ရှမ်းမြောက်တိုက်ပွဲ နောက်ကွယ်လက်မည်းကြီးဟာ တရုတ်လား၊ တပ်မတော် အရေးနိမ့် ပြိုလဲတော့မည်လား (ဘာသာပြန်ဆောင်းပါး)

 2682

Htay Oung (NP News) - ဒီဇင်ဘာ ၂၃

ပြီးခဲ့တဲ့ အောက်တိုဘာလနှောင်းပိုင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ဖြစ်တဲ့ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ပူးပေါင်းအဖွဲ့တို့က 1027 စစ်ဆင်ရေးနဲ့ စတင်တိုက်ခိုက်ခဲ့ပါတယ်။ ယခုနောက်ပိုင်း သီတင်းပတ်များအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းရှိ လုံခြုံရေးကင်းစခန်း ရာနှင့်ချီပြီး အစိုးရထိန်းချုပ်နယ်မြေများကို မြောက် ၃ -ဖွဲ့က အာင်မြင် စွာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် MNDAA ဟာ တရုတ်နယ်စပ်မှ ၃ မိုင်ခန့်သာဝေးကွာပြီး နစကအစိုးရ နဲ့ မဟာမိတ်ဖွဲ့ထားသူတို့ရဲ့ လောက်ကိုင်မြို့ကို ဝန်းရံထားနိုင်တဲ့အထိ တိုးတက်လာခဲ့ တယ်လို့ အမေရိကန် ဝါရှင်တန် ဒီစီအခြေစိုက် အင်ဒိုပစိဖိတ်ဒေသ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတို့ကို ဖော်ပြဝေဖန်နေတဲ့ “သည်ဒီပလိုမက်” အွန်လိုင်း သတင်းမဂ္ဂဇင်းက ရေးသားပါတယ်။

အဲဒီပဋိပက္ခဟာ မကြာသေးမီဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းရဲ့ လူမျိုးရေးတင်းမာမှုများ အသက်၀င်နေမှုကို ရောင်ပြန်ဟပ်နေကြောင်း၊ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဗျူဟာမြောက်အရေးပါ နယ်မြေဖြစ်တဲ့ တရုတ်မန်ဒရင်းဘာသာစကားပြော ကိုးကန့်နယ်မြေကို ထိန်းချုပ်မှုနှင့်ပတ်သက်နေပါတယ်။ MNDAA တို့ဟာ ကိုးကန့်ဒေသကို မြန်မာစစ်တပ်က သိမ်းယူချိန် ၂၀၀၉ ခုနှစ်အထိ ချုပ်ကိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ MNDAA တို့ရဲ့ နယ်မြေ ပြန်လည်သိမ်းယူရေးတိုက်ခိုက်မှုဟာ မအောင်မမြင်ဖြစ်ခဲ့ရပြီး လက်ရှိ ပဋိပက္ခအတွက် ခရီးတစ်ထောက် သာဖြစ်ခဲ့ရပါတယ်။ 1027 စစ်ဆင်ရေးဟာ ဆီလျော်မျှတကြောင်း တစိတ်တပိုင်းအဖြစ် လောက်ကိုင်မှာ မကြာသေးမီက ဖော်ထုတ်ခဲ့တဲ့ အကြီးစားအွန်လိုင်းလိမ်လည်မှုကို ဖြိုခွဲရန်ဖြစ်တယ်လို့ MNDAA တို့က အကြောင်းပြခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အရင်းခံ ရည်ရွယ်ချက်ကတော့ ကိုးကန့်ကို ပြန်လည် ထိန်းချုပ်ရန် ဖြစ်တယ်လို့ ဟောင်ကောင် အာရှရေးရာ သုတေသနစင်တာ (RCAS) ရဲ့ ဒါရိုက်တာဖြစ်သူ နေယန်ပန်း က ဆိုပါတယ်။

နစကအစိုးရဟာ စစ်သားအရေအတွက်၊ လက်နက်နဲ့ ပစ္စည်းကိရိယာပိုင်းမှာ စစ်ရေးအမြင်အားဖြင့် သာလွန်ပေမယ့် သူပုန်များနဲ့ ယှဉ်ပြိင်တိုက်ခိုက်ရာမှာ ဆုံးရှုံးမှုများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ စီးပွားရေးကျဆင်းနေတယ်လို့ သုံးသပ်နေကြခိုက် နစက အနေနဲ့လည်း နိုင်ငံအနှံ့စစ်ရေး ဆန့်ကျင်မှုများ အထူးသဖြင့် PDF တို့လို စစ်ရေးလှုပ်ရှားမှုများကို အချိန်တို အတွင်း အကြီးစား တန်ပြန်ထိုးစစ်ဆင်မှုအဖြစ် ဆောင်ရွက်နိုင်ဖွယ် မရှိပါဘူး၊ ဒါပေမဲ့ မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်နေသေးကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမြောက် ပိုင်းမှာ ပဋိပက္ခတွေဟာ လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း အပြီးသတ်နိုင်ဖွယ် မရှိပါဘူး။

ပဋိပက္ခဖြစ်ပွားမှု အရှိန်ဂယက်ကြောင့် ဒုက္ခသည်အများအပြားတို့ဟာ ယူနန်နယ်စပ်ကို စုပြုံရောက်ရှိလာကြပါတယ်။ အခြေအနေဟာ လူနေမှုစရိတ်များကို တိုးမြင့်လာစေပြီး ယူနန်ပြည်နယ်ဒေသများရဲ့ လူမှုဘ၀တည်ငြိမ်ရေးကို အန္တရာယ်မြင့်မားစေပါတယ်။ ဒီထက်ပိုပြီး ၂ဝ၁၅ ခုနှစ် MNDAA နဲ့ တိုက်ပွဲများဖြစ်ပွားစဉ် မြန်မာ့တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ တရုတ်နိုင်ငံသား လေးဦးတို့ သေဆုံးခဲ့ရဖူးတာ မမေ့နိုင်သေးပဲ ရှိနေပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများကို အနီးကပ် စောင့်ကြည့်ပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် တရုတ်နိုင်ငံသားများ သေပျောက်ဖြစ်ရမယ့် အန္တရာယ် လျော့နည်းလာစေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရမှာဖြစ်ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ မြန်မာနဲ့ နယ်စပ်မှာ အမှန်တကယ် တိုက်ပွဲ၀င်လေ့ကျင့်မှုကို စတင်မည်ဖြစ်ကြောင်း (မြောက်ပိုင်း ၃-ဖွဲ့ စစ်ဆင်ရေးမစတင်မီ) နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ လေ့ကျင့်ရာမှာ (မြန်မာ ကချင် နဲ့ ရှမ်းပြည် နယ်စပ်အတွင်း ချိုင့်၀င်နေတဲ့) မန်ရှီ နဲ့ ရိုင်လီ (မြန်မာအခေါ် ရွှေလီ) မြို့များ၊ ( မြန်မာ ကိုးကန့်ဒေသနဲ့ ထိစပ်နေတဲ့) ဂျန်မာကောင်တီနဲ့ ယူနန်ပြည်နယ်တောင်ပိုင်းရှိ အခြားနေရာများပါဝင်ပါတယ်။ စစ်ပွဲဇုန်အတွင်း တပ်ဖွဲ့များရဲ့ လျင်မြန်စွာ ရွေ့လျားနိုင်မှု၊ နယ်စပ်ဒေသ ပိတ်ဆို့ခြင်း ထိန်းချုပ်ခြင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းမျိုးတို့လို တိုက်ခိုက်ရေးစွမ်းရည်များကို စမ်းသပ်ဖို့အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်မှုဟာ အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ရန်နဲ့ တရုတ်နိုင်ငံ ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ပြည်သူလူအများတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးတို့ကို ကာကွယ်ရန်အတွက် ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီ စစ်ရေးလေ့ကျင့်မှုဟာ မြန်မာနစက အစိုးရကို တိုက်ခိုက်ရာမှာ ညီနောင် မြောက်ပိုင်း ၃ ဖွဲ့ကို တရုတ်နိုင်ငံက ထောက်ခံကြောင်း အခိုင်အမာညွှန်ပြခြင်းအဖြစ် အနောက်နိုင်ငံတို့က သိသိသာသာ အာရုံစိုက်လာခဲ့ပါတယ်။ အဲဒီလို ဝါဒဖြန့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်ကို မီးထိုးပေးပြီး တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားစေရန် ရည်ရွယ်ပါတယ်။

