မြို့ပြပြောက်ကျား စစ်နည်းဗျူဟာ၏ ရည်ရွယ်ချက်၊ ဘေးထွက်ဆိုးကျိုးနှင့် မာရဝီ သင်ခန်းစာ (ဘာသာပြန်ဆောင်းပါး)

 2723

Htay Oung (NP News) - နိုဝင်ဘာ ၁၇

ပြောက်ကျားစစ် Guerrilla warfare ကို အစောဆုံး ဘီစီ ၆ ရာစု ဆွန်ဇူးရဲ့သေနင်္ဂဗျူဟာစစ်ပညာမှာ စတင်တွေ့ရှိရပါတယ်။ ဘီစီ ၃ ရာစု ရောမ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက ကျင့်သုံးခြင်းဖြင့် လက်တွေ့အောင်ပွဲများ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဂူယေးလားလို့ အသံထွက် အမှန်ဖြစ်ပြီး Gorilla ဂေါ်ရီလာက မျောက်ဝံဖြစ်ပါတယ်။

အင်အားတောင့်တင့်ပြီး သမားရိုးကျစစ်တပ် သို့မဟုတ် ရဲတပ်ဖွဲ့ နဲ့ ရင်ဆိုင်ရစဉ် မိမိဘက်က လက်နက်/လူအရေအတွက်နည်းပါးပြီး အင်အားအချိုးမညီဖြစ်တဲ့အခါ ဆင်နွှဲလေ့ရှိတဲ့ အသေးစားစစ်ဗျူဟာ တစ်မျိုးဖြစ်ပါတယ်။ ပြောက်ကျားစစ်သက်သက်ဟာ စစ်ရာဇဝတ်မှုလို့ သတ်မှတ်နိုင်ခြင်းမရှိပေမယ့် နောက်ဆက်တွဲ လူ့အခွင့်အရေးဆိုင်ရာပြဿနာများတော့ တစ်သီတစ်တန်းကြီး ရှိနေတတ်ပါတယ်။ ပြောက်ကျားစစ်အောင်မြင်ခြင်းကလည်း ဒေသခံတို့ရဲ့စာနာလက်ခံမှုအပေါ်လုံးဝမူတည်နေပါတယ်။

ပြောက်ကျားစစ်သက်သက်ဟာ စီမံချက်ချမှတ်ထားတဲ့ ဗျူဟာတစ်ခုမဟုတ်ပါ။ ပြောက် ကျားစစ်နဲ့ ဒေသတွင်းတိုက်ပွဲများမှာ အနိုင်ယူနိုင်ပေမယ့် ရန်သူ စိတ်ပျက်/စိတ်ဓါတ်ယိုယွင်း/ ဂုဏ်သိက္ခာကျဆင်းစေဖို့ အတိုင်းအတာ တစ်ခုထိသာ စွမ်းဆောင်နိုင်ပါတယ်။ မျက်မှောက်ခေတ် ပြောက်ကျားစစ်ကို တရုတ်ပြည်တွင်းစစ်၊ ကျူးဘားတော်လှန်ရေး၊ ဗီယက်နမ်စစ်ပွဲနဲ့ နီကာရာဂွာနိုင်ငံ စစ်အာဏာရှင်ကို ဖြုတ်ချခဲ့တဲ့ ဆန်ဒီနစ္စတာတော်လှန်ရေးတို့မှာ တွေ့မြင်ရပါတယ်။

Urban guerrilla warfare မြို့ပြပြောက်ကျား စစ်နည်းဗျူဟာကိုတော့ လုံ့လဝီရိယထက်သန်သူအဖွဲ့အစည်းတစ်ခုခုက မြို့ပြကြီးတစ်ခုခုရဲ့အခိုင်အမာ ကြာရှည်ပုန်းအောင်းလို့ ရနိုင်တဲ့ အဆောက်အအုံများမှာ အစုအပုံလိုက်ဖြစ်စေ၊ ခပ်ကြဲကြဲဖြစ်စေနေရာယူပြီး ခေတ်နဲ့အညီ စစ်တိုက်ခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့် “အရင်းကပ်တော့နာ၊ အဖျားကပ်တော့သာ။ အမာကိုရှောင် အမွကိုတိုက်"ဆိုတဲ့ ပြောက်ကျားစစ်ပါရဂူ ဥက္ကဋ္ဌကြီးမော်ရဲ့ အခြေခံအဆိုအမိန့်များကို ပြောင်းပြန်လှန်ထားခြင်းဖြစ်ပါတယ်။

