ယခုလကုန်၌ တပ်မတော်၏ တစ်ဖက်သတ်ပစ်ခတ်ရပ်စဲမှု သက်တမ်းကုန်မည်ဖြစ်ပြီး နောက်ထပ်ဆုံးဖြတ်ချက်တစ်ရပ်အပေါ် နိုင်ငံရေးအသိုင်းဝိုင်း စိတ်ဝင်စားနေ

 1612

မြူနစ် (NP News) - ဒီဇင်ဘာ ၂၃

ယခု ဒီဇင်ဘာလကုန်၌ တပ်မတော်၏ တစ်ဖက်သတ်ပစ်ခတ်ရပ်စဲမှုသည် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး နောက်ထပ်ဆုံးဖြတ် ချက်တစ်ရပ်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းက စိတ်ဝင်စားနေလျက်ရှိသည်။

နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာယန္တရားများကို နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ရပ်စဲကြောင်း တပ်မတော်ဘက်က ကြေညာခဲ့သည်။

ထိုသို့ ရပ်စဲပေးခြင်းသည် လက်တွေ့ကျသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နှင့် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့် တနေသည့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက်ဖြစ်ကြောင်း တပ်မတော်ဘက်က ဆိုထားသည်။

လက်ရှိတွင် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် ပဲခူးတိုင်းအတွင်းရှိ နေရာဒေသအချို့တွင် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF ပူးပေါင်းအဖွဲ့ များက တိုက်ပွဲများ အပြင်းအထန်ဖော်ဆောင်လျက်ရှိသည်။

တပ်မတော်၏ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲမှု သက်တမ်းသည် မကြာခင် ဒီဇင်ဘာလ ၃၁ ရက်တွင် ကုန်ဆုံးတော့မည် ဖြစ်ပြီး လက်ရှိ နိုင်ငံအတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ တပ်မတော်သည် ခုခံစစ်အနေဖြင့်သာ ပြန်လည်ခု ခံနေသည်ကို တွေ့ရကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက မှတ် ချက်ပြုထားသည်။

“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဖြစ်သလို နိုင်ငံတော်အကြီးအကဲဖြစ်နေတဲ့အခါမှာ သူ့ရဲ့ ပေးထားချက်တွေက ကမ္ဘာသိဖြစ်ကြတာကိုဗျ။ ဥပမာ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်တာတို့၊ အခါ အားလျော်စွာအပစ်အခတ်ကို တစ်ဖက်သတ်ရပ်ဆိုင်းတာတို့ကို ကြေညာထားတာ တွေ့ရတယ်”ဟု ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌဒေါက်တာအေးမောင်က NP News ကို ပြောသည်။

ထို့ကြောင့် လာမည့် ဒီဇင်ဘာလ ၃၁ ရက်မတိုင်ခင်အချိန်တွင် တပ်မတော်ဘက်က ဆုံးဖြတ်ချက်အသစ်တစ်ရပ် ထွက်ပေါ်လာနိုင်ကြောင်းလည်း ၎င်းက ထပ်မံသုံးသပ်ထားသည်။

“ဒီကြားမှာ ဒီဇင်ဘာလ ၃၁ ရက်အထိ အပစ်အခတ်ရပ်ထားတာလည်း ရှိတယ်။ မိမိတပ်စခန်းကို လာတိုက်မှပဲ ပြန်တိုက်မယ်ဆိုတာက ရှိတယ်လေ။ အဲဒီတော့ သူ ဘာလုပ်မယ်ဆိုတဲ့ ဆုံးဖြတ် ချက်သည် အပစ်အခတ်ရပ်တာကို ဆက်ပြီး ကိုင်စွဲထားမှာလား။ မကိုင်စွဲတော့ဘူးလားဆိုတာ ၂၀၂၄ ခုနှစ်ရဲ့ ဆုံးဖြတ်ချက်က ဒီဇင်ဘာလ ၃၁ ရက်မှာ ထွက်လာနိုင်ပါတယ်။ အဲဒီနောက်မှာ စစ်ဘောင်ပိုကျယ်သွားမှာလား။ မြန်မာနိုင်ငံရဲ့ လားရာကို ဘယ်လိုချဉ်းကပ်ကြမှာလဲ။ ဒါက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ ကာကွယ်ရေးဦးစီးချုပ်အပါအဝင် ယာယီသမ္မတတို့ရဲ့ သုံးသပ်ချက်တွေ ပါလာနိုင်သလို လက်နက်ကိုင်အဖွဲ့အစည်းခေါင်း ဆောင်များသည်လည်း စစ်ဘောင်ကို ပိုကြီးအောင် ထပ်လုပ်ကြမှာလား။ နိုင်ငံရေးအားဖြင့် ပိုကျယ်လာအောင် လုပ်မှာလားဆိုတာက လာမယ့်နှစ်သစ်မှာပေါ်ထွန်းလာနိုင်ပါတယ်။” ဟု ဒေါက်တာအေးမောင်က ပြောသည်။