အဲဒီ ထင်မြင်ယူဆချက်တွေဟာ မှန်ကန်ကြောင်း အထောက်အထား မရှိပါဘူး။ တရုတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက် မစွက်ဖက်ရေး မူဝါဒကို တစိုက်မတ်မတ် ကျင့်သုံးခဲ့ပြီး မြန်မာနိုင်ငံရှိ လူမျိုးရေး ပဋိပက္ခများမှာ စစ်ရေးအရ ၀င်ရောက်စွက်ဖက်ခြင်း မရှိကြောင်း သိရှိရပါတယ်။ အဲဒီအစား နစကအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မြှင့်တင်ရန်နဲ့ မြန်မာဒုက္ခသည်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ပေးအပ်သွားမယ်လို့ ကတိပြုထားပါတယ်။

နိုဝင်ဘာလ ၂၈ ရက်မှာ ပြီးဆုံးသွားခဲ့တဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ စစ်ရေး လေ့ကျင့်မှု ရည်ရွယ်ချက်မှာ နစကအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တင်းမာမှုများ ပြင်းထန်လာခြင်းကို ဟန့်တားရန် ဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်နိုင်တဲ့ နယ်စပ်ဖြတ်ကျော် လေကြောင်းတိုက်ခိုက်မှု သို့မဟုတ် အမြောက်ကြီးများအသုံးပြုပြီး တိုက်ခိုက်မှုများ ပြင်းထန်လာချိန်မှာ နယ်စပ်လုံခြုံရေးအတွက် ရည်ရွယ်ပြီး လက်တွေ့ကျတဲ့ လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်ရာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အစား နစကအစိုးရနဲ့ ပူးပေါင်းခဲ့ပါတယ်။ ဒါကြောင့် တရုတ်အနေနဲ့ အွန်လိုင်းအသုံးပြုလိမ်လည်မှုများကို နှိမ်နင်းနေကြောင်း အငြင်းပွားစရာ မရှိပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ကူညီပေးနေ ကြောင်း ပြောဆိုချက်တွေဟာ မှားယွင်းနေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ အမှန်တ ကယ် ရည်ရွယ်ချက်မှာ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး ရည်မှန်းချက်ထက် ကျော်လွန်ပြီး ဆုံးရှုံးသွားတဲ့ နယ်မြေများကို ပြန်လည်ရရှိရန် ရည်ရွယ်ကြောင်း ပေကျင်းအနေနဲ့ မသိမမြင်ပဲ မဖြစ်နိုင်ပါဘူး။
ကုန်ကုန်ပြောရရင် တရုတ်အနေနဲ့ အဲဒီလို လုပ်ဆောင်ခြင်းအားဖြင့် မြန်မာနဲ့ ရင်းနှီးမှုကို အပျက်စီးခံ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးခံပြီး ပြည်တွင်းစစ်မှာ ၀င်ပါဖို့အထိ မထိုက်တန်တယ်လို့ ယူဆနိုင်စရာ မရှိပါဘူး။

တကယ့်လက်တွေ့မှာလည်း အောက်တိုဘာလအတွင်း ပဋိပက္ခဖြစ်ပွားပြီးကတည်းက လားရှိုး-မူဆယ်နဲ့ လားရှိုး-ချင်းရွှေမြစ်အထိ အဓိကလမ်းမကြီးနှစ်ခုတို့ဟာ ယာဉ်အသွားအလာနဲ့ ထောက်ပံ့ပို့ဆောင်ရေးများ အားလုံး လုံးဝပြတ်တောက်သွားခဲ့ပါတယ်။ ဒါ့ပြင် နိုဝင်ဘာလ ၂၃ ရက် မူဆယ်မြို့ ဒရုန်းတိုက်ခိုက်မှုမှာ တရုတ်-မြန်မာနယ်စပ်ကို ဖြတ်ကျော်ပြီး နေ့စဉ်သုံး အ၀တ်အထည်၊ အိမ်ဆောက်ပစ္စည်း အများအပြား တင်ဆောင်ထားတဲ့ ကုန်တင်ကား အစီးရေ ၁၂၀ ခန့်တို့ ပျက်စီးသွားခဲ့ကြောင်း သိရှိရပါတယ်။ ယူနန်မှ မြန်မာမြောက်ပိုင်းသို့ ကုန်သွယ်မှု ပမာဏဟာ တရုတ်နဲ့ မြန်မာအကြား ကုန်သွယ်မှုဝေစုရဲ့ ထက်ဝက်ခန့်ရှိနေတဲ့အတွက် မြန်မာနိုင်ငံ ပြည်တွင်းစစ်ကြောင့် နယ်စပ်ကုန်သွယ်ရေးကို ဆိုင်းငံ့ထားမည် ဆိုပါက နှစ်ဖက်စလုံးမှာ စီးပွားရေး ဆုံးရှုံးမှုများကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီထက်ပိုပြီး အရေးကြီးတဲ့ ကိစ္စရှိပါသေးတယ်။ နစက ဆန့်ကျင်ရေး အင်အားစုများကို ပေကျင်းက ထောက်ပံ့နေကြောင်း အခိုင်အမာ ပြောဆိုမှုများကြောင့် မြန်မာနိုင်ငံမှ စစ်တပ်လိုလားသူ (အမျိုးသားရေး) အုပ်စုတွေက ပြီးခဲ့တဲ့လ ရန်ကုန်မြို့မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြခြင်းများ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ ပြင်းထန်လာခြင်းကြောင့် သူ့ရဲ့ များပြားလှတဲ့ မဟာဗျူဟာနဲ့ စီးပွားရေး ပိုင်ဆိုင်မှုများအပေါ် ထိပါးလာမှာကို ပေကျင်းက စိုးရိမ်နေပါတယ်။ ဒီအတွက် ပေကျင်းအနေနဲ့ မြန်မာနိုင်ငံမှာ ကြီးထွားလာနေပြီဖြစ်တဲ့ တရုတ်ဆန့်ကျင်ရေး စိတ်စသည်တို့ကို ဖြေဖျောက်ရန်အတွက် ပြည်တွင်းစစ်မှာ ဝင်ရောက် စွက်ဖက်ခြင်းမှ ရှောင်ရှားဖို့သာ ရှိပါတယ်။

