ရမ်းဗြဲမြို့၌ တပ်မတော် နှင့် AA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး မြို့ခံအများအပြား နေရပ်စွန့်ခွာခဲ့ရ

2472
မြူနစ် (NP News) - ဒီဇင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နှင့်တစ်ဝိုက်တွင် တပ်မတော်နှင့် ရခိုင်လက်နက်အဖွဲ့ AA တို့အကြား တိုက်ပွဲဆက် လက်ဖြစ်ပွားနေပြီး မြို့ခံအများအပြားနေရပ်စွန့်ခွာခဲ့ရကြောင်း သိရသည်။

AA နှင့် တပ်မတော်လုံခြုံရေးအဖွဲ့တို့သည် ယမန်နေ့ (ဒီဇင်ဘာလ ၁၈ ရက်) နံနက် ၈ နာရီမှစ၍ ရမ်းဗြဲမြို့တွင် နှစ်ဖက်ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း မြို့ခံများက NP News ကို ပြောသည်။
“ရမ်းဗြဲမှာ တိုက်ပွဲက မနေ့က စတာပေါ့။ မနက် ၈ နာရီလောက်မှာစတာ။ မနက် ၁၀ နာရီလောက်ကနေ ညနေ ၃ နာရီအထိ တိုက်ပွဲက တော်တော်လေးပြင်းထန်တယ်။ ဒီလောက်ကြီး ပြင်းထန်တာမျိုး တစ်ခါမှ မကြုံဖူးသေးဘူး။ လက်နက်ကြီးသံတွေ၊ လက်နက်ငယ်သံတွေ၊ လေ ယာဉ်သံတွေ စုံနေအောင်ကြားရတယ်။ ဒရုန်းတွေနဲ့ လာပစ်တာတွေလည်း ရှိတယ်” ဟု ရမ်းဗြဲမြို့ခံကပြော သည်။
ယမန်နေ့တွင် ရမ်းဗြဲမြို့၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အရပ်သားလူနေအိမ်များ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့(ဒီဇင်ဘာလ ၁၉ ရက်)တွင်လည်း ရမ်းဗြဲမြို့နှင့်တစ်ဝိုက်၌ တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေလျက်ရှိကြောင်း မြို့ခံများကပြောသည်။
“ဒီနေ့လည်း ရမ်းဗြဲမှာ ဆက်ဖြစ်နေတုန်းပဲ။ တပ်ဖက်ကလည်း ရေကြောင်းပစ်ကူတွေနဲ့ ပစ်ပေးနေတယ်လို့ ကြားတယ်။ ပြင်းထန်နေတုန်းပါပဲ။ အခုတော့ မြို့ခံပြည်သူလူထုကတော့ မြို့ပေါ်မှာ မနေရဲကြတော့ဘူး။ ထိခိုက်မှာ ကြောက်လို့ စစ်ဘေးရှောင်နေရပြီ။ မရှောင်လို့လည်း မရတော့ဘူးလေ။ ကလေးငယ်တွေပါ ရှိနေတော့ စိုးရိမ်ရတယ်”ဟု ရမ်းဗြဲမြို့ခံက ဆက်လက်ပြောသည်။
ယင်းကဲ့သို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ရမ်းဗြဲမြို့ခံပြည်သူလူထုအများစုသည် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရလျက်ရှိကြောင်း သိရသည်။
“ကျွန်မတို့ကတော့ စစ်ပွဲဖြစ်မှာ မလိုလားဘူး။ ဒါပေမဲ့စစ်ပွဲဖြစ်တာကလည်း ကြာနေပြီဆိုတော့ လိုလားတဲ့သူလည်း ရှိသလို၊ မလိုလားတဲ့သူတွေလည်း ရှိမှာပေါ့။ ကြောက်တဲ့သူလည်းရှိတယ်။ အမျိုးမျိုးရှိနေမှာပဲလေ။ ကျွန်မတို့ ဆန္ဒအရဆိုရင်တော့ မဖြစ်စေချင်ဘူး” ဟု ရမ်းဗြဲမြို့ခံတစ်ဦးက NP News ကို ပြောသည်။
