မုန်းမြို့ရှိ နယ်မြေခံတပ်ရင်းအား တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီးနောက် မုန်းမြို့အတွင်း လုံခြုံရေးလုပ်ငန်းများ လုပ်ဆောင်နေ

 13901

Pearl (NP News) - ဒီဇင်ဘာ ၆

မုန်းမြို့ရှိ နယ်မြေခံတပ်ရင်းအား တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီးနောက် မုန်းမြို့အတွင်း လုံခြုံရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်မှစတင်၍ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ နယ်မြေခံတပ်ရင်းများ နှင့် မြို့ဝင်သံတံတားတို့အား KNLA၊ PDF ပူးပေါင်းအဖွဲ့က အင်အား ၁၅၀၀ ခန့်ဖြင့် လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်ရင်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ ရဲမေများက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၄ ရက်၊ နေ့လည်ပိုင်းအထိ ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

"ဒီဇင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းကနေစပြီး ဒီဇင်ဘာလ ၄ ရက်အထိ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ် ပွားခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ တချို့နေရာတွေမှာ မိသားစုတွေကို လုံခြုံစိတ်ချရတဲ့နေရာတွေကို ရွှေ့ပြောင်းပေးခဲ့ရတာတွေ ရှိပါတယ်။ ဒီဇင်ဘာလ ၅ ရက်၊ နံနက်ပိုင်းမှာလည်း ကျွန်တော်တို့ကစနစ်တကျ ပြန်လည်စုဖွဲ့ပြီးတော့ ပြန်လည်ဝင်ရောက်ပြီး လုံခြုံရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အကြမ်းဖက်သမားများအနေဖြင့် ထိခိုက်ကျဆုံးမှုများပြားသော်လည်း အင်အားထပ်မံဖြည့်တင်း၍ တိုက်ခိုက်လာသည့်အတွက် ဒီဇင်ဘာလ(၄)ရက်၊ ညနေပိုင်းတွင် မိသားစုဝင်များအား လုံခြုံသည့်နေရာသို့ လေကြောင်းအကူအညီဖြင့် ပြောင်းရွှေ့ပေးခဲ့ကြောင်း နစကဘက်က ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၅ ရက်)၊ နံနက်ပိုင်းတွင် တပ်မတော်စစ်ကူစစ်ကြောင်းများဖြည့်တင်း၍ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများရယူကာ ပြန်လည်တိုက်ခိုက်ခဲ့ရာ နေ့လည်ပိုင်းတွင် အကြမ်းဖက်သမားများသည် မြို့၏မြောက်ဘက်နှင့် အရှေ့ဘက်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းသိရသည်။

"မုန်းရဲ့မြောက်ဘက်နဲ့အရှေ့ဘက်ကို ရန်သူများ ဆုတ်ခွာထွက်ပြေးပါတယ်။ ဘယ်လောက်သေတယ်၊ ဘယ်လောက်ကျဆုံးတယ်၊ ဘယ်လောက်ဒဏ်ရာရတယ်ဆိုတာက ဂုဏ်ယူပြီးပြောနေစရာ မရှိပါဘူး။ ဘယ်လိုပဲပြောပြော မြန်မာနိုင်ငံသားတွေပဲဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

သို့သော် အကြမ်းဖက်သမားများအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်၊ ပြည်သူလူထု၏ လမ်းပန်းဆက်သွယ်မှု၊ ပြည်သူလူထု၏လူမှုစီးပွားဘဝလုံခြုံမှုကို ထိခိုက်လာပါက တပ်မတော်က ပြတ်ပြတ်သားသား ချေမှုန်းသွားမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောသည်။

လက်ရှိတွင် အကြမ်းဖက်သမားများ ခေတ္တဝင်ရောက်နေရာယူထားသည့် မုန်းမြို့ရှိနယ်မြေခံတပ်ရင်းအား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ပြီဖြစ်ပြီး မုန်းမြို့အတွင်း လုံခြုံရေးလုပ်ငန်းများ ဆက်လက်ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်တွင် အကြမ်းဖက်သမားများထံမှ အလောင်း၊ လက်နက်အချို့သိမ်းပိုက်ရရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဉ်အတွင်း အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်းခံရသည့် အရာရှိ၊ စစ်သည်အချို့ နှင့် မြို့တွင်းနေရဲမေအချို့တို့အား ပြန်လည်လွတ်မြောက်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
မုန္းၿမိဳ႕ရွိ နယ္ေျမခံတပ္ရင္းအား တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ၿပီးေနာက္ မုန္းၿမိဳ႕အတြင္း လုံၿခဳံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ေန

Pearl (NP News) - ဒီဇင္ဘာ ၆

မုန္းၿမိဳ႕ရွိ နယ္ေျမခံတပ္ရင္းအား တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ၿပီးေနာက္ မုန္းၿမိဳ႕အတြင္း လုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၃ ရက္မွစတင္၍ ပဲခူးတိုင္း၊ ေက်ာက္ႀကီးၿမိဳ႕နယ္၊ မုန္းၿမိဳ႕ရွိ နယ္ေျမခံတပ္ရင္းမ်ား ႏွင့္ ၿမိဳ႕ဝင္သံတံတားတို႔အား KNLA၊ PDF ပူးေပါင္းအဖြဲ႕က အင္အား ၁၅၀၀ ခန႔္ျဖင့္ လာေရာက္တိုက္ခိုက္ခဲ့သျဖင့္ တပ္ရင္းဌာနခ်ဳပ္ရွိ အရာရွိ၊ စစ္သည္၊ ရဲေမမ်ားက ျပန္လည္ခုခံတိုက္ခိုက္ခဲ့ရာ ဒီဇင္ဘာလ ၄ ရက္၊ ေန႔လည္ပိုင္းအထိ ထိေတြ႕တိုက္ပြဲမ်ား ျပင္းထန္စြာျဖစ္ပြားခဲ့သည္။