ထို့ပြင် လာမည့် ၂၀၂၄ ခုနှစ်အတွင်း၌ တပ်မတော်နှင့် လက် နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင် ကြောင်းလည်း ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးစိန်ဝင်းက NP News ကို သုံးသပ်ပြောသည်။

“တစ်ဖက်သတ်ရပ်ထားတယ်။ ဒါပေမယ့် သူတို့ ခံရတယ်လေ။ အဲဒီတော့ တစ်ဖက်သတ် မရပ်တော့ဘဲနဲ့ ၂၀၂၄ မှာတော့ သူတို့က ကြမ်းတော့မယ်လို့ မြင်တာပဲ။ သူတို့ ထိပ်တိုက်တွေ့ကြလိမ့်မယ်လို့ အန်ကယ်မြင်တယ်” ဟု လွှတ်တော်အမတ် ဟောင်းဦးစိန်ဝင်းက သုံးသပ်ထားသည်။

ထာဝရငြိမ်းချမ်းရေး ရရှိရန်ရည်ရွယ်ကာ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှစတင်ကာ ၂၀၂၂ ခုနှစ် ဒီဇင် ဘာလ ၃၁ ရက်အထိ တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း (၂၁)ကြိမ်ထုတ်ပြန်ကာ ကြေ ညာခဲ့ဖူးသည်။

မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် (၃)ဖွဲ့ဖြစ်သည့် MNDAA၊ TNLA၊ AA တို့သည် (၁၀၂၇ စစ်ဆင်ရေး)အမည်ဖြင့် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်နယ်အရှေ့ မြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်တိုက်ကာ စခန်းအများအပြားကို သိမ်းပိုက်ထားသည်။

အဆိုပါစစ်ဆင်ရေး စတင်ခဲ့ပြီးနောက်ပိုင်း အခြားသော ပြည် နယ်နှင့်တိုင်းများတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် PDF အဖွဲ့များ ပူးပေါင်းကာ တိုက်ပွဲဖော်ဆောင်မှုများ ရှိနေသည်။

နစက၏ NSPNC နှင့် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့တို့သည် ပြီးခဲ့သောရက်ပိုင်းအတွင်း တရုတ်နိုင်ငံ၌ စစ်ရေးအစား နိုင်ငံရေးဖြင့် ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးမှုများရှိခဲ့သော်လည်း လက်ရှိတွင် နှစ်ဖက်ကြား၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေလျက်ရှိသည်ကို တွေ့ရသည်။

zawgyi version
ယခုလကုန္၌ တပ္မေတာ္၏ တစ္ဖက္သတ္ပစ္ခတ္ရပ္စဲမႈ သက္တမ္းကုန္မည္ျဖစ္ၿပီး ေနာက္ထပ္ဆုံးျဖတ္ခ်က္ တစ္ရပ္အေပၚ ႏိုင္ငံေရးအသိုင္းဝိုင္း စိတ္ဝင္စားေန
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၂၃

ယခု ဒီဇင္ဘာလကုန္၌ တပ္မေတာ္၏ တစ္ဖက္သတ္ပစ္ခတ္ရပ္စဲမႈသည္ သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီး ေနာက္ထပ်ဆုံးျဖတ္ ခ်က္တစ္ရပ္အေပၚ ႏိုင္ငံေရးအသိုင္းအဝိုင္းက စိတ္ဝင္စားေနလ်က္ရွိသည္။