ဒေသခံပြည်သူလူထုအများစုနေထိုင်ရာမြို့များတွင် တိုက်ပွဲများ ဖြစ်လာမည်ကို မလိုလားသော ဒေသခံပြည်သူများလည်း ရှိနေသည်။
“ရခိုင်မှာ တိုက်ပွဲတွေဖြစ်ပြီး သိပ်မကြာဘူး လမ်းတွေ ပိတ်လိုက်တယ်။ ကုန်ဈေးနှုန်းတွေ ချက်ချင်းတက်လာတယ်။ အခုဆိုရင် ကြက်သွန်နီတစ်ပိသာ သုံးသောင်းဖြစ်နေပေမယ့် ရှာဝယ်လို့မရဘူး။ ဈေးရောင်းတဲ့သူတွေလည်း မရှိတော့ဘူး။ နောက်ဓာတ်ဆီ တစ်လီတာ နှစ်သောင်းခွဲအထိ ဖြစ်နေတယ်။ ဘယ်လိုသွားလာလှုပ်ရှာရမှာလဲ။ စစ်ဘေးရှောင်ဖို့အတွက်တောင် သွားဖို့မလွယ်ကူဘူး။ ပြည်သူတွေ ဘယ်လောက်ခက်ခဲလည်း စဉ်းစားသာကြည့်တော့” ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA သည် ပြီးခဲ့သော နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ တစ်ကျော့ပြန်စစ်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်လည်း နှစ်ဖက်ကြား၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

zawgyi version
ရမ္းၿဗဲၿမိဳ႕၌ တပ္မေတာ္ ႏွင့္ AA လက္နက္ကိုင္အဖြဲ႕တို႔ တိုက္ပြဲဆက္လက္ျဖစ္ပြားေနၿပီး ၿမိဳ႕ခံအမ်ားအျပား ေနရပ္စြန႔္ခြာခဲ့ရ
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၁၉
ရခိုင္ျပည္နယ္၊ ရမ္းၿဗဲၿမိဳ႕ႏွင့္တစ္ဝိုက္တြင္ တပ္မေတာ္ႏွင့္ ရခိုင္လက္နက္အဖြဲ႕ AA တို႔အၾကား တိုက္ပြဲဆက္ လက္ျဖစ္ပြားေနၿပီး ၿမိဳ႕ခံအမ်ားအျပားေနရပ္စြန႔္ခြာခဲ့ရေၾကာင္း သိရသည္။
AA ႏွင့္ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕တို႔သည္ ယမန္ေန႔ (ဒီဇင္ဘာလ ၁၈ ရက္) နံနက္ ၈ နာရီမွစ၍ ရမ္းၿဗဲၿမိဳ႕တြင္ ႏွစ္ဖက္ၾကား တိုက္ပြဲအျပင္းအထန္ျဖစ္ပြားခဲ့ေၾကာင္း ၿမိဳ႕ခံမ်ားက NP News ကို ေျပာသည္။
“ရမ္းၿဗဲမွာ တိုက္ပြဲက မေန႔က စတာေပါ့။ မနက္ ၈ နာရီေလာက္မွာစတာ။ မနက္ ၁၀ နာရီေလာက္ကေန ညေန ၃ နာရီအထိ တိုက္ပြဲက ေတာ္ေတာ္ေလးျပင္းထန္တယ္။ ဒီေလာက္ႀကီး ျပင္းထန္တာမ်ိဳး တစ္ခါမွ မႀကဳံဖူးေသးဘူး။ လက္နက္ႀကီးသံေတြ၊ လက္နက္ငယ္သံေတြ၊ ေလ ယာဥ္သံေတြ စုံေနေအာင္ၾကားရတယ္။ ဒ႐ုန္းေတြနဲ႔ လာပစ္တာေတြလည္း ရွိတယ္” ဟု ရမ္းၿဗဲၿမိဳ႕ခံကေျပာ သည္။
ယမန္ေန႔တြင္ ရမ္းၿဗဲၿမိဳ႕၌ ျဖစ္ပြားခဲ့ေသာ တိုက္ပြဲအတြင္း အရပ္သားလူေနအိမ္မ်ား ထိခိုက္ပ်က္စီးမႈမ်ား ရွိခဲ့ေၾကာင္း သိရသည္။
