ဆရာ၊ ဆရာမ များအနေဖြင့် အပြောင်းအရွှေ့အတွက် ပိုက်ဆံ သိန်းဆယ်ချီ ပေးရခြင်းများရှိလာ

 1877

သန့်ဇင် (NP News) - ဇူလိုင် ၈

အခြေခံပညာ ကျောင်းဆရာ၊ ဆရာမများ၏ အပြောင်းအရွှေ့ကိစ္စရပ်များအတွက် အချို့နေရာများတွင် ပိုက်ဆံသိန်းဆယ်ချီ လာဘ်ထိုးရခြင်းများရှိလာနေကြောင်း ပညာရေးအသိုင်းအဝိုင်းသို့ NP News က ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။

အချို့သောဒေသများတွင် နယ်မြေမတည်ငြိမ်သည့်အတွက် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့် ပြုရန် ဆန္ဒပြုထားသည့် လုပ်သက်ရင့် ကျောင်း ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ ရှိနေခြင်းဖြစ်သည်။ ယင်းသို့ ဆန္ဒပြုထားသော်လည်း မြို့နယ် ပညာရေးမှူးအဆင့် သို့မဟုတ် ခရိုင်ပညာရေးမှူး အဆင့်က ၎င်းနှင့် နီးစပ်သူများကိုသာ မျက်နှာသာပေး ပြောင်းရွှေ့စေခြင်းနှင့် ငွေကြေး တံစိုးလက်ဆောင်တောင်းယူခြင်းများရှိနေကြောင်း အမည်မဖော်လိုသူ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

လုပ်သက်များသူကိုသာ ပြောင်းရွှေ့ခွင့်ပြုပြီး လုပ်သက်နည်းသူများကို အပြောင်းအရွှေ့ ဆိုင်းငံ့ ထားသည်ဟု သတင်းထွက်သော်လည်း ပိုက်ဆံပေးပါက ခြွင်းချက်မထားတော့ဘဲ ပြောင်းခွင့် ပေးခြင်း များရှိလာကြောင်း ၎င်းက ဆိုသည်။

“အဲဒီမှာကျတော့ ခင်ရာမင်ရာနဲ့ အသိတွေလိုက်ထားတဲ့လူတွေကျတော့ ပြောင်းရတယ်ပေါ့ နော်။ ဘယ်ကျောင်းကို တိုက်ရိုက်၊ ဘယ်ကျောင်းကို လိုချင်လဲဆိုတာကြီးက နည်းနည်းတော့ အဆင် မပြေဘူး” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။ အပြောင်းအရွှေ့အတွက် ပိုက်ဆံပေးရာတွင် ကျပ်သိန်း (၂၀)မှ ကျပ်သိန်း (၄၀)အထိပင် ပေးနေရကြောင်း ၎င်းကပြောသည်။

“ဘယ်သူက ဘယ်လောက်ပေးရလဲဆိုတာတော့ တိတိကျကျမသိပေမယ့် သတင်းထွက်နေကြ တာတော့ သိန်း(၂၀)ကနေ သိန်း(၄၀)အကြား လဘ်ထိုးရတယ်။ ပေးရတာက အပြောင်းအရွှေ့ကို ကိုင်တဲ့ လူကို ပေးရတာ။ ပညာရေးမှူးကကိုင်ရင် ပညာရေးမှူးကိုပေးရတာ။ ဒါတွေကတော့ အရင်က တာဝန်ကျ တဲ့နေရာတွေကနေ နီးနီးနားနားပြန်လိုချင်တယ်ဆိုရင်ပေးရတယ်။ ထုံးစံလိုကိုဖြစ်နေတာ။ မပေးတဲ့ လူ တွေကတော့ ဝေးဝေးကျမယ်။ တချို့တကယ်ခက်ခဲတဲ့လူတွေဆိုရင် မိခင်ကျန်းမာရေးအရတို့ ဘာတို့ ကြောင့်ပြောင်းချင်ပေမယ့် တချို့က မျက်နှာလိုက်ပြီး ပညာရေးမှူးရဲ့ဆွေမျိုးနဲ့ ခင်မင်ရင်းနှီးသူတွေက ပိုပြီး ဦးစားပေးခံနေရတယ်” ဟု ၎င်းက ဆိုသည်။

