အာဖရိကအနောက်ပိုင်း စစ်ရေးတင်မာမှု တစ်ထစ်လျော့ခြင်းနှင့်အတူ သမ္မတဟောင်းဘဇွမ်း အာဏာပြန်လည်ရရှိရေး နိဂုံးချုပ်(ဘာသာပြန်ဆောင်းပါး)

 300

Htay Oung (NP News) - ဒီဇင်ဘာ ၁၂

အာဖရိကတိုက်အနောက်ပိုင်း တိုင်းပြည်ခေါင်းဆောင်တွေဟာ နိုင်ဂျာနိုင်ငံရဲ့ လက်ရှိအာဏာရ စစ်အစိုးရကို ဒီဇင်ဘာလ ၁ဝ ရက်၊ တနင်္ဂနွေနေ့မှာ တရားဝင် အသိအမှတ်ပြုလိုက်ပါတယ်။ ဒါပေမယ့် ဇူလိုင်လ နိုင်ဂျာ အာဏာ သိမ်းမှုကို နောက်ပြန်ဆုတ်ပေးဖို့ သူတို့ရဲ့ပိတ်ဆို့အရေးယူမှုတွေဟာ အသွင်ကူးပြောင်းရေးကာလ စတင် နေသည့်တိုင် ဆက်လက်တည်ရှိနေမှာဖြစ်ကြောင်း၊ အချိန်တိုအတွင်း အရပ်သားအုပ်ချုပ်ရေးဖြစ်ပေါ်လာစေဖို့ တွန်းအားပေးနေမှာဖြစ်ကြောင်း ပြောဆိုတယ်လို့ အေပီသတင်းအေဂျင်စီက ဒီဇင်ဘာလ ၁၂ ရက်မှာ ရေးသားခဲ့ပါ တယ်။

နိုင်ဂျာစစ်တပ်က ကနဦး အဆိုပြုထားတဲ့ သုံးနှစ်ကြာ အသွင်ကူးပြောင်းရေးကာလအတွင်း နိုင်ဂျာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံမှာဖြစ်ကြောင်း ECOWAS “အီကိုဝပ်စ်” (ခေါ်) ၁၅ နိုင်ငံပါ အနောက်အာဖရိကနိုင်ငံများ စီးပွား ရေးဆိုင်ရာအစုအဖွဲ့က ဥက္ကဋ္ဌက နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့တော် အစည်းအဝေးမှာ ပြောပါတယ်။

ပေါ်တူဂီနဲ့ ပြင်သစ်ကိုလိုနီဟောင်းများ တိုင်းပြည်များ ပါဝင်နေတဲ့ အဆိုပါသမဂ္ဂဟာ အာဖရိကအနောက်ပိုင်းဒေသ အတွင်း ငြိမ်းချမ်းရေးနဲ့ အပြန်အလှန်မှီခိုမှု၊ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လူ့အခွင့်အရေး ကိုမြှင့်တင်ပြီး စီးပွားရေးနှင့် လူမှုရေးတရားမျှတမှုတို့အပေါ် အခြေခံဖို့အတွက် ၁၉၇၅ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါ တယ်။ အီကိုဝပ်စ်ဟာ ဒေသတွင်း ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်အနေနဲ့လည်း ဆောင်ရွက်လျက်ရှိပြီး အဖွဲ့ဝင်နိုင်ငံ များရဲ့နိုင်ငံရေးမတည်ငြိမ်မှုများနဲ့ ဆူပူမငြိမ်မသက်မှုများဖြစ်ပွားတဲ့အခါ ပူးပေါင်းစစ်တပ်များကို ရံဖန်ရံခါစေလွှတ် လေ့ရှိပါတယ်။ လိုင်ဘေးရီးယားနဲ့ ဆီယာရာလီယွန် ပြည်တွင်းစစ်တို့မှာ အဓိကကျတဲ့အခန်းကဏ္ဍမှ ပါဝင်ခဲ့ဖူးပါ တယ်။

ဒါပေမယ့် အဖွဲ့၀င်နိုင်ငံများအတွင်း အစိုးရအသီးသီးတို့ဟာ ကြောက်မက်ဖွယ် ကူးစက်ဗိုင်းရပ်စ်ရောဂါပြဿနာ များအပြင် နိုင်ငံရေး မတည်ငြိမ်မှုများ ရွေးကောက်ပွဲအကြမ်းဖက်မှုများနဲ့ ရင်ဆိုင်နေကြရပါတယ်။ နိုင်ငံတစ်နိုင်ငံ တည်းမှာပင် စစ်ရေးသဘောထားကွဲလွဲမှုများ ရှိနေကြပြီး တိုင်းပြည်စီးပွားရေးမှာ နိုင်ငံသားတိုင်း ပါဝင်လာအောင် စွမ်းဆောင်နိုင်ခြင်း မရှိကြပါဘူး။ ကုလသမဂ္ဂရဲ့နဲ့ ဥရောပတို့မှ ငြိမ်းချမ်းရေူတပ်များဟာ အစ္စလာမ်မစ် ဘာသာရေး အစွန်းရောက်တို့ရဲ့တိုက်ခိုက်သောင်းကျန်းမှုများ၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပါ ဘူး။

