ရှမ်းမြောက်တိုက်ပွဲများ၏ နောက်ကွယ် နှပ်ကြောင်းပေး လက်မည်းကြီးများ

 7918

Htay Oung (NP News) - နိုဝင်ဘာ ၂၉

လက်ရှိဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ စစ်ပွဲများနဲ့ပတ်သက်ပြီး “#တရုတ်နှင့်ထိစပ်နေ သော_နယ်စပ်ဒေသများကို ထိန်းချုပ်ရန် #မြန်မာနစက_အစိုးရရ လမ်းပျောက်နေ” ခေါင်းစဉ်နဲ့ “ #Institute_of_Peace_and_the_Asia_Society (#USIP) (ခေါ်) အမေရိကန်ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ အာရှ လူ့အဖွဲ့အစည်းရေးဆိုင်ရာအင်စတီကျု့က ၈ ရက်၊ နို၀င်ဘာ ၂ဝ၂၃ ခုနှစ် ရက်စွဲပါ စာတမ်းတစ်စောင်ကို ဖော်ပြခဲ့ပါ တယ်။

စာလုံးရေ ၂၂ဝဝ ကျော်ရှိတဲ့စာတမ်းတစ်ခုလုံးကို အတိုချုံးရလျှင် မြန်မာစစ်တပ် ကျောထောက်နောက်ခံပြု နယ်ခြားစောင့်တပ်များက ကမကထပြုတဲ့ ရာဇဝတ်မှုဆိုင်ရာလှုပ်ရှားမှုများကို နှောင့်ယှက်ဖို့အတွက် ခုခံရေးတပ်ဖွဲ့ များရဲ့ပူးပေါင်းတိုက်ခိုက်ခြင်းကြောင့် မြန်မာ့တပ်မတော်အနေနဲ့ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်ခြားတစ်လျှောက် အရေးပါတဲ့နယ်မြေများကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ လမ်းပျောက်နေကြောင်း၊ ၁ဝ၂၇ စစ်ဆင်ရေးလို့ အမည်ပေးထား တဲ့ အဲဒီလှုပ်ရှားမှုဟာ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် ရာဇဝတ်မကင်းတဲ့လုပ်ငန်းများကို တားဆီးဖို့ ကြိုးစားနေတဲ့ တရုတ်အစိုးရဲ့အားထုတ်မှုများနဲ့လည်း ဆီလျော်ကိုက်ညီနေကြောင်း၊ စစ်ဆင်ရေးရဲ့အောင်မြင်မှု အသီးအပွင့်တွေ ဟာ မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးအပေါ် ဆန့်ကျင်တိုက်ပွဲဝင်ခြင်းရဲ့အချိုးအကွေ့တစ်ခုဖြစ်ပြီး အာဏာသိမ်းမှု ဆန့်ကျင်ရေးခေါင်းဆောင်များ၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အိမ်နီးချင်းနိုင်ငံများအတွက် စိန်ခေါ်မှုအသစ်များကို ပေါ်ပေါက်လာစေကြောင်း၊ တရုတ်အစိုးရရဲ့အပြုအမူတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ဖွဲ့စည်းခြင်းအပေါ် သက်ရောက်မှုရှိပြီး အစိုးရဆန့်ကျင်ရေးတပ်များအပေါ် တရုတ်ရဲ့ပံ့ပို့ထောက်ခံမှုနဲ့ သြဇာလွှမ်းမိုးလေဟန် “အရွေ့” အဖြစ်နဲ့လည်း ပြသနေကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ကတော့ အဓိကလူမျိုးစုများရဲ့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်အပေါ် (အစိုးရက) အာမခံခြင်းအားဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းဖို့ ရည်ရွယ်ကြောင်း၊ (ယခုအပြောင်းအလဲဖြစ်လာတဲ့အတွက်) မြန်မာနိုင်ငံဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်သို့ အသွင် ကူးပြောင်းရေးဆိုင်ရာလမ်းညွှန်ရာမှာ ခုခံရေးဦးဆောင်မှုများနဲ့ ပိုမိုထိရောက်စွာ ထိတွေ့ဆက်ဆံဖို့ စိန်ခေါ်မှုကို ရင်ဆိုင်လာရကြောင်း၊ နယ်စပ်ဒေသတလျှောက် အွန်လိုင်းဂိမ်း လိမ်လည်မှုများကို တရုတ်ရဲ့နှိမ်နင်းခြင်းဟာ မြန်မာနိုင်ငံအတွင်း သူ့ရဲ့လုံခြုံရေး သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်နေခြင်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ အနာဂတ် စေ့စပ်ညှိနှိုင်းမှုများအပေါ် သက်ရောက်မှုများ ရှိနေကြောင်း၊ မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးလက်ဦးမှုနဲ့ ညွန့်ပေါင်းတည်ဆောက်ရေးတို့မှာ ဝါရှင်တန်အနေနဲ့ ပံ့ပိုးကူညီပေးဖို့ လိုအပ်ကြောင်း၊ လိမ်လည်လှည့်ဖြားတဲ့လုပ်ငန်းများကို နေရာရွှေ့ပြောင်းခြင်း၊ တရုတ်ရဲ့သြဇာလွှမ်းမိုးမှု အပါအဝင် ပြောင်းလဲ လာတဲ့အခြေအနေများနဲ့ပတ်သက်ပြီး စိုးရိမ်မှုများကို ဖြေရှင်းဖို့ အမေရိကန်အစိုးရကို တိုက်တွန်းလိုက်ပါကြောင်း ရေးသားထားပါတယ်။