အလားတူ မန္တလေးတိုင်းဒေသကြီးတွင် လည်း အပြောင်းအရွှေ့ အဆင်ပြေစေရန်အထက် တန်းပြ ဆရာ၊ ဆရာမများအနေဖြင့် ခရိုင်ပညာရေး မှူးရုံးနှင့် မူလတန်းနှင့်အလယ်တန်းပြ ဆရာ၊ ဆရာမ အနေဖြင့် မြို့နယ်ပညာရေးမှူးရုံးသို့ အထက်ပါ ပမာဏ နီးပါး ပေးရခြင်းများ ရှိနေကြောင်း ပညာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။ “အခုအပြောင်းအရွှေ့ဆိုရင် ဇွန်လ (၆)ရက်ကထွက်တယ်။ တော်တော်များများက မြို့ ပေါ်မှာကျ တယ်။ အဲဒီတော်တော်များများက ငွေနဲ့ လိုက်ထားတာတွေချည်းပဲ။ ပိုက်ဆံဆိုရင်လည်း သိန်းကို ဆယ်နဲ့ ချီပြီးပေးရတယ်။ ပိုက်ဆံပေးမှပဲကိုယ်လိုချင်တဲ့ကျောင်းကိုရမယ်။ ပိုက်ဆံပေးရတာတောင်မှ တစ် ယောက် နဲ့တစ်ယောက်မတူဘူးပေါ့နော်။ ပိုပေးတဲ့လူကရမှာ။ ဒါကတော့ ဒေသတိုင်းလိုလိုပါပဲ။ ကျွန် တော်တို့နဲ့အတူတူ ပညာရေးကောလိပ်တက်ခဲ့တဲ့လူတွေလည်း တူတူပဲ။ ဘယ်နေရာပဲဖြစ်ဖြစ်ပေါ့နော် ပညာရေးလောကကအဲဒီအတိုင်းပါပဲ”ဟု ၎င်းက ဆိုသည်။

zawgyi version
ဆရာ၊ ဆရာမ မ်ားအေနျဖင့္ အေျပာင္းအေ႐ႊ႕အတြက္ ပိုက္ဆံ သိန္းဆယ္ခ်ီ ေပးရျခင္းမ်ားရွိလာ
သန႔္ဇင္ (NP News) - ဇူလိုင္ ၈

အေျခခံပညာ ေက်ာင္းဆရာ၊ ဆရာမမ်ား၏ အေျပာင္းအေ႐ႊ႕ကိစၥရပ္မ်ားအတြက္ အခ်ိဳ႕ေနရာမ်ားတြင္ ပိုက္ဆံသိန္းဆယ္ခ်ီ လာဘ္ထိုးရျခင္းမ်ားရွိလာေနေၾကာင္း ပညာေရးအသိုင္းအဝိုင္းသို႔ NP News က ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။

အခ်ိဳ႕ေသာေဒသမ်ားတြင္ နယ္ေျမမတည္ၿငိမ္သည့္အတြက္ ေျပာင္းေ႐ႊ႕တာဝန္ထမ္းေဆာင္ခြင့္ ျပဳရန္ ဆႏၵျပဳထားသည့္ လုပ္သက္ရင့္ ေက်ာင္း ဆရာ၊ ဆရာမမ်ားႏွင့္ ပညာေရးဝန္ထမ္းမ်ား ရွိေနျခင္းျဖစ္သည္။ ယင္းသို႔ ဆႏၵျပဳထားေသာ္လည္း ၿမိဳ႕နယ္ ပညာေရးမႉးအဆင့္ သို႔မဟုတ္ ခ႐ိုင္ပညာေရးမႉး အဆင့္က ၎ႏွင့္ နီးစပ္သူမ်ားကိုသာ မ်က္ႏွာသာေပး ေျပာင္းေ႐ႊ႕ေစျခင္းႏွင့္ ေငြေၾကး တံစိုးလက္ေဆာင္ေတာင္းယူျခင္းမ်ားရွိေနေၾကာင္း အမည္မေဖာ္လိုသူ ပညာေရးဝန္ထမ္းတစ္ဦးက ေျပာသည္။

လုပ္သက္မ်ားသူကိုသာ ေျပာင္းေ႐ႊ႕ခြင့္ျပဳၿပီး လုပ္သက္နည္းသူမ်ားကို အေျပာင္းအေ႐ႊ႕ ဆိုင္းငံ့ ထားသည္ဟု သတင္းထြက္ေသာ္လည္း ပိုက္ဆံေပးပါက ႁခြင္းခ်က္မထားေတာ့ဘဲ ေျပာင္းခြင့္ ေပးျခင္း မ်ားရွိလာေၾကာင္း ၎က ဆိုသည္။