ဒီအတွက် ၂ဝ၂ဝ ပြည့်နှစ်မှ စတင်ပြီး အနောက်နဲ့ အလယ်ပိုင်း အာဖရိကနိုင်ငံများအတွင်း စစ်အာဏာသိမ်းယူရန် အားထုတ်မှု ၈ ကြိမ် ရှိခဲ့ပြီး ၆ ကြိမ်မှာ အောင်မြင်ခဲ့ပါတယ်။ ၂ဝ၂၃ ခုနှစ်အရောက်မှာ အရှေ့ဖျား ဆူဒန်နိုင်ငံမှ အနောက်ဖျား ဂီနီဘစ်ဆောနိုင်ငံအထိ အာဖရိကတိုက်ကို ခါးလယ်မှဖြတ်ပြီး အာဏာသိမ်းနိုင်ငံများ ခါးပတ်ကွင်း ကြီးသဖွယ်ဖြစ်လာခဲ့ပါတယ်။

၁၉၆ဝ ပြည့်နှစ် ပြင်သစ်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ဂျာဟာ ဖွဲ့စည်းပုံဥပဒေ ၅ ခုနဲ့ စစ်အုပ်ချုပ်ရေး ကာလ ၃ ကြိမ်တို့ကို ဖြတ်သန်းခဲ့ရပါတယ်။ ၂ဝ၂၁ ပြည့်နှစ် အာဖရိကအနောက်ပိုင်းနိုင်ငံရဲ့ပထမဆုံးသော ဒီမိုကရေစီနည်းကျ ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းမှုမှာ မိုဟာမက်ဘဇွမ်းကို သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခဲ့ကြပါတယ်။ ၂ဝ၂၃ ခုနှစ် ဇူလိုင်လမှာ သမ္မတဘဇွမ်းကို သူ့ရဲ့အနီးကပ်လုံခြုံရေးတွေက ထိန်းသိမ်းပြီး နိုင်ငံကို ဗိုလ်ချုပ်ကြီး အဗ္ဗဒူရာမန်_ချီယာနီက တာ၀န်ယူလိုက်တယ်လို့ နိုင်ဂျာစစ်တပ်က ကြေညာခဲ့ပါတယ်။

တရားဝင်အစိုးရတစ်ရပ်ကို အပြောင်းအလဲဖြစ်အောင် ဥပဒေမဲ့ အားထုတ်မှုအဖြစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။ ဘဇွမ်းကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ အမေရိကန်နဲ့ ရုရှား အပါအဝင် အဖွဲ့ဝင် ၁၅ နိုင်ငံလုံးက ကန့်ကွက်သူမရှိ တောင်းဆိုထားပါတယ်။ အာဏာသိမ်းမှုဟာ နိုင်ငံတကာရဲ့ ရှုတ်ချမှုကိုဖြစ်ပေါ်စေပြီး အာဖရိကနောက်ပိုင်းနိုင်ငံများ စီးပွားရေးအဖွဲ့ကလည်း ဒီမိုကရေစီအုပ်ချုပ်ရေး ပြန်လည် ထူထောင်ဖို့အတွက် နိုင်ဂျာအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ပါတယ်။

၂ဝ၂၁ ခုနှစ်နောက်ပိုင် နိုင်ဂျာဟာ အမေရိကန်ရဲ့အရင်းနှီးဆုံးနဲ့ ထောက်ပံ့မှုအများဆုံး ရရှိတဲ့ အာဖရိကနိုင်ငံ ဖြစ်ပါတယ်။ ဆာဟဲလို့ခေါ်တဲ့ ဆာဟာရသဲကန္တာရတောင်ကိုင်းဒေသရှိ အယ်လ်ကိုင်ဒါ-အိုင်အက်စ်တို့နဲ့ဆက်နွယ် နေတဲ့ ဂျီဟတ်ဝါဒီများကို တိုက်ခိုက်ရာမှာ ယုံကြည်စိတ်ချရတဲ့ နောက်ဆုံးမိတ်ဖက်နိုင်ငံအဖြစ် အနောက်အုပ်စုက ရှုမြင်ထားပါတယ်။ အစွန်းရောက်ဝါဒကိုတိုက်ဖျက်ရာမှာ ရုရှားနဲ့ အနောက်အုပ်စုတို့ သြဇာလွှမ်းမိုးရေး အားပြိုင်နေ တဲ့နိုင်ဂျာဟာ နောက်ဆုံးဖြစ်နေပါတယ်။ ပြင်သစ်စစ်သား ၁၅ဝဝ တို့က နိုင်ဂျာနဲ့ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက် နေပြီး အမေရိကန်နဲ့ အခြားဥရောပနိုင်ငံများက နိုင်ဂျာစစ်တပ်ကို လေ့ကျင့် သင်ကြားပေးနေပါတယ်။