ပြဿနာ (သို့မဟုတ်) အရေးကိစ္စတစ်ခုမှာ ကာယကံရှင်မဟုတ်တဲ့ကြားလူက ဝင်ရောက်သုံးသပ်-အကဲဖြတ်-ဆောင်ရွက်ပေးခြင်းဟာ ယနေ့ကမ္ဘာမှာ အလွန်တွင်ကျယ်ပါတယ်။ များသောဖြင့် အဲဒီလိုကြားဝင်ဆောင်ရွက် ပေးလေ့ရှိတာ NGO များ ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် ကုသမဂ္ဂပဋိညာဉ်စာတမ်း အပိုဒ် ၇၁ အရ အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်း Non-Governmental Organization (NGO) လို့ ဝေါဟာရ ရှိပေမယ့် ပုံသေ (သို့မဟုတ်) တရား၀င် အဓိပ္ပါယ်ဖွင့်ဆိုထားခြင်း မရှိပါဘူး။

နိုင်ငံတကာမှာ ဖြန့်ကြက်ထားတဲ့ NGO (ခေါ်) အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းပုံစံ ၅ မျိုး ရှိပါတယ်။ (၁)#အရပ်ဘက်_လူမှုဖွံဖြိုးရေးအဖွဲ့အစည်း၊ (၂) #စေတနာ့ဝန်ထမ်း ဆန္ဒအလျှောက်လုပ်အားပေးသူများရဲ့အဖွဲ့ အစည်း၊ (၃) #အရက်ဖြတ်သူများ_ကင်ဆာဝေဒနာရှင်များလို #ဘုံပြဿနာ_(သို့မဟုတ်) စိတ်ပါဝင်စားသူများဖြင့် ကိုယ်ထူကိုယ်ထ_ဖွဲ့စည်းထားတဲ့ NGO (၄) #ပုဂ္ဂလိက_စေတနာ့ဝန်ထမ်းအဖွဲ့များကို သက်ဆိုင်ရာ အစိုးရတို့က ဖွဲ့စည်းပေးထားပေမယ့် သီးခြားလွတ်လပ်ပြီး အကျိုးအမြတ်မယူ မူဝါဒအခြေခံ နာရေးကူညီမှုအသင်း၊ ပရဟိတလူနာသယ်ပို့ (၅) #နိုင်ငံ_သို့မဟုတ်_အခြားသူတို့ရဲ့ မူဝါဒများ ကျင့်ထုံးများမှာ အကျိုးသက်ရောက်မှုကို လေ့လာဆန်းစစ်နေပြီး တိုင်းပြည်ကိုယ်စားပြုခြင်း မရှိတဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ကြည့်သူများ၊ Amnesty International နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ မြစိမ်းရောင်_ငြိမ်းချမ်းရေး သဘာဝပတ်၀န်းကျင် ထိန်းသိမ်း သူများ စသည်ဖြင့် (၅) မျိုး တွေ့ရှိနိုင်ပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ ပရောဂျက် ချမှတ်ပြီး လုပ်ငန်းဆောင်ရွက်ခြင်းနဲ့ စေတနာ့၀န်ထမ်း ဗော်လံတီယာများလို့ NGO နှစ်မျိုးအဖြစ်သာ လက်ခံထားပါတယ်။ NGO အဖွဲ့အစည်းပေါင်း အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာ ခန့်မှန်း ဖို့တောင် အတော်ခက်ပါတယ်။ ၂ဝ၂၁ ခုနှစ် အမေရိကန်တစ်နိုင်ငံတည်းမှာပဲ အမှန်တကယ် လုပ်ငန်းလည်ပတ်နေ တဲ့ NGO ပေါင်း ၁.၅-သန်း ရှိနေပါတယ်။

အဲဒီအထဲမှာ USIP ပါဝင်ခြင်း မရှိပါဘူး၊ အမေရိကန်ကွန်ဂရက်လွှတ်တော်က ဥပဒေပြဌာန်းပြီး ဖွဲ့စည်းထားတဲ့ #အဲဒီအင်စတီကျု့ဟာ #USAID လို #အမေရိကန်အစိုးရနဲ့ဆက်နွယ်နေပြီး_သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးနဲ့ အာရှလူမှုရေးရာကိစ္စကို ဗန်းပြပြီး အမေရိကန်အစိုးရအနေနဲ့ ကိုလိုနီ လက်သစ် နယ်မြေထူထောင်ဖို့ အကြံဉာဏ်ပေးနေတဲ့ Think Tank အဖွဲ့အစည်းသာလျှင် ဖြစ်ပါတယ်။ ကွန်ဂရက် လွှတ်တော် မှ ဥက္ကဋ္ဌ ၃ ဦး၊ သမ္မတက ခန့်အပ်ပြီး ကွန်ဂရက်က အတည်ပြုရတဲ့ အခြားအဖွဲ့ဝင် ၁၂ ဦး ပါဝင်ပြီး ရုံး၀န်ထမ်း ၃ဝဝ ခန့် နဲ့ လုပ်ငန်းလည်ပတ်နေပါတယ်။

