ရုရှားနယ်စပ်တွင် နာဇီနိုင်ငံ တည်ရှိနေမှုကို ခွင့်ပြုမည်မဟုတ်ကြောင်း ရုရှားအစိုးရပြော

 2783

Pika (NP News) - ဒီဇင်ဘာ ၁ဝ

ရုရှားအစိုးရသည် ယူကရိန်းနိုင်ငံကို ရုရှားနှင့်အခြားနိုင်ငံများအား ခြိမ်းခြောက်နေသည့် နာဇီနိုင်ငံအဖြစ် ဆက်လက်ရပ်တည်ခွင့်ပြုမည်မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ပြောကြားခဲ့သည်။

ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့သည့် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားသမ္မတ ပူတင်ကြေညာထားသည့် နာဇီဝါဒဆန့်ကျင်ရေးနှင့် ယူကရိန်း၏ စစ်ရေးဆောင်ရွက်ချက်လုပ်ငန်းများ လျှော့ချရန် ရည်မှန်းချက်မှာ ပြောင်းလဲသွားမည်မဟုတ်ကြောင်း မာရီယာဇာခါရိုဗာက အတည်ပြုခဲ့သည်။

ထို့အပြင် ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်သည့်ဖြစ်ရပ်များက ရုရှားနိုင်ငံအနေဖြင့် ၎င်း၏ အထူးစစ်ဆင်ရေး များကို စတင်ရန်လိုအပ်သည်ဆိုသည့် ယုံကြည်ချက်များကို ပိုမိုသိသာထင်ရှားလာစေခဲ့ကြောင်း မာရီယာဇာခါရိုဗာ က ပြောကြားခဲ့သည်။

၎င်း က "စစ်ပွဲစတင်ဖြစ်ပွားတဲ့အချိန်ကတည်းက ယူကရိန်း (သို့မဟုတ်) နာဇီလက်သစ်တွေဟာ အရပ်သားတွေကို လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့ပြီး ရုရှားစစ်သုံ့ပန်းတွေကို ရက်စက်စွာ ဆက်ဆံခဲ့ပါတယ်။ ဒီပဋိပက္ခမှာ သူတို့ရဲ့ အဓိကရည်မှန်းချက်က ရုရှားနိုင်ငံသားတွေကို တတ်နိုင်သမျှသတ်ပစ်ဖို့ပါပဲ" ဟု ပြောခဲ့သည်။

ရုရှား-ယူကရိန်းပဋိပက္ခကို ထိရောက်စွာဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့်ပတ်သက်သည့် မေးခွန်းများကို မာရီယာဇာခါရိုဗာက ပြန်လည်တုံ့ပြန်ဖြေဆိုခဲ့ကြောင်းလည်း သိရသည်။ ၎င်းက "ငြိမ်းချမ်းရေးကို ရရှိဖို့ တစ်ခုတည်းသောနည်းလမ်းက ရုရှားရဲ့တောင်းဆိုမှုတွေအားလုံးကို ဖြည့်ဆည်းပေးတာပါပဲ။ ဘက်မလိုက်ဖို့၊ ယူကရိန်းက နျူကလီးယားကင်းစင်တဲ့နိုင်ငံဖြစ်ဖို့၊ နာဇီဝါဒဖယ်ရှားဖို့၊ ယူကရိန်းရဲ့ စစ်ရေးဆောင်ရွက်ချက်တွေ လျှော့ချဖို့၊ နယ်မြေဒေသအသစ်တွေကို အသိအမှတ်ပြုဖို့၊ ရုရှားစကားပြောတဲ့နိုင်ငံသားတွေနဲ့ ယူကရိန်းနိုင်ငံ အတွင်းနေထိုင်တဲ့တိုင်းရင်းသားလူနည်းစုတွေအတွက် အခွင့်အရေးတွေကို အာမခံပေးရပါမယ်" ဟု ပြောဆိုခဲ့သည်။