နိဂုံးချုပ်ရလျှင် မြန်မာနိုင်ငံမြောက်ပိုင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ လူမျိုးရေးပဋိပက္ခများအတွက် တရုတ်အနေနဲ့ အကျိုးခံစားခွင့်ရရှိဖို့ထက် ကြားထဲက ခါးနာရမယ့် ငထွားသာလျှင် ဖြစ်နေပါတယ်။ တရုတ်အနေနဲ့ နစက အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပြင် နယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုသာ လိုလားရခြင်းဖြစ်ပါတယ်။
(တရုတ်ကို ကြောက်ရကြောင်း ဦးသိန်းစိန်နဲ့ NLD အစိုးရလက်ထက် မြန်မာအဆင့်မြင့်အရာရှိကြီးများ ကိုယ်တိုင် ပြောဆိုခဲ့ဖူးပါတယ်။ အမှန်အားဖြင့် တရုတ်သာမက အမေရိကန်နဲ့ ဗြိတိန်၊ ဂျာမနီတို့လို့ အင်အားကြီးနိုင်ငံတို့ကို စစ်ရေးမပါသေးပဲ စီးပွားရေးသက်သက်နဲ့တင် မြန်မာလို နိုင်ငံငယ်လေးက ကြောက်နေရမှာ အမှန်ပါပဲ။ ဥပမာအားဖြင့် တချိန်က ထိုင်၀မ်ဟာ ပင်လယ်ကူးသင်္ဘောကုန်သွယ်မှု လုပ်ငန်းနဲ့ နိုင်ငံခြား၀င်ငွေရလမ်းဖြောင့်နေခဲ့ဖူးပြီး လက်ရှိ တရုတ်မှာ ပြည်ပပို့ကုန်ပစ္စည်းများ အလျှံပယ် ရှိနေပါတယ်။ ဒီအတွက် နိုင်ငံခြားငွေလိုချင်လျှင် တရုတ်ပြည်ပပို့ကုန်များကို ထိုင်၀မ်ကုန်သွယ် ရေကြောင်းသင်္ဘောများက သယ်ပို့ပေးရမှာ ဖြစ်လာပါတယ်။ အဲဒီအတွက် တရုတ်တောင်းဆိုတဲ့အတိုင်း ပြည်မကြီးတရုတ်များကို ထိုင်၀မ်သင်္ဘောများမှာ အလုပ်ပေးရန် လိုက်လျောရဖို့ ဖြစ်သွားပါတယ်။ တရုတ်-ထိုင်၀မ်-မြန်မာ သင်္ဘောသား ၃ မျိုးလိုက်ပါတဲ့ ထိုင်၀မ်အစိုးရပိုင် ကုန်သွယ်ရေကြောင်း သင်္ဘောများမှာ ၂ နှစ်ကျော် တာ၀န်ထမ်းဆောင်ခဲ့ဖူးသူ ကျွန်တော့်အနေနဲ့ ဒီအချက်ကို နားလည် သလိုလို ရှိမိပါတယ်

တရုတ်ရဲ့ ဂျီဒီပီဟာ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၉ ထရီလီယံရှိပြီး မြန်မာဟာ ၆၁ ဒသမ ၃၂ ဘီလီယံသာ ရှိပါတယ်။ ပြောရရင် မြန်မာတစ်နိုင်ငံလုံးရဲ့ ဂျီဒီပီဟာ တရုတ်ကမ်းတန်းစီးပွားရေးဇုန် မြို့ကြီး တစ်မြိုစာသာ ရှိပါတယ်။ တရုတ်ဟာ နယ်မြေအလွန်ကျယ်၀န်းပြီး လူသားရင်းမြစ်အများအပြား ပိုင်ဆိုင်ပါတယ်။ မြေရှားအပါအ၀င် သတ္ထုပေါင်းစုံနဲ့ တစ်စိတ်တစ်ပိုင်းဖြစ်စေ ကုန်ချောပစ္စည်းအမြောက် အများကို အမေရိကန်နဲ့ ကမ္ဘာအရပ်ရပ်ကို တင်ပို့နေပါတယ်။ ဒါကြောင့် မြန်မာကို မှီခိုပြီး တရုတ်အနေနဲ့ ချမ်းသာလာစရာ မရှိပါ။

သို့သော် နှစ်ဖက်စလုံးမှာ ဝိသမလောဘသားများ ရှိနေနိုင်တဲ့အတွက် မြန်မာဘက်မှ တရားမ၀င် ကုန်ကြမ်း ခိုးထုတ်မှုများ ရှိမှာသေချာပါတယ်။ တရုတ်နယ်စပ် တိုင်းရင်းသားလက်နက်ကိုင်များကို ပေကျင်းက သြဇာညောင်းပြီး ထိုင်းနယ်စပ် EAOs တို့က ဘန်ကောက်ကို ခန့်ညားရကြောင်း အများသိဖြစ် ပါတယ်။ ဒါပေမဲ့ အဲဒီလက်နက်ကိုင်အဖွဲ့များ ၀န်ဆောင်ပေးနိုင်မယ့် ပမာဏဟာ နစကထက် အဆမတန် သေးငယ်ပါလိမ့်မယ်။ BRI လို ကမ္ဘာသိ ပွင့်လင်းမြင်သာစွာ ချပြထားတဲ့ မဟာစီမံကိန်းမျိုးကို နစကနဲ့ စာချုပ်ချုပ်ပြီး လုပ်ကိုင်မလား နိုင်ငံတကာမှာ နာမည်ဆိုးနဲ့ ကျော်ကြားပြီးဖြစ်တဲ့ ဘိန်းသူပုန်တို့နဲ့ လုပ်မလားဆိုတာ ထိုင်း-တရုတ်အတွက် မခဲယဉ်းတဲ့ မေးခွန်းသာ ဖြစ်ပါတယ်။

1027 ကို တရုတ်က ကြိုတင်သိရှိတယ်။ အနည်းဆုံး ချသာချလို့ မီးစိမ်းပြသူဖြစ်နိုင်ကြောင်း နိုင်ငံတကာမီဒီယာများက ခန့်မှန်းရေးသားနေကြပါတယ်။ ဒါပေမဲ့ အဲဒီထက်ပိုတဲ့ အထောက်အထားမျိုး မပြနိုင်သေးပါဘူး၊ နောက်ကွယ်လက်မည်းကြီးဟာ တရုတ်သာဖြစ်ရိုးမှန်လျှင် ရစရာ မရှိအောင် ကလော်ဖို့အတွက် အိန္ဒိယနဲ့ အားကောင်းမောင်းသန် အနောက်အုပ်စုမီဒီယာများက အသင့်ရှိနေမှာ သေချာပါတယ်။