အရှေ့အနောက်စစ်အေးတိုက်ပွဲ ပြင်းထန်နေချိန် ၁၉၈၄ ခုနှစ် သမ္မတရော်နယ်ရီဂင်လက်ထက် ဒုတိယကမ္ဘာစစ် စစ်မှုထမ်းဟောင်းများ၊ သံတမန်ဟောင်းများနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ USIP ဟာ စစ်ရေးဆိုင်ရာ အင်စတီကျုရှင်းတစ်ခု အဖြစ် ပြောင်းလဲဖို့ ကြိုးပမ်းမှုများလည်း ရှိခဲ့ဖူးပါတယ်။ နောက်ပိုင်း USIP ရဲ့ခြေလှမ်းတွေဟာ ကမ္ဘာ့ပဋိပက္ခ ဖြစ်ပွားရာ ဇုန်များအတွင်း ဖြန့်ကျက်လာခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်လွန် ဘောလ်ကန်ဒေသ စစ်ပွဲများနဲ့ စတင်ခဲ့ပါတယ်။

၂ဝဝ၁ ခုနှစ် 9/11 ဖြစ်စဉ်နောက်ပိုင်း အီရတ်နဲ့ အာဖဂန်နစ္စတန်တို့အထိ တိုးချဲ့ခဲ့ပြီး USIP ရဲ့ ငြိမ်းချမ်းရေးနဲ့ လူမှုရေးဆိုင်ရာ အကြံပြုတွေအပေါ် ဒေါသဖြစ်လွန်းတဲ့ ကွန်ဂရက်အမတ် ၄ ပုံတစ်ပုံက အဲဒီ Think Tank အဖွဲ့ကို ဘတ်ဂျတ် ချမပေးဖို့ တစ်နည်းအားဖြင့် ဖျက်သိမ်းပစ်ဖို့အထိ ၂ဝ၁၁ ခုနှစ်မှာ အဆိုတင်သွင်းခြင်းခံရပါတယ်။ USIP ဆိုတာ အမေရိကန်အစိုးရရဲ့စွန့်ပစ်အမှိုက်ပုံကြီး ဘယ်လောက်ကြီးမားနေတယ်ဆိုတာ လေ့လာနေခြင်းဖြစ်တယ် လို့ ပြောင်လှောင်ခြင်း ခံခဲ့ရပါတယ်။ ၂ လကျော်ကြာ ဘတ်ဂျက်ငွေ ဆိုင်းငံခံခဲ့ရပါတယ်။

ဒါပေမယ့် USIP အတွက် တစ်နှစ်စာ ဘတ်ဂျက်အသုံးစရ်ိတ်ဟာ အာဖဂန် စစ်ပွဲ သုံးနာရီစာသာ ရှိနေပြီး တိုက်လေယာဉ်တစ်စီးဖိုးထက် အဆမတန်နည်းပါးကြောင်း၊ တစ်ခြား အေဂျင်စီမျိုးနဲ့ အလွယ်တကူ အစားထိုးဖို့ မဖြစ်နိုင်တဲ့အပြင် အာဖဂန်မှာ အမေရိကန်စစ်သား ၄ဝ လောက် တစ်နှစ်စာ ချထားရဲ့စရိတ်လောက်သာရှိကြောင်း သာသာထိုးထိုး လျှောက်လဲချက်များနဲ့ USIP အနေနဲ့ သက်ဆိုးရှည်နေရခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သူတစ်ပါးတိုင်းပြည်ရဲ့ပြည်တွင်းရေးမှာ နိုင်ငံရေး-စစ်ရေးအထိ ဝင်ရောက်စွက်ဖက်ရေးကို အမေရိကန်နိုင်ငံရေး သမားတို့ စွန့်လွှတ်နိုင်ခြင်း မရှိသေးကြောင်း မီးမောင်းထိုးပြခဲ့ပါတယ်။

ယနေ့ ကွန်ဂရက်လွှတ်တော်ခွင့်ပြုငွေ ဒေါ်လာ ၅၅ သန်းရရှိနေတဲ့ USIP ဟာ အာဖရန်နစ္စတန်၊ အီရတ်၊ လစ်ဗျား၊ ပါကစ္စတန်၊ ဆူဒန်၊ တောင်ဆူဒန်တို့မှာ လေ့လာဆန်းစစ်မှုများ ပြုလုပ်နေပါတယ်။ ၂ဝ၁၉ ခုနှစ်မှာ မြန်မာနိုင်ငံ အတွက် အကြံပြုတယ်လို့ပြောဆိုပြီး ဆန့်ကျင်ဘက် ဘာသာရေးအသင်းအဖွဲ့များ၊ လက်နက်ကိုင်သူပုန်တို့ရဲ့ ပြောဆိုချက်များနဲ့ သတင်းတု သတင်းမှားများကိုတွင်ဖော်ပြနေတဲ့ ပြည်ပလက်ဝေခံမီဒီယာလုပ်စားတို့ရဲ့ သတင်း များကိုအခြေခံပြီး ကောက်ချက်ချနေခြင်းးဖြစ်ပါတယ်။