ႏိုင္ငံေတာ္အစိုးရ၏ လုံၿခဳံေရးႏွင့္ အုပ္ခ်ဳပ္ေရးဆိုင္ရာယႏၲရားမ်ားကို ေႏွာင့္ယွက္ထိပါးတိုက္ခိုက္ခ်ိန္မွအပ တပ္မေတာ္၏ စစ္ေရးဆိုင္ရာလႈပ္ရွားမႈမ်ားကို ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္မွ ဒီဇင္ဘာလ ၃၁ ရက္အထိ ရပ္စဲေၾကာင္း တပ္မေတာ္ဘက္က ေၾကညာခဲ့သည္။

ထိုသို႔ ရပ္စဲေပးျခင္းသည္ လက္ေတြ႕က်သည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈလုပ္ငန္းစဥ္မ်ားကို ဆက္လက္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ရန္ ႏွင့္ ျပည္သူလူထုတစ္ရပ္လုံး လိုလားေတာင့္ တေနသည့္ ထာဝရၿငိမ္းခ်မ္းေရး ရရွိရန္အတြက္ျဖစ္ေၾကာင္း တပ္မေတာ္ဘက္က ဆိုထားသည္။

လက္ရွိတြင္ ရွမ္းျပည္နယ္အေရွ႕ေျမာက္ပိုင္း၊ ကရင္ျပည္နယ္၊ ကယားျပည္နယ္၊ ရခိုင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္း၊ မေကြးတိုင္း ႏွင့္ ပဲခူးတိုင္းအတြင္းရွိ ေနရာေဒသအခ်ိဳ႕တြင္ တိုင္း ရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား၊ PDF ပူးေပါင္းအဖြဲ႕ မ်ားက တိုက္ပြဲမ်ား အျပင္းအထန္ေဖာ္ေဆာင္လ်က္ရွိသည္။

တပ္မေတာ္၏ တစ္ဖက္သတ္ အပစ္အခတ္ရပ္စဲမႈ သက္တမ္းသည္ မၾကာခင္ ဒီဇင္ဘာလ ၃၁ ရက္တြင္ ကုန္ဆုံးေတာ့မည္ ျဖစ္ၿပီး လက္ရွိ ႏိုင္ငံအတြင္းျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားႏွင့္ပတ္သက္၍ တပ္မေတာ္သည္ ခုခံစစ္အေနျဖင့္သာ ျပန္လည္ခု ခံေနသည္ကို ေတြ႕ရေၾကာင္း ႏိုင္ငံေရးအသိုင္းအဝိုင္းက မွတ္ ခ်က္ျပဳထားသည္။

“ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ျဖစ္သလို ႏိုင္ငံေတာ္အႀကီးအကဲျဖစ္ေနတဲ့အခါမွာ သူ႔ရဲ႕ ေပးထားခ်က္ေတြက ကမာၻသိျဖစ္ၾကတာကိုဗ်။ ဥပမာ ၂၀၂၂ ခုႏွစ္ကို ၿငိမ္းခ်မ္းေရးႏွစ္အျဖစ္ သတ္မွတ္တာတို႔၊ အခါ အားေလ်ာ္စြာအပစ္အခတ္ကို တစ္ဖက္သတ္ရပ္ဆိုင္းတာတို႔ကို ေၾကညာထားတာ ေတြ႕ရတယ္”ဟု ရခိုင့္ဦးေဆာင္ပါတီ ဥကၠ႒ေဒါက္တာေအးေမာင္က NP News ကို ေျပာသည္။

ထို႔ေၾကာင့္ လာမည့္ ဒီဇင္ဘာလ ၃၁ ရက္မတိုင္ခင္အခ်ိန္တြင္ တပ္မေတာ္ဘက္က ဆုံးျဖတ္ခ်က္အသစ္တစ္ရပ္ ထြက္ေပၚလာႏိုင္ေၾကာင္းလည္း ၎က ထပ္မံသုံးသပ္ထားသည္။

