ကျွန်တော်တို့ နိုင်ငံရေး-စစ်ရေး ရေချိန် နှင့် အိမ်နီးချင်းတိုင်းပြည်၏ မိတ်ဆွေကောင်း ပီသမှု (ဆောင်းပါး)

 1487

Htay Oung (NP News) - ဒီဇင်ဘာ ၂

မိတ်ဆွေ ။ ။ “မကြာသေးခင်က အလည်သွားတဲ့ အိမ်နီးချင်းနိုင်ငံ လေတပ်ဦးစီးချုပ်က မြန်မာစစ်တပ်ကို ချီးကျုးသွားတယ်လို့ ကြားရတယ်”

ကျွန်တော် ။ ။ “ ဘယ်လို ချီးကျူးသတဲ့လဲ ဗျ”

“အဆင့်မြင့် ခေတ်မီလက်နက်တွေ သုံးနေတဲ့အတွက် သူတို့တောင် အံ့သြမိတယ်တဲ့”

“ရယ်စရာ ငေါ့ပြောတယ် ထင်တာပဲ။ ဒါပေမယ့် မြန်မာ့တပ်မတော်ကို ကမ္ဘာက အံ့သြလေးစားခဲ့ရတဲ့ ဖြစ်စဉ် တစ်ခုတော့ တကယ်ရှိဖူးတယ် ဗျ”

၁၉၇၀ ပြည့်လွန်နှစ်များတုန်းက ပဲခူးရိုးမ နဲ့ ဧရာ၀တီတိုင်းမှာ ကာလရှည် အခိုင်အမာ ခြေကုပ်ယူထားတဲ့ ဗကပတွေကို တပ်မတော်က အမြစ်ပါမကျန် ချေမှုန်းပစ်ခဲ့စဉ်တုန်းကပဲ။ ယုံကြည်မှု အယူဝါဒပြင်းထန်တဲ့ ကွန်မြူနစ်ဆိုတာ စစ်ရေးအနေနဲ့ ခြေကုတ်ရသွားရင် နှိမ်နင်းဖို့ခက်တယ်။ ကင်ဆာရောဂါလို နီးစပ်ရာ နယ်မြေတွေကိုပါ ထိုးဖောက်ဖြန့်၀င် စိုးမိုးသွားလေ့ရှိတယ်။

အဲဒီအချိန် ကမ္ဘာ့နိုင်ငံအတော်များများမှာ ကွန်မြူနစ်သူပုန်ကို အမေရိကန်လို ပြည်ပအင်အားကြီးနိုင်ငံ တွေ အကူအညီနဲ့ ဖြိုခွင်းနေတာတောင် မအောင်မြင်ဘူး၊ တရုတ်ပြည်နဲ့ ကပ်နေတဲ့ မြန်မာက ဗကပတွေကို ချေမှုန်းနိုင်တာ ဘယ်ပြည်ပနိုင်ငံရဲ့ အကူအညီမှ မပါခဲ့ဘူး၊ ဒီအတွက် ဗြိတိန်နဲ့ အမေရိကန်စစ်တက္ကသိုလ်က အရာရှိကြီးတွေ မြန်မာပြည်ကို လာပြီး လေ့လာခဲ့ကြရတယ် ဆိုပါတယ်။

“အရင်တုန်းက မြန်မာ့တပ်မတော်မှာ အနောက်နိုင်ငံ စစ်တက္ကသိုလ်ထွက် အရာရှိကြီးတွေ ရှိဖူးတယ် မဟုတ်လား”

“အခုလဲ ပြည်ပစစ်တက္ကသိုလ်ထွက် အရာရှိတွေ ရှိနေမယ်လို့ ထင်ပါတယ်။ အနောက်နိုင်ငံတွေကတော့ နည်းပါလိမ့်မယ်။ သူတို့တက္ကသိုလ်ထွက်မှ စစ်တိုက်တတ်မယ်လို့တော့ မဆိုလိုပါဘူး၊ ကမ္ဘာမှာ အနောက်နိုင်ငံ နာမည်ကြီး စစ်တက္ကသိုလ်ထွက်တွေ အများကြီးပါ။ “တလွဲလုပ်လွန်းလို့ သမိုင်းတွက်လောက်အောင် အရှက်တကွဲဖြစ်ခဲ့ဖူးတဲ့ အနောက်စစ်တက္ကသိုလ်ထွက် စစ်ဗိုလ်ချုပ်ကြီးတွေ အာဖရိကမှာ အတော်များတယ်။ ဒါပေမယ့် စစ်တပ်ဆိုတာ သေရဲ-သတ်ရဲ-အနိုင်ယူရဲဖို့နဲ့ ပြိုင်ဘက်အားလုံးကို ချေမှုန်းပစ်ရတဲ့ အလုပ်သာလျှင် ရှိပါတယ်။ အတွေးအမြင် စုံလင်လေလေ အမှန်ကန်ဆုံး အဆီလျော်ဆုံး ဆုံးဖြတ်ချ ချနိုင်ဖို့ နီးစပ်လေ ဖြစ်ပါလိမ့်မယ်”

“ထိုင်း နဲ့ မြန်မာ နှစ်ပေါင်း ၂၀၀ လောက် စစ်ဖြစ်ခဲ့ကြတာ နောက်ပိုင်း ဘာကြောင့် မြန်မာတွေ မနိုင်တော့ တာလဲ”