#မြန်မာနိုင်ငံနေရာအနှံ့_လုံခြုံရေး_မတည်ငြိမ်များ_ရှိနေကြောင်း_၀န်ခံပါတယ်။ ဒါပေမယ့် ဒေါ်လာစားမီဒီယာတို့ ကိုယ်တိုင် ပူးပေါင်းကျူးလွန်တဲ့ သတင်းတု သတင်းမှားများ၊ ကောလဟလများဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အရှိန်အဟုန်ပြင်းပြင်းနဲ့ ပျံ့နှံနေပြီး ရွှေငွေ လောင်စာဆီ၊ ငွေကြေးတန်ဖိုးနဲ့ အခြေခံစားကုန်စျေးနှုန်းများကို ပရမ်းပတာ ဖြစ်စေလျက်ရှိပါတယ်။

အဲဒီနေရာမှာ အမေရိကန်အစိုးရရဲ့ စစ်ခေါ် လက်ကိုင်ဒုတ် USIP ဟာ ကျွန်တော်တို့နိုင်ငံနဲ့ အိမ်နီးချင်းတိုင်းပြည် များ အရေးမှာ ဗြောင်ကျကျ ကျူးလွန် စွက်ဖက်လာကြောင်း တွေ့မြင်နေရပါတယ်။

၂ဝ၂၁ ခုနှစ် သြဂုတ်လ မြန်မာနယ်စပ်ဒေသ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ၊ ဒေသတွင်း အွန်လိုင်းရာဇ၀တ်မှု များ၊ မူးယစ်ဆေး ဆက်နွယ်သူပုန်အချင်းချင်း နယ်မြေလု စစ်ပွဲများအကြောင်းနဲ့ ၀င်ရောက်စွက်ဖက်ရန် အကြံပြုခဲ့တဲ USIP ဟာ ၂ဝ၂၃ ခုနှစ် နို၀င်ဘာလရောက်တော့ အဆိုပါမူးယစ်ဆေးဆက်နွယ်သူပုန်တို့ကို ခုခံရေးသမား၊ တရုတ် နယ်စပ်တစ်လျောက် နယ်မြေအများအပြားကို ထိန်းချုပ်နိုင်သူ ဟီးရိုးများအဖြစ်ဖော်ပြပြီး ဝင်ရောက်မွှေနှောက်ရန် အကြံပြုနေပြန်ပါတယ်။

အစဉ်လေးစားစွာဖြင့်
#HtayOung, #OungMarine

Zawgyi Version;
ရွမ္းေျမာက္တိုက္ပြဲမ်ား၏ ေနာက္ကြယ္ ႏွပ္ေၾကာင္းေပး လက္မည္းႀကီးမ်ား
Htay Oung (NP News) - ႏိုဝင္ဘာ ၂၉

လက္ရွိျဖစ္ပြားေနတဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသ စစ္ပြဲမ်ားနဲ႔ပတ္သက္ၿပီး “#တ႐ုတ္ႏွင့္ထိစပ္ေန ေသာ_နယ္စပ္ေဒသမ်ားကို ထိန္းခ်ဳပ္ရန္ #ျမန္မာနစက_အစိုးရရ လမ္းေပ်ာက္ေန” ေခါင္းစဥ္နဲ႔ “ #Institute_of_Peace_and_the_Asia_Society (#USIP) (ေခၚ) အေမရိကန္ျပည္ေထာင္စုၿငိမ္းခ်မ္းေရးနဲ႔ အာရွ လူ႔အဖြဲ႕အစည္းေရးဆိုင္ရာအင္စတီက်ဳ႕က ၈ ရက္၊ ႏို၀င္ဘာ ၂ဝ၂၃ ခုႏွစ္ ရက္စြဲပါ စာတမ္းတစ္ေစာင္ကို ေဖာ္ျပခဲ့ပါ တယ္။

