မုန်းမြို့ရှိ တပ်မတော်လုံခြုံရေးစခန်းများ သိမ်းပိုက်ခံရခြင်းမရှိကြောင်းနှင့် တိုက်ပွဲပြင်းထန်နေဆဲသာဖြစ်ကြောင်း နစကဆို

5916

မြူနစ် (NP News) - ဒီဇင်ဘာ ၄
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ တပ်မတော်လုံခြုံရေးစခန်းများ သိမ်းပိုက်ခံရခြင်းမရှိသေးကြောင်းနှင့် တိုက်ပွဲပြင်းထန်နေဆဲသာဖြစ်ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
KNU၊ PDF ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂ ရက်ညပိုင်းမှစတင်ကာ မုန်းမြို့ရှိ ရဲစခန်း၊ ခမရ(၅၉၉)၊ ခမရ (၅၉ဝ)စခန်း အပါအဝင် အခြားလုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ယနေ့(ဒီဇင်ဘာ ၄ ရက်) ညနေပိုင်းတွင် မုန်းမြို့ရှိ တပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေသည်ဟု KNU ဘက်က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ထိုသို့ထုတ်ပြန်ထားမှုနှင့်ပတ်သက်၍ NP News က ယနေ့ ညနေပိုင်းတွင် နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းအား မေးမြန်းရာတွင် ၎င်းက အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“အဲဒီမှာ တပ်ရင်း(၂)ရင်းရှိတယ်။ခမရ (၅၉၉)ရော၊ ခမရ (၅၉ဝ)နားလေးမှာ သူတို့တွေ မနေ့က အတိုင်း ကပ်နေတာပေါ့။ လုပ်နေတာရှိတယ်။ ဒီကနေ ပြန်ပြီးတော့ တိုက်ခိုက်ခဲ့တာရှိတယ်။ ပြန်ထွက်သွားတယ်။ ဒီနေ့မနက်မှာ ပြန်ဝင်လာတယ်။ နှစ်ကြိမ်၊ သုံးကြိမ်လောက် ပြန်ဝင်လာတယ်။ ပြန်တိုက်ခိုက်ခဲ့တာရှိတယ်။ ဒီနေ့ ညနေအထိကတော့ တိုက်ခိုက်နေဆဲပဲ ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
လက်ရှိအချိန်အထိ မုန်းမြို့သည် KNU၊ PDF ပူးပေါင်းအဖွဲ့၏ သိမ်းပိုက်ခြင်းကို ခံရခြင်းမရှိကြောင်းလည်း ၎င်းက ထပ်မံအတည်ပြုပြောကြားခဲ့သည်။
“အရင်တုန်းကလည်း လွန်ခဲ့တဲ့ ၂ဝဝ၈-၂ဝဝ၉ ခုနှစ်လောက်မှာ တစ်ကြိမ် အဲဒီတပ်ရင်းကို လုပ်ခဲ့ဖူးတယ်။ အဲဒီရဲ့ရှေ့မှာလည်း ၂ဝဝ၁-၂ဝဝ၂ လောက်မှာ တစ်ကြိမ်လုပ်ခဲ့ဖူးတယ်။ သူတို့ အောင်မြင်မှု မရှိပါဘူး။ တစ်ချို့နေရာတွေကတော့ တပ်ရင်းထဲအထိတော့ ဝင်လာနိုင်တာပေါ့ ပြီးတော့ ပြန်လန်သွားတာပါပဲ။ အခုလည်း ဒီလိုပါပဲ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ယမန်နေ့(ဒီဇင်ဘာ ၃ ရက်)တွင် မုန်းမြို့ရှိ မြို့မရဲစခန်းကို လုံခြုံရေးအခြေအနေအရ နောက်ဆုတ်ပေးခဲ့ကြောင်း နစက ဘက်က သတင်းထုတ်ပြန်ထားသည်။