အိုင်ယာလန် ရီပတ်ဘလီကန်စစ်တပ် (IRA)ရဲ့ တပ်မှူးတစ်ဦးဖြစ်သူ မိုက်ကယ်ကောလင်းကို မြို့ပြခေတ်ပေါ်ပြောက်ကျားစစ်နည်းဗျူဟာရဲ့ ဖခင်ပဲလို့ ယူဆကြပါတယ်။ ၁၉၁၂ ခုနှစ် ကောလင်းတို့ရဲ့ ၁၂ ဦးပါ ယူနစ်ဟာ ဒတ်ဗ်လင်မြို့တွင်းရှိ ဗြိတိသျှထောက်လှမ်းရေးလှုပ်ရှားသူများကို လိုက်လံရှာဖွေ ကွပ်မျက်ဖို့ တာဝန်ယူရပါတယ်။

သမိုင်းကြောင်းအရ ၁၉၆၀ ခုပြည့်လွန်နှစ်များထိ ပြောက်ကျားစစ်ဆင်ရေးဟာ ကျေးလက်ဒေသများမှာ ဆင်နွှဲလေ့ရှိပြီး နေရာဒေသကန့်သတ်မှု အစဉ်အလာတစ်ခုလို ဖြစ်နေခဲ့ပါတယ်။ အဲဒီနောက် ဘိုလီးဗီးယားနိုင်ငံ ချေဂွေဗားရားရဲ့ “ဖိုကိုလှုပ်ရှားမှု" ဟာ သူသေဆုံးတဲ့ တိုင်အောင် မြို့ပြခေတ်ပေါ် ပြောက်ကျားစစ်အဖြစ် တွေ့မြင်ရပါတယ်။

အလားတူ ကျုးဘားနိုင်ငံက စတင်တဲ့ လက်တင်အမေရိက မြို့ပြခေတ်ပေါ် ပြောက်ကျားစစ်တွေရှိခဲ့ပြီး တရားမျှတမှု မရှိ၊ အရည်အချင်းကင်းမဲ့တဲ့ အစိုးရတွေကို အထီးကျန်ဖြစ်စေဖို့ ရည်ရွယ်ပေမယ့် အောင်မြင်ထမြောက်မှု နည်းလှပါတယ်။ နည်းပညာပိုင်းအရလည်း ထိရောက်မှု မရှိခဲ့ပါဘူး။ သူပုန်ထဖို့အထိ မဖြစ်နိုင်သေးခင် မကျေမနပ်ဖြစ်နေတဲ့ကျေးလက်ပိုင်းရဲ့ လှုပ်ရှားမှုတစ်ခုအသွင်ရှိနေခဲ့ပြီး ကျယ်ပြန့်တဲ့ သာမန်လူထုတစ်ရပ်လုံး အနေနဲ့ တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်လာဖို့ လှုံဆော်ပေးရုံဖြစ်နေခဲ့ပါတယ်။

“ခင်ဗျားတို့ ကျုပ်တို့ကို အနိုင်ရကောင်း ရရှိပါလိမ့်မယ်၊ မာရဝီကိုတော့ အကောင်းအတိုင်း ပြန်မရစေရဘူး"လို့ ကြုံးဝါးခဲ့သူဟာ ဖိလစ်ပိုင်အဘူဆေယက် အစွန်းရောက် အကြမ်းဖက်ခေါင်းဆောင် စီနီလွန်ဟက်ပီလွန် ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် မေလ ၂၃ ရက် ဖိလစ်ပိုင် မင်ဒါနာအိုကျွန်းအနောက်ပိုင်း မာရဝီမြို့ကို ဝင်ရောက်စီးနင်းခဲ့တဲ့ မောတီသူပုန်နဲ့ အဘူဆေယက်တို့ဟာ အိုင်အက်စ် ခေါ် အစ္စလာမ်ဘာသာရေးအစွန်းရောက်များနဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွများ ဖြစ်ပါတယ်။

မာရဝီ မြို့စောင့်တပ်ကို တိုက်ခိုက်နေစဉ် မြို့တော်ခန်းမ၊ ပြည်နယ်တက္ကသိုလ်၊ ဆေးရုံ အကျဉ်းထောင်များ အပါအဝင် မြို့တွင်းအရေးကြီးအဆောက်အအုံအတော်များများကို လျှပ်တပြက် ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မြို့ကြီးရဲ့ ပင်မလမ်းကို ဖြတ်တောက်ပစ်လိုက်ပြီး ခရစ်ယာန်ဘုရားကျောင်းများ၊ ခရစ်ယာန်သာသနာပြုကျောင်းများကို မီးတင်ရှို့ခဲ့ပြီး ခရစ် ယာန်ဘုန်းတော်ကြီး တစ်ပါးနဲ့ ဝတ်ပြုသူများကို ဓါးစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။ မြို့ကို အထက်စီးမြင်ရလောက်တဲ့ အထပ်မြင့်အဆောက်အအုံများ၊ ဗုံး-ဒုံးကျည်ဒဏ်မှ အကာ အကွယ်ရနိုင်တဲ့နေရာများမှာ ခပ်ကြဲကြဲတပ်ဖြန့်ထားခဲ့ပါတယ်။ အချုပ်ခန်းနဲ့ အကျဉ်း ထောင်များကို ဖွင့်လွှတ်လိုက်ပြီး အတင်းအကျပ်လူစုခြင်းအားဖြင့် သူတို့ရဲ့ အင်အားဟာ ၁၀၀၀ ခန့်ဖြစ်သွားပါတယ်။