စာလုံးေရ ၂၂ဝဝ ေက်ာ္ရွိတဲ့စာတမ္းတစ္ခုလုံးကို အတိုခ်ဳံးရလွ်င္ ျမန္မာစစ္တပ္ ေက်ာေထာက္ေနာက္ခံျပဳ နယ္ျခားေစာင့္တပ္မ်ားက ကမကထျပဳတဲ့ ရာဇဝတ္မႈဆိုင္ရာလႈပ္ရွားမႈမ်ားကို ေႏွာင့္ယွက္ဖို႔အတြက္ ခုခံေရးတပ္ဖြဲ႕ မ်ားရဲ႕ပူးေပါင္းတိုက္ခိုက္ျခင္းေၾကာင့္ ျမန္မာ့တပ္မေတာ္အေနနဲ႔ တ႐ုတ္ႏိုင္ငံနဲ႔ ထိစပ္ေနတဲ့ နယ္ျခားတစ္ေလွ်ာက္ အေရးပါတဲ့နယ္ေျမမ်ားကို ထိန္းခ်ဳပ္ႏိုင္ျခင္းမရွိဘဲ လမ္းေပ်ာက္ေနေၾကာင္း၊ ၁ဝ၂၇ စစ္ဆင္ေရးလို႔ အမည္ေပးထား တဲ့ အဲဒီလႈပ္ရွားမႈဟာ ႏွစ္ႏိုင္ငံ နယ္စပ္တစ္ေလွ်ာက္ ရာဇဝတ္မကင္းတဲ့လုပ္ငန္းမ်ားကို တားဆီးဖို႔ ႀကိဳးစားေနတဲ့ တ႐ုတ္အစိုးရဲ႕အားထုတ္မႈမ်ားနဲ႔လည္း ဆီေလ်ာ္ကိုက္ညီေနေၾကာင္း၊ စစ္ဆင္ေရးရဲ႕ေအာင္ျမင္မႈ အသီးအပြင့္ေတြ ဟာ ျမန္မာႏိုင္ငံမွာ စစ္အုပ္ခ်ဳပ္ေရးအေပၚ ဆန႔္က်င္တိုက္ပြဲဝင္ျခင္းရဲ႕အခ်ိဳးအေကြ႕တစ္ခုျဖစ္ၿပီး အာဏာသိမ္းမႈ ဆန႔္က်င္ေရးေခါင္းေဆာင္မ်ား၊ ႏိုင္ငံတကာအသိုင္းအဝိုင္းနဲ႔ အိမ္နီးခ်င္းႏိုင္ငံမ်ားအတြက္ စိန္ေခၚမႈအသစ္မ်ားကို ေပၚေပါက္လာေစေၾကာင္း၊ တ႐ုတ္အစိုးရရဲ႕အျပဳအမူေတြဟာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ား ဖြဲ႕စည္းျခင္းအေပၚ သက္ေရာက္မႈရွိၿပီး အစိုးရဆန႔္က်င္ေရးတပ္မ်ားအေပၚ တ႐ုတ္ရဲ႕ပံ့ပို႔ေထာက္ခံမႈနဲ႔ ၾသဇာလႊမ္းမိုးေလဟန္ “အေ႐ြ႕” အျဖစ္နဲ႔လည္း ျပသေနေၾကာင္း၊ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ကေတာ့ အဓိကလူမ်ိဳးစုမ်ားရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ ခြင့္အေပၚ (အစိုးရက) အာမခံျခင္းအားျဖင့္ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးကို ထိန္းသိမ္းဖို႔ ရည္႐ြယ္ေၾကာင္း၊ (ယခုအေျပာင္းအလဲျဖစ္လာတဲ့အတြက္) ျမန္မာႏိုင္ငံဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုစနစ္သို႔ အသြင္ ကူးေျပာင္းေရးဆိုင္ရာလမ္းၫႊန္ရာမွာ ခုခံေရးဦးေဆာင္မႈမ်ားနဲ႔ ပိုမိုထိေရာက္စြာ ထိေတြ႕ဆက္ဆံဖို႔ စိန္ေခၚမႈကို ရင္ဆိုင္လာရေၾကာင္း၊ နယ္စပ္ေဒသတေလွ်ာက္ အြန္လိုင္းဂိမ္း လိမ္လည္မႈမ်ားကို တ႐ုတ္ရဲ႕ႏွိမ္နင္းျခင္းဟာ ျမန္မာႏိုင္ငံအတြင္း သူ႔ရဲ႕လုံၿခဳံေရး ၾသဇာလႊမ္းမိုးမႈကို ခ်ဲ႕ထြင္ေနျခင္းျဖစ္ၿပီး တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားနဲ႔ အနာဂတ္ ေစ့စပ္ညႇိႏႈိင္းမႈမ်ားအေပၚ သက္ေရာက္မႈမ်ား ရွိေနေၾကာင္း၊ ျမန္မာႏိုင္ငံမွာ အုပ္ခ်ဳပ္ေရးလက္ဦးမႈနဲ႔ ၫြန႔္ေပါင္းတည္ေဆာက္ေရးတို႔မွာ ဝါရွင္တန္အေနနဲ႔ ပံ့ပိုးကူညီေပးဖို႔ လိုအပ္ေၾကာင္း၊ လိမ္လည္လွည့္ျဖားတဲ့လုပ္ငန္းမ်ားကို ေနရာေ႐ႊ႕ေျပာင္းျခင္း၊ တ႐ုတ္ရဲ႕ၾသဇာလႊမ္းမိုးမႈ အပါအဝင္ ေျပာင္းလဲ လာတဲ့အေျခအေနမ်ားနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈမ်ားကို ေျဖရွင္းဖို႔ အေမရိကန္အစိုးရကို တိုက္တြန္းလိုက္ပါေၾကာင္း ေရးသားထားပါတယ္။