Zawgyi Version;
မုန္းၿမိဳ႕ရွိ တပ္မေတာ္လုံၿခဳံေရးစခန္းမ်ား သိမ္းပိုက္ခံရျခင္းမရွိေၾကာင္းႏွင့္ တိုက္ပြဲျပင္းထန္ေနဆဲသာျဖစ္ေၾကာင္း နစကဆို
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၄
ပဲခူးတိုင္း၊ ေက်ာက္ႀကီးၿမိဳ႕နယ္၊ မုန္းၿမိဳ႕ရွိ တပ္မေတာ္လုံၿခဳံေရးစခန္းမ်ား သိမ္းပိုက္ခံရျခင္းမရွိေသးေၾကာင္းႏွင့္ တိုက္ပြဲျပင္းထန္ေနဆဲသာျဖစ္ေၾကာင္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
KNU၊ PDF ပူးေပါင္းအဖြဲ႕သည္ ဒီဇင္ဘာ ၂ ရက္ညပိုင္းမွစတင္ကာ မုန္းၿမိဳ႕ရွိ ရဲစခန္း၊ ခမရ(၅၉၉)၊ ခမရ (၅၉ဝ)စခန္း အပါအဝင္ အျခားလုံၿခဳံေရးစခန္းမ်ားကို အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။
ယေန႔(ဒီဇင္ဘာ ၄ ရက္) ညေနပိုင္းတြင္ မုန္းၿမိဳ႕ရွိ တပ္စခန္းအားလုံးကို တိုက္ခိုက္သိမ္းပိုက္ရရွိခဲ့ၿပီး နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္ေနသည္ဟု KNU ဘက္က ထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။
ထိုသို႔ထုတ္ျပန္ထားမႈႏွင့္ပတ္သက္၍ NP News က ယေန႔ ညေနပိုင္းတြင္ နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းအား ေမးျမန္းရာတြင္ ၎က အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
“အဲဒီမွာ တပ္ရင္း(၂)ရင္းရွိတယ္။ခမရ (၅၉၉)ေရာ၊ ခမရ (၅၉ဝ)နားေလးမွာ သူတို႔ေတြ မေန႔က အတိုင္း ကပ္ေနတာေပါ့။ လုပ္ေနတာရွိတယ္။ ဒီကေန ျပန္ၿပီးေတာ့ တိုက္ခိုက္ခဲ့တာရွိတယ္။ ျပန္ထြက္သြားတယ္။ ဒီေန႔မနက္မွာ ျပန္ဝင္လာတယ္။ ႏွစ္ႀကိမ္၊ သုံးႀကိမ္ေလာက္ ျပန္ဝင္လာတယ္။ ျပန္တိုက္ခိုက္ခဲ့တာရွိတယ္။ ဒီေန႔ ညေနအထိကေတာ့ တိုက္ခိုက္ေနဆဲပဲ ရွိပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
လက္ရွိအခ်ိန္အထိ မုန္းၿမိဳ႕သည္ KNU၊ PDF ပူးေပါင္းအဖြဲ႕၏ သိမ္းပိုက္ျခင္းကို ခံရျခင္းမရွိေၾကာင္းလည္း ၎က ထပ္မံအတည္ျပဳေျပာၾကားခဲ့သည္။
“အရင္တုန္းကလည္း လြန္ခဲ့တဲ့ ၂ဝဝ၈-၂ဝဝ၉ ခုႏွစ္ေလာက္မွာ တစ္ႀကိမ္ အဲဒီတပ္ရင္းကို လုပ္ခဲ့ဖူးတယ္။ အဲဒီရဲ႕ေရွ႕မွာလည္း ၂ဝဝ၁-၂ဝဝ၂ ေလာက္မွာ တစ္ႀကိမ္လုပ္ခဲ့ဖူးတယ္။ သူတို႔ ေအာင္ျမင္မႈ မရွိပါဘူး။ တစ္ခ်ိဳ႕ေနရာေတြကေတာ့ တပ္ရင္းထဲအထိေတာ့ ဝင္လာႏိုင္တာေပါ့ ၿပီးေတာ့ ျပန္လန္သြားတာပါပဲ။ အခုလည္း ဒီလိုပါပဲ” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ယမန္ေန႔(ဒီဇင္ဘာ ၃ ရက္)တြင္ မုန္းၿမိဳ႕ရွိ ၿမိဳ႕မရဲစခန္းကို လုံၿခဳံေရးအေျခအေနအရ ေနာက္ဆုတ္ေပးခဲ့ေၾကာင္း နစက ဘက္က သတင္းထုတ္ျပန္ထားသည္။