အစိုးရနဲ့ စစ်တပ်တို့ရဲ့ အစဉ်အလာအတိုင်း စစ်အုပ်ချုပ်ရေးကြေညာပြီး ၅ လကြာ ဖိလစ်ပိုင်ကြည်းတပ်မတော်ရဲ့ မာရဝီပြန်လည်သိမ်းပိုက်ရေးစစ်ဆင်မှုမှာ အင်အား ၃၀၀၀ ပါဝင်ပါတယ်။ လေတပ်၊ ရေတပ်တို့ သာမက အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ အစ္စရေးတို့ရဲ့ စစ်အကြံပေးများ၊ လက်နက်ကိရိယာ အကူအညီများကို ရယူခဲ့ရပါတယ်။ မွတ်စလင်စစ်သွေးကြွ ၉၇၈ ယောက်သေဆုံးပြီး ၁၂ ဦးကိုသာလျှင် ဖြစ်စဉ် စစ်ကြောရန် သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့ပါတယ်။

ဖိလစ်ပိုင် အစိုးရတပ်သား ၁၆၉- ယောက်ကျဆုံးပေမယ့် အရပ်သား ၈၇ ယောက်သေဆုံးပြီးလူပေါင်း ၁ ဒသမ ၁ သန်းကျော် စစ်ဒဏ်သင့်ခဲ့ပါတယ်။ မာရဝီမြို့ကြီးတစ်ခုလုံး ပြားပြားဝပ်သွားပြီး မြို့နေ လူဦးရေ ၂ သိန်းကျော်တို့ဟာ နှစ်ကာလအတော်ကြာတဲ့တိုင်အောင် အလုပ် အကိုင်များပျက်ယွင်းပြီး မိမိတို့အိုးအိမ်များကို ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိတော့ပါဘူး။ အဲဒီမှာ မောတေစစ်သွေးကြွတို့ကို ကယ်တင်ရှင်အဖြစ် အထင်ကြီးမိသူတို့အတွက် ဆုလာဘ်ဖြစ်သွားပါတယ်။

စစ်တိုက်တယ်ဆိုတာ နိုင်ငံတကာသံခင်းတမန်ခင်းနဲ့ စစ်ဥပဒေသများက အစဉ်တစိုက် လက်ခံထားတဲ့ စည်းမျဉ်းများနဲ့ လုပ်ထုံးလုပ်နည်းဘောင်များအတွင်း အကြမ်းပတမ်းပြုမူခြင်းပဲဖြစ်ပါတယ်။ အကြမ်းဖက်ခြင်းကတော့ အရပ်သားများအပေါ် ပစ်မှတ်ထားခြင်းနဲ့ လူသိထင်ရှားဖြစ်အောင် ရည်ရွယ်လေ့ရှိပါတယ်။ ဥပမာ သတင်းထောက်နှင့် လူအများအာရုံ စိုက်ဖွယ်ရှိသူများကို ဓါးစာခံဖမ်းဆီးခြင်း၊ တစ်ဖက်မှာလည်း စစ်တိုက်တယ်ဆိုတာ ရန်သူရဲ့ အုပ်ချုပ်စုဖွဲ့အင်အားစုရုံးမှုနဲ့ အခြေခံအဆောက်အအုံများကို ချိနဲ့သွားအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။ မြို့ပြပြောက်ကျားစစ်နည်းဗျူဟာမှာ ရန်သူကိုအမှည့်ခြွေချွေခြင်းဖြင့် စစ်မြှူပြီး သူ့ရဲ့အခြေခံအဆောက်အအုံများကို သူကိုယ်တိုင်ဖျက်ဆီးမိရလေအောင် ဖန်တီးခြင်းဖြစ်ပါတယ်။

