အေမရိကန္က အာရပ္အုပ္စုေတြကို ေရာင္းထားတဲ့ လက္နက္ေတြက အစၥေရးကို ေပးထားတဲ့လက္နက္နဲ႔ အမ်ိဳးအစားတူျဖစ္ရင္ေတာင္ အရည္အေသြးမတူတဲ့ အစုတ္မ်ားသာျဖစ္ေၾကာင္း ဂိုလ္ဒါမီယာလက္ထက္ စစ္ပြဲထဲတည္းက အာရပ္ေတြ သိၿပီးျဖစ္ပါတယ္၊ အစၥေရးကိုနိင္ခ်င္ရင္ ေနာက္ကြယ္က အေမရိကန္ကိုနိင္ေအာင္လုပ္ရမွာပါ၊ ႐ုရွား-တ႐ုတ္တို႔လို အင္အားႀကီး နိင္ငံမ်ိဳးေတြ အာရပ္နိင္ငံေတြမွာ ေပၚထြန္းလာေအာင္ လုပ္ရမွာပါ။

ကြၽန္ေတာ္ ။ ။ အာဖဂန္နစၥတန္က အစိုးရကိုေရာ အေမရိကန္က ေငြေၾကး ေထာက္ပံ့ယုံမက ၾကည္း/ေလတပ္ လက္နက္တပ္ဆင္ေလ့က်င့္ေပးခဲ့တာပဲ၊ အေမရိကန္တပ္ေတြ အာဖဂန္ေျမေပၚက ဆုတ္ခြာၿပီဆိုတာနဲ႔ အာရွတ္ ဂနီ အာဖဂန္အစိုးရဟာ လက္နက္ငယ္ေလာက္သာ အမ်ားစုကိုင္ႏိုင္တဲ့ တာလီဘန္ကိုပင္ မခုခံႏိုင္ပါ။

တကယ္ေတာ့ အစၥေရးမွာ အာဖဂန္ေလာက္ပင္ အေမရိကန္နဲ႔ အျခားႏိုင္ငံတပ္မ်ား ကိုယ္တိုင္ကိုယ္က် စစ္ဝင္ တိုက္ေပးရျခင္း မရွိခဲ့ပါ၊ ျမန္မာအပါအဂင္ ကမာၻအရပ္ရပ္က အစၥေရးထံမွ အေလးထားဝယ္ယူေနရတဲ့ စစ္လက္နက္နဲ႔ စစ္ယာဥ္အခ်ိဳ႕ ဟာ အေမရိကန္ေတြေပးခဲ့တာမဟုတ္ပဲ ဂ်ဴးေတြဖာသာ တီထြင္ထုတ္လုပ္ျခင္းျဖစ္ပါတယ္

မိတ္ေဆြ ။ ။ အာရွတ္ဂနီတို႔ အာဖဂန္ အစိုးရနဲ႔တာလီဘန္က လူမ်ိဳးတူ တစ္မ်ိဳးတည္းမို႔ အေမရိကန္အေနနဲ႔ ေသြးခြဲလို႔ မရတာပါ။ ဂ်ဴးနဲ႔ အာရပ္က လူမ်ိဳးတူ မဟုတ္၊ ဂ်ဴးေတြအတြက္ ဥေရာပမွာ ေနထိုင္လုပ္ကိုင္ေနတဲ့ အမ်ိဳးေတြ အမ်ားႀကီး၊ အေမရိကန္ေတာင္ ဂ်ဴးႀကီးစိုးမူ႔တခ်ိဳ႕ရွိတယ္လို႔ေျပာၾကတယ္၊ ဥေရာပလက္နက္စက္႐ုံေတြက ဂ်ဴးနဲ႔ အဆက္အသြယ္ရွိပါတယ္၊ အိုင္းစတိုင္းက ဂ်ဴးအႏြယ္ပါ။

