ရန်ကုန်မြို့တွင် တက္ကစီတစ်စီး ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား

 1985

သန့်ဇင် (NP News) - နိုဝင်ဘာ ၁ဝ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် တက္ကစီတစ်စီး ဝါယာရှော့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပုလဲအရန်မီးသတ် တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ (နိုဝင်ဘာ ၁ဝ ရက်) နံနက် ၅ နာရီ ၃ဝ မိနစ်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းမပေါ်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကားက TOYOTA ကားလို့ပဲ သိရတယ်။ Gas ထည့်ဖို တန်းစီနေတုန်းမှာ ဝါယာရှော့ဖြစ်ပြီး မီးလောင်တာ” ဟု ပုလဲ အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ထိုသို့မီးလောင်ခဲ့သောကားမှာ တက္ကစီယာဉ်တစ်စီးဖြစ်ပြီး ကားမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ကားတစ်စီးလုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“လူထိခိုက်မှုက မရှိပါဘူး။ တက္ကစီယာဉ်မောင်းကလဲ အိမ်ကို ခဏပြန်သွားတဲ့အချိန်မှာဖြစ်တယ်လို့ သိရတယ်။ ကားကတော့ တစ်စီးလုံး အကုန်မီးလောင်သွားတာ” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့နောက် ကားမီးလောင်မှုဖြစ်စဉ်ကို မင်္ဂလာဒုံမြို့နယ်မီးသတ်တပ်ဖွဲ့ နှင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့တို့မှ (၁၅)မိနစ် ခန့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္ၿမိဳ႕တြင္ တကၠစီတစ္စီး ဝါယာေရွာ့ျဖစ္ရာမွ မီးေလာင္မႈျဖစ္ပြား
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၁ဝ

ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္တြင္ တကၠစီတစ္စီး ဝါယာေရွာ့ရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ပုလဲအရန္မီးသတ္ တပ္ဖြဲ႕ထံမွ သိရသည္။

ယေန႔ (ႏိုဝင္ဘာ ၁ဝ ရက္) နံနက္ ၅ နာရီ ၃ဝ မိနစ္ခန႔္တြင္ မဂၤလာဒုံၿမိဳ႕နယ္၊ ျပည္ေတာ္သာရပ္ကြက္၊ ရန္ကုန္-ျပည္လမ္းမေပၚ၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ကားက TOYOTA ကားလို႔ပဲ သိရတယ္။ Gas ထည့္ဖို တန္းစီေနတုန္းမွာ ဝါယာေရွာ့ျဖစ္ၿပီး မီးေလာင္တာ” ဟု ပုလဲ အရန္မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ထိုသို႔မီးေလာင္ခဲ့ေသာကားမွာ တကၠစီယာဥ္တစ္စီးျဖစ္ၿပီး ကားမီးေလာင္မႈတြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ကားတစ္စီးလုံး မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

“လူထိခိုက္မႈက မရွိပါဘူး။ တကၠစီယာဥ္ေမာင္းကလဲ အိမ္ကို ခဏျပန္သြားတဲ့အခ်ိန္မွာျဖစ္တယ္လို႔ သိရတယ္။ ကားကေတာ့ တစ္စီးလုံး အကုန္မီးေလာင္သြားတာ” ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ေနာက္ ကားမီးေလာင္မႈျဖစ္စဥ္ကို မဂၤလာဒုံၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ ႏွင့္ ပုလဲအရန္မီးသတ္တပ္ဖြဲ႕တို႔မွ (၁၅)မိနစ္ ခန႔္ သြားေရာက္မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.