ပြောက်ကျားဖြစ်စေ၊ ခေတ်ပေါ်မြို့ပြပြောက်ကျားစစ်ဖြစ်စေ တန်ပြန်ပြောက်ကျားစစ်ဆင်ရေး နည်းပညာများကို အသုံးပြုပြီး စစ်ရေးအရ အကောင်းဆုံးအနိုင်ယူနိုင်ပါတယ်။ အဓိကအားဖြင့် စိတ်ပိုင်းဆိုင်ရာထိုးနှက်မှုများ၊ မီဒီယာများအပါအဝင် ဉာဏ်ရည်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုများကို ထိထိရောက်ရောက်အသုံးချခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံ လတ်တလောဖြစ်ရပ်မှာတော့
(၁) မဲမသမာမှုပြုလုပ်ခြင်း
(၂) ရွေးကောက်ပွဲ မသမာကြောင်း စွပ်စွဲချက်များကို ယတိပြတ်ငြင်းဆိုခြင်းခြင်း အမြင့်ဆုံး ထိပ်တိုက်တွေ့ရန် ဖန်တီးခြင်း
(၃) မီဒီယာသမား အမည်ခံ ကြိုတင်မွေးမြူထားသူများက ပြည်ပသို့ထွက်ပြေးပြီး သတင်းတု သတင်းမှားများ ဆက်လက်ထုတ်လွှင့်ခြင်း
(၄) အုပ်ချုပ်ရေး ပြန့်ကျဲတဲ့ ဒေသများမှာ မီဒီယာသမားနာမည်ခံတို့က လူထုအတွင်း ဝင်ရောက်မွှေနှောက် အကွက်ဆင်ခြင်းဖြင့် ပဋိပက္ခကို လူသိများအောင် အရှိန်မြင့်တင်ခြင်း
(၅) အဲဒီမှတဆင့် မြို့သိမ်းအဖြစ် မြို့များအတွင်း ဝင်ရောက်စီးနင်းခြင်း စသည်တို့ကို တစ်ဆင့်ခြင်း စနစ်တကျအကောင်အထည်ဖော်ခဲ့ကြောင်း တွေ့ရှိရပါတယ်။

လူဆိုတာ မျောက်များလို အအုပ်အသင်းနဲ့ နေထိုင်မှ အသက်ရှင်တဲ့ သတ္တဝါများဖြစ်ပါတယ်။ နီးစပ်ရာ တူရာ တူရာ လူများအချင်းချင်း အိုးအိမ်ထူထောင် စုပေါင်းနေထိုင်ကြပြီး ဝန်ဆောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများနဲ့ အသက်မွေးကြရပါတယ်။

မြို့တစ်မြို့ ကျေးရွာတစ်ရွာကို သိမ်းယူတယ်ဆိုတာ ဘယ်လောက်ကြာကြာ ဆက်လက်ထိန်းသိမ်းထားနိုင်လဲ ဆိုတဲ့အပေါ်မှာသာ မူတည်ပါတယ်။ ဒီနေ့သိမ်းယူပြီး ဘာမှ မကြာခင် ပြန်လက်လွတ်သွားနိုင်တဲ့ မြို့ပြပြောက်ကျားစစ်ဟာ ရန်သူအဖြစ် သတ်မှတ်ထားသူတို့ရဲ့ စီးပွားရေး လူမှုရေး အခြေခံအဆောက်အအုံတွေကို အလုံးစုံပျက်စီးစေခြင်း Uttermost Devastation ရည်ရွယ်ချက်ထက် မပိုနိုင်ဘူးလို့ ပြောရမှာဖြစ်ပါတယ်။

အစဉ်လေးစားစွာဖြင့်
HtayOung

zawgyi version
ၿမိဳ႕ျပေျပာက္က်ား စစ္နည္းဗ်ဴဟာ၏ ရည္႐ြယ္ခ်က္၊ ေဘးထြက္ဆိုးက်ိဳးႏွင့္ မာရဝီ သင္ခန္းစာ (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ႏိုဝင္ဘာ ၁၇

ေျပာက္က်ားစစ္ Guerrilla warfare ကို အေစာဆုံး ဘီစီ ၆ ရာစု ဆြန္ဇူးရဲ႕ေသနဂၤဗ်ဴဟာစစ္ပညာမွာ စတင္ေတြ႕ရွိရပါတယ္။ ဘီစီ ၃ ရာစု ေရာမ စစ္ဗိုလ္ခ်ဳပ္ႀကီးတစ္ဦးက က်င့္သုံးျခင္းျဖင့္ လက္ေတြ႕ေအာင္ပြဲမ်ား ရရွိခဲ့တယ္လို႔ ဆိုပါတယ္။ ဂူေယးလားလို႔ အသံထြက္ အမွန္ျဖစ္ၿပီး Gorilla ေဂၚရီလာက ေမ်ာက္ဝံျဖစ္ပါတယ္။