ဘဇွမ်းကို ပြန်လည်တင်မြှောက်ရေးကိစ္စနဲ့ စစ်ရေး ဝင်ရောက်စွက်ဖက်ရလိမ့်မယ်လို့ အီကို၀ပ်စ် အာဖရိကနိုင်ငံများ အဖွဲ့က ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီလိုဖြစ်လာခဲ့ရင် နိုင်ဂျာကို စစ်ရေးအကူအညီပေးမယ်လို့ အိမ်နီးချင်း မာလီနဲ့ ဘူကီနာဖာဆိုစစ်အစိုးရတို့က အခိုင်အမာ ကတိပြုထားကြပါတယ်။ ဥရောပသမဂ္ဂနဲ့ အဓိကလုံခြုံရေးသဘော တူညီချက်များကို ရုပ်သိမ်းခဲ့တဲ့ နိုင်ဂျာစစ်အစိုးရဟာ ကာကွယ်ရေးမိတ်ဖက်အဖြစ် ရုရှားဘက်ကို လှည့်ပြောင်းသွား ခဲ့ပါတယ်။ အီကိုဝပ်စ်ဘက်က အမေရိကန်နဲ့ ပြင်သစ်တို့က လျှို့ဝှက်ကူညီနေကြောင်း သတင်းများနဲ့အတူ အာဖရိကတိုက်အနောက်ခြမ်းမှာ စစ်ရိပ်စစ်ငွေ့များ ယှက်သမ်းလားခဲ့ရပါတယ်။
အခုတော့ အီကိုဝပ်စ်သမဂ္ဂက စစ်အစိုးရကို အသိအမှတ်ပြုလိုက်ခြင်းဟာ ဖယ်ရှားခံ နိုင်ဂျာသမ္မတ ဘဇွမ်းကို ချက်ချင်း ပြန်လည်ခန့်အပ်ပေးရန် မျှော်လင့်ချက်ကို အဆုံးသတ်ခြင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ဂျာမှာ ဖြစ်ပျက်ခဲ့ တာတွေဟာ အာဏာသိမ်းမှုဖြစ်ပြီး နိုင်ဂျာစစ်တပ်ရဲ့အမျိုးသားလုံခြုံရေးကောင်စီက အုပ်ချုပ်နေတယ်လို့ နိုင်ငံ့ ခေါင်းဆောင်တွေက အသိအမှတ်ပြုထားကြောင်း ဆွေးနွေးပွဲအပြီး အီကိုဝပ်စ်ဥက္ကဋ္ဌက သတင်းထောက်တွေကို မှတ်ချက်ပေးပါတယ်။

အာဏာသိမ်းစဉ်ထိန်းသိမ်းခံထားရတဲ့ ဘဇွမ်းကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် အနောက်အာဖရိက ခေါင်းဆောင်များက တောင်းဆိုခဲ့ပေမယ့် သမ္မတအဖြစ် ပြန်လည်ခန့်အပ်ရေးကိစ္စမှာ နှုတ်ဆိတ်နေကြပါတယ်။ အီကိုဝပ်စ်သမဂ္ဂရဲ့တောင်းဆိုချက်များကို စစ်အစိုးရက သဘောတူမှသာ နိုင်ဂျာအပေါ် ဒေသတွင်း ပိတ်ဆို့အရေးယူ မှုများ ဖြေလျှော့ပေးမှာဖြစ်ကြောင်း၊ ပျက်ကွက်ပါက နိုင်ဂျာစစ်အုပ်စုအပေါ် အစုအဖွဲ့အင်အားအသုံးပြုမှုနဲ့ မိတ်ဖက်နိုင်ငံအားလုံးတို့က ပိတ်ဆို့အရေးယူမှုများကို ဆက်လက်ထိန်းသိမ်းထားရန် တွန်းအားပေးသွာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒေသတွင်း အာဏာသိမ်းယူမှု ဒီရေကို တားဆီးဖို့ သူတို့ရဲ့ကြိုးပမ်းမှုတွေဟာ ယခုအချိန်အထိ အောင်မြင်မှုနည်းပါးကြောင်း အစည်းအဝေး အစပိုင်းကတည်းက အီကိုဝပ်စ်နိုင်ငံခေါင်းဆောင်များက အသိအမှတ် ပြုခဲ့ပါတယ်။