ျပႆနာ (သို႔မဟုတ္) အေရးကိစၥတစ္ခုမွာ ကာယကံရွင္မဟုတ္တဲ့ၾကားလူက ဝင္ေရာက္သုံးသပ္-အကဲျဖတ္-ေဆာင္႐ြက္ေပးျခင္းဟာ ယေန႔ကမာၻမွာ အလြန္တြင္က်ယ္ပါတယ္။ မ်ားေသာျဖင့္ အဲဒီလိုၾကားဝင္ေဆာင္႐ြက္ ေပးေလ့ရွိတာ NGO မ်ား ျဖစ္ပါတယ္။ ၁၉၄၅ ခုႏွစ္ ကုသမဂၢပဋိညာဥ္စာတမ္း အပိုဒ္ ၇၁ အရ အစိုးရမဟုတ္တဲ့ အဖြဲ႕ အစည္း Non-Governmental Organization (NGO) လို႔ ေဝါဟာရ ရွိေပမယ့္ ပုံေသ (သို႔မဟုတ္) တရား၀င္ အဓိပၸါယ္ဖြင့္ဆိုထားျခင္း မရွိပါဘူး။

ႏိုင္ငံတကာမွာ ျဖန္႔ၾကက္ထားတဲ့ NGO (ေခၚ) အစိုးရမဟုတ္တဲ့ အဖြဲ႕အစည္းပုံစံ ၅ မ်ိဳး ရွိပါတယ္။ (၁)#အရပ္ဘက္_လူမႈဖြံၿဖိဳးေရးအဖြဲ႕အစည္း၊ (၂) #ေစတနာ့ဝန္ထမ္း ဆႏၵအေလွ်ာက္လုပ္အားေပးသူမ်ားရဲ႕အဖြဲ႕ အစည္း၊ (၃) #အရက္ျဖတ္သူမ်ား_ကင္ဆာေဝဒနာရွင္မ်ားလို #ဘုံျပႆနာ_(သို႔မဟုတ္) စိတ္ပါဝင္စားသူမ်ားျဖင့္ ကိုယ္ထူကိုယ္ထ_ဖြဲ႕စည္းထားတဲ့ NGO (၄) #ပုဂၢလိက_ေစတနာ့ဝန္ထမ္းအဖြဲ႕မ်ားကို သက္ဆိုင္ရာ အစိုးရတို႔က ဖြဲ႕စည္းေပးထားေပမယ့္ သီးျခားလြတ္လပ္ၿပီး အက်ိဳးအျမတ္မယူ မူဝါဒအေျခခံ နာေရးကူညီမႈအသင္း၊ ပရဟိတလူနာသယ္ပို႔ (၅) #ႏိုင္ငံ_သို႔မဟုတ္_အျခားသူတို႔ရဲ႕ မူဝါဒမ်ား က်င့္ထုံးမ်ားမွာ အက်ိဳးသက္ေရာက္မႈကို ေလ့လာဆန္းစစ္ေနၿပီး တိုင္းျပည္ကိုယ္စားျပဳျခင္း မရွိတဲ့ လူ႔အခြင့္အေရး ကာကြယ္ေစာင့္ၾကည့္သူမ်ား၊ Amnesty International ႏိုင္ငံတကာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕၊ ျမစိမ္းေရာင္_ၿငိမ္းခ်မ္းေရး သဘာဝပတ္၀န္းက်င္ ထိန္းသိမ္း သူမ်ား စသည္ျဖင့္ (၅) မ်ိဳး ေတြ႕ရွိႏိုင္ပါတယ္။

ကမာၻ႔ဘဏ္ကေတာ့ ပေရာဂ်က္ ခ်မွတ္ၿပီး လုပ္ငန္းေဆာင္႐ြက္ျခင္းနဲ႔ ေစတနာ့၀န္ထမ္း ေဗာ္လံတီယာမ်ားလို႔ NGO ႏွစ္မ်ိဳးအျဖစ္သာ လက္ခံထားပါတယ္။ NGO အဖြဲ႕အစည္းေပါင္း အေရအတြက္ ဘယ္ေလာက္ရွိတယ္ဆိုတာ ခန္႔မွန္း ဖို႔ေတာင္ အေတာ္ခက္ပါတယ္။ ၂ဝ၂၁ ခုႏွစ္ အေမရိကန္တစ္ႏိုင္ငံတည္းမွာပဲ အမွန္တကယ္ လုပ္ငန္းလည္ပတ္ေန တဲ့ NGO ေပါင္း ၁.၅-သန္း ရွိေနပါတယ္။