၁၆-ရာစုနှစ်ကနေ ၁၉-ရာစုနှစ်အထိ အိမ်နီးချင်း နှစ်နိုင်ငံအကြား ပြတ်တောင်း ပြတ်တောင်း စစ်တိုက်နေခဲ့ကြတယ်။ မြန်မာပြည်မှာ ရှင်ဘုရင်ဖြစ်သူတိုင်းဟာ သူတို့ရဲ့ ဘုန်းတန်ခိုးအာနုဘော်နဲ့ အင်အားကြီးမားကြောင်း ပြသတဲ့အနေတဲ့ စစ်သွား သွားတိုက်နေကြသလား ထင်ရတယ်။ တိုက်တိုင်းလည်း နိုင်တာများ ပါတယ်။

“၁၈၀၉- ၁၈၁၂ ခုနှစ် ကုန်းဘောင်ခေတ်မင်းဆက် ဘိုးတော်ဘုရား ခေါ် ဗဒုံမင်းနဲ့ လက်ရှိ ထိုင်း ချက္ကရီမင်းဆက် ဒုတိယမြောက် ရာမာဘုရင်တို့ လက်ထက် ထိုင်းမြန်မာစစ်ပွဲဟာ နောက်ဆုံးပဲ၊ မြန်မာတွေ ရှုံးနိမ့်ခဲ့ရပါတယ်”

ဘာကြောင့် မြန်မာတွေ အနိုင်မရတော့တာလဲ ဘိုးတော်ဘုရားဟာ မြန်မာ့သမိုင်းမှာ ပြုပြင်ပြောင်းလဲရေး တွေ အများကြီးလုပ်ခဲ့တဲ့ အင်အားကြီး မင်းကောင်း မင်းမြတ်တစ်ပါးပဲ မဟုတ်လား။
ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဘိုးတော်ဘုရားနဲ့ ပထမမြောက် ရာမာဘုရင်တို့ (၁၈၉၇- ၁၉၈၉ ခုနှစ်) စစ်ပွဲနဲ့ (၁၈၀၂ - ၁၈၀၅ ခုနှစ်) စစ်ပွဲတွေမှာလည်း မြန်မာတွေ ရှုံးခဲ့ဖူးတယ်ဗျ။

အဲဒီ မတိုင်ခင် ယိုးဒယားရော၊ မြန်မာပါ နှစ်ဘက်စလုံးက ရှင်ဘုရင်နဲ့ စစ်ဦးစီးတွေ အားလုံးဟာ ဘုန်းကြီး ကျောင်းထွက်တွေချည်းပဲဗျ။ ထိုင်းနိုင်ငံမှာ ချက္ကရီမင်းဆက်တက်လာတော့ ထီးနန်းဆက်ခံမယ့် နန်းညွန့် နန်းလျာရော စစ်သူကြီးတွေပါ ကမ္ဘာ့တက္ကသိုလ်ထွက်တွေများလာတယ်။ အတွေးအမြင် ဗဟုသုတ စုံလင်လာတယ်။ မြန်မာတွေဘက်မှာလည်း အလားတူ ပြင်ဆင်ပြောင်းလဲဖို့ ကြိုးစားပါတယ်။ ၁၈၁၃ ခုနှစ် ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ အမေရိကန် သာသနာပြု ဒေါက်တာဂျပ်ဆင် (ဆရာယုဒဿန်) နဲ့ သူ့မတိုင် ဆင်ဂါမနောတို့ဟာ မြန်မာ့ပညာရေးစနစ်ခေတ်မီဖို့ နိုင်ငံခြားစာပေဘာသာစကားထွန်းကားဖို့ ဘိုးတော်ဘုရားရဲ့ အထူးအခွင့်အရေး ပေးခံရသူများ ဖြစ်ပါတယ်။

ဒါပေမယ့် သက်ဦးဆံပိုင်စနစ် တိုင်းပြည်မှာ အဓိက အဆုံးအဖြတ်ပေးခွင့် အာဏာရှိသူဟာ ရှင်ဘုရင်ပဲဖြစ်ပါတယ်။ ဘိုးတော်ဘုရားသာမက နောက်ပိုင်းမြန်မာဘက် ရှင်ဘုရင်များနဲ့ အဓိက အနီးကပ်အကြံဉာဏ်ပေးရသူ ၀န်ကြီးများဟာ ကင်း၀န်မင်းကြီး တစ်ယောက်လောက်ကလွဲရင် ဘယ်နိုင်ငံခြားတိုင်းပြည်ကိုမှ မရောက်ဖူးကြဘူးဗျ။ ရှင်ဘုရင်လုပ်သူကလည်း သူမရှိခိုက် နန်းလုမှာ စိုးရ၊ ၀န်ကြီးတွေကလည်း သူတို့ ပြည်ပသွားနေတုန်း ကုလားထိုင်နေရာလေး ပျောက်ဆုံးသွားမယ့် အခက်အခဲ ရှိနေကြပုံပေါ်တယ်။

