မန်းရွှေစက်တော်ဘုရား၏ အောက်စက်တော်ရာဘုံ(၇)ဆင့်ကိုပြန်လည်ပြုပြင်၍ ပန်းပုလက်ရာများနှင့်အတူ ရွှေချခြင်းများပြုလုပ်မည်

629
ကျော်(NP News) - ဒီဇင်ဘာ ၂၃
မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၏ အောက်စက်တော်ရာဘုံ(၇)ဆင့်ကိုပြန်လည်ပြုပြင်၍ ပန်းပုလက်ရာများနှင့်အတူ ရွှေချခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

မန်းရွှေစက်တော်ဘုရား၏ အောက်စက်တော်ရာဘုံ(၇)ဆင့်နှင့်ရှေးဟောင်းပန်းပုလက်ရာများအား ရွှေအစစ်ဖြင့်ကပ်ထားခြင်းဖြစ်ပြီး ပြန်လည်ပြုပြင်ခြင်းများပြုလုပ်ရာ၌ ရွှေခွာခြင်းလုပ်ငန်းလုပ်ကိုင်ရန် တင်ဒါခေါ်ယူရာတွင် အောင်မြင်ခဲ့သည့် သိဒ္ဒိရှင်ရွှေဆိုင်းလုပ်ငန်းမှ ရွှေခွာခြင်းများကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
"တင်ဒါအောင်တဲ့ ရွှေဆိုင်းလုပ်ငန်းရှင်က ရွှေခွာတာတွေလုပ်နေပြီ။ မန်းရွှေစက်တော်ဘုရားရဲ့ ဗုဒ္ဓပူဇနိယပွဲတော်မတိုင်ခင်မှာ အလုံးစုံပြီးစီးအောင်ဆောင်ရွက်ဖို့ ပြောထားပါတယ်။ ဘုံ(၇)ဆင့်ကိုပြန်ပြီးပြုပြင်တာတွေကိုလည်း ဘုရားပွဲတော်မစခင် အချိန်မီပြီးစီးအောင်လုပ်ဆောင်သွားမှာပါ"ဟု မန်းရွှေစက်တော် ဘုရားပွဲ တော်ကျင်းပရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြော သည်။
ထို့ပြင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးနေသည့် ပန်းပုလက်ရာများကိုလည်း ရှေးမူမပျက်ပြန်လည်ပြုပြင်၍ ရွှေချသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
လက်ရှိအချိန်၌ မန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲ တော်မကျင်းပမီ ဘက်စုံပြုပြင်မွန်းမံမှုများပြုလုပ်လျက်ရှိရာ အောက်စက်တော်ရာနှင့်အထက်စက်တော်ရာဘုရားမျက်နှာကျက်များတွင် ရှေးဟောင်းလက်ရာယွန်းအလှပန်းများတပ်ဆင်ခြင်းကို ပုဂံမှယွန်းပညာရှင်များက လာရောက်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်သို့လာရောက်မည့်သူများအဆင်ပြေစေရန် မင်းဘူးခရိုင်လမ်းဦးစီးဌာနမှ မန်းရွှေစက်တော်ဘုရားအဝင်(၃)မိုင်လမ်း၌ Box Culvert တံတားနှစ်စင်းကိုတည်ဆောက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်မှစတင်ကာ မင်းဘူးခရိုင်လမ်းဦးစီးဌာနမှ မန်းရွှေစက်တော်ဘုရားအဝင် (၃)မိုင်လမ်းရှိ မိုင်တိုင်အမှတ် ၁ / ၆ နှင့် ၂ / ၀ ကြားတွင် Box Culvert တံတားနှစ်စင်းကိုတည်ဆောက်နေခြင်းဖြစ်ကာ မြေထိန်းနံရံ၊ လမ်းတာဘောင်မြှင့်တင်ခြင်း နှင့် ကတ္တရာလမ်းသစ်ခင်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော် မတီမှ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်သို့လာရောက်သည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ တည်း ခိုနေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် တည်းခိုဆောင် နှင့် စျေးဆိုင်ခန်းပေါင်း ၁၂၀၀ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်မှစတင်၍ ရက်ပေါင်း ၆၄ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

