ပုသိမ်ကြီးမြို့နယ်ရှိ စတိုးဆိုင်တစ်ခုအနီး၌ လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွား

1592
ကျော် (NP News) - ဒီဇင်ဘာ ၄
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ စတိုးဆိုင်တစ်ခုရှေ့ရှိ အမှိုက်ပုံးအတွင်းမှ လက် လုပ်မိုင်းပေါက်ကွဲခဲ့မှု ယမန်နေ့ (ဒီဇင်ဘာလ ၃ ရက်)၊ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ယမန်နေ့၊ ညနေ ၅ နာရီခွဲခန့်က အုန်းချောကျေးရွာ၏ မန္တလေး-ပြင်ဦးလွင်သွားကားလမ်းဘေး စတိုးဆိုင်ရှေ့ရှိ အမှိုက်ပုံးအတွင်းမှ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။
"စတိုးဆိုင်ရှေ့မှာရှိတဲ့ အမှိုက်ပုံးထဲကနေပေါက်ကွဲတာ။ စတိုးဆိုင်ရှေ့မှာရှိတဲ့ အမှိုက်ပုံးနဲ့ဆိုင်ကယ်တက်ဖို့လုပ်ထားတဲ့ သံလျောဆင်းစင်လောက်ပဲ ပျက်စီးသွားတာပါ"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါ စတိုးဆိုင်ပိုင်ရှင်သည် ပုဒ်မ ၅၀၅(ခ)ဖြင့် အရေးယူခံရပြီး ခံဝန်ဖြင့်ပြန်လွတ်ထားသူ ဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်၊ ည ၁၁ နာရီကျော်ခန့်ကလည်း ချမ်းအေးသာစံမြို့နယ်၊ ၈၀ လမ်းနှင့် ၈၁ လမ်းကြား၊ ၂၆ လမ်း၌ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးမှ ၎င်းတို့အားစစ်ဆေးရန် ရပ်တန်ခိုင်းသော လုံခြုံရေးအဖွဲဝင်တစ်ဦးအား ဆိုင်ကယ်ဖြင့်တိုက်ရန်ပြုလုပ်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ၎င်းကပြောသည်။
အဆိုပါ အမျိုးသား ၂ ဦးသည် ချမ်းအေးသာစံမြို့နယ်နေသူများဖြစ်ကြောင်း သိရသည်။
ထိုသို့ မောင်းနှင်ထွက်ပြေးသွားသဖြင့် လုံခြုံရေးအဖွဲ့ဝင်များကခြောက်လှန့်၍ပစ်ခတ်ဖမ်းဆီးရာ ဆိုင်ကယ်မောင်းနှင်လာသူတွင် ဘယ်ဘက်တံတောင် ကျည်ဖောက်ထွက်ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း သိရသည်။
ထို့ပြင် ဆိုင်ကယ်နောက်၌ စီးနင်းလိုက်ပါလာသူတွင်လည်း ညာဘက် နောက်ကျောမှ ကျည်ဖောက်ဝင်ပြီး ဘယ်ဘက်နံဘေးကျည်ဖောက်ထွက်၊ ဘယ်ဘက်လက်မောင်း ကျည်ဖောက်ထွက်ဒဏ်ရာတို့ရရှိခဲ့ကာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရသူနှစ်ဦးအား လုံခြုံရေးအဖွဲ့ဝင်များက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

zawgyi version
ပုသိမ္ႀကီးၿမိဳ႕နယ္ရွိ စတိုးဆိုင္တစ္ခုအနီး၌ လက္လုပ္မိုင္းေပါက္ကြဲမႈျဖစ္ပြား
ေက်ာ္ (NP News) - ဒီဇင္ဘာ ၄
မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ အုန္းေခ်ာေက်း႐ြာရွိ စတိုးဆိုင္တစ္ခုေရွ႕ရွိ အမႈိက္ပုံးအတြင္းမွ လက္ လုပ္မိုင္းေပါက္ကြဲခဲ့မႈ ယမန္ေန႔ (ဒီဇင္ဘာလ ၃ ရက္)၊ ညေနပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
ယမန္ေန႔၊ ညေန ၅ နာရီခြဲခန္႔က အုန္းေခ်ာေက်း႐ြာ၏ မႏၲေလး-ျပင္ဦးလြင္သြားကားလမ္းေဘး စတိုးဆိုင္ေရွ႕ရွိ အမႈိက္ပုံးအတြင္းမွ လက္လုပ္မိုင္းတစ္လုံးေပါက္ကြဲခဲ့ေၾကာင္း သိရသည္။
"စတိုးဆိုင္ေရွ႕မွာရွိတဲ့ အမႈိက္ပုံးထဲကေနေပါက္ကြဲတာ။ စတိုးဆိုင္ေရွ႕မွာရွိတဲ့ အမႈိက္ပုံးနဲ႔ဆိုင္ကယ္တက္ဖို႔လုပ္ထားတဲ့ သံေလ်ာဆင္းစင္ေလာက္ပဲ ပ်က္စီးသြားတာပါ"ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက ေျပာသည္။
အဆိုပါ စတိုးဆိုင္ပိုင္ရွင္သည္ ပုဒ္မ ၅၀၅(ခ)ျဖင့္ အေရးယူခံရၿပီး ခံဝန္ျဖင့္ျပန္လြတ္ထားသူ ျဖစ္ေၾကာင္းလည္း ၎ကဆက္လက္ေျပာသည္။
အလားတူ ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၂ ရက္၊ ည ၁၁ နာရီေက်ာ္ခန္႔ကလည္း ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ၈၀ လမ္းႏွင့္ ၈၁ လမ္းၾကား၊ ၂၆ လမ္း၌ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အမ်ိဳးသားႏွစ္ဦးမွ ၎တို႔အားစစ္ေဆးရန္ ရပ္တန္ခိုင္းေသာ လုံၿခဳံေရးအဖြဲဝင္တစ္ဦးအား ဆိုင္ကယ္ျဖင့္တိုက္ရန္ျပဳလုပ္ကာ ေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း ၎ကေျပာသည္။
အဆိုပါ အမ်ိဳးသား ၂ ဦးသည္ ခ်မ္းေအးသာစံၿမိဳ႕နယ္ေနသူမ်ားျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ေမာင္းႏွင္ထြက္ေျပးသြားသျဖင့္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားကေျခာက္လွန္႔၍ပစ္ခတ္ဖမ္းဆီးရာ ဆိုင္ကယ္ေမာင္းႏွင္လာသူတြင္ ဘယ္ဘက္တံေတာင္ က်ည္ေဖာက္ထြက္ဒဏ္ရာရရွိခဲ့ေသာ္လည္း မစိုးရိမ္ရေၾကာင္း သိရသည္။
ထို႔ျပင္ ဆိုင္ကယ္ေနာက္၌ စီးနင္းလိုက္ပါလာသူတြင္လည္း ညာဘက္ ေနာက္ေက်ာမွ က်ည္ေဖာက္ဝင္ၿပီး ဘယ္ဘက္နံေဘးက်ည္ေဖာက္ထြက္၊ ဘယ္ဘက္လက္ေမာင္း က်ည္ေဖာက္ထြက္ဒဏ္ရာတို႔ရရွိခဲ့ကာ စိုးရိမ္ရသည့္ အေျခအေနတြင္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရသူႏွစ္ဦးအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။