ဒီပါဝလီ ပွဲတော်ပြီးနောက် အိန္ဒိယနိုင်ငံရဲ့ မြို့(၃)မြို့ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပြ ၁၀ ခုထဲ ပါဝင်လာ

 882

ရောင်နီ(NP News) - နိုဝင်ဘာ ၁၃

ဒီပါဝလီ ပွဲတော်ကြီးပြီးနောက် တနင်္လာနေ့(နိုဝင်ဘာလ ၁၃ ရက်) မှာတော့ အိန္ဒိယနိုင်ငံရဲ့ မြို့ကြီး (၃)မြို့ဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ပြ ၁၀ မြို့ထဲ ပါဝင်လာခဲ့ပါတယ်။

နှစ်စဉ် မီးရှူးတန်ဆောင်များနဲ့ စည်စည်ကားကား ကျင်းပပြုလုပ်တဲ့ ဟိန္ဒူမီးထွန်းပွဲတော်(ဒီပါဝလီပွဲ) ကျင်းပပြုလုပ်ပြီး တစ်ရက်အကြာမှာ လေထုညစ်ညမ်းမှု ဖြစ်လာခဲ့တာပါ။ မြို့တော်နယူးဒေလီဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့တွေမှာ မကြာခဏဆိုသလို ပါဝင်ခဲ့သလို ယခုလည်း ၎င်းရဲ့ လေထုအရည်အသွေးညွှန်းကိန်း AQI 407 နဲ့ ထိပ်ဆုံးမှ ပါဝင်ခဲ့ပါတယ်။

ဒါကြောင့် အဆိုပါမြို့ဟာ အန္တရာယ်ရှိ လေထုအမျိုးအစားဖြစ်တယ်လို့ IQAir က ဆိုပါတယ်။ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းကတော့ AQI အဆင့် 157 နဲ့ အဆင့်ခြောက်နေရာမှာရှိပြီး အရှေ့ဘက်မြို့ ကာလကတ္တားကတော့ AQI အဆင့် 154 နဲ့ အဆင့်ခုနစ်မှာ ရပ်တည်နေပါတယ်။

AQI အဆင့် 400 မှ 500 ဟာ ရောဂါအခံရှိသူတွေကို အန္တရာယ်ဖြစ်စေနိုင်ပြီး အဆင့် 150 မှ 200 ဟာ ပန်းနာရင်ကျပ်၊ အဆုတ်နဲ့ နှလုံးပြဿနာရှိသူတွေကို မသက်မသာဖြစ်စေတယ်လို့ သတ်မှတ်ထားပါတယ်။ အာဏာပိုင်တွေက မြို့တော်မှာ မီးရှူးမီးပန်း ပစ်ခြင်းကို တားမြစ်ထားတယ်လို့ သိရပါတယ်။

zawgyi version
ဒီပါဝလီ ပြဲေတာ္ၿပီးေနာက္ အိႏၵိယႏိုင္ငံရဲ႕ ၿမိဳ႕(၃)ၿမိဳ႕ ကမာၻ႔ေလထုအညစ္ညမ္းဆုံး ၿမိဳ႕ျပ ၁၀ ခုထဲ ပါဝင္လာ
ေရာင္နီ(NP News) - ႏိုဝင္ဘာ ၁၃

ဒီပါဝလီ ပြဲေတာ္ႀကီးၿပီးေနာက္ တနလၤာေန႔(ႏိုဝင္ဘာလ ၁၃ ရက္) မွာေတာ့ အိႏၵိယႏိုင္ငံရဲ႕ ၿမိဳ႕ႀကီး (၃)ၿမိဳ႕ဟာ ကမာၻ႔ေလထုအညစ္ညမ္းဆုံးၿမိဳ႕ျပ ၁၀ ၿမိဳ႕ထဲ ပါဝင္လာခဲ့ပါတယ္။

ႏွစ္စဥ္ မီးရႉးတန္ေဆာင္မ်ားနဲ႔ စည္စည္ကားကား က်င္းပျပဳလုပ္တဲ့ ဟိႏၵဴမီးထြန္းပြဲေတာ္(ဒီပါဝလီပြဲ) က်င္းပျပဳလုပ္ၿပီး တစ္ရက္အၾကာမွာ ေလထုညစ္ညမ္းမႈ ျဖစ္လာခဲ့တာပါ။ ၿမိဳ႕ေတာ္နယူးေဒလီဟာ ကမာၻ႔ေလထုအညစ္ညမ္းဆုံးၿမိဳ႕ေတြမွာ မၾကာခဏဆိုသလို ပါဝင္ခဲ့သလို ယခုလည္း ၎ရဲ႕ ေလထုအရည္အေသြးၫႊန္းကိန္း AQI 407 နဲ႔ ထိပ္ဆုံးမွ ပါဝင္ခဲ့ပါတယ္။

ဒါေၾကာင့္ အဆိုပါၿမိဳ႕ဟာ အႏၲရာယ္ရွိ ေလထုအမ်ိဳးအစားျဖစ္တယ္လို႔ IQAir က ဆိုပါတယ္။ ဘ႑ာေရးၿမိဳ႕ေတာ္ မြမ္ဘိုင္းကေတာ့ AQI အဆင့္ 157 နဲ႔ အဆင့္ေျခာက္ေနရာမွာရွိၿပီး အေရွ႕ဘက္ၿမိဳ႕ ကာလကတၱားကေတာ့ AQI အဆင့္ 154 နဲ႔ အဆင့္ခုနစ္မွာ ရပ္တည္ေနပါတယ္။

AQI အဆင့္ 400 မွ 500 ဟာ ေရာဂါအခံရွိသူေတြကို အႏၲရာယ္ျဖစ္ေစႏိုင္ၿပီး အဆင့္ 150 မွ 200 ဟာ ပန္းနာရင္က်ပ္၊ အဆုတ္နဲ႔ ႏွလုံးျပႆနာရွိသူေတြကို မသက္မသာျဖစ္ေစတယ္လို႔ သတ္မွတ္ထားပါတယ္။ အာဏာပိုင္ေတြက ၿမိဳ႕ေတာ္မွာ မီးရႉးမီးပန္း ပစ္ျခင္းကို တားျမစ္ထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.