မြန်မာတပ်မတော်ကို လက်ရှိကာကွယ်ရေး ဦးစီးချုပ်ဟာ လွှဲပြောင်း ဆက်ခံသူဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဦးနေ၀င်း၊ ဦးစန်းယု၊ ဦးတင်ဦး၊ ဦးသူရကျော်ထင်၊ ဦးစောမောင်၊ ဦးသန်းရွှေတို့ရဲ့ ကောင်းမွေ ဆိုးမွေအားလုံးကို ဆက်ခံရသူဖြစ်ပါတယ်။ ဦးသန်းရွှေရဲ့ တပ်မတော်အရွယ်အစား တိုးမြှင့်ခဲ့ရာမှာ အရည်အချင်းပါ အချိန်မီ ထပ်တူ တိုးမြှင့်ဖို့ အခက်အခဲများလည်း ရှိနိုင်ပါတယ်။

ဒီအတွက် အလစ်အငိုက် စောင့်နေတဲ့ ရန်သူကို အချိန်တိုအတွင်း အရေးနိမ့်ရတယ်ဆို ဖြစ်နိုင်စရာရှိပါတယ်။ EAOs တို့ဟာ နယ်မြေပိုင်ဆိုင်လိုမှုနဲ့ ဦးတည်ချက်အမျိုးမျိုး ကွဲလွဲနေကြောင်း၊ PDFs တို့ဟာ ဖွဲ့စည်းပုံ ပွယောင်းပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဆက်စပ်ချိတ်ဆက်မှု အလွန်အားနည်းကြောင်း၊ ဒါကြောင့် တပ်မတော်အနေနဲ့ ဘုံးဘုံးလဲ ပြိုကျအရေးနိမ့်ဖွယ် အလားအလာ မတွေ့ရကြောင်း နိုင်ငံတကာ စစ်ရေးနိုင်ငံရေး လေ့လာသူများက တစ်သံတည်း ထွက်ရာမှာ ယနေ့အထိ တူညီကြပါတယ်။

တရုတ်နဲ့ ပတ်သက်ပြီး ဟောင်ကောင်သားတစ်ယောက်ရဲ့ အကောင်းမြင် ယခုသတင်းဖေန်ချက်မျိုးကို အနောက်ယိမ်း The Diplomat က ဖော်ပြခြင်းဟာ ထူးခြားချက်ဖြစ်ပါတယ်။

1027 မှာ မြောက်ပိုင်း ၃ ဖွဲ့က လူအင်အား အမြောက်အများသာမက သာမာန်စိုက်ပျိုးရေးသုံး ဒရုန်းများကို တိုက်ပွဲ၀င် ခေတ်မီအဆင်မြင့်မြင့်နဲ့ ခဲယမ်းများ ဖောဖောသီသီအသုံးပြုတိုက်ခိုက်နိုင်ခြင်းမေးခွန်းကိုတော့ စာဖတ်သူမိတ်ဆွေများသာ ခန့်မှန်းဖြေဆိုဖို့ ကျွန်တော်ချန် လှပ်ထားပါတယ်။ ။သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်ပါသည်။)

zawgyi version
ရွမ္းေျမာက္တိုက္ပြဲ ေနာက္ကြယ္လက္မည္းႀကီးဟာ တ႐ုတ္လား၊ တပ္မေတာ္ အေရးနိမ့္ ၿပိဳလဲေတာ့မည္လား (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ဒီဇင္ဘာ ၂၃
ၿပီးခဲ့တဲ့ ေအာက္တိုဘာလေႏွာင္းပိုင္း ျမန္မာႏိုင္ငံရွိ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ ၃ ဖြဲ႕ျဖစ္တဲ့ တအာင္းလက္နက္ကိုင္အဖြဲ႕ TNLA၊ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA ပူးေပါင္းအဖြဲ႕တို႔က 1027 စစ္ဆင္ေရးနဲ႔ စတင္တိုက္ခိုက္ခဲ့ပါတယ္။ ယခုေနာက္ပိုင္း သီတင္းပတ္မ်ားအတြင္း ျမန္မာႏိုင္ငံ ေျမာက္ပိုင္းရွိ လုံၿခဳံေရးကင္းစခန္း ရာႏွင့္ခ်ီၿပီး အစိုးရထိန္းခ်ဳပ္နယ္ေျမမ်ားကို ေျမာက္ ၃ -ဖြဲ႕က အာင္ျမင္ စြာ သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။ အထူးသျဖင့္ MNDAA ဟာ တ႐ုတ္နယ္စပ္မွ ၃ မိုင္ခန္႔သာေဝးကြာၿပီး နစကအစိုးရ နဲ႔ မဟာမိတ္ဖြဲ႕ထားသူတို႔ရဲ႕ ေလာက္ကိုင္ၿမိဳ႕ကို ဝန္းရံထားႏိုင္တဲ့အထိ တိုးတက္လာခဲ့ တယ္လို႔ အေမရိကန္ ဝါရွင္တန္ ဒီစီအေျခစိုက္ အင္ဒိုပစိဖိတ္ေဒသ ႏိုင္ငံေရး၊ လူမႈေရး၊ ယဥ္ေက်းမႈတို႔ကို ေဖာ္ျပေဝဖန္ေနတဲ့ “သည္ဒီပလိုမက္” အြန္လိုင္း သတင္းမဂၢဇင္းက ေရးသားပါတယ္။

