BTS အဖွဲ့၏ နောက်ထပ်အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် RM နှင့် V တို့ စစ်မှုထမ်းခြင်း စတင်

2068

Pika (NP News) - ဒီဇင်ဘာ ၁၂
တောင်ကိုရီးယားနာမည်ကျော် အမျိုးသားအဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်နှစ်ဦးဖြစ်သော RM နှင့် Vတို့သည် ဒီဇင်ဘာလ(၁၁)ရက်တွင် တောင်ကိုရီးယားစစ်တပ်မှာ စတင် စစ်မှုထမ်းခဲ့ပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။
ထို့အပြင် BTS ၏ နောက်ထပ်အဖွဲ့ဝင်နှစ်ဦးဖြစ်သော ဂျီမင်း နှင့် ဂျောင်ကွတ်တို့သည် ဒီဇင်ဘာလ(၁၂)ရက်တွင် စတင် စစ်မှုထမ်းနိုင်ဖွယ်ရှိနေကြောင်းလည်း သိရသည်။ တောင်ကိုရီးယားနိုင်ငံရှိ အမျိုးသားများအားလုံးသည် စစ်တပ် တွင် အနည်းဆုံး(၁၈)လခန့် စစ်မှုထမ်းရကြောင်းလည်း သိရသည်။
BTS အဖွဲ့၏ အသက်အကြီးဆုံးအဖွဲ့ဝင် ဂျင်သည် ပြီးခဲ့သည့်နှစ်တွင် စတင်စစ်မှုထမ်းခဲ့ပြီး နောက်ထပ်အဖွဲ့ဝင် နှစ်ဦးဖြစ်သော J-Hope နှင့် Suga တို့သည် ယခုနှစ်အစောပိုင်းတွင် စတင် စစ်မှုထမ်းခဲ့ကြောင်း သိရသည်။
RM နှင့် V တို့သည် Chungcheongပြည်နယ်တောင်ပိုင်းရှိ စစ်တပ်လေ့ကျင့်ရေးစခန်းတွင် ၎င်းတို့၏ သီတင်းပတ် (၅)ပတ်ကြာ အခြေခံလေ့ကျင့်ရေးများကို ဒီဇင်ဘာလ(၁၁)ရက်တွင် စတင်ခဲ့ကြောင်း Yonhap သတင်းအေဂျင်စီ က ဖော်ပြခဲ့သည်။
BTS အဖွဲ့ခေါင်းဆောင် RM က "ဒီအချိန်ဟာ သင်ယူစရာတွေနဲ့ အသစ်အဆန်းတွေကို လေ့လာရမယ့် အချိန်ပါပဲ။ လက်ရှိအချိန်မှာတော့ နှုတ်ဆက်ခဲ့ပါတယ်။ ကျွန်တော်တို့အနာဂတ်မှာ ပြန်လည်တွေ့ဆုံကြရအောင်" ဟု ပြောခဲ့သည်။
BTS ၏ နောက်ထပ်အဖွဲ့ဝင်တစ်ဦးဖြစ်သော V သည် ၎င်း၏ စစ်မှုထမ်းပုံစံ ဓါတ်ပုံများကို ဆိုရှယ်မီဒီယာပေါ်သို့ တင်ခဲ့ကြောင်းလည်း သိရသည်။ V က "စစ်တပ်က ခွင့်ပြုထားတဲ့ နေကာမျက်မှန် နဲ့ ဆံပင်ပုံစံအတိုင်းနေရတာ တကယ်ကို ကောင်းပါတယ်။ ဒီပုံစံကို ကျွန်တော်အရင်တည်းက စမ်းကြည့်ချင်ခဲ့တာပါ။ ကျွန်တော် တကယ် စိတ်လှုပ်ရှားနေပါတယ်။ အချို့စစ်မှုထမ်းသူတွေဟာ ကျွန်တော့်ထက် အသက်ငယ်ပေမယ့်လည်း သူတို့နဲ့ စကား ပြောဆိုပြီး အသစ်အဆန်းတွေကို သင်ယူနိုင်မယ်လို့ ထင်ပါတယ်" ဟု ပြောခဲ့သည်။
BTS ၏ နောက်ဆုံးအဖွဲ့ဝင်လေးဦးကို စစ်မှုထမ်းရန် စာရင်းသွင်းမည်ဖြစ်ကြောင်း Bighit Music ကုမ္ပဏီက ပြီးခဲ့သည့်နိုဝင်ဘာလတွင် အတည်ပြုခဲ့သော်လည်း နောက်ထပ်အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြော ဆိုခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