အင္အားေတာင့္တင့္ၿပီး သမား႐ိုးက်စစ္တပ္ သို႔မဟုတ္ ရဲတပ္ဖြဲ႕ နဲ႔ ရင္ဆိုင္ရစဥ္ မိမိဘက္က လက္နက္/လူအေရအတြက္နည္းပါးၿပီး အင္အားအခ်ိဳးမညီျဖစ္တဲ့အခါ ဆင္ႏႊဲေလ့ရွိတဲ့ အေသးစားစစ္ဗ်ဴဟာ တစ္မ်ိဳးျဖစ္ပါတယ္။ ေျပာက္က်ားစစ္သက္သက္ဟာ စစ္ရာဇဝတ္မႈလို႔ သတ္မွတ္ႏိုင္ျခင္းမရွိေပမယ့္ ေနာက္ဆက္တြဲ လူ႔အခြင့္အေရးဆိုင္ရာျပႆနာမ်ားေတာ့ တစ္သီတစ္တန္းႀကီး ရွိေနတတ္ပါတယ္။ ေျပာက္က်ားစစ္ေအာင္ျမင္ျခင္းကလည္း ေဒသခံတို႔ရဲ႕စာနာလက္ခံမႈအေပၚလုံးဝမူတည္ေနပါတယ္။

ေျပာက္က်ားစစ္သက္သက္ဟာ စီမံခ်က္ခ်မွတ္ထားတဲ့ ဗ်ဴဟာတစ္ခုမဟုတ္ပါ။ ေျပာက္ က်ားစစ္နဲ႔ ေဒသတြင္းတိုက္ပြဲမ်ားမွာ အႏိုင္ယူႏိုင္ေပမယ့္ ရန္သူ စိတ္ပ်က္/စိတ္ဓါတ္ယိုယြင္း/ ဂုဏ္သိကၡာက်ဆင္းေစဖို႔ အတိုင္းအတာ တစ္ခုထိသာ စြမ္းေဆာင္ႏိုင္ပါတယ္။ မ်က္ေမွာက္ေခတ္ ေျပာက္က်ားစစ္ကို တ႐ုတ္ျပည္တြင္းစစ္၊ က်ဴးဘားေတာ္လွန္ေရး၊ ဗီယက္နမ္စစ္ပြဲနဲ႔ နီကာရာဂြာႏိုင္ငံ စစ္အာဏာရွင္ကို ျဖဳတ္ခ်ခဲ့တဲ့ ဆန္ဒီနစၥတာေတာ္လွန္ေရးတို႔မွာ ေတြ႕ျမင္ရပါတယ္။

Urban guerrilla warfare ၿမိဳ႕ျပေျပာက္က်ား စစ္နည္းဗ်ဴဟာကိုေတာ့ လုံ႔လဝီရိယထက္သန္သူအဖြဲ႕အစည္းတစ္ခုခုက ၿမိဳ႕ျပႀကီးတစ္ခုခုရဲ႕အခိုင္အမာ ၾကာရွည္ပုန္းေအာင္းလို႔ ရႏိုင္တဲ့ အေဆာက္အအုံမ်ားမွာ အစုအပုံလိုက္ျဖစ္ေစ၊ ခပ္ႀကဲႀကဲျဖစ္ေစေနရာယူၿပီး ေခတ္နဲ႔အညီ စစ္တိုက္ျခင္းျဖစ္ပါတယ္။ တနည္းအားျဖင့္ “အရင္းကပ္ေတာ့နာ၊ အဖ်ားကပ္ေတာ့သာ။ အမာကိုေရွာင္ အမြကိုတိုက္"ဆိုတဲ့ ေျပာက္က်ားစစ္ပါရဂူ ဥကၠ႒ႀကီးေမာ္ရဲ႕ အေျခခံအဆိုအမိန႔္မ်ားကို ေျပာင္းျပန္လွန္ထားျခင္းျဖစ္ပါတယ္။

အိုင္ယာလန္ ရီပတ္ဘလီကန္စစ္တပ္ (IRA)ရဲ႕ တပ္မႉးတစ္ဦးျဖစ္သူ မိုက္ကယ္ေကာလင္းကို ၿမိဳ႕ျပေခတ္ေပၚေျပာက္က်ားစစ္နည္းဗ်ဴဟာရဲ႕ ဖခင္ပဲလို႔ ယူဆၾကပါတယ္။ ၁၉၁၂ ခုႏွစ္ ေကာလင္းတို႔ရဲ႕ ၁၂ ဦးပါ ယူနစ္ဟာ ဒတ္ဗ္လင္ၿမိဳ႕တြင္းရွိ ၿဗိတိသွ်ေထာက္လွမ္းေရးလႈပ္ရွားသူမ်ားကို လိုက္လံရွာေဖြ ကြပ္မ်က္ဖို႔ တာဝန္ယူရပါတယ္။