၁၈၂၄- ၁၈၂၆ ခုနှစ် ပထမအကြိမ် အင်္ဂလိပ်-မြန်မာစစ်ပွဲမှာ ရခိုင်နဲ့ တနင်္သာရီကို ဆုံးရှုံးပြီးနောက်ပိုင်း မြန်မာဘုရင်တွေဟာ ထိုင်းကို စစ်မတိုက်နိုင်ကြတော့ဘူး။ တကယ်တော့ အင်ဒိုချိုင်းနားလို့ ခေါ်တဲ့ အရှေ့တောင်အာရှမှာ မြန်မာ-လော-ထိုင်း-ကမ္ဘောဒီးယား-ဗီယက်နမ်တို့ဟာ အင်အားကြီးလာတဲ့ တိုင်းပြည်က ဒေသတွင်းမှာ စစ်တိုက်ပြီး အနိုင်ယူအင်အားပြလေ့ရှိခဲ့ကြတယ်။ အရှေ့တောင်အာရှမှာ အစောဆုံး ကိုလိုနီနယ်မြေထူထောင်သူ ဥရောပတိုင်းပြည်က ပြင်သစ်ဖြစ်ပါတယ်။

နှစ်တစ်ထောင်ကျော်ကြာ ထိုင်းနိုင်ငံသမိုင်းမှာ မြန်မာကလွဲရင် ဘယ်ပြည်ပတိုင်းပြည်ရဲ့ လက်အောက်ခံ အဖြစ်ကို မရောက်ခဲ့ဖူးဘူး၊ ဒုတိယကမ္ဘာစစ် မတိုင်ခင် မြန်မာပြည်အထိ နယ်ချဲ့လာတဲ့ အင်္ဂလိပ်နဲ့ စစ်အတွင်း ဂျပန်၊ စစ်အပြီး ပြင်သစ်တို့ဟာ ထိုင်းနိုင်ငံကို သိမ်းယူခဲ့တာမျိုး မရှိခဲ့ဖူးဘူးတဲ့။ အမှန်တော့ အဲဒါ စာရွက်ပေါ်မှာသာရှိတဲ့ ပါးစပ်စကားဖြစ်ပြီး အဲ့ဒအင်အားကြီးနိုင်ငံရဲ့ စစ်တပ်သာမက သူ့နိုင်ငံသားတွေအပေါ် လက်ဖျားနဲ့တောင် ထိခွင့်မရပဲ နယ်လွန်တရားစီရင်ခွင့် ပေးခဲ့ရပါတယ်။

၁၉၄၆- ၁၉၅၂ ခုနှစ် ပထမအကြိမ် အင်ဒိုချိုင်းနားစစ်ပွဲ (ပြင်သစ်-ဗီယက်နမ်)၊ ၁၉၅၅-၁၉၇၅ ခုနှစ် ဒုတိယအကြိမ် အင်ဒိုချိုင်းနားစစ်ပွဲ (ပထမ ပြင်သစ်တို့ ထွက်ခွာသွားတဲ့နေရာမှာ ကွန်မြူနစ်ဝါဒ တားဆီး ရေး အစားထိုး၀င်ရောက်လာသူ အမေရိကန်နဲ့ လော-ကမ္ဘောဒီးယား-ဗီယက်နမ်တို့ စစ်ပွဲမှာ ထိုင်းဟာ ကြားနေနိုင်ငံပဲ ဒါပေမယ့် အိမ်နီးချင်းတိုင်းပြည်တွေကို အနောက်နိုင်ငံသားတို့က တိုက်ခိုက်ရာမှာ ထိုင်းနယ်မြေကို အသုံးချခွင့် ရရှိခဲ့ကြတယ်။)

ဗီယက်နမ်စစ်ပွဲလို့ လူသိများတဲ့ ဒုတိယအကြိမ်အင်ဒိုချိုင်းနားစစ်ပွဲကာလ ထိုင်းနိုင်ငံမှာ အမေရိကန်လေတပ်စခန်း ရှိခဲ့ဖူးတယ်။ ထိုင်းနိုင်ငံမှ အမေရိကန်လေတပ် ရုတ်သိမ်းပေးလိုက်ရခြင်းဟာ အရှေ့တောင်အာရှမှာ အနောက်နိုင်ငံသားတို့ နောက်တစ်ကြိမ် စစ်တိုက်ခွင့် မရနိုင်တော့တဲ့ အလှည့်အပြောင်း ဖြစ်ပါတယ်။

၁၉၇၅- ၁၉၉၂ ခုနှစ် တတိယအကြိမ် အင်ဒိုချိုင်းနားစစ်ပွဲကျတော့ တရုတ်- ဗီယက်နမ်- လော-ကမ္ဘောဒီးယား နိုင်ငံတို့အကြား စစ်ရေးအရှုပ်အထွေးနဲ့ ပြည်တွင်း ကွန်မြူနစ်လက်နက်ကိုင်များ ပုန်ကန်ဆန့်ကျင်မှုဖြစ်ပါတယ်။ အဲဒီကာလ ထိုင်းနိုင်ငံဟာ ဆိုရှယ်လစ်စီးပွားရေးစနစ်နဲ့ တံခါးပိတ်ပြီး အိပ်ပျော်နေတဲ့ မြန်မာနိုင်ငံအပေါ် နယ်စပ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အကြောင်းပြ လူမျိုးစုလက်နက်ကိုင် များကို Buffer Zone - ကြားခံဇုန်ထားခြင်းဖြင့် အနောက်ဘက်သူ့နိုင်ငံလုံခြုံရေးအတွက် တားဆီးထားခဲ့ တယ်။ ထိုင်းနိုင်ငံရဲ့ မျက်နှာနှစ်ဖက်သီအိုရီ သိမ်မွေ့လေလေ မြန်မာပြည်တွင်းမှာ သွေးချောင်းစီး စစ်ပွဲများနဲ့ စီးပွားရေး ချွတ်ခြုံကျလေပဲ။