အနောက်အာဖရိကသမဂ္ဂရဲ့ပိတ်ဆို့ဒဏ်ခတ်မှုများနဲ့ အခြားအရေးယူမှုများရှိနေပေမယ့် နိုင်ဂျာစစ်အစိုးရဟာ အိမ်နီးချင်း မာလီ၊ ဘာကီနာဖာဆိုစစ်အစိုးရများ အကူအညီနဲ့ သူတို့ရဲ့အာဏာကို စုစည်းထားပါတယ်။ အဲဒီ နှစ်နိုင်ငံ ကလည်း သူတို့ရဲ့အရပ်သားအုပ်ချုပ်မှု အသွင်ကူးပြောင်းရေးမှာ အီကိုဝပ်စ်သမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကို ရပ်ဆိုင်းလိုက်တယ်လို့ ပြောပါတယ်။

ဒေသတွင်း စစ်အင်အားအကြီးမားဆုံးဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံဟာ နိုင်ဂျာအပေါ် အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူ မှုများကို ချမှတ်ခဲ့တဲ့အပြင် အခြားနိုင်ငံများနဲ့လည်း ချိတ်ဆက်ဆောင်ရွက်မယ်လို့ ပြောပါတယ်။

နိုင်ဂျာနဲ့အခြားနေရာများမှာ အာဏာရယူခဲ့တဲ့ စစ်သားများကို တားဆီးမည့်အစား ယခုလို ပိတ်ဆို့အရေးယူမှုများကို ချမှတ်နေခြင်းဟာ အာဏာသိမ်းနိုင်ငံများ စုဖွဲ့မှု ကျစ်လစ် အားကောင်းအောင် တွန်းအားပေးသလိုဖြစ်နေတယ်လို့ လေ့လာသူများက သုံးသပ်ပါတယ်။ နိုင်ဂျာစစ်အစိုးရဟာ ဘာကီနာဖာဆို မာလီတို့နဲ့ မဟာမိတ်ဖွဲ့ထားပြီး ဥရောပ နိုင်ငံများ အထူးသဖြင့် ပြင်သစ်တို့နဲ့အဆက်အသွယ်နေရာမှာ စစ်ရေးမိတ်ဖက်အဖြစ် ရုရှားနဲ့ ပိုမိုနီးကပ်သွားပါ တယ်။

#နိုင်ဂျာအာဏာသိမ်းအစိုးရ #သမ္မတ_မိုဟာမက်_ဘဇွမ်း #အီကို၀ပ်စ် #နိုင်ဂျီးရီးယား #အနောက်အာဖရိကနိုင်ငံများ စီးပွားရေးဆိုင်ရာသမဂ္ဂ
..
(AP., 11 December 2023,” In coup-hit West Africa, regional leaders recognize Niger’s junta but seek fast return to democracy”) ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။

Zawgyi Version;
အာဖရိကအေနာက္ပိုင္း စစ္ေရးတင္မာမႈ တစ္ထစ္ေလ်ာ့ျခင္းႏွင့္အတူ သမၼတေဟာင္းဘဇြမ္း အာဏာျပန္လည္ရရွိ ေရး နိဂုံးခ်ဳပ္(ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ဒီဇင္ဘာ ၁၂

အာဖရိကတိုက္အေနာက္ပိုင္း တိုင္းျပည္ေခါင္းေဆာင္ေတြဟာ ႏိုင္ဂ်ာႏိုင္ငံရဲ႕ လက္ရွိအာဏာရ စစ္အစိုးရကို ဒီဇင္ဘာလ ၁ဝ ရက္၊ တနဂၤေႏြေန႔မွာ တရားဝင္ အသိအမွတ္ျပဳလိုက္ပါတယ္။ ဒါေပမယ့္ ဇူလိုင္လ ႏိုင္ဂ်ာ အာဏာ သိမ္းမႈကို ေနာက္ျပန္ဆုတ္ေပးဖို႔ သူတို႔ရဲ႕ပိတ္ဆို႔အေရးယူမႈေတြဟာ အသြင္ကူးေျပာင္းေရးကာလ စတင္ ေနသည့္တိုင္ ဆက္လက္တည္ရွိေနမွာျဖစ္ေၾကာင္း၊ အခ်ိန္တိုအတြင္း အရပ္သားအုပ္ခ်ဳပ္ေရးျဖစ္ေပၚလာေစဖို႔ တြန္းအားေပးေနမွာျဖစ္ေၾကာင္း ေျပာဆိုတယ္လို႔ ေအပီသတင္းေအဂ်င္စီက ဒီဇင္ဘာလ ၁၂ ရက္မွာ ေရးသားခဲ့ပါ တယ္။