အဲဒီပဋိပကၡဟာ မၾကာေသးမီဆယ္စုႏွစ္မ်ားအတြင္း ျမန္မာႏိုင္ငံေျမာက္ပိုင္းရဲ႕ လူမ်ိဳးေရးတင္းမာမႈမ်ား အသက္၀င္ေနမႈကို ေရာင္ျပန္ဟပ္ေနေၾကာင္း၊ အထူးသျဖင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ ဗ်ဴဟာေျမာက္အေရးပါ နယ္ေျမျဖစ္တဲ့ တ႐ုတ္မန္ဒရင္းဘာသာစကားေျပာ ကိုးကန႔္နယ္ေျမကို ထိန္းခ်ဳပ္မႈႏွင့္ပတ္သက္ေနပါတယ္။ MNDAA တို႔ဟာ ကိုးကန႔္ေဒသကို ျမန္မာစစ္တပ္က သိမ္းယူခ်ိန္ ၂၀၀၉ ခုႏွစ္အထိ ခ်ဳပ္ကိုင္ခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္ ေဖေဖာ္ဝါရီလ MNDAA တို႔ရဲ႕ နယ္ေျမ ျပန္လည္သိမ္းယူေရးတိုက္ခိုက္မႈဟာ မေအာင္မျမင္ျဖစ္ခဲ့ရၿပီး လက္ရွိ ပဋိပကၡအတြက္ ခရီးတစ္ေထာက္ သာျဖစ္ခဲ့ရပါတယ္။ 1027 စစ္ဆင္ေရးဟာ ဆီေလ်ာ္မွ်တေၾကာင္း တစိတ္တပိုင္းအျဖစ္ ေလာက္ကိုင္မွာ မၾကာေသးမီက ေဖာ္ထုတ္ခဲ့တဲ့ အႀကီးစားအြန္လိုင္းလိမ္လည္မႈကို ၿဖိဳခြဲရန္ျဖစ္တယ္လို႔ MNDAA တို႔က အေၾကာင္းျပခဲ့ပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕အရင္းခံ ရည္႐ြယ္ခ်က္ကေတာ့ ကိုးကန႔္ကို ျပန္လည္ ထိန္းခ်ဳပ္ရန္ ျဖစ္တယ္လို႔ ေဟာင္ေကာင္ အာရွေရးရာ သုေတသနစင္တာ (RCAS) ရဲ႕ ဒါ႐ိုက္တာျဖစ္သူ ေနယန္ပန္း က ဆိုပါတယ္။

နစကအစိုးရဟာ စစ္သားအေရအတြက္၊ လက္နက္နဲ႔ ပစၥည္းကိရိယာပိုင္းမွာ စစ္ေရးအျမင္အားျဖင့္ သာလြန္ေပမယ့္ သူပုန္မ်ားနဲ႔ ယွဥ္ၿပိင္တိုက္ခိုက္ရာမွာ ဆုံးရႈံးမႈမ်ားစြာနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။ ကပ္ေရာဂါျဖစ္ပြားၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံမွာ စီးပြားေရးက်ဆင္းေနတယ္လို႔ သုံးသပ္ေနၾကခိုက္ နစက အေနနဲ႔လည္း ႏိုင္ငံအႏွံ႔စစ္ေရး ဆန္႔က်င္မႈမ်ား အထူးသျဖင့္ PDF တို႔လို စစ္ေရးလႈပ္ရွားမႈမ်ားကို အခ်ိန္တို အတြင္း အႀကီးစား တန္ျပန္ထိုးစစ္ဆင္မႈအျဖစ္ ေဆာင္႐ြက္ႏိုင္ဖြယ္ မရွိပါဘူး၊ ဒါေပမဲ့ မၾကာခဏဆိုသလို ေလေၾကာင္းတိုက္ခိုက္မႈမ်ားကို ျပဳလုပ္ေနေသးေၾကာင္း ေတြ႕ရွိရပါတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံေျမာက္ ပိုင္းမွာ ပဋိပကၡေတြဟာ လာမယ့္ ရက္သတၱပတ္အနည္းငယ္အတြင္း အၿပီးသတ္ႏိုင္ဖြယ္ မရွိပါဘူး။

ပဋိပကၡျဖစ္ပြားမႈ အရွိန္ဂယက္ေၾကာင့္ ဒုကၡသည္အမ်ားအျပားတို႔ဟာ ယူနန္နယ္စပ္ကို စုၿပဳံေရာက္ရွိလာၾကပါတယ္။ အေျခအေနဟာ လူေနမႈစရိတ္မ်ားကို တိုးျမင့္လာေစၿပီး ယူနန္ျပည္နယ္ေဒသမ်ားရဲ႕ လူမႈဘ၀တည္ၿငိမ္ေရးကို အႏၲရာယ္ျမင့္မားေစပါတယ္။ ဒီထက္ပိုၿပီး ၂ဝ၁၅ ခုႏွစ္ MNDAA နဲ႔ တိုက္ပြဲမ်ားျဖစ္ပြားစဥ္ ျမန္မာ့တပ္မေတာ္ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈမွာ တ႐ုတ္ႏိုင္ငံသား ေလးဦးတို႔ ေသဆုံးခဲ့ရဖူးတာ မေမ့ႏိုင္ေသးပဲ ရွိေနပါတယ္။ ဒါေၾကာင့္ တ႐ုတ္ႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံေျမာက္ပိုင္းမွာ ျဖစ္ပြားေနတဲ့ တိုက္ပြဲမ်ားကို အနီးကပ္ ေစာင့္ၾကည့္ၿပီး ေလေၾကာင္းတိုက္ခိုက္မႈမ်ားေၾကာင့္ တ႐ုတ္ႏိုင္ငံသားမ်ား ေသေပ်ာက္ျဖစ္ရမယ့္ အႏၲရာယ္ ေလ်ာ့နည္းလာေစရန္ ႀကိဳတင္ကာကြယ္မႈမ်ား ျပဳလုပ္ရမွာျဖစ္ပါတယ္။

တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ဟာ ျမန္မာနဲ႔ နယ္စပ္မွာ အမွန္တကယ္ တိုက္ပြဲ၀င္ေလ့က်င့္မႈကို စတင္မည္ျဖစ္ေၾကာင္း (ေျမာက္ပိုင္း ၃-ဖြဲ႕ စစ္ဆင္ေရးမစတင္မီ) ႏိုဝင္ဘာလ ၂၅ ရက္ေန႔မွာ ေၾကညာခဲ့ပါတယ္။ ေလ့က်င့္ရာမွာ (ျမန္မာ ကခ်င္ နဲ႔ ရွမ္းျပည္ နယ္စပ္အတြင္း ခ်ိဳင့္၀င္ေနတဲ့) မန္ရွီ နဲ႔ ႐ိုင္လီ (ျမန္မာအေခၚ ေ႐ႊလီ) ၿမိဳ႕မ်ား၊ ( ျမန္မာ ကိုးကန္႔ေဒသနဲ႔ ထိစပ္ေနတဲ့) ဂ်န္မာေကာင္တီနဲ႔ ယူနန္ျပည္နယ္ေတာင္ပိုင္းရွိ အျခားေနရာမ်ားပါဝင္ပါတယ္။ စစ္ပြဲဇုန္အတြင္း တပ္ဖြဲ႕မ်ားရဲ႕ လ်င္ျမန္စြာ ေ႐ြ႕လ်ားႏိုင္မႈ၊ နယ္စပ္ေဒသ ပိတ္ဆို႔ျခင္း ထိန္းခ်ဳပ္ျခင္းနဲ႔ ပစ္ခတ္တိုက္ခိုက္ျခင္းမ်ိဳးတို႔လို တိုက္ခိုက္ေရးစြမ္းရည္မ်ားကို စမ္းသပ္ဖို႔အတြက္ ရည္႐ြယ္တယ္လို႔ ဆိုပါတယ္။ အဲဒီ စစ္ေရးေလ့က်င့္မႈဟာ အေရးေပၚအေျခအေနမ်ားအတြက္ ႀကိဳတင္ျပင္ဆင္ရန္နဲ႔ တ႐ုတ္ႏိုင္ငံ ရဲ႕ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈ၊ နယ္စပ္ေဒသတည္ၿငိမ္ေရးနဲ႔ ျပည္သူလူအမ်ားတို႔ရဲ႕ အသက္အိုးအိမ္စည္းစိမ္လုံၿခဳံေရးတို႔ကို ကာကြယ္ရန္အတြက္ ျဖစ္တယ္လို႔ ေျပာပါတယ္။