မြန်မာ စစ်ဘက်အုပ်ချုပ်သူတွေကို ဘွဲ့ထူးဂုဏ်ထူးပေးပြီး မျက်နှာချိုသွေးနေတဲ့ ထိုင်းနိုင်ငံဟာ တစ်ဖက်မှာ မြန်မာနိုင်ငံ လက်နက်ကိုင်သောင်းကျန်းသူတွေကို စစ်ရေးလေ့ကျင့်၊ လက်နက်မှောင်ခိုရောင်း-စစ်အကြံပေး လုပ်နေတဲ့ ဖရီးဘားမား ရိန်းဂျားလို အမေရိကန်ကြေးစားစစ်သားတွေဟာ သူ့နိုင်ငံအတွင်း တံခါးမရှိ ဓားမရှိ ၀င်ထွက်ခွင့် ရရှိနေကြတယ်။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခများကို မီးထိုးပေးဖို့ CIA ကို ထိုင်းက မဲဆောက်မှာ အမေရိကန် ကောင်စစ်၀န်ရုံး ဖွင့်ခွင့်ပေးထားတယ်။ မြန်မာနိုင်ငံအတွင်း သောင်းကျန်းမှုမျိုးစုံအတွက် လက်နက်ခဲယမ်းများရရှိဖို့ ထိုင်းက သူ့နိုင်ငံကို ဖြတ်သန်းခွင့်ပြုထားပါတယ်။ မြန်မာနိုင်ငံအတွင်း ပညာရေး-စီးပွားရေး-ကျန်းမာရေးအစီအစဉ်များမှာ ဗုံခွဲ-ချောင်းမြောင်းလုပ်ကြံ-အဖျက်အမှောက်လုပ်ရင်း စင်ပြိုင်အစိုးရထူထောင်နေတဲ့ NUG ဟာ ထိုင်းနိုင်ငံကို ခြေကုပ်ယူထားပါတယ်။ မြန်မာပြည်တွင်း စက်သုံးဆီ-စားသုံးဆီ-ရွှေဒေါ်လာစျေးတွေ ကမောက်ကမဖြစ်အောင် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း တုန်လှုပ်ခြောက်ခြားစေမယ့် သတင်းတု သတင်းလိမ်များကို နေ့စဉ် ရေးသားဖြန့်ဝေနေသူတွေဟာ ဘန်ကောက်မှာ အေးချမ်းစွာ ကျက်စားနေပါတယ်။

ဒါနဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းတစ်နိုင်ငံတည်းမှာတင် လူ ၂ သန်းလောက် ရှိနေတယ်ဗျ။ လက်ရှိ မြန်မာနိုင်ငံဟာ ထိုင်းကို စစ်တိုက်ဖို့ဝေးလို့ စျေးပေါပေါနဲ့ အလွယ်ရတဲ့ ဧရာမအလုပ်သမာစျေးကွက်ကြီးဖြစ်နေပါတယ်။ ထိုင်းလူမျိုးများ မလုပ်ချင်တဲ့ အဲဒီအလုပ်အကိုင်တွေ ရရှိဖို့တောင် မြန်မာလူငယ် လူရွယ်တွေဟာ လယ်ပေါင်၊ အိမ်ပေါင် နွားရောင်းပြီး သွားကြရရှာတာပါ။ ပဋိပက္ခမျိုးစုံနဲ့ ပြည်တွင်းမှာ အဆင့်မီ အလုပ်အကိုင်ရှားပါးလွန်း အနီးဆုံး ပြည်ပတိုင်းပြည်မှာ အလုပ်အကိုင်ရှာ ဖွေနေကြရပြီလေ။

ထိုင်းတို့အတွက် သည့်ထက်ကောင်းတာတောက် သည်လောက် မကောင်းနိုင်ဘူး၊ ဒီအတွက် မြန်မာကို မကြာခဏ ချစ်ကြည်ရေးခရီးလာရောက်ပြီး ကျောသပ် ရင်သပ် မစားရ ဝခမန်း ချီးကျူး‌မြှောက်ပင့် ပေးဖို့သာ လိုအပ်ပါတယ်။

zawgyi version
ကြၽန္ေတာ္တို႔ ႏိုင္ငံေရး-စစ္ေရး ေရခ်ိန္ ႏွင့္ အိမ္နီးခ်င္းတိုင္းျပည္၏ မိတ္ေဆြေကာင္း ပီသမႈ (ေဆာင္းပါး)
Htay Oung (NP News) - ဒီဇင္ဘာ ၂

မ္ိတ္ေဆြ ။ ။ “မၾကာေသးခင္က အလည္သြားတဲ့ အိမ္နီးခ်င္းႏိုင္ငံ ေလတပ္ဦးစီးခ်ဳပ္က ျမန္မာစစ္တပ္ကို ခ်ီးက်ဳးသြားတယ္လို႔ ၾကားရတယ္”

ကြၽန္ေတာ္ ။ ။ “ ဘယ္လို ခ်ီးက်ဴးသတဲ့လဲ ဗ်”

“အဆင့္ျမင့္ ေခတ္မီလက္နက္ေတြ သုံးေနတဲ့အတြက္ သူတို႔ေတာင္ အံ့ၾသမိတယ္တဲ့”