သမိုင္းေၾကာင္းအရ ၁၉၆၀ ခုျပည့္လြန္ႏွစ္မ်ားထိ ေျပာက္က်ားစစ္ဆင္ေရးဟာ ေက်းလက္ေဒသမ်ားမွာ ဆင္ႏႊဲေလ့ရွိၿပီး ေနရာေဒသကန႔္သတ္မႈ အစဥ္အလာတစ္ခုလို ျဖစ္ေနခဲ့ပါတယ္။ အဲဒီေနာက္ ဘိုလီးဗီးယားႏိုင္ငံ ေခ်ေဂြဗားရားရဲ႕ “ဖိုကိုလႈပ္ရွားမႈ" ဟာ သူေသဆုံးတဲ့ တိုင္ေအာင္ ၿမိဳ႕ျပေခတ္ေပၚ ေျပာက္က်ားစစ္အျဖစ္ ေတြ႕ျမင္ရပါတယ္။

အလားတူ က်ဳးဘားႏိုင္ငံက စတင္တဲ့ လက္တင္အေမရိက ၿမိဳ႕ျပေခတ္ေပၚ ေျပာက္က်ားစစ္ေတြရွိခဲ့ၿပီး တရားမွ်တမႈ မရွိ၊ အရည္အခ်င္းကင္းမဲ့တဲ့ အစိုးရေတြကို အထီးက်န္ျဖစ္ေစဖို႔ ရည္႐ြယ္ေပမယ့္ ေအာင္ျမင္ထေျမာက္မႈ နည္းလွပါတယ္။ နည္းပညာပိုင္းအရလည္း ထိေရာက္မႈ မရွိခဲ့ပါဘူး။ သူပုန္ထဖို႔အထိ မျဖစ္ႏိုင္ေသးခင္ မေက်မနပ္ျဖစ္ေနတဲ့ေက်းလက္ပိုင္းရဲ႕ လႈပ္ရွားမႈတစ္ခုအသြင္ရွိေနခဲ့ၿပီး က်ယ္ျပန႔္တဲ့ သာမန္လူထုတစ္ရပ္လုံး အေနနဲ႔ ေတာ္လွန္ေရးတိုက္ပြဲမွာ ပါဝင္လာဖို႔ လႈံေဆာ္ေပး႐ုံျဖစ္ေနခဲ့ပါတယ္။

“ခင္ဗ်ားတို႔ က်ဳပ္တို႔ကို အႏိုင္ရေကာင္း ရရွိပါလိမ့္မယ္၊ မာရဝီကိုေတာ့ အေကာင္းအတိုင္း ျပန္မရေစရဘူး"လို႔ ႀကဳံးဝါးခဲ့သူဟာ ဖိလစ္ပိုင္အဘူေဆယက္ အစြန္းေရာက္ အၾကမ္းဖက္ေခါင္းေဆာင္ စီနီလြန္ဟက္ပီလြန္ ျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္ ေမလ ၂၃ ရက္ ဖိလစ္ပိုင္ မင္ဒါနာအိုကြၽန္းအေနာက္ပိုင္း မာရဝီၿမိဳ႕ကို ဝင္ေရာက္စီးနင္းခဲ့တဲ့ ေမာတီသူပုန္နဲ႔ အဘူေဆယက္တို႔ဟာ အိုင္အက္စ္ ေခၚ အစၥလာမ္ဘာသာေရးအစြန္းေရာက္မ်ားနဲ႔ ဆက္ႏြယ္ေနတဲ့ စစ္ေသြးႂကြမ်ား ျဖစ္ပါတယ္။

မာရဝီ ၿမိဳ႕ေစာင့္တပ္ကို တိုက္ခိုက္ေနစဥ္ ၿမိဳ႕ေတာ္ခန္းမ၊ ျပည္နယ္တကၠသိုလ္၊ ေဆး႐ုံ အက်ဥ္းေထာင္မ်ား အပါအဝင္ ၿမိဳ႕တြင္းအေရးႀကီးအေဆာက္အအုံအေတာ္မ်ားမ်ားကို လွ်ပ္တျပက္ ဝင္ေရာက္သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။ ၿမိဳ႕ႀကီးရဲ႕ ပင္မလမ္းကို ျဖတ္ေတာက္ပစ္လိုက္ၿပီး ခရစ္ယာန္ဘုရားေက်ာင္းမ်ား၊ ခရစ္ယာန္သာသနာျပဳေက်ာင္းမ်ားကို မီးတင္ရႈိ႕ခဲ့ၿပီး ခရစ္ ယာန္ဘုန္းေတာ္ႀကီး တစ္ပါးနဲ႔ ဝတ္ျပဳသူမ်ားကို ဓါးစာခံအျဖစ္ ဖမ္းဆီးခဲ့ပါတယ္။ ၿမိဳ႕ကို အထက္စီးျမင္ရေလာက္တဲ့ အထပ္ျမင့္အေဆာက္အအုံမ်ား၊ ဗုံး-ဒုံးက်ည္ဒဏ္မွ အကာ အကြယ္ရႏိုင္တဲ့ေနရာမ်ားမွာ ခပ္ႀကဲႀကဲတပ္ျဖန႔္ထားခဲ့ပါတယ္။ အခ်ဳပ္ခန္းနဲ႔ အက်ဥ္း ေထာင္မ်ားကို ဖြင့္လႊတ္လိုက္ၿပီး အတင္းအက်ပ္လူစုျခင္းအားျဖင့္ သူတို႔ရဲ႕ အင္အားဟာ ၁၀၀၀ ခန႔္ျဖစ္သြားပါတယ္။