အဲဒီ စစ္ေရးေလ့က်င့္မႈဟာ ျမန္မာနစက အစိုးရကို တိုက္ခိုက္ရာမွာ ညီေနာင္ ေျမာက္ပိုင္း ၃ ဖြဲ႕ကို တ႐ုတ္ႏိုင္ငံက ေထာက္ခံေၾကာင္း အခိုင္အမာၫႊန္ျပျခင္းအျဖစ္ အေနာက္ႏိုင္ငံတို႔က သိသိသာသာ အာ႐ုံစိုက္လာခဲ့ပါတယ္။ အဲဒီလို ဝါဒျဖန႔္ျခင္းအားျဖင့္ ျမန္မာႏိုင္ငံမွာ တ႐ုတ္ဆန႔္က်င္ေရး စိတ္ဓာတ္ကို မီးထိုးေပးၿပီး တ႐ုတ္-ျမန္မာ ဆက္ဆံေရးကို ပ်က္ျပားေစရန္ ရည္႐ြယ္ပါတယ္။

အဲဒီ ထင္ျမင္ယူဆခ်က္ေတြဟာ မွန္ကန္ေၾကာင္း အေထာက္အထား မရွိပါဘူး။ တ႐ုတ္အေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းေရးမွာ ဝင္ေရာက္ မစြက္ဖက္ေရး မူဝါဒကို တစိုက္မတ္မတ္ က်င့္သုံးခဲ့ၿပီး ျမန္မာႏိုင္ငံရွိ လူမ်ိဳးေရး ပဋိပကၡမ်ားမွာ စစ္ေရးအရ ၀င္ေရာက္စြက္ဖက္ျခင္း မရွိေၾကာင္း သိရွိရပါတယ္။ အဲဒီအစား နစကအစိုးရနဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားအၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားကို ျမႇင့္တင္ရန္နဲ႔ ျမန္မာဒုကၡသည္မ်ားအတြက္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီမ်ားကို ေပးအပ္သြားမယ္လို႔ ကတိျပဳထားပါတယ္။

ႏိုဝင္ဘာလ ၂၈ ရက္မွာ ၿပီးဆုံးသြားခဲ့တဲ့ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ရဲ႕ စစ္ေရး ေလ့က်င့္မႈ ရည္႐ြယ္ခ်က္မွာ နစကအစိုးရနဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားအၾကား တင္းမာမႈမ်ား ျပင္းထန္လာျခင္းကို ဟန႔္တားရန္ ျဖစ္ပါတယ္။ အထူးသျဖင့္ တ႐ုတ္ႏိုင္ငံရဲ႕အမ်ိဳးသားလုံၿခဳံေရးအေပၚ ၿခိမ္းေျခာက္ႏိုင္တဲ့ နယ္စပ္ျဖတ္ေက်ာ္ ေလေၾကာင္းတိုက္ခိုက္မႈ သို႔မဟုတ္ အေျမာက္ႀကီးမ်ားအသုံးျပဳၿပီး တိုက္ခိုက္မႈမ်ား ျပင္းထန္လာခ်ိန္မွာ နယ္စပ္လုံၿခဳံေရးအတြက္ ရည္႐ြယ္ၿပီး လက္ေတြ႕က်တဲ့ ေလ့က်င့္ခန္းတစ္ခုလည္း ျဖစ္ပါတယ္။

တ႐ုတ္အစိုးရဟာ အြန္လိုင္းလိမ္လည္မႈမ်ားကို တိုက္ဖ်က္ရာမွာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား အစား နစကအစိုးရနဲ႔ ပူးေပါင္းခဲ့ပါတယ္။ ဒါေၾကာင့္ တ႐ုတ္အေနနဲ႔ အြန္လိုင္းအသုံးျပဳလိမ္လည္မႈမ်ားကို ႏွိမ္နင္းေနေၾကာင္း အျငင္းပြားစရာ မရွိေပမယ့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားကို ကူညီေပးေန ေၾကာင္း ေျပာဆိုခ်က္ေတြဟာ မွားယြင္းေနပါတယ္။ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားရဲ႕ အမွန္တ ကယ္ ရည္႐ြယ္ခ်က္မွာ အြန္လိုင္းလိမ္လည္မႈ တိုက္ဖ်က္ေရး ရည္မွန္းခ်က္ထက္ ေက်ာ္လြန္ၿပီး ဆုံးရႈံးသြားတဲ့ နယ္ေျမမ်ားကို ျပန္လည္ရရွိရန္ ရည္႐ြယ္ေၾကာင္း ေပက်င္းအေနနဲ႔ မသိမျမင္ပဲ မျဖစ္ႏိုင္ပါဘူး။
ကုန္ကုန္ေျပာရရင္ တ႐ုတ္အေနနဲ႔ အဲဒီလို လုပ္ေဆာင္ျခင္းအားျဖင့္ ျမန္မာနဲ႔ ရင္းႏွီးမႈကို အပ်က္စီးခံ ကုန္သြယ္မႈနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ဆုံးရႈံးခံၿပီး ျပည္တြင္းစစ္မွာ ၀င္ပါဖို႔အထိ မထိုက္တန္တယ္လို႔ ယူဆႏိုင္စရာ မရွိပါဘူး။

တကယ့္လက္ေတြ႕မွာလည္း ေအာက္တိုဘာလအတြင္း ပဋိပကၡျဖစ္ပြားၿပီးကတည္းက လားရႈိး-မူဆယ္နဲ႔ လားရႈိး-ခ်င္းေ႐ႊျမစ္အထိ အဓိကလမ္းမႀကီးႏွစ္ခုတို႔ဟာ ယာဥ္အသြားအလာနဲ႔ ေထာက္ပံ့ပို႔ေဆာင္ေရးမ်ား အားလုံး လုံးဝျပတ္ေတာက္သြားခဲ့ပါတယ္။ ဒါ့ျပင္ ႏိုဝင္ဘာလ ၂၃ ရက္ မူဆယ္ၿမိဳ႕ ဒ႐ုန္းတိုက္ခိုက္မႈမွာ တ႐ုတ္-ျမန္မာနယ္စပ္ကို ျဖတ္ေက်ာ္ၿပီး ေန႔စဥ္သုံး အ၀တ္အထည္၊ အိမ္ေဆာက္ပစၥည္း အမ်ားအျပား တင္ေဆာင္ထားတဲ့ ကုန္တင္ကား အစီးေရ ၁၂၀ ခန္႔တို႔ ပ်က္စီးသြားခဲ့ေၾကာင္း သိရွိရပါတယ္။ ယူနန္မွ ျမန္မာေျမာက္ပိုင္းသို႔ ကုန္သြယ္မႈ ပမာဏဟာ တ႐ုတ္နဲ႔ ျမန္မာအၾကား ကုန္သြယ္မႈေဝစုရဲ႕ ထက္ဝက္ခန္႔ရွိေနတဲ့အတြက္ ျမန္မာႏိုင္ငံ ျပည္တြင္းစစ္ေၾကာင့္ နယ္စပ္ကုန္သြယ္ေရးကို ဆိုင္းငံ့ထားမည္ ဆိုပါက ႏွစ္ဖက္စလုံးမွာ စီးပြားေရး ဆုံးရႈံးမႈမ်ားကို ႀကဳံေတြ႕ရမွာ ျဖစ္ပါတယ္။