“ရယ္စရာ ေငါ့ေျပာတယ္ ထင္တာပဲ။ ဒါေပမယ့္ ျမန္မာ့တပ္မေတာ္ကို ကမာၻက အံ့ၾသေလးစားခဲ့ရတဲ့ ျဖစ္စဥ္ တစ္ခုေတာ့ တကယ္ရွိဖူးတယ္ ဗ်”

၁၉၇၀ ျပည့္လြန္ႏွစ္မ်ားတုန္းက ပဲခူး႐ိုးမ နဲ႔ ဧရာ၀တီတိုင္းမွာ ကာလရွည္ အခိုင္အမာ ေျခကုပ္ယူထားတဲ့ ဗကပေတြကို တပ္မေတာ္က အျမစ္ပါမက်န္ ေခ်မႈန္းပစ္ခဲ့စဥ္တုန္းကပဲ။ ယုံၾကည္မႈ အယူဝါဒျပင္းထန္တဲ့ ကြန္ျမဴနစ္ဆိုတာ စစ္ေရးအေနနဲ႔ ေျခကုတ္ရသြားရင္ ႏွိမ္နင္းဖို႔ခက္တယ္။ ကင္ဆာေရာဂါလို နီးစပ္ရာ နယ္ေျမေတြကိုပါ ထိုးေဖာက္ျဖန္႔၀င္ စိုးမိုးသြားေလ့ရွိတယ္။

အဲဒီအခ်ိန္ ကမာၻ႔ႏိုင္ငံအေတာ္မ်ားမ်ားမွာ ကြန္ျမဴနစ္သူပုန္ကို အေမရိကန္လို ျပည္ပအင္အားႀကီးႏိုင္ငံ ေတြ အကူအညီနဲ႔ ၿဖိဳခြင္းေနတာေတာင္ မေအာင္ျမင္ဘူး၊ တ႐ုတ္ျပည္နဲ႔ ကပ္ေနတဲ့ ျမန္မာက ဗကပေတြကို ေခ်မႈန္းႏိုင္တာ ဘယ္ျပည္ပႏိုင္ငံရဲ႕ အကူအညီမွ မပါခဲ့ဘူး၊ ဒီအတြက္ ၿဗိတိန္နဲ႔ အေမရိကန္စစ္တကၠသိုလ္က အရာရွိႀကီးေတြ ျမန္မာျပည္ကို လာၿပီး ေလ့လာခဲ့ၾကရတယ္ ဆိုပါတယ္။

“အရင္တုန္းက ျမန္မာ့တပ္မေတာ္မွာ အေနာက္ႏိုင္ငံ စစ္တကၠသိုလ္ထြက္ အရာရွိႀကီးေတြ ရွိဖူးတယ္ မဟုတ္လား”

“အခုလဲ ျပည္ပစစ္တကၠသိုလ္ထြက္ အရာရွိေတြ ရွိေနမယ္လို႔ ထင္ပါတယ္။ အေနာက္ႏိုင္ငံေတြကေတာ့ နည္းပါလိမ့္မယ္။ သူတို႔တကၠသိုလ္ထြက္မွ စစ္တိုက္တတ္မယ္လို႔ေတာ့ မဆိုလိုပါဘူး၊ ကမာၻမွာ အေနာက္ႏိုင္ငံ နာမည္ႀကီး စစ္တကၠသိုလ္ထြက္ေတြ အမ်ားႀကီးပါ။ “တလြဲလုပ္လြန္းလို႔ သမိုင္းတြက္ေလာက္ေအာင္ အရွက္တကြဲျဖစ္ခဲ့ဖူးတဲ့ အေနာက္စစ္တကၠသိုလ္ထြက္ စစ္ဗိုလ္ခ်ဳပ္ႀကီးေတြ အာဖရိကမွာ အေတာ္မ်ားတယ္။ ဒါေပမယ့္ စစ္တပ္ဆိုတာ ေသရဲ-သတ္ရဲ-အႏိုင္ယူရဲဖို႔နဲ႔ ၿပိဳင္ဘက္အားလုံးကို ေခ်မႈန္းပစ္ရတဲ့ အလုပ္သာလွ်င္ ရွိပါတယ္။ အေတြးအျမင္ စုံလင္ေလေလ အမွန္ကန္ဆုံး အဆီေလ်ာ္ဆုံး ဆုံးျဖတ္ခ် ခ်ႏိုင္ဖို႔ နီးစပ္ေလ ျဖစ္ပါလိမ့္မယ္”

“ထိုင္း နဲ႔ ျမန္မာ ႏွစ္ေပါင္း ၂၀၀ ေလာက္ စစ္ျဖစ္ခဲ့ၾကတာ ေနာက္ပိုင္း ဘာေၾကာင့္ ျမန္မာေတြ မႏိုင္ေတာ့ တာလဲ”

၁၆-ရာစုႏွစ္ကေန ၁၉-ရာစုႏွစ္အထိ အိမ္နီးခ်င္း ႏွစ္ႏိုင္ငံအၾကား ျပတ္ေတာင္း ျပတ္ေတာင္း စစ္တိုက္ေနခဲ့ၾကတယ္။ ျမန္မာျပည္မွာ ရွင္ဘုရင္ျဖစ္သူတိုင္းဟာ သူတို႔ရဲ႕ ဘုန္းတန္ခိုးအာႏုေဘာ္နဲ႔ အင္အားႀကီးမားေၾကာင္း ျပသတဲ့အေနတဲ့ စစ္သြား သြားတိုက္ေနၾကသလား ထင္ရတယ္။ တိုက္တိုင္းလည္း ႏိုင္တာမ်ား ပါတယ္။