ႏိုင္ဂ်ာစစ္တပ္က ကနဦး အဆိုျပဳထားတဲ့ သုံးႏွစ္ၾကာ အသြင္ကူးေျပာင္းေရးကာလအတြင္း ႏိုင္ဂ်ာစစ္အစိုးရနဲ႔ ထိေတြ႕ဆက္ဆံမွာျဖစ္ေၾကာင္း ECOWAS “အီကိုဝပ္စ္” (ေခၚ) ၁၅ ႏိုင္ငံပါ အေနာက္အာဖရိကႏိုင္ငံမ်ား စီးပြား ေရးဆိုင္ရာအစုအဖြဲ႕က ဥကၠ႒က ႏိုင္ဂ်ီးရီးယားႏိုင္ငံ အဘူဂ်ာၿမိဳ႕ေတာ္ အစည္းအေဝးမွာ ေျပာပါတယ္။

ေပၚတူဂီနဲ႔ ျပင္သစ္ကိုလိုနီေဟာင္းမ်ား တိုင္းျပည္မ်ား ပါဝင္ေနတဲ့ အဆိုပါသမဂၢဟာ အာဖရိကအေနာက္ပိုင္းေဒသ အတြင္း ၿငိမ္းခ်မ္းေရးနဲ႔ အျပန္အလွန္မွီခိုမႈ၊ စည္းလုံးညီၫြတ္မႈ၊ ပူးေပါင္းေဆာင္႐ြက္ျခင္းအားျဖင့္ လူ႔အခြင့္အေရး ကိုျမႇင့္တင္ၿပီး စီးပြားေရးႏွင့္ လူမႈေရးတရားမွ်တမႈတို႔အေပၚ အေျခခံဖို႔အတြက္ ၁၉၇၅ ခုႏွစ္မွာ စတင္ဖြဲ႕စည္းခဲ့ပါ တယ္။ အီကိုဝပ္စ္ဟာ ေဒသတြင္း ၿငိမ္းခ်မ္းမႈထိန္းသိမ္းေရးတပ္အေနနဲ႔လည္း ေဆာင္႐ြက္လ်က္ရွိၿပီး အဖြဲ႕ဝင္ႏိုင္ငံ မ်ားရဲ႕ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ားနဲ႔ ဆူပူမၿငိမ္မသက္မႈမ်ားျဖစ္ပြားတဲ့အခါ ပူးေပါင္းစစ္တပ္မ်ားကို ရံဖန္ရံခါေစလႊတ္ ေလ့ရွိပါတယ္။ လိုင္ေဘးရီးယားနဲ႔ ဆီယာရာလီယြန္ ျပည္တြင္းစစ္တို႔မွာ အဓိကက်တဲ့အခန္းက႑မွ ပါဝင္ခဲ့ဖူးပါ တယ္။

ဒါေပမယ့္ အဖြဲ႕၀င္ႏိုင္ငံမ်ားအတြင္း အစိုးရအသီးသီးတို႔ဟာ ေၾကာက္မက္ဖြယ္ ကူးစက္ဗိုင္းရပ္စ္ေရာဂါျပႆနာ မ်ားအျပင္ ႏိုင္ငံေရး မတည္ၿငိမ္မႈမ်ား ေ႐ြးေကာက္ပြဲအၾကမ္းဖက္မႈမ်ားနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။ ႏိုင္ငံတစ္ႏိုင္ငံ တည္းမွာပင္ စစ္ေရးသေဘာထားကြဲလြဲမႈမ်ား ရွိေနၾကၿပီး တိုင္းျပည္စီးပြားေရးမွာ ႏိုင္ငံသားတိုင္း ပါဝင္လာေအာင္ စြမ္းေဆာင္ႏိုင္ျခင္း မရွိၾကပါဘူး။ ကုလသမဂၢရဲ႕နဲ႔ ဥေရာပတို႔မွ ၿငိမ္းခ်မ္းေရူတပ္မ်ားဟာ အစၥလာမ္မစ္ ဘာသာေရး အစြန္းေရာက္တို႔ရဲ႕တိုက္ခိုက္ေသာင္းက်န္းမႈမ်ား၊ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္မႈမ်ားကို ထိန္းခ်ဳပ္ႏိုင္ျခင္း မရွိခဲ့ပါ ဘူး။