အလားတူ ယေန႔(ဒီဇင္ဘာလ ၁၉ ရက္)တြင္လည္း ရမ္းၿဗဲၿမိဳ႕ႏွင့္တစ္ဝိုက္၌ တပ္မေတာ္ႏွင့္ AA လက္နက္ကိုင္အဖြဲ႕တို႔ၾကားတိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနလ်က္ရွိေၾကာင္း ၿမိဳ႕ခံမ်ားကေျပာသည္။
“ဒီေန႔လည္း ရမ္းၿဗဲမွာ ဆက္ျဖစ္ေနတုန္းပဲ။ တပ္ဖက္ကလည္း ေရေၾကာင္းပစ္ကူေတြနဲ႔ ပစ္ေပးေနတယ္လို႔ ၾကားတယ္။ ျပင္းထန္ေနတုန္းပါပဲ။ အခုေတာ့ ၿမိဳ႕ခံျပည္သူလူထုကေတာ့ ၿမိဳ႕ေပၚမွာ မေနရဲၾကေတာ့ဘူး။ ထိခိုက္မွာ ေၾကာက္လို႔ စစ္ေဘးေရွာင္ေနရၿပီ။ မေရွာင္လို႔လည္း မရေတာ့ဘူးေလ။ ကေလးငယ္ေတြပါ ရွိေနေတာ့ စိုးရိမ္ရတယ္”ဟု ရမ္းၿဗဲၿမိဳ႕ခံက ဆက္လက္ေျပာသည္။
ယင္းကဲ့သို႔ ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ ရမ္းၿဗဲၿမိဳ႕ခံျပည္သူလူထုအမ်ားစုသည္ ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ေနရလ်က္ရွိေၾကာင္း သိရသည္။
“ကြၽန္မတို႔ကေတာ့ စစ္ပြဲျဖစ္မွာ မလိုလားဘူး။ ဒါေပမဲ့စစ္ပြဲျဖစ္တာကလည္း ၾကာေနၿပီဆိုေတာ့ လိုလားတဲ့သူလည္း ရွိသလို၊ မလိုလားတဲ့သူေတြလည္း ရွိမွာေပါ့။ ေၾကာက္တဲ့သူလည္းရွိတယ္။ အမ်ိဳးမ်ိဳးရွိေနမွာပဲေလ။ ကြၽန္မတို႔ ဆႏၵအရဆိုရင္ေတာ့ မျဖစ္ေစခ်င္ဘူး” ဟု ရမ္းၿဗဲၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။
ေဒသခံျပည္သူလူထုအမ်ားစုေနထိုင္ရာၿမိဳ႕မ်ားတြင္ တိုက္ပြဲမ်ား ျဖစ္လာမည္ကို မလိုလားေသာ ေဒသခံျပည္သူမ်ားလည္း ရွိေနသည္။
“ရခိုင္မွာ တိုက္ပြဲေတြျဖစ္ၿပီး သိပ္မၾကာဘူး လမ္းေတြ ပိတ္လိုက္တယ္။ ကုန္ေဈးႏႈန္းေတြ ခ်က္ခ်င္းတက္လာတယ္။ အခုဆိုရင္ ၾကက္သြန္နီတစ္ပိသာ သုံးေသာင္းျဖစ္ေနေပမယ့္ ရွာဝယ္လို႔မရဘူး။ ေဈးေရာင္းတဲ့သူေတြလည္း မရွိေတာ့ဘူး။ ေနာက္ဓာတ္ဆီ တစ္လီတာ ႏွစ္ေသာင္းခြဲအထိ ျဖစ္ေနတယ္။ ဘယ္လိုသြားလာလႈပ္ရွာရမွာလဲ။ စစ္ေဘးေရွာင္ဖို႔အတြက္ေတာင္ သြားဖို႔မလြယ္ကူဘူး။ ျပည္သူေတြ ဘယ္ေလာက္ခက္ခဲလည္း စဥ္းစားသာၾကည့္ေတာ့” ဟု ရခိုင္ေဒသခံတစ္ဦးက ေျပာသည္။
ရခိုင္ျပည္နယ္တြင္ ရခိုင္လက္နက္ကိုင္အဖြဲ႕ ULA/AA သည္ ၿပီးခဲ့ေသာ ႏိုဝင္ဘာလ ၁၃ ရက္မွစတင္ကာ တစ္ေက်ာ့ျပန္စစ္ပြဲမ်ားကို ျပန္လည္ေဖာ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္လည္း ႏွစ္ဖက္ၾကား၌ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနဆဲျဖစ္သည္။