“၁၈၀၉- ၁၈၁၂ ခုႏွစ္ ကုန္းေဘာင္ေခတ္မင္းဆက္ ဘိုးေတာ္ဘုရား ေခၚ ဗဒုံမင္းနဲ႔ လက္ရွိ ထိုင္း ခ်ကၠရီမင္းဆက္ ဒုတိယေျမာက္ ရာမာဘုရင္တို႔ လက္ထက္ ထိုင္းျမန္မာစစ္ပြဲဟာ ေနာက္ဆုံးပဲ၊ ျမန္မာေတြ ရႈံးနိမ့္ခဲ့ရပါတယ္”

ဘာေၾကာင့္ ျမန္မာေတြ အႏိုင္မရေတာ့တာလဲ ဘိုးေတာ္ဘုရားဟာ ျမန္မာ့သမိုင္းမွာ ျပဳျပင္ေျပာင္းလဲေရး ေတြ အမ်ားႀကီးလုပ္ခဲ့တဲ့ အင္အားႀကီး မင္းေကာင္း မင္းျမတ္တစ္ပါးပဲ မဟုတ္လား။
ဟုတ္ေတာ့ ဟုတ္ပါတယ္။ ဒါေပမယ့္ ဘိုးေတာ္ဘုရားနဲ႔ ပထမေျမာက္ ရာမာဘုရင္တို႔ (၁၈၉၇- ၁၉၈၉ ခုႏွစ္) စစ္ပြဲနဲ႔ (၁၈၀၂ - ၁၈၀၅ ခုႏွစ္) စစ္ပြဲေတြမွာလည္း ျမန္မာေတြ ရႈံးခဲ့ဖူးတယ္ဗ်။

အဲဒီ မတိုင္ခင္ ယိုးဒယားေရာ၊ ျမန္မာပါ ႏွစ္ဘက္စလုံးက ရွင္ဘုရင္နဲ႔ စစ္ဦးစီးေတြ အားလုံးဟာ ဘုန္းႀကီး ေက်ာင္းထြက္ေတြခ်ည္းပဲဗ်။ ထိုင္းႏိုင္ငံမွာ ခ်ကၠရီမင္းဆက္တက္လာေတာ့ ထီးနန္းဆက္ခံမယ့္ နန္းၫြန္႔ နန္းလ်ာေရာ စစ္သူႀကီးေတြပါ ကမာၻ႔တကၠသိုလ္ထြက္ေတြမ်ားလာတယ္။ အေတြးအျမင္ ဗဟုသုတ စုံလင္လာတယ္။ ျမန္မာေတြဘက္မွာလည္း အလားတူ ျပင္ဆင္ေျပာင္းလဲဖို႔ ႀကိဳးစားပါတယ္။ ၁၈၁၃ ခုႏွစ္ ရန္ကုန္ၿမိဳ႕ကို ေရာက္ရွိလာတဲ့ အေမရိကန္ သာသနာျပဳ ေဒါက္တာဂ်ပ္ဆင္ (ဆရာယုဒႆန္) နဲ႔ သူ႔မတိုင္ ဆင္ဂါမေနာတို႔ဟာ ျမန္မာ့ပညာေရးစနစ္ေခတ္မီဖို႔ ႏိုင္ငံျခားစာေပဘာသာစကားထြန္းကားဖို႔ ဘိုးေတာ္ဘုရားရဲ႕ အထူးအခြင့္အေရး ေပးခံရသူမ်ား ျဖစ္ပါတယ္။

ဒါေပမယ့္ သက္ဦးဆံပိုင္စနစ္ တိုင္းျပည္မွာ အဓိက အဆုံးအျဖတ္ေပးခြင့္ အာဏာရွိသူဟာ ရွင္ဘုရင္ပဲျဖစ္ပါတယ္။ ဘိုးေတာ္ဘုရားသာမက ေနာက္ပိုင္းျမန္မာဘက္ ရွင္ဘုရင္မ်ားနဲ႔ အဓိက အနီးကပ္အႀကံဉာဏ္ေပးရသူ ၀န္ႀကီးမ်ားဟာ ကင္း၀န္မင္းႀကီး တစ္ေယာက္ေလာက္ကလြဲရင္ ဘယ္ႏိုင္ငံျခားတိုင္းျပည္ကိုမွ မေရာက္ဖူးၾကဘူးဗ်။ ရွင္ဘုရင္လုပ္သူကလည္း သူမရွိခိုက္ နန္းလုမွာ စိုးရ၊ ၀န္ႀကီးေတြကလည္း သူတို႔ ျပည္ပသြားေနတုန္း ကုလားထိုင္ေနရာေလး ေပ်ာက္ဆုံးသြားမယ့္ အခက္အခဲ ရွိေနၾကပုံေပၚတယ္။