BTS အဖြဲ႕၏ ေနာက္ထပ္အဖြဲ႕ဝင္ႏွစ္ဦးျဖစ္သည့္ RM ႏွင့္ V တို႔ စစ္မႈထမ္းျခင္း စတင္
Pika (NP News) - ဒီဇင္ဘာ ၁၂
ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏ အဖြဲ႕ဝင္ႏွစ္ဦးျဖစ္ေသာ RM ႏွင့္ Vတို႔သည္ ဒီဇင္ဘာလ(၁၁)ရက္တြင္ ေတာင္ကိုရီးယားစစ္တပ္မွာ စတင္ စစ္မႈထမ္းခဲ့ၿပီျဖစ္ေၾကာင္း ေဒသတြင္းမီဒီယာမ်ားက ေဖာ္ျပခဲ့သည္။
ထို႔အျပင္ BTS ၏ ေနာက္ထပ္အဖြဲ႕ဝင္ႏွစ္ဦးျဖစ္ေသာ ဂ်ီမင္း ႏွင့္ ေဂ်ာင္ကြတ္တို႔သည္ ဒီဇင္ဘာလ(၁၂)ရက္တြင္ စတင္ စစ္မႈထမ္းႏိုင္ဖြယ္ရွိေနေၾကာင္းလည္း သိရသည္။ ေတာင္ကိုရီးယားႏိုင္ငံရွိ အမ်ိဳးသားမ်ားအားလုံးသည္ စစ္တပ္ တြင္ အနည္းဆုံး(၁၈)လခန႔္ စစ္မႈထမ္းရေၾကာင္းလည္း သိရသည္။
BTS အဖြဲ႕၏ အသက္အႀကီးဆုံးအဖြဲ႕ဝင္ ဂ်င္သည္ ၿပီးခဲ့သည့္ႏွစ္တြင္ စတင္စစ္မႈထမ္းခဲ့ၿပီး ေနာက္ထပ္အဖြဲ႕ဝင္ ႏွစ္ဦးျဖစ္ေသာ J-Hope ႏွင့္ Suga တို႔သည္ ယခုႏွစ္အေစာပိုင္းတြင္ စတင္ စစ္မႈထမ္းခဲ့ေၾကာင္း သိရသည္။
RM ႏွင့္ V တို႔သည္ Chungcheongျပည္နယ္ေတာင္ပိုင္းရွိ စစ္တပ္ေလ့က်င့္ေရးစခန္းတြင္ ၎တို႔၏ သီတင္းပတ္ (၅)ပတ္ၾကာ အေျခခံေလ့က်င့္ေရးမ်ားကို ဒီဇင္ဘာလ(၁၁)ရက္တြင္ စတင္ခဲ့ေၾကာင္း Yonhap သတင္းေအဂ်င္စီ က ေဖာ္ျပခဲ့သည္။
BTS အဖြဲ႕ေခါင္းေဆာင္ RM က "ဒီအခ်ိန္ဟာ သင္ယူစရာေတြနဲ႔ အသစ္အဆန္းေတြကို ေလ့လာရမယ့္ အခ်ိန္ပါပဲ။ လက္ရွိအခ်ိန္မွာေတာ့ ႏႈတ္ဆက္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔အနာဂတ္မွာ ျပန္လည္ေတြ႕ဆုံၾကရေအာင္" ဟု ေျပာခဲ့သည္။
BTS ၏ ေနာက္ထပ္အဖြဲ႕ဝင္တစ္ဦးျဖစ္ေသာ V သည္ ၎၏ စစ္မႈထမ္းပုံစံ ဓါတ္ပုံမ်ားကို ဆိုရွယ္မီဒီယာေပၚသို႔ တင္ခဲ့ေၾကာင္းလည္း သိရသည္။ V က "စစ္တပ္က ခြင့္ျပဳထားတဲ့ ေနကာမ်က္မွန္ နဲ႔ ဆံပင္ပုံစံအတိုင္းေနရတာ တကယ္ကို ေကာင္းပါတယ္။ ဒီပုံစံကို ကြၽန္ေတာ္အရင္တည္းက စမ္းၾကည့္ခ်င္ခဲ့တာပါ။ ကြၽန္ေတာ္ တကယ္ စိတ္လႈပ္ရွားေနပါတယ္။ အခ်ိဳ႕စစ္မႈထမ္းသူေတြဟာ ကြၽန္ေတာ့္ထက္ အသက္ငယ္ေပမယ့္လည္း သူတို႔နဲ႔ စကား ေျပာဆိုၿပီး အသစ္အဆန္းေတြကို သင္ယူႏိုင္မယ္လို႔ ထင္ပါတယ္" ဟု ေျပာခဲ့သည္။
BTS ၏ ေနာက္ဆုံးအဖြဲ႕ဝင္ေလးဦးကို စစ္မႈထမ္းရန္ စာရင္းသြင္းမည္ျဖစ္ေၾကာင္း Bighit Music ကုမၸဏီက ၿပီးခဲ့သည့္ႏိုဝင္ဘာလတြင္ အတည္ျပဳခဲ့ေသာ္လည္း ေနာက္ထပ္အေသးစိတ္အခ်က္အလက္မ်ားကို ထုတ္ေဖာ္ေျပာ ဆိုခဲ့ျခင္းမ်ိဳး မရွိခဲ့ေၾကာင္း သိရသည္။