ဘွဲ့ရရှိသူများ တက်ရောက်နိုင်မည့် အခြေခံသံတမန်ရေးရာသင်တန်းကို နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်သင်ကြားပေးမည်

1333

စော (NP News) - ဒီဇင်ဘာ ၁၂
ပြည်တွင်း/ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူများ တက်ရောက်နိုင်မည့် အခြေခံသံတမန်ရေးရာသင်တန်းကို နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (ဒီဇင်ဘာ ၁၂ ရက်) တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါသင်တန်းကို ရန်ကုန်နှင့် နေပြည်တော်တို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတို့တွင် လာမည့် ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်မှ ဧပြီလ ၅ ရက်အထိ (၁၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းကို တက်ရောက်ချင်သူများအနေဖြင့် ပြည်တွင်း/ပြည်ပတက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရန် လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ထို့ပြင် လျှောက်လွှာများကို နေပြည်တော်နှင့် ရန်ကုန်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတို့တွင် ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် သံတမန်ရေးရာ ဘာသာရပ်များ အပါအဝင် နိုင်ငံတကာရေးရာဆက်ဆံရေးဘာသာရပ်များ၊ နိုင်ငံတကာဥပဒေဆိုင်ရာဘာသာရပ်များ၊ စီးပွားရေးဆိုင်ရာဘာသာရပ်များ နှင့် အထွေထွေဗဟုသုတဆိုင်ရာ ဘာသာရပ်များ စသည့်တို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန(နေပြည်တော်) ၌ သင်တန်းသား (၅ဝ)ဦး နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) ၌ သင်တန်းသား (၅ဝ) ဦး စုစုပေါင်း သင်တန်းသားဦးရေ (၁ဝဝ) ကို လူ့တွေ့စစ်ဆေး၍ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ဘြဲ႕ရရွိသူမ်ား တက္ေရာက္ႏိုင္မည့္ အေျခခံသံတမန္ေရးရာသင္တန္းကို ႏိုင္ငံျခားေရးဝန္ႀကီးဌာနတြင္ ဖြင့္လွစ္ သင္ၾကားေပးမည္
ေစာ (NP News) - ဒီဇင္ဘာ ၁၂
ျပည္တြင္း/ျပည္ပတကၠသိုလ္တစ္ခုခုမွ ဘြဲ႕ရရွိသူမ်ား တက္ေရာက္ႏိုင္မည့္ အေျခခံသံတမန္ေရးရာသင္တန္းကို ႏိုင္ငံျခားေရးဝန္ႀကီးဌာနတြင္ ဖြင့္လွစ္သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ယေန႔ (ဒီဇင္ဘာ ၁၂ ရက္) တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။
အဆိုပါသင္တန္းကို ရန္ကုန္ႏွင့္ ေနျပည္ေတာ္တို႔ရွိ ႏိုင္ငံျခားေရးဝန္ႀကီးဌာနတို႔တြင္ လာမည့္ ၂ဝ၂၄ ခုႏွစ္၊ ဇန္နဝါရီလ ၁၅ ရက္မွ ဧၿပီလ ၅ ရက္အထိ (၁၂)ပတ္ၾကာ ဖြင့္လွစ္သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အေျခခံသံတမန္ေရးရာကြၽမ္းက်င္မႈသင္တန္းကို တက္ေရာက္ခ်င္သူမ်ားအေနျဖင့္ ျပည္တြင္း/ျပည္ပတကၠသိုလ္ တစ္ခုခုမွ ဘြဲ႕ရရွိၿပီးသူျဖစ္ရန္ လိုအပ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုသည္။
ထို႔ျပင္ ေလွ်ာက္လႊာမ်ားကို ေနျပည္ေတာ္ႏွင့္ ရန္ကုန္ရွိ ႏိုင္ငံျခားေရးဝန္ႀကီးဌာနတို႔တြင္ ဒီဇင္ဘာ ၂၇ ရက္မွ ၂၉ ရက္အထိ လက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါသင္တန္းတြင္ သံတမန္ေရးရာ ဘာသာရပ္မ်ား အပါအဝင္ ႏိုင္ငံတကာေရးရာဆက္ဆံေရးဘာသာရပ္မ်ား၊ ႏိုင္ငံတကာဥပေဒဆိုင္ရာဘာသာရပ္မ်ား၊ စီးပြားေရးဆိုင္ရာဘာသာရပ္မ်ား ႏွင့္ အေထြေထြဗဟုသုတဆိုင္ရာ ဘာသာရပ္မ်ား စသည့္တို႔ကို သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန(ေနျပည္ေတာ္) ၌ သင္တန္းသား (၅ဝ)ဦး ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန (ရန္ကုန္) ၌ သင္တန္းသား (၅ဝ) ဦး စုစုေပါင္း သင္တန္းသားဦးေရ (၁ဝဝ) ကို လူ႔ေတြ႕စစ္ေဆး၍ လက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။