ကြၽန္ေတာ္ ။ ။ အစၥေရးႏိုင္ငံထူေထာင္ေၾကာင္း ေၾကညာတဲ့ေန႔မွာပဲ အိမ္နီးခ်င္းအာရပ္ ၇-ႏိုင္ငံက ဝိုင္းဝန္း စစ္တိုက္ထာ ခံခဲ့ရတယ္၊ အဲ့ဒီအခ်ိန္ ဂ်ဴးေတြမွာ ဥေရာပက ခိုးသြင္းလာတဲ့ ဒုတိယကမာၻစစ္က်န္ လက္နက္ေတြကို ျပဳျပင္ၿပီး သုံးေနရတုန္းပါ။ အဲ့ဒီရက္ဟာ ပါလက္စတိုင္းေဒသကို တရားဝင္ ထိန္းသိမ္းေစာင့္ေရွာက္ခြင့္ရသူ ႏိုင္ငံအျဖစ္မွ ၿဗိတိန္က စြန႔္လႊတ္ေၾကာင္း အသက္ဝင္တဲ့ ေနာက္ဆုံး ရက္-နာရီပါ။
ႏိုင္ငံမထူေထာင္မီ စစ္တိုက္ေပးဖို႔ ဂ်ဴးတစ္ေယာက္ခိုးသြင္းဖို႔ေတာင္ အာရပ္နဲ႔ ဂ်ဴးတို႔ လူမ်ိဳးေရးအဓိက႐ုဏ္း ျဖစ္လြန္းလို႔ ေဒသတြင္း တစ္စိမ္းတရံစာမွန္သမွ် ထိန္းသိမ္းေစာင့္ေရွာက္ခြင့္ရ ၿဗိတိသွ် ေသနတ္နဲ႔ပစ္ေနပါတယ္။

သဲကႏၲာရေျမကိုပင္ စိုက္ပ်ိဳးလို႔ေအာင္ အေမရိကန္ေတြလုပ္မေပး ဝ်ဴးတို႔ဖာသာလုပ္ၾကရျခင္းျဖစ္ပါတယ္
လက္ရွိအေမရိကန္ႏိုင္ငံျခားဝန္ႀကီး အန္သိုနီဘလင္ကင္နဲ႔ Facebook ဇူကာဘတ္တို႔ဟာ ဂ်ဴးလူမ်ိဳးေတြပါ။ အာရွတ္ဂနီတို႔ အာဖဂန္အစိုးရဟာ လူမ်ိဳးတူခ်င္းမို႔ ေသြးစည္းတဲ့အေနနဲ႔ ေသနတ္ေတြ တင့္ကားေတြ ရဟတ္ယာဥ္ ေတြ တိုက္ေလယာဥ္ေတြထားခဲ့ၿပီး လူေတြခ်ည့္ ထြက္ေပးခဲ့သလားဆိုတာကိုေတာ့ (၂၀၀၁- ၂၀၂၁ ခုႏွစ္) ပိုင္း အာဖဂန္ျဖစ္စဥ္မ်ားကို ျပန္ၾကည့္သင့္ပါတယ္။

ကြၽန္ေတာ္ ။ ။ ကြၽန္ေတာ္ သိပ္မေရးခ်င္ အခ်ိန္လည္းမရပါ အေမရိကန္အတြက္ အာရွတ္ဂနီတို႔ ေတြဟာ ဂ်ဴးေတြနဲ႔ တျခားစီပါ။
(၁) အေမရိကန္အပါအဝင္ အာဖဂန္အစိုးရရဲ႕လြဲမွားတဲ့ စီမံခန႔္ခြဲမႈမ်ား၊
(၂) အက်င့္ပ်က္ျခစားလြန္းလို႔ အေမရိကန္ေပးသမွ်အရာမထင္
(၃) စစ္ဆင္ေရးအရည္အေသြးက်ဆင္းျခင္း