၁၈၂၄- ၁၈၂၆ ခုႏွစ္ ပထမအႀကိမ္ အဂၤလိပ္-ျမန္မာစစ္ပြဲမွာ ရခိုင္နဲ႔ တနသၤာရီကို ဆုံးရႈံးၿပီးေနာက္ပိုင္း ျမန္မာဘုရင္ေတြဟာ ထိုင္းကို စစ္မတိုက္ႏိုင္ၾကေတာ့ဘူး။ တကယ္ေတာ့ အင္ဒိုခ်ိဳင္းနားလို႔ ေခၚတဲ့ အေရွ႕ေတာင္အာရွမွာ ျမန္မာ-ေလာ-ထိုင္း-ကေမာၻဒီးယား-ဗီယက္နမ္တို႔ဟာ အင္အားႀကီးလာတဲ့ တိုင္းျပည္က ေဒသတြင္းမွာ စစ္တိုက္ၿပီး အႏိုင္ယူအင္အားျပေလ့ရွိခဲ့ၾကတယ္။ အေရွ႕ေတာင္အာရွမွာ အေစာဆုံး ကိုလိုနီနယ္ေျမထူေထာင္သူ ဥေရာပတိုင္းျပည္က ျပင္သစ္ျဖစ္ပါတယ္။

ႏွစ္တစ္ေထာင္ေက်ာ္ၾကာ ထိုင္းႏိုင္ငံသမိုင္းမွာ ျမန္မာကလြဲရင္ ဘယ္ျပည္ပတိုင္းျပည္ရဲ႕ လက္ေအာက္ခံ အျဖစ္ကို မေရာက္ခဲ့ဖူးဘူး၊ ဒုတိယကမာၻစစ္ မတိုင္ခင္ ျမန္မာျပည္အထိ နယ္ခ်ဲ႕လာတဲ့ အဂၤလိပ္နဲ႔ စစ္အတြင္း ဂ်ပန္၊ စစ္အၿပီး ျပင္သစ္တို႔ဟာ ထိုင္းႏိုင္ငံကို သိမ္းယူခဲ့တာမ်ိဳး မရွိခဲ့ဖူးဘူးတဲ့။ အမွန္ေတာ့ အဲဒါ စာ႐ြက္ေပၚမွာသာရွိတဲ့ ပါးစပ္စကားျဖစ္ၿပီး အဲ့ဒအင္အားႀကီးႏိုင္ငံရဲ႕ စစ္တပ္သာမက သူ႔ႏိုင္ငံသားေတြအေပၚ လက္ဖ်ားနဲ႔ေတာင္ ထိခြင့္မရပဲ နယ္လြန္တရားစီရင္ခြင့္ ေပးခဲ့ရပါတယ္။

၁၉၄၆- ၁၉၅၂ ခုႏွစ္ ပထမအႀကိမ္ အင္ဒိုခ်ိဳင္းနားစစ္ပြဲ (ျပင္သစ္-ဗီယက္နမ္)၊ ၁၉၅၅-၁၉၇၅ ခုႏွစ္ ဒုတိယအႀကိမ္ အင္ဒိုခ်ိဳင္းနားစစ္ပြဲ (ပထမ ျပင္သစ္တို႔ ထြက္ခြာသြားတဲ့ေနရာမွာ ကြန္ျမဴနစ္ဝါဒ တားဆီး ေရး အစားထိုး၀င္ေရာက္လာသူ အေမရိကန္နဲ႔ ေလာ-ကေမာၻဒီးယား-ဗီယက္နမ္တို႔ စစ္ပြဲမွာ ထိုင္းဟာ ၾကားေနႏိုင္ငံပဲ ဒါေပမယ့္ အိမ္နီးခ်င္းတိုင္းျပည္ေတြကို အေနာက္ႏိုင္ငံသားတို႔က တိုက္ခိုက္ရာမွာ ထိုင္းနယ္ေျမကို အသုံးခ်ခြင့္ ရရွိခဲ့ၾကတယ္။)

ဗီယက္နမ္စစ္ပြဲလို႔ လူသိမ်ားတဲ့ ဒုတိယအႀကိမ္အင္ဒိုခ်ိဳင္းနားစစ္ပြဲကာလ ထိုင္းႏိုင္ငံမွာ အေမရိကန္ေလတပ္စခန္း ရွိခဲ့ဖူးတယ္။ ထိုင္းႏိုင္ငံမွ အေမရိကန္ေလတပ္ ႐ုတ္သိမ္းေပးလိုက္ရျခင္းဟာ အေရွ႕ေတာင္အာရွမွာ အေနာက္ႏိုင္ငံသားတို႔ ေနာက္တစ္ႀကိမ္ စစ္တိုက္ခြင့္ မရႏိုင္ေတာ့တဲ့ အလွည့္အေျပာင္း ျဖစ္ပါတယ္။

၁၉၇၅- ၁၉၉၂ ခုႏွစ္ တတိယအႀကိမ္ အင္ဒိုခ်ိဳင္းနားစစ္ပြဲက်ေတာ့ တ႐ုတ္- ဗီယက္နမ္- ေလာ-ကေမာၻဒီးယား ႏိုင္ငံတို႔အၾကား စစ္ေရးအရႈပ္အေထြးနဲ႔ ျပည္တြင္း ကြန္ျမဴနစ္လက္နက္ကိုင္မ်ား ပုန္ကန္ဆန္႔က်င္မႈျဖစ္ပါတယ္။ အဲဒီကာလ ထိုင္းႏိုင္ငံဟာ ဆိုရွယ္လစ္စီးပြားေရးစနစ္နဲ႔ တံခါးပိတ္ၿပီး အိပ္ေပ်ာ္ေနတဲ့ ျမန္မာႏိုင္ငံအေပၚ နယ္စပ္မွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္အေၾကာင္းျပ လူမ်ိဳးစုလက္နက္ကိုင္ မ်ားကို Buffer Zone - ၾကားခံဇုန္ထားျခင္းျဖင့္ အေနာက္ဘက္သူ႔ႏိုင္ငံလုံၿခဳံေရးအတြက္ တားဆီးထားခဲ့ တယ္။ ထိုင္းႏိုင္ငံရဲ႕ မ်က္ႏွာႏွစ္ဖက္သီအိုရီ သိမ္ေမြ႕ေလေလ ျမန္မာျပည္တြင္းမွာ ေသြးေခ်ာင္းစီး စစ္ပြဲမ်ားနဲ႔ စီးပြားေရး ခြၽတ္ၿခဳံက်ေလပဲ။

