မြန်မာ MoU အလုပ်သမားများကို မြဝတီ-မဲဆောက်လမ်းကြောင်းမှတဆင့်စေလွှတ်နေမှုအားယာယီရပ်ဆိုင်းထား

 2279

ကျော်(NP News) - ဒီဇင်ဘာ ၂၁

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ မြန်မာ MoU အလုပ်သမားများကို မြဝတီ-မဲဆောက်လမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံသို့စေလွှတ်နေခြင်းအား ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်မှစတင်၍ ယာယီရပ်ဆိုင်းခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်(ထိုင်း) လိုင်စင်ရအေဂျင်စီများမှ မြန်မာ MoU အလုပ်သမားများအား မြဝတီ-မဲဆောက်လမ်းကြောင်း၊ ကော့သောင်း-ရနောင်းလမ်းကြောင်းတို့မှတဆင့် ထိုင်းနိုင်ငံသို့စေလွှတ်လျက်ရှိသည်။

ထိုသို့ စေလွှတ်လျက်ရှိရာမှ မြဝတီ-မဲဆောက်လမ်း ကြောင်း၏ လမ်းခရီးအခြေအနေသည် မြန်မာ MOU အလုပ်သမားများအားစေလွှတ်ရန် မရသည့်အနေအ ထားဖြစ်နေ၍ ယင်းလမ်းကြောင်းအား ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

"မြဝတီလမ်းကြောင်းကနေလွှတ်ဖို့က အာရှလမ်းပိတ်နေတဲ့အတွက် စေလွှတ်မှုကို ယာယီရပ်ဆိုင်းခဲ့တာပါ။ လေကြောင်းနဲ့လွှတ်ဖို့ညှိနှိုင်းနေပါတယ်"ဟု အလုပ် သမားဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက NP News ကိုပြောသည်။

မြန်မာ MoU အလုပ်သမားများအား မြဝတီ-မဲဆောက်လမ်းကြောင်းမှတဆင့်စေလွှတ်မှုကို ယာယီရပ်ဆိုင်းခဲ့သော်လည်း ကော့သောင်း-ရနောင်းလမ်းကြောင်းမှတဆင့်စေလွှတ်မှုကိုမူ ပုံမှန်အတိုင်းပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် အေဂျင်စီများမှ MoU U-turn လုပ်ငန်းစဥ်ဖြင့်စေလွှတ်ရန် တင်ပြလာမှုများကိုလည်း ပုံမှန်အတိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သိရသည်။

zawgyi version
ျမန္မာ MoU အလုပ္သမားမ်ားကို ျမဝတီ-မဲေဆာက္လမ္းေၾကာင္းမွတဆင့္ေစလႊတ္ေနမႈအားယာယီရပ္ဆိုင္း ထား

ေက်ာ္(NP News) - ဒီဇင္ဘာ ၂၁

အလုပ္သမားဝန္ႀကီးဌာန၊ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနမွ ျမန္မာ MoU အလုပ္သမားမ်ားကို ျမဝတီ-မဲေဆာက္လမ္းေၾကာင္းမွတဆင့္ ထိုင္းႏိုင္ငံသို႔ေစလႊတ္ေနျခင္းအား ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၁၉ ရက္မွစတင္၍ ယာယီရပ္ဆိုင္းခဲ့ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနထံမွ သိရသည္။

ျမန္မာျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္၊ ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္(ထိုင္း) လိုင္စင္ရေအဂ်င္စီမ်ားမွ ျမန္မာ MoU အလုပ္သမားမ်ားအား ျမဝတီ-မဲေဆာက္လမ္းေၾကာင္း၊ ေကာ့ေသာင္း-ရေနာင္းလမ္းေၾကာင္းတို႔မွတဆင့္ ထိုင္းႏိုင္ငံသို႔ေစလႊတ္လ်က္ရွိသည္။

ထိုသို႔ ေစလႊတ္လ်က္ရွိရာမွ ျမဝတီ-မဲေဆာက္လမ္း ေၾကာင္း၏ လမ္းခရီးအေျခအေနသည္ ျမန္မာ MOU အလုပ္သမားမ်ားအားေစလႊတ္ရန္ မရသည့္အေနအ ထားျဖစ္ေန၍ ယင္းလမ္းေၾကာင္းအား ယာယီရပ္ဆိုင္းခဲ့ျခင္းျဖစ္သည္။

"ျမဝတီလမ္းေၾကာင္းကေနလႊတ္ဖို႔က အာရွလမ္းပိတ္ေနတဲ့အတြက္ ေစလႊတ္မႈကို ယာယီရပ္ဆိုင္းခဲ့တာပါ။ ေလေၾကာင္းနဲ႔လႊတ္ဖို႔ညႇိႏႈိင္းေနပါတယ္"ဟု အလုပ္ သမားဝန္ႀကီးဌာန၏ အၿမဲတမ္းအတြင္းဝန္ ဦးၫြန္႔ဝင္းက NP News ကိုေျပာသည္။

ျမန္မာ MoU အလုပ္သမားမ်ားအား ျမဝတီ-မဲေဆာက္လမ္းေၾကာင္းမွတဆင့္ေစလႊတ္မႈကို ယာယီရပ္ဆိုင္းခဲ့ေသာ္လည္း ေကာ့ေသာင္း-ရေနာင္းလမ္းေၾကာင္းမွတဆင့္ေစလႊတ္မႈကိုမူ ပုံမွန္အတိုင္းျပဳလုပ္သြားမည္ျဖစ္ ေၾကာင္း သိရသည္။

ထို႔ျပင္ ေအဂ်င္စီမ်ားမွ MoU U-turn လုပ္ငန္းစဥ္ျဖင့္ေစလႊတ္ရန္ တင္ျပလာမႈမ်ားကိုလည္း ပုံမွန္အတိုင္းေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနမွ သိရသည္။

© 2021. All rights reserved.