zawgyi version
မန္းေ႐ႊစက္ေတာ္ဘုရား၏ ေအာက္စက္ေတာ္ရာဘုံ(၇)ဆင့္ကိုျပန္လည္ျပဳျပင္၍ ပန္းပုလက္ရာမ်ားႏွင့္အတူ ေ႐ႊခ်ျခင္းမ်ားျပဳလုပ္မည္
ေက်ာ္(NP News) - ဒီဇင္ဘာ ၂၃
မေကြးတိုင္း၊ မင္းဘူးၿမိဳ႕နယ္ရွိ မန္းေ႐ႊစက္ေတာ္ဘုရား၏ ေအာက္စက္ေတာ္ရာဘုံ(၇)ဆင့္ကိုျပန္လည္ျပဳျပင္၍ ပန္းပုလက္ရာမ်ားႏွင့္အတူ ေ႐ႊခ်ျခင္းမ်ားျပဳလုပ္သြားမည္ျဖစ္ေၾကာင္း မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္က်င္းပေရးလုပ္ငန္းေကာ္မတီထံမွ သိရသည္။
မန္းေ႐ႊစက္ေတာ္ဘုရား၏ ေအာက္စက္ေတာ္ရာဘုံ(၇)ဆင့္ႏွင့္ေရွးေဟာင္းပန္းပုလက္ရာမ်ားအား ေ႐ႊအစစ္ျဖင့္ကပ္ထားျခင္းျဖစ္ၿပီး ျပန္လည္ျပဳျပင္ျခင္းမ်ားျပဳလုပ္ရာ၌ ေ႐ႊခြာျခင္းလုပ္ငန္းလုပ္ကိုင္ရန္ တင္ဒါေခၚယူရာတြင္ ေအာင္ျမင္ခဲ့သည့္ သိဒၵိရွင္ေ႐ႊဆိုင္းလုပ္ငန္းမွ ေ႐ႊခြာျခင္းမ်ားကို လုပ္ကိုင္လ်က္ရွိေၾကာင္း သိရသည္။
"တင္ဒါေအာင္တဲ့ ေ႐ႊဆိုင္းလုပ္ငန္းရွင္က ေ႐ႊခြာတာေတြလုပ္ေနၿပီ။ မန္းေ႐ႊစက္ေတာ္ဘုရားရဲ႕ ဗုဒၶပူဇနိယပြဲေတာ္မတိုင္ခင္မွာ အလုံးစုံၿပီးစီးေအာင္ေဆာင္႐ြက္ဖို႔ ေျပာထားပါတယ္။ ဘုံ(၇)ဆင့္ကိုျပန္ၿပီးျပဳျပင္တာေတြကိုလည္း ဘုရားပြဲေတာ္မစခင္ အခ်ိန္မီၿပီးစီးေအာင္လုပ္ေဆာင္သြားမွာပါ"ဟု မန္းေ႐ႊစက္ေတာ္ ဘုရားပြဲ ေတာ္က်င္းပေရးလုပ္ငန္းေကာ္မတီမွ တာဝန္ရွိသူတစ္ဦးကေျပာ သည္။
ထို႔ျပင္ သဘာဝေဘးအႏၲရာယ္ေၾကာင့္ ပ်က္စီးေနသည့္ ပန္းပုလက္ရာမ်ားကိုလည္း ေရွးမူမပ်က္ျပန္လည္ျပဳျပင္၍ ေ႐ႊခ်သြားမည္ျဖစ္ေၾကာင္း မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္က်င္းပေရးလုပ္ငန္းေကာ္မတီထံမွ သိရသည္။
လက္ရွိအခ်ိန္၌ မန္းေ႐ႊစက္ေတာ္ဘုရားႀကီး၏ ဗုဒၶပူဇနိယပြဲ ေတာ္မက်င္းပမီ ဘက္စုံျပဳျပင္မြန္းမံမႈမ်ားျပဳလုပ္လ်က္ရွိရာ ေအာက္စက္ေတာ္ရာႏွင့္အထက္စက္ေတာ္ရာဘုရားမ်က္ႏွာက်က္မ်ားတြင္ ေရွးေဟာင္းလက္ရာယြန္းအလွပန္းမ်ားတပ္ဆင္ျခင္းကို ပုဂံမွယြန္းပညာရွင္မ်ားက လာေရာက္ျပဳလုပ္ေပးလ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ မန္းေ႐ႊစက္ေတာ္ဘုရား၏ ဗုဒၶပူဇနိယပြဲေတာ္သို႔လာေရာက္မည့္သူမ်ားအဆင္ေျပေစရန္ မင္းဘူးခ႐ိုင္လမ္းဦးစီးဌာနမွ မန္းေ႐ႊစက္ေတာ္ဘုရားအဝင္(၃)မိုင္လမ္း၌ Box Culvert တံတားႏွစ္စင္းကိုတည္ေဆာက္လ်က္ရွိေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၃ ရက္မွစတင္ကာ မင္းဘူးခ႐ိုင္လမ္းဦးစီးဌာနမွ မန္းေ႐ႊစက္ေတာ္ဘုရားအဝင္ (၃)မိုင္လမ္းရွိ မိုင္တိုင္အမွတ္ ၁ / ၆ ႏွင့္ ၂ / ၀ ၾကားတြင္ Box Culvert တံတားႏွစ္စင္းကိုတည္ေဆာက္ေနျခင္းျဖစ္ကာ ေျမထိန္းနံရံ၊ လမ္းတာေဘာင္ျမႇင့္တင္ျခင္း ႏွင့္ ကတၱရာလမ္းသစ္ခင္းျခင္းလုပ္ငန္းမ်ားကိုလည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္က်င္းပေရးလုပ္ငန္းေကာ္ မတီမွ မန္းေ႐ႊစက္ေတာ္ဘုရား၏ ဗုဒၶပူဇနိယပြဲေတာ္သို႔လာေရာက္သည့္ အနယ္နယ္အရပ္ရပ္မွ ဘုရားဖူးျပည္သူမ်ား တည္း ခိုေနထိုင္စားေသာက္မႈအဆင္ေျပေစေရးအတြက္ တည္းခိုေဆာင္ ႏွင့္ ေစ်းဆိုင္ခန္းေပါင္း ၁၂၀၀ ေဆာက္လုပ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
မန္းေ႐ႊစက္ေတာ္ဘုရားႀကီး၏ ဗုဒၶပူဇနိယပြဲေတာ္အား ၂၀၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၄ ရက္မွစတင္၍ ရက္ေပါင္း ၆၄ ရက္ၾကာ က်င္းပသြားမည္ျဖစ္ေၾကာင္း မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္က်င္းပေရးလုပ္ငန္းေကာ္မတီထံမွ သိရသည္။