“အဲဒီမွာက်ေတာ့ ခင္ရာမင္ရာနဲ႔ အသိေတြလိုက္ထားတဲ့လူေတြက်ေတာ့ ေျပာင္းရတယ္ေပါ့ ေနာ္။ ဘယ္ေက်ာင္းကို တိုက္႐ိုက္၊ ဘယ္ေက်ာင္းကို လိုခ်င္လဲဆိုတာႀကီးက နည္းနည္းေတာ့ အဆင္ မေျပဘူး” ဟု အထက္ပါ သတင္းရင္းျမစ္က ေျပာသည္။ အေျပာင္းအေ႐ႊ႕အတြက္ ပိုက္ဆံေပးရာတြင္ က်ပ္သိန္း (၂၀)မွ က်ပ္သိန္း (၄၀)အထိပင္ ေပးေနရေၾကာင္း ၎ကေျပာသည္။

“ဘယ္သူက ဘယ္ေလာက္ေပးရလဲဆိုတာေတာ့ တိတိက်က်မသိေပမယ့္ သတင္းထြက္ေနၾက တာေတာ့ သိန္း(၂၀)ကေန သိန္း(၄၀)အၾကား လဘ္ထိုးရတယ္။ ေပးရတာက အေျပာင္းအေ႐ႊ႕ကို ကိုင္တဲ့ လူကို ေပးရတာ။ ပညာေရးမႉးကကိုင္ရင္ ပညာေရးမႉးကိုေပးရတာ။ ဒါေတြကေတာ့ အရင္က တာဝန္က် တဲ့ေနရာေတြကေန နီးနီးနားနားျပန္လိုခ်င္တယ္ဆိုရင္ေပးရတယ္။ ထုံးစံလိုကိုျဖစ္ေနတာ။ မေပးတဲ့ လူ ေတြကေတာ့ ေဝးေဝးက်မယ္။ တခ်ိဳ႕တကယ္ခက္ခဲတဲ့လူေတြဆိုရင္ မိခင္က်န္းမာေရးအရတို႔ ဘာတို႔ ေၾကာင့္ေျပာင္းခ်င္ေပမယ့္ တခ်ိဳ႕က မ်က္ႏွာလိုက္ၿပီး ပညာေရးမႉးရဲ႕ေဆြမ်ိဳးနဲ႔ ခင္မင္ရင္းႏွီးသူေတြက ပိုၿပီး ဦးစားေပးခံေနရတယ္” ဟု ၎က ဆိုသည္။

အလားတူ မႏၲေလးတိုင္းေဒသႀကီးတြင္ လည္း အေျပာင္းအေ႐ႊ႕ အဆင္ေျပေစရန္အထက္ တန္းျပ ဆရာ၊ ဆရာမမ်ားအေနျဖင့္ ခ႐ိုင္ပညာေရး မႉး႐ုံးႏွင့္ မူလတန္းႏွင့္အလယ္တန္းျပ ဆရာ၊ ဆရာမ အေနျဖင့္ ၿမိဳ႕နယ္ပညာေရးမႉး႐ုံးသို႔ အထက္ပါ ပမာဏ နီးပါး ေပးရျခင္းမ်ား ရွိေနေၾကာင္း ပညာေရးဝန္ထမ္းတစ္ဦးက ဆိုသည္။ “အခုအေျပာင္းအေ႐ႊ႕ဆိုရင္ ဇြန္လ (၆)ရက္ကထြက္တယ္။ ေတာ္ေတာ္မ်ားမ်ားက ၿမိဳ႕ ေပၚမွာက် တယ္။ အဲဒီေတာ္ေတာ္မ်ားမ်ားက ေငြနဲ႔ လိုက္ထားတာေတြခ်ည္းပဲ။ ပိုက္ဆံဆိုရင္လည္း သိန္းကို ဆယ္နဲ႔ ခ်ီၿပီးေပးရတယ္။ ပိုက္ဆံေပးမွပဲကိုယ္လိုခ်င္တဲ့ေက်ာင္းကိုရမယ္။ ပိုက္ဆံေပးရတာေတာင္မွ တစ္ ေယာက္ နဲ႔တစ္ေယာက္မတူဘူးေပါ့ေနာ္။ ပိုေပးတဲ့လူကရမွာ။ ဒါကေတာ့ ေဒသတိုင္းလိုလိုပါပဲ။ ကြၽန္ ေတာ္တို႔နဲ႔အတူတူ ပညာေရးေကာလိပ္တက္ခဲ့တဲ့လူေတြလည္း တူတူပဲ။ ဘယ္ေနရာပဲျဖစ္ျဖစ္ေပါ့ေနာ္ ပညာေရးေလာကကအဲဒီအတိုင္းပါပဲ”ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.