အစိုးရနဲ႔ စစ္တပ္တို႔ရဲ႕ အစဥ္အလာအတိုင္း စစ္အုပ္ခ်ဳပ္ေရးေၾကညာၿပီး ၅ လၾကာ ဖိလစ္ပိုင္ၾကည္းတပ္မေတာ္ရဲ႕ မာရဝီျပန္လည္သိမ္းပိုက္ေရးစစ္ဆင္မႈမွာ အင္အား ၃၀၀၀ ပါဝင္ပါတယ္။ ေလတပ္၊ ေရတပ္တို႔ သာမက အေမရိကန္၊ ၿဗိတိန္၊ တ႐ုတ္၊ အစၥေရးတို႔ရဲ႕ စစ္အႀကံေပးမ်ား၊ လက္နက္ကိရိယာ အကူအညီမ်ားကို ရယူခဲ့ရပါတယ္။ မြတ္စလင္စစ္ေသြးႂကြ ၉၇၈ ေယာက္ေသဆုံးၿပီး ၁၂ ဦးကိုသာလွ်င္ ျဖစ္စဥ္ စစ္ေၾကာရန္ သုံ႔ပန္းအျဖစ္ ဖမ္းဆီးခဲ့ပါတယ္။

ဖိလစ္ပိုင္ အစိုးရတပ္သား ၁၆၉- ေယာက္က်ဆုံးေပမယ့္ အရပ္သား ၈၇ ေယာက္ေသဆုံးၿပီးလူေပါင္း ၁ ဒသမ ၁ သန္းေက်ာ္ စစ္ဒဏ္သင့္ခဲ့ပါတယ္။ မာရဝီၿမိဳ႕ႀကီးတစ္ခုလုံး ျပားျပားဝပ္သြားၿပီး ၿမိဳ႕ေန လူဦးေရ ၂ သိန္းေက်ာ္တို႔ဟာ ႏွစ္ကာလအေတာ္ၾကာတဲ့တိုင္ေအာင္ အလုပ္ အကိုင္မ်ားပ်က္ယြင္းၿပီး မိမိတို႔အိုးအိမ္မ်ားကို ျပန္လည္တည္ေဆာက္ႏိုင္ျခင္း မရွိေတာ့ပါဘူး။ အဲဒီမွာ ေမာေတစစ္ေသြးႂကြတို႔ကို ကယ္တင္ရွင္အျဖစ္ အထင္ႀကီးမိသူတို႔အတြက္ ဆုလာဘ္ျဖစ္သြားပါတယ္။

စစ္တိုက္တယ္ဆိုတာ ႏိုင္ငံတကာသံခင္းတမန္ခင္းနဲ႔ စစ္ဥပေဒသမ်ားက အစဥ္တစိုက္ လက္ခံထားတဲ့ စည္းမ်ဥ္းမ်ားနဲ႔ လုပ္ထုံးလုပ္နည္းေဘာင္မ်ားအတြင္း အၾကမ္းပတမ္းျပဳမူျခင္းပဲျဖစ္ပါတယ္။ အၾကမ္းဖက္ျခင္းကေတာ့ အရပ္သားမ်ားအေပၚ ပစ္မွတ္ထားျခင္းနဲ႔ လူသိထင္ရွားျဖစ္ေအာင္ ရည္႐ြယ္ေလ့ရွိပါတယ္။ ဥပမာ သတင္းေထာက္ႏွင့္ လူအမ်ားအာ႐ုံ စိုက္ဖြယ္ရွိသူမ်ားကို ဓါးစာခံဖမ္းဆီးျခင္း၊ တစ္ဖက္မွာလည္း စစ္တိုက္တယ္ဆိုတာ ရန္သူရဲ႕ အုပ္ခ်ဳပ္စုဖြဲ႕အင္အားစု႐ုံးမႈနဲ႔ အေျခခံအေဆာက္အအုံမ်ားကို ခ်ိနဲ႔သြားေအာင္ ျပဳလုပ္ျခင္းျဖစ္ပါတယ္။ ၿမိဳ႕ျပေျပာက္က်ားစစ္နည္းဗ်ဴဟာမွာ ရန္သူကိုအမွည့္ေႁခြေခြၽျခင္းျဖင့္ စစ္ျမႇဴၿပီး သူ႔ရဲ႕အေျခခံအေဆာက္အအုံမ်ားကို သူကိုယ္တိုင္ဖ်က္ဆီးမိရေလေအာင္ ဖန္တီးျခင္းျဖစ္ပါတယ္။