ဒီအတြက္ ၂ဝ၂ဝ ျပည့္ႏွစ္မွ စတင္ၿပီး အေနာက္နဲ႔ အလယ္ပိုင္း အာဖရိကႏိုင္ငံမ်ားအတြင္း စစ္အာဏာသိမ္းယူရန္ အားထုတ္မႈ ၈ ႀကိမ္ ရွိခဲ့ၿပီး ၆ ႀကိမ္မွာ ေအာင္ျမင္ခဲ့ပါတယ္။ ၂ဝ၂၃ ခုႏွစ္အေရာက္မွာ အေရွ႕ဖ်ား ဆူဒန္ႏိုင္ငံမွ အေနာက္ဖ်ား ဂီနီဘစ္ေဆာႏိုင္ငံအထိ အာဖရိကတိုက္ကို ခါးလယ္မွျဖတ္ၿပီး အာဏာသိမ္းႏိုင္ငံမ်ား ခါးပတ္ကြင္း ႀကီးသဖြယ္ျဖစ္လာခဲ့ပါတယ္။

၁၉၆ဝ ျပည့္ႏွစ္ ျပင္သစ္ထံမွ လြတ္လပ္ေရးရၿပီးေနာက္ပိုင္း ႏိုင္ဂ်ာဟာ ဖြဲ႕စည္းပုံဥပေဒ ၅ ခုနဲ႔ စစ္အုပ္ခ်ဳပ္ေရး ကာလ ၃ ႀကိမ္တို႔ကို ျဖတ္သန္းခဲ့ရပါတယ္။ ၂ဝ၂၁ ျပည့္ႏွစ္ အာဖရိကအေနာက္ပိုင္းႏိုင္ငံရဲ႕ပထမဆုံးေသာ ဒီမိုကေရစီနည္းက် ၿငိမ္းခ်မ္းစြာအာဏာလႊဲေျပာင္းမႈမွာ မိုဟာမက္ဘဇြမ္းကို သမၼတအျဖစ္ ေ႐ြးေကာက္ တင္ေျမႇာက္ခဲ့ၾကပါတယ္။ ၂ဝ၂၃ ခုႏွစ္ ဇူလိုင္လမွာ သမၼတဘဇြမ္းကို သူ႔ရဲ႕အနီးကပ္လုံၿခဳံေရးေတြက ထိန္းသိမ္းၿပီး ႏိုင္ငံကို ဗိုလ္ခ်ဳပ္ႀကီး အဗၺဒူရာမန္_ခ်ီယာနီက တာ၀န္ယူလိုက္တယ္လို႔ ႏိုင္ဂ်ာစစ္တပ္က ေၾကညာခဲ့ပါတယ္။

တရားဝင္အစိုးရတစ္ရပ္ကို အေျပာင္းအလဲျဖစ္ေအာင္ ဥပေဒမဲ့ အားထုတ္မႈအျဖစ္ ကုလသမဂၢ လုံၿခဳံေရးေကာင္စီ က ျပင္းျပင္းထန္ထန္ရႈတ္ခ်ပါတယ္။ ဘဇြမ္းကို ႁခြင္းခ်က္မရွိ ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ အေမရိကန္နဲ႔ ႐ုရွား အပါအဝင္ အဖြဲ႕ဝင္ ၁၅ ႏိုင္ငံလုံးက ကန္႔ကြက္သူမရွိ ေတာင္းဆိုထားပါတယ္။ အာဏာသိမ္းမႈဟာ ႏိုင္ငံတကာရဲ႕ ရႈတ္ခ်မႈကိုျဖစ္ေပၚေစၿပီး အာဖရိကေနာက္ပိုင္းႏိုင္ငံမ်ား စီးပြားေရးအဖြဲ႕ကလည္း ဒီမိုကေရစီအုပ္ခ်ဳပ္ေရး ျပန္လည္ ထူေထာင္ဖို႔အတြက္ ႏိုင္ဂ်ာအေပၚ ပိတ္ဆို႔အေရးယူမႈမ်ား ခ်မွတ္ခဲ့ပါတယ္။

၂ဝ၂၁ ခုႏွစ္ေနာက္ပိုင္ ႏိုင္ဂ်ာဟာ အေမရိကန္ရဲ႕အရင္းႏွီးဆုံးနဲ႔ ေထာက္ပံ့မႈအမ်ားဆုံး ရရွိတဲ့ အာဖရိကႏိုင္ငံ ျဖစ္ပါတယ္။ ဆာဟဲလို႔ေခၚတဲ့ ဆာဟာရသဲကႏၲာရေတာင္ကိုင္းေဒသရွိ အယ္လ္ကိုင္ဒါ-အိုင္အက္စ္တို႔နဲ႔ဆက္ႏြယ္ ေနတဲ့ ဂ်ီဟတ္ဝါဒီမ်ားကို တိုက္ခိုက္ရာမွာ ယုံၾကည္စိတ္ခ်ရတဲ့ ေနာက္ဆုံးမိတ္ဖက္ႏိုင္ငံအျဖစ္ အေနာက္အုပ္စုက ရႈျမင္ထားပါတယ္။ အစြန္းေရာက္ဝါဒကိုတိုက္ဖ်က္ရာမွာ ႐ုရွားနဲ႔ အေနာက္အုပ္စုတို႔ ၾသဇာလႊမ္းမိုးေရး အားၿပိဳင္ေန တဲ့ႏိုင္ဂ်ာဟာ ေနာက္ဆုံးျဖစ္ေနပါတယ္။ ျပင္သစ္စစ္သား ၁၅ဝဝ တို႔က ႏိုင္ဂ်ာနဲ႔ပူးေပါင္းစစ္ဆင္ေရး ေဆာင္႐ြက္ ေနၿပီး အေမရိကန္နဲ႔ အျခားဥေရာပႏိုင္ငံမ်ားက ႏိုင္ဂ်ာစစ္တပ္ကို ေလ့က်င့္ သင္ၾကားေပးေနပါတယ္။