အာဖဂန္အစိုးရနဲ႔စစ္တပ္ေခါင္းေဆာင္ပိုင္းဟာ ဘယ္ေနရာဘယ္ေလာက္ရၿပီး ဘယ္လိုဝါးရမလဲသာ အကြက္ေခ်ာင္းရင္းအခ်ိန္ကုန္ေနၿပီး လက္ေအာက္အရာရွိစစ္သည္မ်ားအတြင္း တိုက္ပြဲဝင္လိုစိတ္ကို ျမႇင့္တင္ေပးဖို႔ စစ္ရည္စစ္ေသြးထက္ျမက္ေအာင္ေလ့က်င့္ေပးဖို႔စိတ္မဝင္စားၾကပါ၊ အဲဒါေၾကာင့္ ရန္သူကို ခုခံမယ့္အစား ထြက္ေျပးၾကျခင္းျဖစ္ပါတယ္။ ဂ်ဴးေတြမွာ စစ္မျဖစ္ခင္ ထြက္လိုသူ ထြက္ခြာႏိုင္ေၾကာင္း ေၾကညာေလ့ရွိပါတယ္။ တစ္ေယာက္မွ ထြက္မသြား ၾကတဲ့အျပင္ တျခားႏိုင္ငံေရာက္ေနတဲ့ ဂ်ဴးေတြေတာင္ ျပန္ဝင္လာၾကပါတယ္။

အေမရိကန္ႏိုင္ငံ 9/11 အၾကမ္းဖက္မႈမွာ အဓိကတာဝန္ရွိသူ အယ္လ္ကိုင္ဒါ ဘာသာေရးအစြန္းေရာက္ ေခါင္းေဆာင္ အိုစမာဘင္လာဒင္ကို ခ်က္ခ်င္းလက္ေရာေပးအပ္ရန္ ရာဇသံကို ျငင္းပယ္တဲ့အတြက္ သမၼတေဂ်ာ့ခ်္ဒဗလ်ဴဘြတ္ရွ္ (သား ဘြတ္ရွ္)တို႔ ေနတိုးဦးေဆာင္ ႏိုင္ငံတကာၫြန႔္ေပါင္းတပ္မ်ားက ၂၀၀၁ ခုႏွစ္ ေအာက္တိုဘာလ ၇ ရက္ အာဖဂန္နစၥတန္ တာလီဘန္အစိုးရအေပၚ “လြတ္လပ္မႈတည္တန႔္ေရးစစ္ဆင္ေရး" နဲ႔ စစ္ေရးအရ က်ဴးေက်ာ္တိုက္ခိုက္ခဲ့ပါတယ္။

ကဘူးလ္ကို အုပ္ခ်ဳပ္ေနတဲ့ တာလီဘန္မ်ား၊ ေစာ္ဘြားမ်ားနဲ႔အတူ အယ္လ္ကိုင္ဒါ ထိပ္တန္းေခါင္းေဆာင္မ်ား ထြက္ေျပးတိမ္းေရွာင္သြားတဲ့အတြက္ ရည္မွန္းစစ္ ၿပီးဆုံးတယ္လို႔ မသတ္မွတ္ႏိုင္ပဲ ရွိခဲ့ပါတယ္။ ၃-ႏွစ္အၾကာမွာ ေ႐ြးေကာက္ပြဲ က်င္းပၿပီး ႏိုင္ငံတကာအသိအမွတ္ျပဳ ဟာမစ္ကာဇိုင္းအစိုးရတက္လာပါတယ္။ တစ္ဆက္တည္းမွာပဲ အာဖဂန္အမ်ိဳးသား ကာကြယ္ေရးနဲ႔လုံၿခဳံေရးတပ္ (ANDSF ) ကို ဖြဲ႕စည္းေပးၿပီး တပ္ဖြဲ႕ဝင္ အင္အား ၃ သိန္းရွိဖို႔ ရည္မွန္းတည္ ေဆာက္ခဲ့ပါတယ္။

