ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၌ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများပါဝင်သည့်အဖွဲ့အစည်းဖွဲ့ရန် EOI ခေါ်ယူ၊ အနည်းဆုံးဒေါ်လာ (၅)သန်းထည့်ဝင်နိုင်ရမည်

 1095

မျိုးကြီး (NP News) - နိုဝင်ဘာ ၇

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၌ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများပါဝင်သည့်အဖွဲ့အစည်းဖွဲ့ရန်အတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ(EOI) ခေါ်ယူနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာ အစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများပါဝင်သည့်အဖွဲ့အစည်း (Myanmar GDE Consortium)ကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ရွေးချယ်ကာ ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့အစည်းအတွက် စိတ်ပါဝင်စားသော ကုမ္ပဏီများအနေဖြင့် EOI ပုံစံကို တစ်စုံလျှင်တစ်သောင်းကျပ်နှုန်းဖြင့် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အထူးစီးပွားရေးဇုန်ရေးရာဌာနခွဲနှင့် ရန်ကုန်မြို့ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ထံသို့ နိုဝင်ဘာလ ၁၈ ရက်နောက် ဆုံးထား၍ လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

ထိုသို့ အချက်အလက်များ ဖြည့်သွင်းပြီးသော EOI ပုံစံနှင့် ဆက်စပ်စာရွက်စာတမ်းများကို ဒီဇင်ဘာလ ၁၅ ရက် နောက်ဆုံးထားကာ အထက်ပါဌာနများသို့ ပြန်လည်ပေးပို့ရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနကပြောသည်။

၎င်းအဖွဲ့အစည်းတွင် ပါဝင်လိုသောကုမ္ပဏီများအနေဖြင့် ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ပြည်တွင်း၌ မှတ်ပုံတင်၍ ဖွဲ့စည်းထားသော မြန်မာနိုင်ငံသားပိုင်ပုဂ္ဂလိကကုမ္ပဏီ (သို့မဟုတ်) အများနှင့်သက်ဆိုင်သောကုမ္ပဏီဖြစ်ရန် လိုအပ်ကြောင်း ဝန်ကြီးဌာနက အသိပေးထားသည်။

ထို့ပြင် လွန်ခဲ့သော (၃)နှစ်အတွင်း လုပ်ငန်းမှ ပျမ်းမျှဝင်ငွေအနည်းဆုံး အမေရိကန်ဒေါ်လာသန်း ၂၀ (သို့မဟုတ်) ၎င်းနှင့် ညီမျှသောမြန်မာကျပ်ငွေရရှိနေသည့် ကုမ္ပဏီဖြစ်ရန်လည်း လိုအပ်ကြောင်း သိရသည်။

EOI စတင်အဆိုပြုသည့်အချိန်တွင် အနည်းဆုံးအမေရိကန်ဒေါ်လာ (၅)သန်း ထည့်ဝင်နိုင်ကြောင်း အထောက်အထားတစ်ခုခုတင်ပြနိုင်သည့် ကုမ္ပဏီဖြစ်ရန်လည်း လိုအပ်သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောသည်။

“ဘာကြောင့်ဒီလို EOI ခေါ်လည်းဆိုတော့ ဒီကျောက်ဖြူစီမံကိန်းတွေကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ပေါ့။ ဒီဟာကြီးက လုပ်နေတာ နည်းနည်းကြာပြီလေ။ တရုတ်ဘက်ကလည်း ပြန်ပြီးတော့ ဒါကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ပြီးခဲ့တဲ့ကာလမှာတုန်းကလည်း EOI ကရှိပြီးသား။ Consortium မြန်မာဘက်က ဖွဲ့ထားတာလေ။ အဲဒီအထဲမှာ တစ်ချို့ကုမ္ပဏီတွေကလည်း ဖျက်တယ်။ ထွက်သွားတာတွေလည်းရှိတယ်။ အဆင်မပြေတာတွေရှိတော့ ဒါကို ပြန်လည်ပြီးတော့ အသစ်ပြန်ဖွဲ့ဖို့အတွက် သဘောပေါ့”ဟု အထက်ပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးစတင်နိုင်ရေး ဆောင်ရွက်သွားရန် နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြီးခဲ့သော အောက်တိုဘာလအတွင်း၌ တိုက်တွန်းပြောဆိုခဲ့ဖူးသည်။

zawgyi version
ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္း၌ပူးေပါင္းေဆာင္႐ြက္ရန္ ျမန္မာႏိုင္ငံသားပိုင္ကုမၸဏီမ်ားပါဝင္သည့္အဖြဲ႕အစည္းဖြဲ႕ရန္ EOI ေခၚယူ၊ အနည္းဆုံးေဒၚလာ (၅)သန္းထည့္ဝင္ႏိုင္ရမည္
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၇

ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္း၌ပူးေပါင္းေဆာင္႐ြက္ရန္ ျမန္မာႏိုင္ငံသားပိုင္ကုမၸဏီမ်ားပါဝင္သည့္အဖြဲ႕အစည္းဖြဲ႕ရန္အတြက္ စိတ္ဝင္စားမႈအဆိုျပဳလႊာ(EOI) ေခၚယူေနေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက အသိေပးထားသည္။

ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ဆိုင္ရာ အစိုးရအသိအမွတ္ျပဳ ျမန္မာႏိုင္ငံသားပိုင္ကုမၸဏီမ်ားပါဝင္သည့္အဖြဲ႕အစည္း (Myanmar GDE Consortium)ကို သတ္မွတ္ခ်က္မ်ားႏွင့္အညီ စိစစ္ေ႐ြးခ်ယ္ကာ ဖြဲ႕စည္းတည္ေထာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါအဖြဲ႕အစည္းအတြက္ စိတ္ပါဝင္စားေသာ ကုမၸဏီမ်ားအေနျဖင့္ EOI ပုံစံကို တစ္စုံလွ်င္တစ္ေသာင္းက်ပ္ႏႈန္းျဖင့္ ေနျပည္ေတာ္ရွိ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ အထူးစီးပြားေရးဇုန္ေရးရာဌာနခြဲႏွင့္ ရန္ကုန္ၿမိဳ႕ရွိ ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕ထံသို႔ ႏိုဝင္ဘာလ ၁၈ ရက္ေနာက္ ဆုံးထား၍ လာေရာက္ထုတ္ယူႏိုင္ေၾကာင္း သိရသည္။

ထိုသို႔ အခ်က္အလက္မ်ား ျဖည့္သြင္းၿပီးေသာ EOI ပုံစံႏွင့္ ဆက္စပ္စာ႐ြက္စာတမ္းမ်ားကို ဒီဇင္ဘာလ ၁၅ ရက္ ေနာက္ဆုံးထားကာ အထက္ပါဌာနမ်ားသို႔ ျပန္လည္ေပးပို႔ရမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနကေျပာသည္။

၎အဖြဲ႕အစည္းတြင္ ပါဝင္လိုေသာကုမၸဏီမ်ားအေနျဖင့္ ၂၀၁၇ ခုႏွစ္ ျမန္မာႏိုင္ငံကုမၸဏီမ်ားဥပေဒအရ ျပည္တြင္း၌ မွတ္ပုံတင္၍ ဖြဲ႕စည္းထားေသာ ျမန္မာႏိုင္ငံသားပိုင္ပုဂၢလိကကုမၸဏီ (သို႔မဟုတ္) အမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီျဖစ္ရန္ လိုအပ္ေၾကာင္း ဝန္ႀကီးဌာနက အသိေပးထားသည္။

ထို႔ျပင္ လြန္ခဲ့ေသာ (၃)ႏွစ္အတြင္း လုပ္ငန္းမွ ပ်မ္းမွ်ဝင္ေငြအနည္းဆုံး အေမရိကန္ေဒၚလာသန္း ၂၀ (သို႔မဟုတ္) ၎ႏွင့္ ညီမွ်ေသာျမန္မာက်ပ္ေငြရရွိေနသည့္ ကုမၸဏီျဖစ္ရန္လည္း လိုအပ္ေၾကာင္း သိရသည္။

EOI စတင္အဆိုျပဳသည့္အခ်ိန္တြင္ အနည္းဆုံးအေမရိကန္ေဒၚလာ (၅)သန္း ထည့္ဝင္ႏိုင္ေၾကာင္း အေထာက္အထားတစ္ခုခုတင္ျပႏိုင္သည့္ ကုမၸဏီျဖစ္ရန္လည္း လိုအပ္သည္ဟု စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ေျပာသည္။

“ဘာေၾကာင့္ဒီလို EOI ေခၚလည္းဆိုေတာ့ ဒီေက်ာက္ျဖဴစီမံကိန္းေတြကို အျမန္ဆုံးအေကာင္အထည္ေဖာ္ဖို႔ေပါ့။ ဒီဟာႀကီးက လုပ္ေနတာ နည္းနည္းၾကာၿပီေလ။ တ႐ုတ္ဘက္ကလည္း ျပန္ၿပီးေတာ့ ဒါကို အျမန္ဆုံးအေကာင္အထည္ေဖာ္ေဆာင္႐ြက္ၾကမယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ေပါ့။ ၿပီးခဲ့တဲ့ကာလမွာတုန္းကလည္း EOI ကရွိၿပီးသား။ Consortium ျမန္မာဘက္က ဖြဲ႕ထားတာေလ။ အဲဒီအထဲမွာ တစ္ခ်ိဳ႕ကုမၸဏီေတြကလည္း ဖ်က္တယ္။ ထြက္သြားတာေတြလည္းရွိတယ္။ အဆင္မေျပတာေတြရွိေတာ့ ဒါကို ျပန္လည္ၿပီးေတာ့ အသစ္ျပန္ဖြဲ႕ဖို႔အတြက္ သေဘာေပါ့”ဟု အထက္ပါဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ ေရနက္ဆိပ္ကမ္းစီမံကိန္းကို အျမန္ဆုံးစတင္ႏိုင္ေရး ေဆာင္႐ြက္သြားရန္ နစကဒုဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ၿပီးခဲ့ေသာ ေအာက္တိုဘာလအတြင္း၌ တိုက္တြန္းေျပာဆိုခဲ့ဖူးသည္။

Related news

© 2021. All rights reserved.