အဲဒီထက္ပိုၿပီး အေရးႀကီးတဲ့ ကိစၥရွိပါေသးတယ္။ နစက ဆန႔္က်င္ေရး အင္အားစုမ်ားကို ေပက်င္းက ေထာက္ပံ့ေနေၾကာင္း အခိုင္အမာ ေျပာဆိုမႈမ်ားေၾကာင့္ ျမန္မာႏိုင္ငံမွ စစ္တပ္လိုလားသူ (အမ်ိဳးသားေရး) အုပ္စုေတြက ၿပီးခဲ့တဲ့လ ရန္ကုန္ၿမိဳ႕မွာ တ႐ုတ္ဆန႔္က်င္ေရး ဆႏၵျပခဲ့ၾကျခင္းမ်ား ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံအတြင္း တ႐ုတ္ဆန႔္က်င္ေရး စိတ္ဓာတ္မ်ား ျပင္းထန္လာျခင္းေၾကာင့္ သူ႔ရဲ႕ မ်ားျပားလွတဲ့ မဟာဗ်ဴဟာနဲ႔ စီးပြားေရး ပိုင္ဆိုင္မႈမ်ားအေပၚ ထိပါးလာမွာကို ေပက်င္းက စိုးရိမ္ေနပါတယ္။ ဒီအတြက္ ေပက်င္းအေနနဲ႔ ျမန္မာႏိုင္ငံမွာ ႀကီးထြားလာေနၿပီျဖစ္တဲ့ တ႐ုတ္ဆန႔္က်င္ေရး စိတ္စသည္တို႔ကို ေျဖေဖ်ာက္ရန္အတြက္ ျပည္တြင္းစစ္မွာ ဝင္ေရာက္ စြက္ဖက္ျခင္းမွ ေရွာင္ရွားဖို႔သာ ရွိပါတယ္။

နိဂုံးခ်ဳပ္ရလွ်င္ ျမန္မာႏိုင္ငံေျမာက္ပိုင္းမွာ လက္ရွိျဖစ္ပြားေနတဲ့ လူမ်ိဳးေရးပဋိပကၡမ်ားအတြက္ တ႐ုတ္အေနနဲ႔ အက်ိဳးခံစားခြင့္ရရွိဖို႔ထက္ ၾကားထဲက ခါးနာရမယ့္ ငထြားသာလွ်င္ ျဖစ္ေနပါတယ္။ တ႐ုတ္အေနနဲ႔ နစက အစိုးရနဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအၾကား အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္အျပင္ နယ္စပ္ေဒသ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကိုသာ လိုလားရျခင္းျဖစ္ပါတယ္။
(တ႐ုတ္ကို ေၾကာက္ရေၾကာင္း ဦးသိန္းစိန္နဲ႔ NLD အစိုးရလက္ထက္ ျမန္မာအဆင့္ျမင့္အရာရွိႀကီးမ်ား ကိုယ္တိုင္ ေျပာဆိုခဲ့ဖူးပါတယ္။ အမွန္အားျဖင့္ တ႐ုတ္သာမက အေမရိကန္နဲ႔ ၿဗိတိန္၊ ဂ်ာမနီတို႔လို႔ အင္အားႀကီးႏိုင္ငံတို႔ကို စစ္ေရးမပါေသးပဲ စီးပြားေရးသက္သက္နဲ႔တင္ ျမန္မာလို ႏိုင္ငံငယ္ေလးက ေၾကာက္ေနရမွာ အမွန္ပါပဲ။ ဥပမာအားျဖင့္ တခ်ိန္က ထိုင္၀မ္ဟာ ပင္လယ္ကူးသေဘၤာကုန္သြယ္မႈ လုပ္ငန္းနဲ႔ ႏိုင္ငံျခား၀င္ေငြရလမ္းေျဖာင့္ေနခဲ့ဖူးၿပီး လက္ရွိ တ႐ုတ္မွာ ျပည္ပပို႔ကုန္ပစၥည္းမ်ား အလွ်ံပယ္ ရွိေနပါတယ္။ ဒီအတြက္ ႏိုင္ငံျခားေငြလိုခ်င္လွ်င္ တ႐ုတ္ျပည္ပပို႔ကုန္မ်ားကို ထိုင္၀မ္ကုန္သြယ္ ေရေၾကာင္းသေဘၤာမ်ားက သယ္ပို႔ေပးရမွာ ျဖစ္လာပါတယ္။ အဲဒီအတြက္ တ႐ုတ္ေတာင္းဆိုတဲ့အတိုင္း ျပည္မႀကီးတ႐ုတ္မ်ားကို ထိုင္၀မ္သေဘၤာမ်ားမွာ အလုပ္ေပးရန္ လိုက္ေလ်ာရဖို႔ ျဖစ္သြားပါတယ္။ တ႐ုတ္-ထိုင္၀မ္-ျမန္မာ သေဘၤာသား ၃ မ်ိဳးလိုက္ပါတဲ့ ထိုင္၀မ္အစိုးရပိုင္ ကုန္သြယ္ေရေၾကာင္း သေဘၤာမ်ားမွာ ၂ ႏွစ္ေက်ာ္ တာ၀န္ထမ္းေဆာင္ခဲ့ဖူးသူ ကြၽန္ေတာ့္အေနနဲ႔ ဒီအခ်က္ကို နားလည္ သလိုလို ရွိမိပါတယ္

တ႐ုတ္ရဲ႕ ဂ်ီဒီပီဟာ အေမရိကန္ေဒၚလာ ၁၇ ဒသမ ၉ ထရီလီယံရွိၿပီး ျမန္မာဟာ ၆၁ ဒသမ ၃၂ ဘီလီယံသာ ရွိပါတယ္။ ေျပာရရင္ ျမန္မာတစ္ႏိုင္ငံလုံးရဲ႕ ဂ်ီဒီပီဟာ တ႐ုတ္ကမ္းတန္းစီးပြားေရးဇုန္ ၿမိဳ႕ႀကီး တစ္ၿမိဳစာသာ ရွိပါတယ္။ တ႐ုတ္ဟာ နယ္ေျမအလြန္က်ယ္၀န္းၿပီး လူသားရင္းျမစ္အမ်ားအျပား ပိုင္ဆိုင္ပါတယ္။ ေျမရွားအပါအ၀င္ သတၳဳေပါင္းစုံနဲ႔ တစ္စိတ္တစ္ပိုင္းျဖစ္ေစ ကုန္ေခ်ာပစၥည္းအေျမာက္ အမ်ားကို အေမရိကန္နဲ႔ ကမာၻအရပ္ရပ္ကို တင္ပို႔ေနပါတယ္။ ဒါေၾကာင့္ ျမန္မာကို မွီခိုၿပီး တ႐ုတ္အေနနဲ႔ ခ်မ္းသာလာစရာ မရွိပါ။