"ဒီဇင္ဘာလ ၃ ရက္ေန႔ မနက္ပိုင္းကေနစၿပီး ဒီဇင္ဘာလ ၄ ရက္အထိ ျပင္းျပင္းထန္ထန္တိုက္ပြဲျဖစ္ ပြားခဲ့တယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ တခ်ိဳ႕ေနရာေတြမွာ မိသားစုေတြကို လုံၿခဳံစိတ္ခ်ရတဲ့ေနရာေတြကို ေ႐ႊ႕ေျပာင္းေပးခဲ့ရတာေတြ ရွိပါတယ္။ ဒီဇင္ဘာလ ၅ ရက္၊ နံနက္ပိုင္းမွာလည္း ကြၽန္ေတာ္တို႔ကစနစ္တက် ျပန္လည္စုဖြဲ႕ၿပီးေတာ့ ျပန္လည္ဝင္ေရာက္ၿပီး လုံၿခဳံေရးလုပ္ငန္းေတြ ဆက္လက္ေဆာင္႐ြက္လ်က္ရွိပါတယ္"ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

အၾကမ္းဖက္သမားမ်ားအေနျဖင့္ ထိခိုက္က်ဆုံးမႈမ်ားျပားေသာ္လည္း အင္အားထပ္မံျဖည့္တင္း၍ တိုက္ခိုက္လာသည့္အတြက္ ဒီဇင္ဘာလ(၄)ရက္၊ ညေနပိုင္းတြင္ မိသားစုဝင္မ်ားအား လုံၿခဳံသည့္ေနရာသို႔ ေလေၾကာင္းအကူအညီျဖင့္ ေျပာင္းေ႐ႊ႕ေပးခဲ့ေၾကာင္း နစကဘက္က ေျပာသည္။

ယမန္ေန႔ (ဒီဇင္ဘာလ ၅ ရက္)၊ နံနက္ပိုင္းတြင္ တပ္မေတာ္စစ္ကူစစ္ေၾကာင္းမ်ားျဖည့္တင္း၍ ေလေၾကာင္းပစ္ကူ၊ လက္နက္ႀကီး ပစ္ကူမ်ားရယူကာ ျပန္လည္တိုက္ခိုက္ခဲ့ရာ ေန႔လည္ပိုင္းတြင္ အၾကမ္းဖက္သမားမ်ားသည္ ၿမိဳ႕၏ေျမာက္ဘက္ႏွင့္ အေရွ႕ဘက္သို႔ ျပန္လည္ဆုတ္ခြာထြက္ေျပးသြားခဲ့ေၾကာင္းသိရသည္။

"မုန္းရဲ႕ေျမာက္ဘက္နဲ႔အေရွ႕ဘက္ကို ရန္သူမ်ား ဆုတ္ခြာထြက္ေျပးပါတယ္။ ဘယ္ေလာက္ေသတယ္၊ ဘယ္ေလာက္က်ဆုံးတယ္၊ ဘယ္ေလာက္ဒဏ္ရာရတယ္ဆိုတာက ဂုဏ္ယူၿပီးေျပာေနစရာ မရွိပါဘူး။ ဘယ္လိုပဲေျပာေျပာ ျမန္မာႏိုင္ငံသားေတြပဲျဖစ္ပါတယ္" ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

သို႔ေသာ္ အၾကမ္းဖက္သမားမ်ားအေနျဖင့္ ျပည္သူလူထု၏ အသက္အိုးအိမ္၊ စည္းစိမ္၊ ျပည္သူလူထု၏ လမ္းပန္းဆက္သြယ္မႈ၊ ျပည္သူလူထု၏လူမႈစီးပြားဘဝလုံၿခဳံမႈကို ထိခိုက္လာပါက တပ္မေတာ္က ျပတ္ျပတ္သားသား ေခ်မႈန္းသြားမည္ျဖစ္ေၾကာင္း ၎ကထပ္မံေျပာသည္။

လက္ရွိတြင္ အၾကမ္းဖက္သမားမ်ား ေခတၱဝင္ေရာက္ေနရာယူထားသည့္ မုန္းၿမိဳ႕ရွိနယ္ေျမခံတပ္ရင္းအား တပ္မေတာ္စစ္ေၾကာင္းမ်ားက ျပန္လည္ထိန္းခ်ဳပ္သိမ္းပိုက္ႏိုင္ၿပီျဖစ္ၿပီး မုန္းၿမိဳ႕အတြင္း လုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္ရွင္းလင္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ျဖစ္စဥ္တြင္ အၾကမ္းဖက္သမားမ်ားထံမွ အေလာင္း၊ လက္နက္အခ်ိဳ႕သိမ္းပိုက္ရရွိခဲ့ၿပီး တိုက္ပြဲျဖစ္ပြားစဥ္အတြင္း အၾကမ္းဖက္သမားမ်ား၏ ဖမ္းဆီးျခင္းခံရသည့္ အရာရွိ၊ စစ္သည္အခ်ိဳ႕ ႏွင့္ ၿမိဳ႕တြင္းေနရဲေမအခ်ိဳ႕တို႔အား ျပန္လည္လြတ္ေျမာက္ေရးအတြက္လည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.