ဘဇြမ္းကို ျပန္လည္တင္ေျမႇာက္ေရးကိစၥနဲ႔ စစ္ေရး ဝင္ေရာက္စြက္ဖက္ရလိမ့္မယ္လို႔ အီကို၀ပ္စ္ အာဖရိကႏိုင္ငံမ်ား အဖြဲ႕က ၿခိမ္းေျခာက္ခဲ့ပါတယ္။ အဲဒီလိုျဖစ္လာခဲ့ရင္ ႏိုင္ဂ်ာကို စစ္ေရးအကူအညီေပးမယ္လို႔ အိမ္နီးခ်င္း မာလီနဲ႔ ဘူကီနာဖာဆိုစစ္အစိုးရတို႔က အခိုင္အမာ ကတိျပဳထားၾကပါတယ္။ ဥေရာပသမဂၢနဲ႔ အဓိကလုံၿခဳံေရးသေဘာ တူညီခ်က္မ်ားကို ႐ုပ္သိမ္းခဲ့တဲ့ ႏိုင္ဂ်ာစစ္အစိုးရဟာ ကာကြယ္ေရးမိတ္ဖက္အျဖစ္ ႐ုရွားဘက္ကို လွည့္ေျပာင္းသြား ခဲ့ပါတယ္။ အီကိုဝပ္စ္ဘက္က အေမရိကန္နဲ႔ ျပင္သစ္တို႔က လွ်ိဳ႕ဝွက္ကူညီေနေၾကာင္း သတင္းမ်ားနဲ႔အတူ အာဖရိကတိုက္အေနာက္ျခမ္းမွာ စစ္ရိပ္စစ္ေငြ႕မ်ား ယွက္သမ္းလားခဲ့ရပါတယ္။
အခုေတာ့ အီကိုဝပ္စ္သမဂၢက စစ္အစိုးရကို အသိအမွတ္ျပဳလိုက္ျခင္းဟာ ဖယ္ရွားခံ ႏိုင္ဂ်ာသမၼတ ဘဇြမ္းကို ခ်က္ခ်င္း ျပန္လည္ခန္႔အပ္ေပးရန္ ေမွ်ာ္လင့္ခ်က္ကို အဆုံးသတ္ျခင္းပဲျဖစ္ပါတယ္။ ဒါေပမယ့္ ႏိုင္ဂ်ာမွာ ျဖစ္ပ်က္ခဲ့ တာေတြဟာ အာဏာသိမ္းမႈျဖစ္ၿပီး ႏိုင္ဂ်ာစစ္တပ္ရဲ႕အမ်ိဳးသားလုံၿခဳံေရးေကာင္စီက အုပ္ခ်ဳပ္ေနတယ္လို႔ ႏိုင္ငံ့ ေခါင္းေဆာင္ေတြက အသိအမွတ္ျပဳထားေၾကာင္း ေဆြးေႏြးပြဲအၿပီး အီကိုဝပ္စ္ဥကၠ႒က သတင္းေထာက္ေတြကို မွတ္ခ်က္ေပးပါတယ္။

