မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့

2032
မြူနစ် (NP News) - နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်၊ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အရပ်သားနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

တအာင်းလက်နက်ကိုင် TNLA ပူးပေါင်းအဖွဲ့သည် ယမန်နေ့(နိုဝင်ဘာလ ၂၆ ရက်)၊ နေ့လည်ပိုင်းမှစ၍ မူဆယ် (၁၀၅)မိုင်ရှိ တပ်မတော်စခန်းကုန်းကို ဒရုန်းများအသုံးပြုကာ Drop ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“မူဆယ် (၁၀၅)မိုင်ကုန်းကို Drop ဗုံးလာချတာပေါ့။ အဲဒါကို မြို့ထဲဘက်မှာ အခြေချတဲ့တပ်တွေက Drop ဗုံးချဖို့ စုဖွဲ့တဲ့ နေရာတွေကို လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ပေးတာပေါ့။ နေ့လည်ပိုင်းကစပြီးတော့ ညပိုင်းအထိဖြစ်တာ။ ပြောရရင်တော့ ဆက်တိုက်ပဲ။ ခဏနားလိုက် ပြန်ဖြစ်လိုက်နဲ့ပေါ့ တိုက်ပွဲက တစ်ညလုံးလိုပဲ”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သော မူဆယ်မြို့ခံတစ်ဦးက NP News ကို ပြောသည်။
အဆိုပါတိုက်ပွဲများကြောင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် နှင့် အနီးတစ်ဝိုက် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုရှိခဲ့သည့်အတွက် လူနေအိမ်နှင့် အဆောက်အဦးအချို့၊ ကုန်ကားအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး အရပ်သားတစ်ဦးသည်လည်း ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
“ကုန်သွယ်ရေးဇုန်နားမှာ လေးလုံးကျတယ်။ ကုန်သွယ်ရေးဇုန်နဲ့ လမ်းဟိုဘက်ဒီဘက်ပဲခြားတဲ့ ကမ္ဘောဇဘဏ်ရှေ့မှာလည်း ကျတယ်။ ကျတဲ့ အိမ်မှာက ကားသမားတစ်ယောက်ငှားနေတယ်။ သူကတော့ အသက်ဆုံးရှုံးသွားတာပေါ့။ ပျက်စီးမှုကတော့ ကားတွေလည်း တစ်ချို့တစ်ဝက်ထိခိုက်ပျက်စီးတာရှိတယ်။ လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ ဟိုဘက်မှာတော့ ဘယ်လိုတွေ ဆုံးရှုံးသွားလဲ မသိရပါဘူး” ဟု ကုန်သွယ် ရေးဇုန်အနီးရှိ ဒေသခံတစ်ဦးက NP News ကို ပြောသည်။
နှစ်ဖက်ကြားတိုက်ပွဲများသည် မူဆယ်မြို့အတွင်းသို့ ကူးစက်လာမည်ကို မြို့ခံများအနေဖြင့် စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ မြန်မာ-တရုတ်နယ်စပ်၊ ကျင်စန်းကျော့ဂိတ်အနီးရှိ ကားဝင်းသို့ TNLA ပူးပေါင်းအဖွဲ့က ပစ်ခတ်သော Drop ဗုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် လူသုံးကုန်နှင့် ဆေးဝါးများတင်ဆောင်ထားသည့် ကုန်ကားအစီးရေ (၁၂၀)ခန့် မီးလောက်ပျက်စီးခဲ့သည်။