ထို့အပြင် ယူကရိန်းပဋိပက္ခကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် ရုရှားဖက်က အဆင်သင့်ရှိကြောင်း နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်ရန်အတွက် ဘယ်တော့မှ ငြင်းဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း မာရီယာဇာခါရိုဗာ က အတည်ပြုပြောကြားခဲ့သည်။

၎င်းက "ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ဆိုရင် ယူကရိန်းအစိုးရနဲ့ အနောက်အုပ်စုကျောထောက် နောက်ခံနိုင်ငံတွေဟာ လက်တွေ့ကျတဲ့ ခြေလှမ်းတွေ၊ ကောင်းမွန်တဲ့ဆန္ဒတွေကို ပြသရပါမယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်အထိ သူတို့ဖက်က အဲဒီလိုမျိုးတွေ ပြသတာမျိုးမရှိသေးပါဘူး။ အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို လက်နက်ထောက်ပံ့ပေးနေတာတွေ ရပ်တန့်ရမှာဖြစ်သလို ယူကရိန်းဟာ တိုက်ခိုက်မှုတွေကို ရပ်ပြီး ရုရှားပိုင်နက်နယ်မြေထဲက တပ်ဖွဲ့ဝင်တွေကို ပြန်လည်ရုတ်သိမ်းရပါမယ်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
႐ုရွားနယ္စပ္တြင္ နာဇီႏိုင္ငံ တည္ရွိေနမႈကို ခြင့္ျပဳမည္မဟုတ္ေၾကာင္း ႐ုရွားအစိုးရေျပာ
Pika (NP News) - ဒီဇင္ဘာ ၁ဝ

႐ုရွားအစိုးရသည္ ယူကရိန္းႏိုင္ငံကို ႐ုရွားႏွင့္အျခားႏိုင္ငံမ်ားအား ၿခိမ္းေျခာက္ေနသည့္ နာဇီႏိုင္ငံအျဖစ္ ဆက္လက္ရပ္တည္ခြင့္ျပဳမည္မဟုတ္ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာက ေျပာၾကားခဲ့သည္။

ယူကရိန္းအေပၚ က်ဴးေက်ာ္တိုက္ခိုက္မႈမ်ား စတင္လုပ္ေဆာင္ခဲ့သည့္ ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ႐ုရွားသမၼတ ပူတင္ေၾကညာထားသည့္ နာဇီဝါဒဆန႔္က်င္ေရးႏွင့္ ယူကရိန္း၏ စစ္ေရးေဆာင္႐ြက္ခ်က္လုပ္ငန္းမ်ား ေလွ်ာ့ခ်ရန္ ရည္မွန္းခ်က္မွာ ေျပာင္းလဲသြားမည္မဟုတ္ေၾကာင္း မာရီယာဇာခါ႐ိုဗာက အတည္ျပဳခဲ့သည္။

ထို႔အျပင္ ယူကရိန္းအက်ပ္အတည္းႏွင့္ပတ္သက္သည့္ျဖစ္ရပ္မ်ားက ႐ုရွားႏိုင္ငံအေနျဖင့္ ၎၏ အထူးစစ္ဆင္ေရး မ်ားကို စတင္ရန္လိုအပ္သည္ဆိုသည့္ ယုံၾကည္ခ်က္မ်ားကို ပိုမိုသိသာထင္ရွားလာေစခဲ့ေၾကာင္း မာရီယာဇာခါ႐ိုဗာ က ေျပာၾကားခဲ့သည္။

၎ က "စစ္ပြဲစတင္ျဖစ္ပြားတဲ့အခ်ိန္ကတည္းက ယူကရိန္း (သို႔မဟုတ္) နာဇီလက္သစ္ေတြဟာ အရပ္သားေတြကို လူသားဒိုင္းကာအျဖစ္ အသုံးျပဳခဲ့ၿပီး ႐ုရွားစစ္သုံ႔ပန္းေတြကို ရက္စက္စြာ ဆက္ဆံခဲ့ပါတယ္။ ဒီပဋိပကၡမွာ သူတို႔ရဲ႕ အဓိကရည္မွန္းခ်က္က ႐ုရွားႏိုင္ငံသားေတြကို တတ္ႏိုင္သမွ်သတ္ပစ္ဖို႔ပါပဲ" ဟု ေျပာခဲ့သည္။