အမ်ားဆုံးအခ်ိန္ ေနတိုးနဲ႔ ႏိုင္ငံတကာ ၾကည္း-ေလ အင္အား တစ္သိန္းေလးေသာင္းအကူအညီနဲ႔ အာဖဂန္ဒီမိုကေရစီ ႏိုင္ငံတည္ေဆာက္ေရးဟာ အေမရိကန္ေဒၚလာ ၂ ဒသမ ၂၆ ထီလ်ံကုန္က်ခဲ့ၿပီး ဝါရွင္တန္ရဲ႕ အၾကာဆုံးသမိုင္းဝင္ ဗီယက္နမ္စစ္ပြဲ(၁၉၅၅-၁၉၇၆) ထက္ ၆ လ ပိုမိုၾကာျမင့္ပါတယ္။

လူဦးေရ ၃၃ သန္း ေနထိုင္တယ္လို႔ ခန႔္မွန္းရတဲ့ အာဖဂန္နစၥတန္ဟာ ဥေရာပနဲ႔ အာရွဆက္ လမ္းေၾကာင္းေပၚ မွာ သာမက၊ ႐ုရွား-တ႐ုတ္-အိႏၵိယတို႔နဲ႔ ကုန္းလမ္းေပါက္တဲ့အတြက္ ပထဝီႏိုင္ငံေရး အရ အလြန္အေရးပါ ပါတယ္။ ျမစ္ဝွမ္း-ေတာင္တန္း-ကုန္းျမင့္မ်ားနဲ႔ ပုံမွန္မဟုတ္တဲ့ ေတာင္ကုန္းမ်ားလည္း ရွိေနပါတယ္။ လူဦးေရ ၇၅% ခန႔္ဟာ ေက်းလက္မွာ ေနထိုင္ၾကၿပီး ၅% ခန႔္ဟာ ေျခသလုံးအိမ္တိုင္ လွည့္လည္သြားလာေနထိုင္သူ မ်ားျဖစ္တဲ့အတြက္ ေက်းလက္ႏိုင္ငံလို႔ သတ္မွတ္ၾကပါတယ္။ ၾကမ္းတမ္းတဲ့ ႐ုပ္ပိုင္းဆိုင္ရာ ပထဝီဝင္နဲ႔ကုန္း တြင္းပိတ္အေနအထား၊ ဆယ္စုႏွစ္ခ်ီတဲ့စစ္ပြဲရဲ႕အက်ိဳးဆက္မ်ားေၾကာင့္ လူသားရင္းျမစ္ နိမ့္က်ျခင္းမ်ားဟာ ေမွာင္ခိုစီးပြားေရးနဲ႔ ဘိန္းစိုက္ပ်ိဳးထုတ္လုပ္ဖို႔ေရခံေျမခံေကာင္းမ်ား ျဖစ္ေနပါတယ္။

အာဖဂန္မွာ တာလီဘန္ေတြခ်ည့္ လက္နက္ကိုင္ေနၾကတာ မဟုတ္ပါဘူး၊ အယ္လ္ကိုင္ဒါ-အိုင္စစ္တို႔လို ဘာသာေရးအစြန္းေရာက္မ်ားနဲ႔ လူမ်ိဳး-နယ္ေျမကို အစြဲျပဳတဲ့ ေဒသႏၲရ စစ္ဘုရင္ငယ္မ်ားလည္း ရွိေနပါတယ္။ အေမရိကန္တို႔ က်ဴးေက်ာ္ၿပီးေနာက္ပိုင္း အာဖဂန္ဟာ ကမာၻ႔အမ်ားဆုံး တရားမဝင္ ဘိန္းထုတ္လုပ္သူျဖစ္လာပါတယ္။ ၂၀၁၈ ခုႏွစ္အထိ ဘိန္းနဲ႔ ဘိန္းျဖဴထုတ္လုပ္မႈမွ ႏွစ္စဥ္ ေဒၚလာသန္းေပါင္း ဆယ္ခ်ီရရွိေနၿပီး လက္နက္ေမွာင္ခိုေဈးကြက္မွ ေခတ္မီလက္နက္ေကာင္းမ်ားကို ဝယ္ယူျဖည့္တင္းႏိုင္ၾကပါတယ္။ ကမာၻ႔ရာသီ ဥတုေျပာင္းလဲမႈဒဏ္ကို ဆ႒မေျမာက္ အခံစားရဆုံး ျဖစ္ေပမယ့္ တာလီဘန္တို႔အတြက္ကေတာ့ အျမတ္ထြက္ခဲ့ပါတယ္။