ျမန္မာ စစ္ဘက္အုပ္ခ်ဳပ္သူေတြကို ဘြဲ႕ထူးဂုဏ္ထူးေပးၿပီး မ်က္ႏွာခ်ိဳေသြးေနတဲ့ ထိုင္းႏိုင္ငံဟာ တစ္ဖက္မွာ ျမန္မာႏိုင္ငံ လက္နက္ကိုင္ေသာင္းက်န္းသူေတြကို စစ္ေရးေလ့က်င့္၊ လက္နက္ေမွာင္ခိုေရာင္း-စစ္အႀကံေပး လုပ္ေနတဲ့ ဖရီးဘားမား ရိန္းဂ်ားလို အေမရိကန္ေၾကးစားစစ္သားေတြဟာ သူ႔ႏိုင္ငံအတြင္း တံခါးမရွိ ဓားမရွိ ၀င္ထြက္ခြင့္ ရရွိေနၾကတယ္။

ျမန္မာႏိုင္ငံအတြင္း ပဋိပကၡမ်ားကို မီးထိုးေပးဖို႔ CIA ကို ထိုင္းက မဲေဆာက္မွာ အေမရိကန္ ေကာင္စစ္၀န္႐ုံး ဖြင့္ခြင့္ေပးထားတယ္။ ျမန္မာႏိုင္ငံအတြင္း ေသာင္းက်န္းမႈမ်ိဳးစုံအတြက္ လက္နက္ခဲယမ္းမ်ားရရွိဖို႔ ထိုင္းက သူ႔ႏိုင္ငံကို ျဖတ္သန္းခြင့္ျပဳထားပါတယ္။ ျမန္မာႏိုင္ငံအတြင္း ပညာေရး-စီးပြားေရး-က်န္းမာေရးအစီအစဥ္မ်ားမွာ ဗုံခြဲ-ေခ်ာင္းေျမာင္းလုပ္ႀကံ-အဖ်က္အေမွာက္လုပ္ရင္း စင္ၿပိဳင္အစိုးရထူေထာင္ေနတဲ့ NUG ဟာ ထိုင္းႏိုင္ငံကို ေျခကုပ္ယူထားပါတယ္။ ျမန္မာျပည္တြင္း စက္သုံးဆီ-စားသုံးဆီ-ေ႐ႊေဒၚလာေစ်းေတြ ကေမာက္ကမျဖစ္ေအာင္ ျမန္မာ့လူ႔အဖြဲ႕အစည္းအတြင္း တုန္လႈပ္ေျခာက္ျခားေစမယ့္ သတင္းတု သတင္းလိမ္မ်ားကို ေန႔စဥ္ ေရးသားျဖန္႔ေဝေနသူေတြဟာ ဘန္ေကာက္မွာ ေအးခ်မ္းစြာ က်က္စားေနပါတယ္။

ဒါနဲ႔ ျမန္မာႏိုင္ငံက ေ႐ႊ႕ေျပာင္းအလုပ္သမားေတြဟာ ထိုင္းတစ္ႏိုင္ငံတည္းမွာတင္ လူ ၂ သန္းေလာက္ ရွိေနတယ္ဗ်။ လက္ရွိ ျမန္မာႏိုင္ငံဟာ ထိုင္းကို စစ္တိုက္ဖို႔ေဝးလို႔ ေစ်းေပါေပါနဲ႔ အလြယ္ရတဲ့ ဧရာမအလုပ္သမာေစ်းကြက္ႀကီးျဖစ္ေနပါတယ္။ ထိုင္းလူမ်ိဳးမ်ား မလုပ္ခ်င္တဲ့ အဲဒီအလုပ္အကိုင္ေတြ ရရွိဖို႔ေတာင္ ျမန္မာလူငယ္ လူ႐ြယ္ေတြဟာ လယ္ေပါင္၊ အိမ္ေပါင္ ႏြားေရာင္းၿပီး သြားၾကရရွာတာပါ။ ပဋိပကၡမ်ိဳးစုံနဲ႔ ျပည္တြင္းမွာ အဆင့္မီ အလုပ္အကိုင္ရွားပါးလြန္း အနီးဆုံး ျပည္ပတိုင္းျပည္မွာ အလုပ္အကိုင္ရွာ ေဖြေနၾကရၿပီေလ။

ထိုင္းတို႔အတြက္ သည့္ထက္ေကာင္းတာေတာက္ သည္ေလာက္ မေကာင္းႏိုင္ဘူး၊ ဒီအတြက္ ျမန္မာကို မၾကာခဏ ခ်စ္ၾကည္ေရးခရီးလာေရာက္ၿပီး ေက်ာသပ္ ရင္သပ္ မစားရ ဝခမန္း ခ်ီးက်ဴး‌ေျမႇာက္ပင့္ ေပးဖို႔သာ လိုအပ္ပါတယ္။

Related news

© 2021. All rights reserved.