အာဏာသိမ္းစဥ္ထိန္းသိမ္းခံထားရတဲ့ ဘဇြမ္းကို ႁခြင္းခ်က္မရွိ အျမန္ဆုံးျပန္လႊတ္ေပးရန္ အေနာက္အာဖရိက ေခါင္းေဆာင္မ်ားက ေတာင္းဆိုခဲ့ေပမယ့္ သမၼတအျဖစ္ ျပန္လည္ခန႔္အပ္ေရးကိစၥမွာ ႏႈတ္ဆိတ္ေနၾကပါတယ္။ အီကိုဝပ္စ္သမဂၢရဲ႕ေတာင္းဆိုခ်က္မ်ားကို စစ္အစိုးရက သေဘာတူမွသာ ႏိုင္ဂ်ာအေပၚ ေဒသတြင္း ပိတ္ဆို႔အေရးယူ မႈမ်ား ေျဖေလွ်ာ့ေပးမွာျဖစ္ေၾကာင္း၊ ပ်က္ကြက္ပါက ႏိုင္ဂ်ာစစ္အုပ္စုအေပၚ အစုအဖြဲ႕အင္အားအသုံးျပဳမႈနဲ႔ မိတ္ဖက္ႏိုင္ငံအားလုံးတို႔က ပိတ္ဆို႔အေရးယူမႈမ်ားကို ဆက္လက္ထိန္းသိမ္းထားရန္ တြန္းအားေပးသြာမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ ေဒသတြင္း အာဏာသိမ္းယူမႈ ဒီေရကို တားဆီးဖို႔ သူတို႔ရဲ႕ႀကိဳးပမ္းမႈေတြဟာ ယခုအခ်ိန္အထိ ေအာင္ျမင္မႈနည္းပါးေၾကာင္း အစည္းအေဝး အစပိုင္းကတည္းက အီကိုဝပ္စ္ႏိုင္ငံေခါင္းေဆာင္မ်ားက အသိအမွတ္ ျပဳခဲ့ပါတယ္။

အေနာက္အာဖရိကသမဂၢရဲ႕ပိတ္ဆို႔ဒဏ္ခတ္မႈမ်ားနဲ႔ အျခားအေရးယူမႈမ်ားရွိေနေပမယ့္ ႏိုင္ဂ်ာစစ္အစိုးရဟာ အိမ္နီးခ်င္း မာလီ၊ ဘာကီနာဖာဆိုစစ္အစိုးရမ်ား အကူအညီနဲ႔ သူတို႔ရဲ႕အာဏာကို စုစည္းထားပါတယ္။ အဲဒီ ႏွစ္ႏိုင္ငံ ကလည္း သူတို႔ရဲ႕အရပ္သားအုပ္ခ်ဳပ္မႈ အသြင္ကူးေျပာင္းေရးမွာ အီကိုဝပ္စ္သမဂၢနဲ႔ ပူးေပါင္းေဆာင္႐ြက္ျခင္းကို ရပ္ဆိုင္းလိုက္တယ္လို႔ ေျပာပါတယ္။

ေဒသတြင္း စစ္အင္အားအႀကီးမားဆုံးျဖစ္တဲ့ ႏိုင္ဂ်ီးရီးယားႏိုင္ငံဟာ ႏိုင္ဂ်ာအေပၚ အျပင္းထန္ဆုံး ပိတ္ဆို႔အေရးယူ မႈမ်ားကို ခ်မွတ္ခဲ့တဲ့အျပင္ အျခားႏိုင္ငံမ်ားနဲ႔လည္း ခ်ိတ္ဆက္ေဆာင္႐ြက္မယ္လို႔ ေျပာပါတယ္။

ႏိုင္ဂ်ာနဲ႔အျခားေနရာမ်ားမွာ အာဏာရယူခဲ့တဲ့ စစ္သားမ်ားကို တားဆီးမည့္အစား ယခုလို ပိတ္ဆို႔အေရးယူမႈမ်ားကို ခ်မွတ္ေနျခင္းဟာ အာဏာသိမ္းႏိုင္ငံမ်ား စုဖြဲ႕မႈ က်စ္လစ္ အားေကာင္းေအာင္ တြန္းအားေပးသလိုျဖစ္ေနတယ္လို႔ ေလ့လာသူမ်ားက သုံးသပ္ပါတယ္။ ႏိုင္ဂ်ာစစ္အစိုးရဟာ ဘာကီနာဖာဆို မာလီတို႔နဲ႔ မဟာမိတ္ဖြဲ႕ထားၿပီး ဥေရာပ ႏိုင္ငံမ်ား အထူးသျဖင့္ ျပင္သစ္တို႔နဲ႔အဆက္အသြယ္ေနရာမွာ စစ္ေရးမိတ္ဖက္အျဖစ္ ႐ုရွားနဲ႔ ပိုမိုနီးကပ္သြားပါ တယ္။

#ႏိုင္ဂ်ာအာဏာသိမ္းအစိုးရ #သမၼတ_မိုဟာမက္_ဘဇြမ္း #အီကို၀ပ္စ္ #ႏိုင္ဂ်ီးရီးယား #အေနာက္အာဖရိကႏိုင္ငံမ်ား စီးပြားေရးဆိုင္ရာသမဂၢ
..
(AP., 11 December 2023,” In coup-hit West Africa, regional leaders recognize Niger’s junta but seek fast return to democracy”) ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။

Related news

© 2021. All rights reserved.