ေျပာက္က်ားျဖစ္ေစ၊ ေခတ္ေပၚၿမိဳ႕ျပေျပာက္က်ားစစ္ျဖစ္ေစ တန္ျပန္ေျပာက္က်ားစစ္ဆင္ေရး နည္းပညာမ်ားကို အသုံးျပဳၿပီး စစ္ေရးအရ အေကာင္းဆုံးအႏိုင္ယူႏိုင္ပါတယ္။ အဓိကအားျဖင့္ စိတ္ပိုင္းဆိုင္ရာထိုးႏွက္မႈမ်ား၊ မီဒီယာမ်ားအပါအဝင္ ဉာဏ္ရည္ပိုင္းဆိုင္ရာပိုင္ဆိုင္မႈမ်ားကို ထိထိေရာက္ေရာက္အသုံးခ်ျခင္းျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ လတ္တေလာျဖစ္ရပ္မွာေတာ့
(၁) မဲမသမာမႈျပဳလုပ္ျခင္း
(၂) ေ႐ြးေကာက္ပြဲ မသမာေၾကာင္း စြပ္စြဲခ်က္မ်ားကို ယတိျပတ္ျငင္းဆိုျခင္းျခင္း အျမင့္ဆုံး ထိပ္တိုက္ေတြ႕ရန္ ဖန္တီးျခင္း
(၃) မီဒီယာသမား အမည္ခံ ႀကိဳတင္ေမြးျမဴထားသူမ်ားက ျပည္ပသို႔ထြက္ေျပးၿပီး သတင္းတု သတင္းမွားမ်ား ဆက္လက္ထုတ္လႊင့္ျခင္း
(၄) အုပ္ခ်ဳပ္ေရး ျပန႔္က်ဲတဲ့ ေဒသမ်ားမွာ မီဒီယာသမားနာမည္ခံတို႔က လူထုအတြင္း ဝင္ေရာက္ေမႊေႏွာက္ အကြက္ဆင္ျခင္းျဖင့္ ပဋိပကၡကို လူသိမ်ားေအာင္ အရွိန္ျမင့္တင္ျခင္း
(၅) အဲဒီမွတဆင့္ ၿမိဳ႕သိမ္းအျဖစ္ ၿမိဳ႕မ်ားအတြင္း ဝင္ေရာက္စီးနင္းျခင္း စသည္တို႔ကို တစ္ဆင့္ျခင္း စနစ္တက်အေကာင္အထည္ေဖာ္ခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္။

လူဆိုတာ ေမ်ာက္မ်ားလို အအုပ္အသင္းနဲ႔ ေနထိုင္မွ အသက္ရွင္တဲ့ သတၱဝါမ်ားျဖစ္ပါတယ္။ နီးစပ္ရာ တူရာ တူရာ လူမ်ားအခ်င္းခ်င္း အိုးအိမ္ထူေထာင္ စုေပါင္းေနထိုင္ၾကၿပီး ဝန္ေဆာင္ျခင္း၊ ေရာင္းဝယ္ေဖာက္ကားျခင္းမ်ားနဲ႔ အသက္ေမြးၾကရပါတယ္။

ၿမိဳ႕တစ္ၿမိဳ႕ ေက်း႐ြာတစ္႐ြာကို သိမ္းယူတယ္ဆိုတာ ဘယ္ေလာက္ၾကာၾကာ ဆက္လက္ထိန္းသိမ္းထားႏိုင္လဲ ဆိုတဲ့အေပၚမွာသာ မူတည္ပါတယ္။ ဒီေန႔သိမ္းယူၿပီး ဘာမွ မၾကာခင္ ျပန္လက္လြတ္သြားႏိုင္တဲ့ ၿမိဳ႕ျပေျပာက္က်ားစစ္ဟာ ရန္သူအျဖစ္ သတ္မွတ္ထားသူတို႔ရဲ႕ စီးပြားေရး လူမႈေရး အေျခခံအေဆာက္အအုံေတြကို အလုံးစုံပ်က္စီးေစျခင္း Uttermost Devastation ရည္႐ြယ္ခ်က္ထက္ မပိုႏိုင္ဘူးလို႔ ေျပာရမွာျဖစ္ပါတယ္။

အစဥ္ေလးစားစြာျဖင့္
HtayOung

Related news

© 2021. All rights reserved.