၂၀၀၉ ခုႏွစ္ အာဖဂန္ဟာ ကမာၻ႔ ဒုတိယေျမာက္ အဂတိလိုက္စားမႈအမ်ားဆုံးတိုင္းျပည္ျဖစ္လာပါတယ္။ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ ဖြဲ႕စည္းပုံဟာ စာ႐ြက္ေပၚမွာသာရွိေနၿပီး စစ္ဆင္ေရး လိမ္လည္အစီရင္ခံမႈမ်ားနဲ႔ ျပည့္ႏွက္ေနပါတယ္။ အေမရိကန္တို႔ဟာ မူးယစ္ေဆးဝါးထုတ္လုပ္ျခင္းနဲ႔ အဂတိလိုက္စားမႈမ်ားကို ထိထိေရာက္ေရာက္ ႏွိမ္နင္းရန္ ပ်က္ကြက္ခဲ့ပါတယ္။ သူတို႔အေျခစိုက္စခန္းမ်ားမွ ျပင္ပထြက္ၿပီး ကင္းလွည့္ရတိုင္း ေက်းလက္ေျပာက္က်ားစစ္နဲ႔ ေခ်ာင္းပစ္၊ မိုင္းဆြဲခံရလြန္းတဲ့အတြက္ ရန္သူထံဆက္ေၾကးေပးျခင္းျဖင့္ အဂတိမႈကို ကိုယ္တိုင္ ပါဝင္က်ဴးလြန္ခဲ့ၾကပါတယ္။

(၁) အေမရိကန္နဲ႔ အာဖဂန္အစိုးရတို႔ ပထမဆုံး နဲ႔ အႀကီးဆုံးအမွားက တာလီဘန္တို႔နဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမိျခင္းျဖစ္တယ္လို႔ ႏိုင္ငံတကာႏိုင္ငံေရး စစ္ေရးေလ့လာသူမ်ားက ေျပာၾကပါတယ္။ အက်င့္ပ်က္ျခစားမႈ ဘိန္းထုတ္လုပ္နဲ႔ဆက္ႏြယ္တဲ့လက္နက္ကိုင္ေသာင္းက်န္းမႈမ်ားကို ဦးခ်ိဳးပစ္ရမယ့္ အစား ဟာမစ္ကာဇိုင္းကို ဆက္ခံတဲ့ အာရွတ္ဂနီအစိုးရကလည္း ႁခြင္းခ်က္မရွိ ၿငိမ္းခ်မ္းေရး ဖိတ္ေခၚေဆြးေႏြးျခင္းျဖင့္ ၂၀၁၈-ခုႏွစ္ အာဖဂန္ ရဲ႕နယ္ေျမ ၇၀% မွာ တာလီဘန္နဲ႔ လက္နက္ကိုင္တို႔က ထင္ထင္ေပၚေပၚ လႈပ္ရွားခြင့္ ရရွိသြားပါတယ္။

