တိုကျိုရှိ မြန်မာသံရုံးသို့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုတွင် စာရွက်စာတမ်းမပြည့်စုံသူ နှင့် အဆက်အသွယ်မရသူ(၄ဝဝ) နီးပါးရှိ

 1140

ကျော် (NP News) - နိုဝင်ဘာ ၂၅

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားရာ၌ စာရွက်စာတမ်းမပြည့်စုံသူနှင့် အဆက်အသွယ်မရသူ (၄ဝဝ) နီးပါးရှိကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကအသိပေးခဲ့သည်။

မြန်မာသံရုံး၊ တိုကျိုမြို့မှ နိုင်ငံကူးလက်မှတ်သက်တမ်းတမ်းတိုးလျှောက်ထားရာတွင် အောက်တိုဘာလ ၂၀ ရက်အထိ အချက်အလက်မပြည့်စုံသူများ၊ အဆက်အသွယ်မရသူများ၏ အမည်စာရင်းနှင့်လိုအပ်သည့် စာရွက်စာတမ်းများနှင့်ပတ်သက်၍ ယမန်နေ့ (နိုဝင်ဘာလ ၂၄ ရက်)က အသိပေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားသူများသည် မြန်မာသံရုံး၊ တိုကျိုမြို့သို့ စာတိုက်မှ တစ်ဆင့်ပေးပို့လျှောက်ထားကြောင်း သိရသည်။

ထိုသို့ ပေးပို့ရာ၌ အချက်အလက်မပြည့်စုံသူများအား သံရုံးမှတစ်ဦးချင်းအလိုက် ဆက်သွယ်အကြောင်း ကြားပေးလျက်ရှိသော်လည်း အဆက်အသွယ်မရသူများလည်းရှိနေကြောင်း သိရသည်။

အဆက်အသွယ်မရရှိသူများကြောင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိ၍ ကြန့်ကြာလျက်ရှိသည်ဟုလည်း မြန်မာသံရုံး၊ တိုကျိုမြို့က အသိပေးထားသည်။

ထို့ကြောင့် ကြန့်ကြာနေသည့် နိုင်ငံကူးလက်မှတ် လျှောက်ထားသူ(၃၈၄)ဦး၏ စာရင်းနှင့်လိုအပ်သည့် စာရွက်စာတမ်းများကို မြန်မာသံရုံး၊ တိုကျိုမြို့၏ website ဖြစ်သည့် http://www. myanmar-embassy-tokyo.net/2023/passport/5/5.htm တွင် အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။

ထို့ပြင် စာရွက်စာတမ်း၊ အထောက်အထားများ ပေးပို့ရာ၌ လျှောက်ထားသူ၏ အမည်၊ မွေးသက္ကရာဇ်၊ နိုင်ငံကူးလက်မှတ်အမှတ်၊ သံရုံးသို့ စာရွက်စာတမ်းများစတင်ပေးပို့ခဲ့သည့် နေ့ရက်တို့ကို ဖော်ပြရမည် ဖြစ်ကြောင်း အသိပေးထားသည်။

zawgyi version
တိုက်ိဳရွိ ျမန္မာသံ႐ုံးသို႔ ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးေလွ်ာက္ထားမႈတြင္ စာ႐ြက္စာတမ္းမျပည့္စုံသူႏွင့္ အဆက္အသြယ္မရသူ(၄ဝဝ) နီးပါးရွိ

ေက်ာ္ (NP News) - ႏိုဝင္ဘာ ၂၅

ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးေလွ်ာက္ထားရာ၌ စာ႐ြက္စာတမ္းမျပည့္စုံသူႏွင့္ အဆက္အသြယ္မရသူ (၄ဝဝ) နီးပါးရွိေၾကာင္း ဂ်ပန္ႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးကအသိေပးခဲ့သည္။

ျမန္မာသံ႐ုံး၊ တိုက်ိဳၿမိဳ႕မွ ႏိုင္ငံကူးလက္မွတ္သက္တမ္းတမ္းတိုးေလွ်ာက္ထားရာတြင္ ေအာက္တိုဘာလ ၂၀ ရက္အထိ အခ်က္အလက္မျပည့္စုံသူမ်ား၊ အဆက္အသြယ္မရသူမ်ား၏ အမည္စာရင္းႏွင့္လိုအပ္သည့္ စာ႐ြက္စာတမ္းမ်ားႏွင့္ပတ္သက္၍ ယမန္ေန႔ (ႏိုဝင္ဘာလ ၂၄ ရက္)က အသိေပးခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးေလွ်ာက္ထားသူမ်ားသည္ ျမန္မာသံ႐ုံး၊ တိုက်ိဳၿမိဳ႕သို႔ စာတိုက္မွ တစ္ဆင့္ေပးပို႔ေလွ်ာက္ထားေၾကာင္း သိရသည္။

ထိုသို႔ ေပးပို႔ရာ၌ အခ်က္အလက္မျပည့္စုံသူမ်ားအား သံ႐ုံးမွတစ္ဦးခ်င္းအလိုက္ ဆက္သြယ္အေၾကာင္း ၾကားေပးလ်က္ရွိေသာ္လည္း အဆက္အသြယ္မရသူမ်ားလည္းရွိေနေၾကာင္း သိရသည္။

အဆက္အသြယ္မရရွိသူမ်ားေၾကာင့္ ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ျခင္းမရွိ၍ ၾကန႔္ၾကာလ်က္ရွိသည္ဟုလည္း ျမန္မာသံ႐ုံး၊ တိုက်ိဳၿမိဳ႕က အသိေပးထားသည္။

ထို႔ေၾကာင့္ ၾကန႔္ၾကာေနသည့္ ႏိုင္ငံကူးလက္မွတ္ ေလွ်ာက္ထားသူ(၃၈၄)ဦး၏ စာရင္းႏွင့္လိုအပ္သည့္ စာ႐ြက္စာတမ္းမ်ားကို ျမန္မာသံ႐ုံး၊ တိုက်ိဳၿမိဳ႕၏ website ျဖစ္သည့္ http://www. myanmar-embassy-tokyo.net/2023/passport/5/5.htm တြင္ အသိေပးထုတ္ျပန္ထားေၾကာင္း သိရသည္။

ထို႔ျပင္ စာ႐ြက္စာတမ္း၊ အေထာက္အထားမ်ား ေပးပို႔ရာ၌ ေလွ်ာက္ထားသူ၏ အမည္၊ ေမြးသကၠရာဇ္၊ ႏိုင္ငံကူးလက္မွတ္အမွတ္၊ သံ႐ုံးသို႔ စာ႐ြက္စာတမ္းမ်ားစတင္ေပးပို႔ခဲ့သည့္ ေန႔ရက္တို႔ကို ေဖာ္ျပရမည္ ျဖစ္ေၾကာင္း အသိေပးထားသည္။

Related news

© 2021. All rights reserved.