သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချခြင်းမရှိသော ဆီဆိုင်များကို ထိရောက်စွာအရေးယူမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်သတိပေး

 1897

ပုံစာ - ပြည်တွင်း၌ ရောင်းချနေသည့် စက်သုံးဆီဆိုင်အချို့ကို တွေ့ရစဉ်

ယွန်း (NP News) - ဒီဇင်ဘာ ၁၁

မွန်ပြည်နယ်၌ သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချခြင်းမရှိသော ဆီဆိုင်များကို ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း မွန်ပြည် နယ်ဝန်ကြီးချုပ်က သတိပေးပြောကြားထားသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဒီဇင်ဘာလ (၁၀)ရက်တွင် မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပခဲ့သည့် အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူများအနေဖြင့် စက်သုံးဆီပြတ်လပ်နေပြီဆိုသည့် ကောလာဟလသတင်းများအပေါ် မယုံကြည်ရန် နှင့် လိုအပ်သည့်ပမာဏကိုသာ ဝယ်ယူရန် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အကြံပြုပြောကြားထားသည်။

ထို့ပြင် မွန်ပြည်နယ်အတွင်းရှိ ဆီဆိုင်များအနေဖြင့် ဆီဈေးနှုန်းအတက်အကျပေါ်မူတည်၍ ရောင်းချရန် နှင့် သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချမှုမရှိပါက ထိရောက်စွာအရေးယူမည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောသည်။

စက်သုံးဆီများကို လိုအပ်သည်ထက်ပိုမိုဝယ်ယူပြီး တရားမဝင်သိုလှောင်ထားခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချခြင်း၊ အခေါက် ခေါက် တန်းစီဝယ်ယူခြင်းမပြုရန် နှင့် လိုအပ်သည်ကိုသာ စိတ်အေးချမ်းသာစွာဝယ်ယူရန် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက အသိပေးပြောကြားထားသည်။

အလားတူ မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ဆီတင်သွင်းခွင့်ရရှိသည့်လုပ်ငန်းရှင်များအနေဖြင့် အမြန်ဆုံးဆောင်ရွက်ရန် ၎င်းက တိုက်တွန်းပြောကြားထားသည်။

ထိုသို့ဆောင်ရွက်ရာတွင်လည်း လိုအပ်ချက်များကို တင်ပြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
သတ္မွတ္ေဈးႏႈန္းအတိုင္းေရာင္းခ်ျခင္းမရွိေသာ ဆီဆိုင္မ်ားကို ထိေရာက္စြာအေရးယူမည္ဟု မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္သတိေပး

ယြန္း (NP News) - ဒီဇင္ဘာ ၁၁

မြန္ျပည္နယ္၌ သတ္မွတ္ေဈးႏႈန္းအတိုင္းေရာင္းခ်ျခင္းမရွိေသာ ဆီဆိုင္မ်ားကို ထိေရာက္စြာအေရးယူမည္ျဖစ္ေၾကာင္း မြန္ျပည္ နယ္ဝန္ႀကီးခ်ဳပ္က သတိေပးေျပာၾကားထားသည္။

မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးေအာင္ၾကည္သိန္းက ဒီဇင္ဘာလ (၁၀)ရက္တြင္ ေမာ္လၿမိဳင္ၿမိဳ႕ ျပည္နယ္အစိုးရအဖြဲ႕႐ုံး ေအာင္ဆန္းခန္းမ၌က်င္းပခဲ့သည့္ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျပည္သူမ်ားအေနျဖင့္ စက္သုံးဆီျပတ္လပ္ေနၿပီဆိုသည့္ ေကာလာဟလသတင္းမ်ားအေပၚ မယုံၾကည္ရန္ ႏွင့္ လိုအပ္သည့္ပမာဏကိုသာ ဝယ္ယူရန္ ဝန္ႀကီးခ်ဳပ္ ဦးေအာင္ၾကည္သိန္းက အႀကံျပဳေျပာၾကားထားသည္။

ထို႔ျပင္ မြန္ျပည္နယ္အတြင္းရွိ ဆီဆိုင္မ်ားအေနျဖင့္ ဆီေဈးႏႈန္းအတက္အက်ေပၚမူတည္၍ ေရာင္းခ်ရန္ ႏွင့္ သတ္မွတ္ေဈးႏႈန္းမ်ားအတိုင္း ေရာင္းခ်မႈမရွိပါက ထိေရာက္စြာအေရးယူမည္ျဖစ္ ေၾကာင္း ၎က ဆက္လက္ေျပာသည္။

စက္သုံးဆီမ်ားကို လိုအပ္သည္ထက္ပိုမိုဝယ္ယူၿပီး တရားမဝင္သိုေလွာင္ထားျခင္း၊ တစ္ဆင့္ျပန္လည္ေရာင္းခ်ျခင္း၊ အေခါက္ ေခါက္ တန္းစီဝယ္ယူျခင္းမျပဳရန္ ႏွင့္ လိုအပ္သည္ကိုသာ စိတ္ေအးခ်မ္းသာစြာဝယ္ယူရန္ ဝန္ႀကီးခ်ဳပ္ဦးေအာင္ၾကည္သိန္းက အသိေပးေျပာၾကားထားသည္။

အလားတူ မြန္ျပည္နယ္အတြင္း စက္သုံးဆီျပတ္လပ္မႈမရွိေစေရးႏွင့္ ဆီတင္သြင္းခြင့္ရရွိသည့္လုပ္ငန္းရွင္မ်ားအေနျဖင့္ အျမန္ဆုံးေဆာင္႐ြက္ရန္ ၎က တိုက္တြန္းေျပာၾကားထားသည္။

ထိုသို႔ေဆာင္႐ြက္ရာတြင္လည္း လိုအပ္ခ်က္မ်ားကို တင္ျပရန္ႏွင့္ ျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Picture

blackchina bchina

11/12/2023 15:36

သေချာလား ဆိုင်တွေလိုက်စစ်တဲ့လူကြီးလာချိန်မှာစျေးကမှိ်ပြီးလူကြီးပြန်မှစျေးပြောင်းရင်ဘယ်လိုလုပ်မှာလည်း

Related news

© 2021. All rights reserved.