၂၀၂၀-၂၀၂၂-ခုႏွစ္ ကာတာႏိုင္ငံမွာ အေမရိကန္နဲ႔ တာလီဘန္တို႔အၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ အေကာင္အထည္ေဖာ္မႈမ်ားဟာ အာဖဂန္အစိုးရနဲ႔ အာဖဂန္တပ္မေတာ္ ANDSF တို႔ ၿပိဳလဲရျခင္း အစပဲ ျဖစ္ပါတယ္။ ၿဗိတိန္ အပါအဝင္ ေနတိုးတပ္မ်ားကို အာဖဂန္မွာ ႐ုတ္သိမ္းျခင္း၊ ထိုးစစ္ဆင္ တိုက္ခိုက္မႈမ်ားကို ေလ်ာ့ခ်ျခင္းတို႔ဟာ အထီးက်န္ျဖစ္သြားတဲ့ ANDSF တပ္မ်ားအတြင္း တပ္ေျပးမ်ား လက္နက္ေရာင္းစားမႈမ်ား ျဖစ္လာေစခဲ့ပါတယ္။

၂၀၂၂-ခုႏွစ္ ၾသဂုတ္လ ၃၀ ရက္ အာဖဂန္မွ အေမရိကန္တပ္မ်ား ႐ုပ္ပ်က္ဆင္းပ်က္ ႐ုတ္သိမ္းျခင္းနဲ႔အတူ အာရွတ္ဂနီ အစိုးရထြက္ေျပးၿပီး တပ္မေတာ္လည္း ၿပိဳကြဲသြားပါတယ္။ ႏွစ္ ၂၀ ၾကာစစ္ပြဲမွာ အာဖဂန္အရပ္သား တစ္သိန္းေျခာက္ေသာင္းေက်ာ္ ေသဆုံးၿပီး တိုင္းျပည္မၿငိမ္သက္ရာမွာ ေရာဂါ၊ အစားအစာ၊ ေရနဲ႔ အေျခခံအေဆာက္အအုံ လိုအပ္မႈေၾကာင့္ ေသဆုံးရသူဦးေရဟာ အဲ့ဒီထက္ အမ်ားႀကီး ပိုမိုႏိုင္ပါတယ္။ အာဖဂန္ လူဦးေရ ၄-သန္းဟာ ဒုကၡသည္မ်ားအျဖစ္ ျပည္တြင္းမွာ လွည့္လည္တိမ္းေရွာင္ ေနၾကရပါတယ္။ အေမရိကန္စစ္သား ၃၉၁၇-ဦး၊ ႏိုင္ငံတကာစစ္သား ၁၁၄၄-ဦးတို႔ အသက္ေပးခဲ့ရၿပီး တန္ဖိုးအားျဖင့္ မေဖာ္ျပႏိုင္တဲ့ စစ္လက္နက္နဲ႔ အသုံးအေဆာင္မ်ား စစ္ယႏၲရားမ်ားဟာ တာလီဘန္တို႔ လက္တြင္း က်ဆင္းသြားရပါတယ္။ အေမရိကန္တစ္ႏိုင္ငံတည္းအတြက္ အီရတ္နဲ႔ အာဖဂန္စစ္မႈထမ္းေဟာင္းမ်ားအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈ၊ မသန္စြမ္းမႈ၊ သၿဂႋဳလ္စရိတ္နဲ႔ အျခားကုန္က်စရိတ္မ်ားအတြက္ ေဒၚလာ ၂ ထီလ်ံယံေက်ာ္ ဆက္လက္ကုန္က်ေနမွာျဖစ္ပါတယ္။

တာလီဘန္တို႔ အုပ္ခ်ဳပ္ေနၿပီဆိုတဲ့ အာဖဂန္နစၥတန္ကေတာ့ လက္နက္ကိုင္ ေဒသႏၲရစစ္ဘုရင္မ်ား၊ အယ္လ္ကိုင္ဒါ သာမက အိုင္စစ္ ဘာသာေရးအစြန္းေရာက္အၾကမ္းဖက္တို႔က ဆက္လက္မင္းမူၿပီး ယခင္ ဆယ္စုႏွစ္မ်ား အတိုင္း ဗိုလ္ေနၿမဲ က်ားေနၿမဲ အေျခအေနျပန္ေရာက္သြားပါတယ္။

Related news

© 2021. All rights reserved.