ဆိုက်ဘာလုံခြုံရေးအတွက် မြန်မာ- ရုရှား နှစ်နှစ်ငံဖိုရမ်ကျင်းပ

 980

ယွန်း (NP News) - ဒီဇင်ဘာ ၁

ဆိုက်ဘာလုံခြုံရေးအတွက် မြန်မာ-ရုရှားနှစ်နိုင်ငံဖိုရမ်ကို နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဖိုရမ်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် Aquarius နည်းပညာကုမ္ပဏီတို့မှ ပူးပေါင်း၍ နိုဝင်ဘာလ(၃၀) ရက်၌ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ e-Government စနစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါဖိုရမ်မှတစ်ဆင့် နှစ်နိုင်ငံနည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးအပြင် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် e-Government စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပြုနိုင်‌ရေးကိုဆောင်ရွက်ရန် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၃၀ ပြည့်နှစ်ကာလ အပိုင်း အခြားအထိမျှော်မှန်းပြီး Myanmar e-Governance Master Plan 2030 ကိုလည်း ရေးဆွဲနေကြောင်း သိရသည်။

zawgyi version
ဆိုက္ဘာလုံၿခဳံေရးအတြက္ ျမန္မာ- ႐ုရွား ႏွစ္ႏွစ္ငံဖိုရမ္က်င္းပ
ယြန္း (NP News) - ဒီဇင္ဘာ ၁

ဆိုက္ဘာလုံၿခဳံေရးအတြက္ ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံဖိုရမ္ကို ေနျပည္ေတာ္တြင္ က်င္းပခဲ့ေၾကာင္း သိရသည္။

အဆိုပါဖိုရမ္ကို ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနႏွင့္ Aquarius နည္းပညာကုမၸဏီတို႔မွ ပူးေပါင္း၍ ႏိုဝင္ဘာလ(၃၀) ရက္၌ ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္းဗဟိုဌာန-၂တြင္ က်င္းပခဲ့ေၾကာင္း သိရသည္။

ျမန္မာ-႐ုရွား ႏွစ္ႏိုင္ငံအၾကား ဒစ္ဂ်စ္တယ္အသြင္ကူးေျပာင္းေရး၊ ဒစ္ဂ်စ္တယ္စီးပြားေရး၊ e-Government စနစ္ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ဆိုက္ဘာလုံၿခဳံေရးႏွင့္ သတင္းအခ်က္အလက္ နည္းပညာက႑မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရးကို ရည္႐ြယ္၍ က်င္းပခဲ့ျခင္းျဖစ္သည္။

အဆိုပါဖိုရမ္မွတစ္ဆင့္ ႏွစ္ႏိုင္ငံနည္းပညာ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ျမႇင့္တင္ေရးအျပင္ ျမန္မာႏိုင္ငံ၏ ဒစ္ဂ်စ္တယ္အသြင္ကူးေျပာင္းေရးႏွင့္ e-Government စနစ္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေထာက္အပံ့ျပဳႏိုင္‌ေရးကိုေဆာင္႐ြက္ရန္ ထည့္သြင္းေဆြးေႏြးခဲ့ၾကသည္။

ထို႔ျပင္ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနအေနျဖင့္ ၂၀၃၀ ျပည့္ႏွစ္ကာလ အပိုင္း အျခားအထိေမွ်ာ္မွန္းၿပီး Myanmar e-Governance Master Plan 2030 ကိုလည္း ေရးဆြဲေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.