မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားနေသောနေရာများမှ ထွက်ခွာသွားနိုင်ရန်အတွက် နိုင်ငံခြားသားများကို ကူညီပေးနေကြောင်း တရုတ်အစိုးရပြော

2113

Pika (NP News) - နိုဝင်ဘာ ၂၁
မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားနေသော နေရာများမှ ထွက်ခွာသွားနိုင်ရန်အတွက် နိုင်ငံခြားသားများကို ကူညီပေးနေ ကြောင်း တရုတ်အစိုးရက ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဖြစ်ပွားနေသောနေရာများမှ ရွှေ့ပြောင်းနေထိုင်ကြရန် ၎င်း၏ နိုင်ငံသားများ ကို ညွှန်ကြားထားကြောင်း တရုတ်အစိုးရက ဆိုထားသည်။ တရုတ်နိုင်ငံသည် အခြားနိုင်ငံများကို ၎င်းတို့၏ ပြည်သူများအား မြန်မာနိုင်ငံအတွင်းမှ ကယ်ထုတ်နိုင်ရန်အတွက် ကူညီပေးနေကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာအိုနင်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
မာအိုနင်က "မကြာသေးမီက အချို့နိုင်ငံတွေဟာ အကူအညီပေးဖို့အတွက် တရုတ်နိုင်ငံကို အကူအညီလာတောင်းခဲ့ ကြပါတယ်။ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိနေတဲ့ သူတို့ရဲ့နိုင်ငံသားတွေကို တရုတ်နိုင်ငံကနေတစ်ဆင့် ရွှေ့ပြောင်းကယ်ထုတ်ဖို့ အဆင်ပြေအောင် ကျွန်မတို့ လုပ်ဆောင်ပေးထားပါတယ်" ဟု ပြောခဲ့သည်။
ထိုင်းနိုင်ငံသား(၂၆၆)ဦး၊ ဖိလစ်ပိုင်နိုင်ငံသား(၆)ဦး နှင့် စင်ကာပူနိုင်ငံသားတို့ကို မြန်မာနိုင်ငံမြောက်ပိုင်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ဘေးကင်းစွာရွှေ့ပြောင်းနိုင်ခဲ့ကြောင်း ထိုင်းအစိုးရက ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့သည် တရုတ်နိုင်ငံသို့ ဘေးကင်းစွာကယ်ထုတ်နိုင်ခဲ့ပြီး ထိုမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း ထိုင်းအစိုးရက ပြောထားသည်။
ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထိုင်းအာဏာပိုင်များနှင့် မြန်မာစစ်တပ်အကြား ညှိနှိုင်းဆောင်ရွက်ကာ ထိုင်းနိုင်ငံသား(၄၁)ဦးကို ထိုင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ျမန္မာႏိုင္ငံရွိ ပဋိပကၡျဖစ္ပြားေနေသာေနရာမ်ားမွ ထြက္ခြာသြားႏိုင္ရန္အတြက္ ႏိုင္ငံျခားသားမ်ားကို ကူညီေပးေနေၾကာင္း တ႐ုတ္အစိုးရေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂၁
ျမန္မာႏိုင္ငံရွိ ပဋိပကၡျဖစ္ပြားေနေသာ ေနရာမ်ားမွ ထြက္ခြာသြားႏိုင္ရန္အတြက္ ႏိုင္ငံျခားသားမ်ားကို ကူညီေပးေန ေၾကာင္း တ႐ုတ္အစိုးရက ေျပာၾကားခဲ့သည္။
ထို႔အျပင္ ျမန္မာႏိုင္ငံအတြင္းရွိ ပဋိပကၡျဖစ္ပြားေနေသာေနရာမ်ားမွ ေ႐ႊ႕ေျပာင္းေနထိုင္ၾကရန္ ၎၏ ႏိုင္ငံသားမ်ား ကို ၫႊန္ၾကားထားေၾကာင္း တ႐ုတ္အစိုးရက ဆိုထားသည္။ တ႐ုတ္ႏိုင္ငံသည္ အျခားႏိုင္ငံမ်ားကို ၎တို႔၏ ျပည္သူမ်ားအား ျမန္မာႏိုင္ငံအတြင္းမွ ကယ္ထုတ္ႏိုင္ရန္အတြက္ ကူညီေပးေနေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ မာအိုနင္က သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ ေျပာၾကားခဲ့သည္။
မာအိုနင္က "မၾကာေသးမီက အခ်ိဳ႕ႏိုင္ငံေတြဟာ အကူအညီေပးဖို႔အတြက္ တ႐ုတ္ႏိုင္ငံကို အကူအညီလာေတာင္းခဲ့ ၾကပါတယ္။ လူသားခ်င္းစာနာေထာက္ထားတဲ့အေနနဲ႔ ျမန္မာႏိုင္ငံေျမာက္ပိုင္းမွာရွိေနတဲ့ သူတို႔ရဲ႕ႏိုင္ငံသားေတြကို တ႐ုတ္ႏိုင္ငံကေနတစ္ဆင့္ ေ႐ႊ႕ေျပာင္းကယ္ထုတ္ဖို႔ အဆင္ေျပေအာင္ ကြၽန္မတို႔ လုပ္ေဆာင္ေပးထားပါတယ္" ဟု ေျပာခဲ့သည္။
ထိုင္းႏိုင္ငံသား(၂၆၆)ဦး၊ ဖိလစ္ပိုင္ႏိုင္ငံသား(၆)ဦး ႏွင့္ စင္ကာပူႏိုင္ငံသားတို႔ကို ျမန္မာႏိုင္ငံေျမာက္ပိုင္းမွ တစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔ ေဘးကင္းစြာေ႐ႊ႕ေျပာင္းႏိုင္ခဲ့ေၾကာင္း ထိုင္းအစိုးရက ေျပာၾကားခဲ့သည္။ အဆိုပါအဖြဲ႕သည္ တ႐ုတ္ႏိုင္ငံသို႔ ေဘးကင္းစြာကယ္ထုတ္ႏိုင္ခဲ့ၿပီး ထိုမွတစ္ဆင့္ ထိုင္းႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာၿပီျဖစ္ေၾကာင္း ထိုင္းအစိုးရက ေျပာထားသည္။
ထို႔အျပင္ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ထိုင္းအာဏာပိုင္မ်ားႏွင့္ ျမန္မာစစ္တပ္အၾကား ညႇိႏႈိင္းေဆာင္႐ြက္ကာ ထိုင္းႏိုင္ငံသား(၄၁)ဦးကို ထိုင္းႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ခဲ့ေၾကာင္းလည္း သိရသည္။