သို႔ေသာ္ ႏွစ္ဖက္စလုံးမွာ ဝိသမေလာဘသားမ်ား ရွိေနႏိုင္တဲ့အတြက္ ျမန္မာဘက္မွ တရားမ၀င္ ကုန္ၾကမ္း ခိုးထုတ္မႈမ်ား ရွိမွာေသခ်ာပါတယ္။ တ႐ုတ္နယ္စပ္ တိုင္းရင္းသားလက္နက္ကိုင္မ်ားကို ေပက်င္းက ၾသဇာေညာင္းၿပီး ထိုင္းနယ္စပ္ EAOs တို႔က ဘန္ေကာက္ကို ခန္႔ညားရေၾကာင္း အမ်ားသိျဖစ္ ပါတယ္။ ဒါေပမဲ့ အဲဒီလက္နက္ကိုင္အဖြဲ႕မ်ား ၀န္ေဆာင္ေပးႏိုင္မယ့္ ပမာဏဟာ နစကထက္ အဆမတန္ ေသးငယ္ပါလိမ့္မယ္။ BRI လို ကမာၻသိ ပြင့္လင္းျမင္သာစြာ ခ်ျပထားတဲ့ မဟာစီမံကိန္းမ်ိဳးကို နစကနဲ႔ စာခ်ဳပ္ခ်ဳပ္ၿပီး လုပ္ကိုင္မလား ႏိုင္ငံတကာမွာ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားၿပီးျဖစ္တဲ့ ဘိန္းသူပုန္တို႔နဲ႔ လုပ္မလားဆိုတာ ထိုင္း-တ႐ုတ္အတြက္ မခဲယဥ္းတဲ့ ေမးခြန္းသာ ျဖစ္ပါတယ္။

1027 ကို တ႐ုတ္က ႀကိဳတင္သိရွိတယ္။ အနည္းဆုံး ခ်သာခ်လို႔ မီးစိမ္းျပသူျဖစ္ႏိုင္ေၾကာင္း ႏိုင္ငံတကာမီဒီယာမ်ားက ခန္႔မွန္းေရးသားေနၾကပါတယ္။ ဒါေပမဲ့ အဲဒီထက္ပိုတဲ့ အေထာက္အထားမ်ိဳး မျပႏိုင္ေသးပါဘူး၊ ေနာက္ကြယ္လက္မည္းႀကီးဟာ တ႐ုတ္သာျဖစ္႐ိုးမွန္လွ်င္ ရစရာ မရွိေအာင္ ကေလာ္ဖို႔အတြက္ အိႏၵိယနဲ႔ အားေကာင္းေမာင္းသန္ အေနာက္အုပ္စုမီဒီယာမ်ားက အသင့္ရွိေနမွာ ေသခ်ာပါတယ္။

ျမန္မာတပ္မေတာ္ကို လက္ရွိကာကြယ္ေရး ဦးစီးခ်ဳပ္ဟာ လႊဲေျပာင္း ဆက္ခံသူျဖစ္ပါတယ္။ ၁၉၆၂ ခုႏွစ္ အာဏာသိမ္းၿပီးေနာက္ပိုင္း ဦးေန၀င္း၊ ဦးစန္းယု၊ ဦးတင္ဦး၊ ဦးသူရေက်ာ္ထင္၊ ဦးေစာေမာင္၊ ဦးသန္းေ႐ႊတို႔ရဲ႕ ေကာင္းေမြ ဆိုးေမြအားလုံးကို ဆက္ခံရသူျဖစ္ပါတယ္။ ဦးသန္းေ႐ႊရဲ႕ တပ္မေတာ္အ႐ြယ္အစား တိုးျမႇင့္ခဲ့ရာမွာ အရည္အခ်င္းပါ အခ်ိန္မီ ထပ္တူ တိုးျမႇင့္ဖို႔ အခက္အခဲမ်ားလည္း ရွိႏိုင္ပါတယ္။

ဒီအတြက္ အလစ္အငိုက္ ေစာင့္ေနတဲ့ ရန္သူကို အခ်ိန္တိုအတြင္း အေရးနိမ့္ရတယ္ဆို ျဖစ္ႏိုင္စရာရွိပါတယ္။ EAOs တို႔ဟာ နယ္ေျမပိုင္ဆိုင္လိုမႈနဲ႔ ဦးတည္ခ်က္အမ်ိဳးမ်ိဳး ကြဲလြဲေနေၾကာင္း၊ PDFs တို႔ဟာ ဖြဲ႕စည္းပုံ ပြေယာင္းၿပီး တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ ဆက္စပ္ခ်ိတ္ဆက္မႈ အလြန္အားနည္းေၾကာင္း၊ ဒါေၾကာင့္ တပ္မေတာ္အေနနဲ႔ ဘုံးဘုံးလဲ ၿပိဳက်အေရးနိမ့္ဖြယ္ အလားအလာ မေတြ႕ရေၾကာင္း ႏိုင္ငံတကာ စစ္ေရးႏိုင္ငံေရး ေလ့လာသူမ်ားက တစ္သံတည္း ထြက္ရာမွာ ယေန႔အထိ တူညီၾကပါတယ္။

တ႐ုတ္နဲ႔ ပတ္သက္ၿပီး ေဟာင္ေကာင္သားတစ္ေယာက္ရဲ႕ အေကာင္းျမင္ ယခုသတင္းေဖန္ခ်က္မ်ိဳးကို အေနာက္ယိမ္း The Diplomat က ေဖာ္ျပျခင္းဟာ ထူးျခားခ်က္ျဖစ္ပါတယ္။

1027 မွာ ေျမာက္ပိုင္း ၃ ဖြဲ႕က လူအင္အား အေျမာက္အမ်ားသာမက သာမာန္စိုက္ပ်ိဳးေရးသုံး ဒ႐ုန္းမ်ားကို တိုက္ပြဲ၀င္ ေခတ္မီအဆင္ျမင့္ျမင့္နဲ႔ ခဲယမ္းမ်ား ေဖာေဖာသီသီအသုံးျပဳတိုက္ခိုက္ႏိုင္ျခင္းေမးခြန္းကိုေတာ့ စာဖတ္သူမိတ္ေဆြမ်ားသာ ခန္႔မွန္းေျဖဆိုဖို႔ ကြၽန္ေတာ္ခ်န္ လွပ္ထားပါတယ္။ ။သတင္းဘာသာျပန္သူ၏ သုံးသပ္ခ်က္ျဖစ္ပါသည္။)

Related news

© 2021. All rights reserved.