အဲဒီအထဲမွာ USIP ပါဝင္ျခင္း မရွိပါဘူး၊ အေမရိကန္ကြန္ဂရက္လႊတ္ေတာ္က ဥပေဒျပဌာန္းၿပီး ဖြဲ႕စည္းထားတဲ့ #အဲဒီအင္စတီက်ဳ႕ဟာ #USAID လို #အေမရိကန္အစိုးရနဲ႔ဆက္ႏြယ္ေနၿပီး_သီးျခားလြတ္လပ္တဲ့ အဖြဲ႕အစည္း မဟုတ္ပါဘူး။ ၿငိမ္းခ်မ္းေရးနဲ႔ အာရွလူမႈေရးရာကိစၥကို ဗန္းျပၿပီး အေမရိကန္အစိုးရအေနနဲ႔ ကိုလိုနီ လက္သစ္ နယ္ေျမထူေထာင္ဖို႔ အႀကံဉာဏ္ေပးေနတဲ့ Think Tank အဖြဲ႕အစည္းသာလွ်င္ ျဖစ္ပါတယ္။ ကြန္ဂရက္ လႊတ္ေတာ္ မွ ဥကၠ႒ ၃ ဦး၊ သမၼတက ခန္႔အပ္ၿပီး ကြန္ဂရက္က အတည္ျပဳရတဲ့ အျခားအဖြဲ႕ဝင္ ၁၂ ဦး ပါဝင္ၿပီး ႐ုံး၀န္ထမ္း ၃ဝဝ ခန္႔ နဲ႔ လုပ္ငန္းလည္ပတ္ေနပါတယ္။

အေရွ႕အေနာက္စစ္ေအးတိုက္ပြဲ ျပင္းထန္ေနခ်ိန္ ၁၉၈၄ ခုႏွစ္ သမၼတေရာ္နယ္ရီဂင္လက္ထက္ ဒုတိယကမာၻစစ္ စစ္မႈထမ္းေဟာင္းမ်ား၊ သံတမန္ေဟာင္းမ်ားနဲ႔ စတင္ဖြဲ႕စည္းခဲ့တဲ့ USIP ဟာ စစ္ေရးဆိုင္ရာ အင္စတီက်ဳရွင္းတစ္ခု အျဖစ္ ေျပာင္းလဲဖို႔ ႀကိဳးပမ္းမႈမ်ားလည္း ရွိခဲ့ဖူးပါတယ္။ ေနာက္ပိုင္း USIP ရဲ႕ေျခလွမ္းေတြဟာ ကမာၻ႔ပဋိပကၡ ျဖစ္ပြားရာ ဇုန္မ်ားအတြင္း ျဖန္႔က်က္လာခဲ့ၿပီး ၁၉၉ဝ ျပည့္ႏွစ္လြန္ ေဘာလ္ကန္ေဒသ စစ္ပြဲမ်ားနဲ႔ စတင္ခဲ့ပါတယ္။

၂ဝဝ၁ ခုႏွစ္ 9/11 ျဖစ္စဥ္ေနာက္ပိုင္း အီရတ္နဲ႔ အာဖဂန္နစၥတန္တို႔အထိ တိုးခ်ဲ႕ခဲ့ၿပီး USIP ရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔ လူမႈေရးဆိုင္ရာ အႀကံျပဳေတြအေပၚ ေဒါသျဖစ္လြန္းတဲ့ ကြန္ဂရက္အမတ္ ၄ ပုံတစ္ပုံက အဲဒီ Think Tank အဖြဲ႕ကို ဘတ္ဂ်တ္ ခ်မေပးဖို႔ တစ္နည္းအားျဖင့္ ဖ်က္သိမ္းပစ္ဖို႔အထိ ၂ဝ၁၁ ခုႏွစ္မွာ အဆိုတင္သြင္းျခင္းခံရပါတယ္။ USIP ဆိုတာ အေမရိကန္အစိုးရရဲ႕စြန္႔ပစ္အမႈိက္ပုံႀကီး ဘယ္ေလာက္ႀကီးမားေနတယ္ဆိုတာ ေလ့လာေနျခင္းျဖစ္တယ္ လို႔ ေျပာင္ေလွာင္ျခင္း ခံခဲ့ရပါတယ္။ ၂ လေက်ာ္ၾကာ ဘတ္ဂ်က္ေငြ ဆိုင္းငံခံခဲ့ရပါတယ္။

ဒါေပမယ့္ USIP အတြက္ တစ္ႏွစ္စာ ဘတ္ဂ်က္အသုံးစရ္ိတ္ဟာ အာဖဂန္ စစ္ပြဲ သုံးနာရီစာသာ ရွိေနၿပီး တိုက္ေလယာဥ္တစ္စီးဖိုးထက္ အဆမတန္နည္းပါးေၾကာင္း၊ တစ္ျခား ေအဂ်င္စီမ်ိဳးနဲ႔ အလြယ္တကူ အစားထိုးဖို႔ မျဖစ္ႏိုင္တဲ့အျပင္ အာဖဂန္မွာ အေမရိကန္စစ္သား ၄ဝ ေလာက္ တစ္ႏွစ္စာ ခ်ထားရဲ႕စရိတ္ေလာက္သာရွိေၾကာင္း သာသာထိုးထိုး ေလွ်ာက္လဲခ်က္မ်ားနဲ႔ USIP အေနနဲ႔ သက္ဆိုးရွည္ေနရျခင္းျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ သူတစ္ပါးတိုင္းျပည္ရဲ႕ျပည္တြင္းေရးမွာ ႏိုင္ငံေရး-စစ္ေရးအထိ ဝင္ေရာက္စြက္ဖက္ေရးကို အေမရိကန္ႏိုင္ငံေရး သမားတို႔ စြန္႔လႊတ္ႏိုင္ျခင္း မရွိေသးေၾကာင္း မီးေမာင္းထိုးျပခဲ့ပါတယ္။