႐ုရွား-ယူကရိန္းပဋိပကၡကို ထိေရာက္စြာေျဖရွင္းႏိုင္မည့္ နည္းလမ္းမ်ားႏွင့္ပတ္သက္သည့္ ေမးခြန္းမ်ားကို မာရီယာဇာခါ႐ိုဗာက ျပန္လည္တုံ႔ျပန္ေျဖဆိုခဲ့ေၾကာင္းလည္း သိရသည္။ ၎က "ၿငိမ္းခ်မ္းေရးကို ရရွိဖို႔ တစ္ခုတည္းေသာနည္းလမ္းက ႐ုရွားရဲ႕ေတာင္းဆိုမႈေတြအားလုံးကို ျဖည့္ဆည္းေပးတာပါပဲ။ ဘက္မလိုက္ဖို႔၊ ယူကရိန္းက န်ဴကလီးယားကင္းစင္တဲ့ႏိုင္ငံျဖစ္ဖို႔၊ နာဇီဝါဒဖယ္ရွားဖို႔၊ ယူကရိန္းရဲ႕ စစ္ေရးေဆာင္႐ြက္ခ်က္ေတြ ေလွ်ာ့ခ်ဖို႔၊ နယ္ေျမေဒသအသစ္ေတြကို အသိအမွတ္ျပဳဖို႔၊ ႐ုရွားစကားေျပာတဲ့ႏိုင္ငံသားေတြနဲ႔ ယူကရိန္းႏိုင္ငံ အတြင္းေနထိုင္တဲ့တိုင္းရင္းသားလူနည္းစုေတြအတြက္ အခြင့္အေရးေတြကို အာမခံေပးရပါမယ္" ဟု ေျပာဆိုခဲ့သည္။

ထို႔အျပင္ ယူကရိန္းပဋိပကၡကို သံတမန္နည္းလမ္းျဖင့္ ေျဖရွင္းရန္ ႐ုရွားဖက္က အဆင္သင့္ရွိေၾကာင္း ႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား လုပ္ေဆာင္ရန္အတြက္ ဘယ္ေတာ့မွ ျငင္းဆိုခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း မာရီယာဇာခါ႐ိုဗာ က အတည္ျပဳေျပာၾကားခဲ့သည္။

၎က "ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ လုပ္ေဆာင္ဖို႔ဆိုရင္ ယူကရိန္းအစိုးရနဲ႔ အေနာက္အုပ္စုေက်ာေထာက္ ေနာက္ခံႏိုင္ငံေတြဟာ လက္ေတြ႕က်တဲ့ ေျခလွမ္းေတြ၊ ေကာင္းမြန္တဲ့ဆႏၵေတြကို ျပသရပါမယ္။ ဒါေပမယ့္လည္း လက္ရွိအခ်ိန္အထိ သူတို႔ဖက္က အဲဒီလိုမ်ိဳးေတြ ျပသတာမ်ိဳးမရွိေသးပါဘူး။ အေနာက္အုပ္စုႏိုင္ငံေတြဟာ ယူကရိန္းကို လက္နက္ေထာက္ပံ့ေပးေနတာေတြ ရပ္တန႔္ရမွာျဖစ္သလို ယူကရိန္းဟာ တိုက္ခိုက္မႈေတြကို ရပ္ၿပီး ႐ုရွားပိုင္နက္နယ္ေျမထဲက တပ္ဖြဲ႕ဝင္ေတြကို ျပန္လည္႐ုတ္သိမ္းရပါမယ္" ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.