မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကြောင်း သင်တန်း (၅)မျိုး ဖွင့်လှစ်သင်ကြားပေးမည်

659
စော (NP News) - ဒီဇင်ဘာ ၁၃
မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကြောင်း သင်တန်း (၅)မျိုးကို မသန်စွမ်းသက်ကြီးသင်တန်းကျောင်း၌ ဖွင့်လှစ် သင် ကြားပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။
အဆိုပါ သင်တန်း (၅)မျိုးသည် စက်ချုပ်သင်တန်း၊ တံဆိပ်ရိုက်သင်တန်း၊ ဓာတ်ပုံသင်တန်း၊ ဆံသသင်တန်း နှင့် ကွန်ပျူတာသင်တန်းများဖြစ်ပြီး လာမည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် မသန်စွမ်းသက်ကြီးသင်တန်းကျောင်း (ရန်ကုန်)၌ သင် ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းသင်တန်းများကို အသက် (၁၈)နှစ်မှ (၄၅)နှစ်အတွင်းရှိသော ကိုယ်အင်္ဂါမသန်စွမ်းသူများ တက်ရောက်နိုင်ကြောင်း သိရသည်။
လျှောက်ထားလိုသူများသည် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အမှတ် (၆၅)သို့ တိုက်ရိုက် လျှောက် ထားနိုင်ကြောင်း သိရသည်။
သင်တန်းတက်ရောက်ခွင့်ရရှိသူများကို သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း နေထိုင်ရေး နှင့် စားသောက်ရေး အပါအ ဝင် သင်ထောက်ကူပစ္စည်းများလည်း စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နယ်မှလာသော သင်တန်းသားများအား ရန်ကုန်မြို့သို့ လာသော အသွားခရီးစရိတ်နှင့် အပြန်ခရီးစရိတ်များကိုလည်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

zawgyi version
မသန္စြမ္းသူမ်ားအတြက္ အသက္ေမြးဝမ္းေၾကာင္း သင္တန္း (၅)မ်ိဳး ဖြင့္လွစ္သင္ၾကားေပးမည္
ေစာ (NP News) - ဒီဇင္ဘာ ၁၃
မသန္စြမ္းသူမ်ားအတြက္ အသက္ေမြးဝမ္းေၾကာင္း သင္တန္း (၅)မ်ိဳးကို မသန္စြမ္းသက္ႀကီးသင္တန္းေက်ာင္း၌ ဖြင့္လွစ္ သင္ ၾကားေပးမည္ျဖစ္ေၾကာင္း လူမႈဝန္ထမ္းဦးစီးဌာနထံမွ သိရသည္။
အဆိုပါ သင္တန္း (၅)မ်ိဳးသည္ စက္ခ်ဳပ္သင္တန္း၊ တံဆိပ္႐ိုက္သင္တန္း၊ ဓာတ္ပုံသင္တန္း၊ ဆံသသင္တန္း ႏွင့္ ကြန္ပ်ဴတာသင္တန္းမ်ားျဖစ္ၿပီး လာမည့္ ၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္တြင္ မသန္စြမ္းသက္ႀကီးသင္တန္းေက်ာင္း (ရန္ကုန္)၌ သင္ ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
၎သင္တန္းမ်ားကို အသက္ (၁၈)ႏွစ္မွ (၄၅)ႏွစ္အတြင္းရွိေသာ ကိုယ္အဂၤါမသန္စြမ္းသူမ်ား တက္ေရာက္ႏိုင္ေၾကာင္း သိရသည္။
ေလွ်ာက္ထားလိုသူမ်ားသည္ ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္၊ က်ိဳက္ဝိုင္းဘုရားလမ္း၊ အမွတ္ (၆၅)သို႔ တိုက္႐ိုက္ ေလွ်ာက္ ထားႏိုင္ေၾကာင္း သိရသည္။
သင္တန္းတက္ေရာက္ခြင့္ရရွိသူမ်ားကို သင္တန္းတက္ေရာက္ေနစဥ္ကာလအတြင္း ေနထိုင္ေရး ႏွင့္ စားေသာက္ေရး အပါအ ဝင္ သင္ေထာက္ကူပစၥည္းမ်ားလည္း စီစဥ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ နယ္မွလာေသာ သင္တန္းသားမ်ားအား ရန္ကုန္ၿမိဳ႕သို႔ လာေသာ အသြားခရီးစရိတ္ႏွင့္ အျပန္ခရီးစရိတ္မ်ားကိုလည္း ေထာက္ပံ့သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။