ယေန႔ ကြန္ဂရက္လႊတ္ေတာ္ခြင့္ျပဳေငြ ေဒၚလာ ၅၅ သန္းရရွိေနတဲ့ USIP ဟာ အာဖရန္နစၥတန္၊ အီရတ္၊ လစ္ဗ်ား၊ ပါကစၥတန္၊ ဆူဒန္၊ ေတာင္ဆူဒန္တို႔မွာ ေလ့လာဆန္းစစ္မႈမ်ား ျပဳလုပ္ေနပါတယ္။ ၂ဝ၁၉ ခုႏွစ္မွာ ျမန္မာႏိုင္ငံ အတြက္ အႀကံျပဳတယ္လို႔ေျပာဆိုၿပီး ဆန႔္က်င္ဘက္ ဘာသာေရးအသင္းအဖြဲ႕မ်ား၊ လက္နက္ကိုင္သူပုန္တို႔ရဲ႕ ေျပာဆိုခ်က္မ်ားနဲ႔ သတင္းတု သတင္းမွားမ်ားကိုတြင္ေဖာ္ျပေနတဲ့ ျပည္ပလက္ေဝခံမီဒီယာလုပ္စားတို႔ရဲ႕ သတင္း မ်ားကိုအေျခခံၿပီး ေကာက္ခ်က္ခ်ေနျခင္းးျဖစ္ပါတယ္။

#ျမန္မာႏိုင္ငံေနရာအႏွံ႔_လုံၿခဳံေရး_မတည္ၿငိမ္မ်ား_ရွိေနေၾကာင္း_၀န္ခံပါတယ္။ ဒါေပမယ့္ ေဒၚလာစားမီဒီယာတို႔ ကိုယ္တိုင္ ပူးေပါင္းက်ဴးလြန္တဲ့ သတင္းတု သတင္းမွားမ်ား၊ ေကာလဟလမ်ားဟာ ျမန္မာ့လူ႔အဖြဲ႕အစည္းအတြင္း အရွိန္အဟုန္ျပင္းျပင္းနဲ႔ ပ်ံ႕ႏွံေနၿပီး ေ႐ႊေငြ ေလာင္စာဆီ၊ ေငြေၾကးတန္ဖိုးနဲ႔ အေျခခံစားကုန္ေစ်းႏႈန္းမ်ားကို ပရမ္းပတာ ျဖစ္ေစလ်က္ရွိပါတယ္။

အဲဒီေနရာမွာ အေမရိကန္အစိုးရရဲ႕ စစ္ေခၚ လက္ကိုင္ဒုတ္ USIP ဟာ ကြၽန္ေတာ္တို႔ႏိုင္ငံနဲ႔ အိမ္နီးခ်င္းတိုင္းျပည္ မ်ား အေရးမွာ ေျဗာင္က်က် က်ဴးလြန္ စြက္ဖက္လာေၾကာင္း ေတြ႕ျမင္ေနရပါတယ္။

၂ဝ၂၁ ခုႏွစ္ ၾသဂုတ္လ ျမန္မာနယ္စပ္ေဒသ ႏိုင္ငံျဖတ္ေက်ာ္ ရာဇ၀တ္မႈမ်ား၊ ေဒသတြင္း အြန္လိုင္းရာဇ၀တ္မႈ မ်ား၊ မူးယစ္ေဆး ဆက္ႏြယ္သူပုန္အခ်င္းခ်င္း နယ္ေျမလု စစ္ပြဲမ်ားအေၾကာင္းနဲ႔ ၀င္ေရာက္စြက္ဖက္ရန္ အႀကံျပဳခဲ့တဲ USIP ဟာ ၂ဝ၂၃ ခုႏွစ္ ႏို၀င္ဘာလေရာက္ေတာ့ အဆိုပါမူးယစ္ေဆးဆက္ႏြယ္သူပုန္တို႔ကို ခုခံေရးသမား၊ တ႐ုတ္ နယ္စပ္တစ္ေလ်ာက္ နယ္ေျမအမ်ားအျပားကို ထိန္းခ်ဳပ္ႏိုင္သူ ဟီး႐ိုးမ်ားအျဖစ္ေဖာ္ျပၿပီး ဝင္ေရာက္ေမႊေႏွာက္ရန္ အႀကံျပဳေနျပန္ပါတယ္။

အစဥ္ေလးစားစြာျဖင့္
#HtayOung, #OungMarine

Related news

© 2021. All rights reserved.