zawgyi version
မူဆယ္ (၁၀၅)မိုင္ ကုန္သြယ္ေရးဇုန္အနီး တိုက္ပြဲျဖစ္ပြားခဲ့ၿပီး အရပ္သားႏွင့္ အေဆာက္အဦးအခ်ိဳ႕ ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၂၇
ရွမ္းျပည္နယ္၊ မူဆယ္ (၁၀၅)မိုင္ ကုန္သြယ္ေရးဇုန္အနီးတြင္ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး အရပ္သားႏွင့္ အေဆာက္အဦးအခ်ိဳ႕ ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။
တအာင္းလက္နက္ကိုင္ TNLA ပူးေပါင္းအဖြဲ႕သည္ ယမန္ေန႔(ႏိုဝင္ဘာလ ၂၆ ရက္)၊ ေန႔လည္ပိုင္းမွစ၍ မူဆယ္ (၁၀၅)မိုင္ရွိ တပ္မေတာ္စခန္းကုန္းကို ဒ႐ုန္းမ်ားအသုံးျပဳကာ Drop ဗုံးမ်ားျဖင့္ တိုက္ခိုက္ခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
“မူဆယ္ (၁၀၅)မိုင္ကုန္းကို Drop ဗုံးလာခ်တာေပါ့။ အဲဒါကို ၿမိဳ႕ထဲဘက္မွာ အေျခခ်တဲ့တပ္ေတြက Drop ဗုံးခ်ဖို႔ စုဖြဲ႕တဲ့ ေနရာေတြကို လက္နက္ႀကီးေတြ၊ ေလယာဥ္ေတြနဲ႔ ပစ္ေပးတာေပါ့။ ေန႔လည္ပိုင္းကစၿပီးေတာ့ ညပိုင္းအထိျဖစ္တာ။ ေျပာရရင္ေတာ့ ဆက္တိုက္ပဲ။ ခဏနားလိုက္ ျပန္ျဖစ္လိုက္နဲ႔ေပါ့ တိုက္ပြဲက တစ္ညလုံးလိုပဲ”ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္ေသာ မူဆယ္ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါတိုက္ပြဲမ်ားေၾကာင့္ မူဆယ္(၁၀၅)မိုင္ကုန္သြယ္ေရးဇုန္ ႏွင့္ အနီးတစ္ဝိုက္ လက္နက္ႀကီးမ်ား က်ေရာက္ေပါက္ကြဲမႈရွိခဲ့သည့္အတြက္ လူေနအိမ္ႏွင့္ အေဆာက္အဦးအခ်ိဳ႕၊ ကုန္ကားအခ်ိဳ႕ ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ၿပီး အရပ္သားတစ္ဦးသည္လည္း ထိခိုက္ဒဏ္ရာရရွိကာ ေသဆုံးခဲ့ေၾကာင္း သိရသည္။
“ကုန္သြယ္ေရးဇုန္နားမွာ ေလးလုံးက်တယ္။ ကုန္သြယ္ေရးဇုန္နဲ႔ လမ္းဟိုဘက္ဒီဘက္ပဲျခားတဲ့ ကေမာၻဇဘဏ္ေရွ႕မွာလည္း က်တယ္။ က်တဲ့ အိမ္မွာက ကားသမားတစ္ေယာက္ငွားေနတယ္။ သူကေတာ့ အသက္ဆုံးရႈံးသြားတာေပါ့။ ပ်က္စီးမႈကေတာ့ ကားေတြလည္း တစ္ခ်ိဳ႕တစ္ဝက္ထိခိုက္ပ်က္စီးတာရွိတယ္။ ေလယာဥ္နဲ႔ဗုံးႀကဲခံရတဲ့ ဟိုဘက္မွာေတာ့ ဘယ္လိုေတြ ဆုံးရႈံးသြားလဲ မသိရပါဘူး” ဟု ကုန္သြယ္ ေရးဇုန္အနီးရွိ ေဒသခံတစ္ဦးက NP News ကို ေျပာသည္။
ႏွစ္ဖက္ၾကားတိုက္ပြဲမ်ားသည္ မူဆယ္ၿမိဳ႕အတြင္းသို႔ ကူးစက္လာမည္ကို ၿမိဳ႕ခံမ်ားအေနျဖင့္ စိုးရိမ္ပူပန္လ်က္ရွိေၾကာင္း သိရသည္။
ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္း၌ ျမန္မာ-တ႐ုတ္နယ္စပ္၊ က်င္စန္းေက်ာ့ဂိတ္အနီးရွိ ကားဝင္းသို႔ TNLA ပူးေပါင္းအဖြဲ႕က ပစ္ခတ္ေသာ Drop ဗုံးမ်ား က်ေရာက္ေပါက္ကြဲမႈေၾကာင့္ လူသုံးကုန္ႏွင့္ ေဆးဝါးမ်ားတင္ေဆာင္ထားသည့္ ကုန္ကားအစီးေရ (၁၂၀)ခန႔္ မီးေလာက္ပ်က္စီးခဲ့သည္။