“ဒီၾကားမွာ ဒီဇင္ဘာလ ၃၁ ရက္အထိ အပစ္အခတ္ရပ္ထားတာလည္း ရွိတယ္။ မိမိတပ္စခန္းကို လာတိုက္မွပဲ ျပန္တိုက္မယ္ဆိုတာက ရွိတယ္ေလ။ အဲဒီေတာ့ သူ ဘာလုပ္မယ္ဆိုတဲ့ ဆုံးျဖတ္ ခ်က္သည္ အပစ္အခတ္ရပ္တာကို ဆက္ၿပီး ကိုင္စြဲထားမွာလား။ မကိုင္စြဲေတာ့ဘူးလားဆိုတာ ၂၀၂၄ ခုႏွစ္ရဲ႕ ဆုံးျဖတ္ခ်က္က ဒီဇင္ဘာလ ၃၁ ရက္မွာ ထြက္လာႏိုင္ပါတယ္။ အဲဒီေနာက္မွာ စစ္ေဘာင္ပိုက်ယ္သြားမွာလား။ ျမန္မာႏိုင္ငံရဲ႕ လားရာကို ဘယ္လိုခ်ဥ္းကပ္ၾကမွာလဲ။ ဒါက တာဝန္ရွိတဲ့ ပုဂၢိဳလ္ႀကီးမ်ားရဲ႕ ကာကြယ္ေရးဦးစီးခ်ဳပ္အပါအဝင္ ယာယီသမၼတတို႔ရဲ႕ သုံးသပ္ခ်က္ေတြ ပါလာႏိုင္သလို လက္နက္ကိုင္အဖြဲ႕အစည္းေခါင္း ေဆာင္မ်ားသည္လည္း စစ္ေဘာင္ကို ပိုႀကီးေအာင္ ထပ္လုပ္ၾကမွာလား။ ႏိုင္ငံေရးအားျဖင့္ ပိုက်ယ္လာေအာင္ လုပ္မွာလားဆိုတာက လာမယ့္ႏွစ္သစ္မွာေပၚထြန္းလာႏိုင္ပါတယ္။” ဟု ေဒါက္တာေအးေမာင္က ေျပာသည္။

ထို႔ျပင္ လာမည့္ ၂၀၂၄ ခုႏွစ္အတြင္း၌ တပ္မေတာ္ႏွင့္ လက္ နက္ကိုင္အဖြဲ႕မ်ားအၾကား တိုက္ပြဲမ်ား ပိုမိုျပင္းထန္လာႏိုင္ ေၾကာင္းလည္း ျပည္သူ႔လႊတ္ေတာ္အမတ္ေဟာင္း ဦးစိန္ဝင္းက NP News ကို သုံးသပ္ေျပာသည္။

“တစ္ဖက္သတ္ရပ္ထားတယ္။ ဒါေပမယ့္ သူတို႔ ခံရတယ္ေလ။ အဲဒီေတာ့ တစ္ဖက္သတ္ မရပ္ေတာ့ဘဲနဲ႔ ၂၀၂၄ မွာေတာ့ သူတို႔က ၾကမ္းေတာ့မယ္လို႔ ျမင္တာပဲ။ သူတို႔ ထိပ္တိုက္ေတြ႕ၾကလိမ့္မယ္လို႔ အန္ကယ္ျမင္တယ္” ဟု လႊတ္ေတာ္အမတ္ ေဟာင္းဦးစိန္ဝင္းက သုံးသပ္ထားသည္။

ထာဝရၿငိမ္းခ်မ္းေရး ရရွိရန္ရည္႐ြယ္ကာ တပ္မေတာ္အေနျဖင့္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၂၁ ရက္မွစတင္ကာ ၂၀၂၂ ခုႏွစ္ ဒီဇင္ ဘာလ ၃၁ ရက္အထိ တစ္ဖက္သတ္ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးအတြက္ ထုတ္ျပန္ခ်က္ေပါင္း (၂၁)ႀကိမ္ထုတ္ျပန္ကာ ေၾက ညာခဲ့ဖူးသည္။

ေျမာက္ပိုင္းမဟာမိတ္လက္နက္ကိုင္ (၃)ဖြဲ႕ျဖစ္သည့္ MNDAA၊ TNLA၊ AA တို႔သည္ (၁၀၂၇ စစ္ဆင္ေရး)အမည္ျဖင့္ ၿပီးခဲ့ေသာ ေအာက္တိုဘာလ ၂၇ ရက္မွစတင္ကာ ရွမ္းျပည္နယ္အေရွ႕ ေျမာက္ပိုင္းရွိ လုံၿခဳံေရးစခန္းမ်ားကို အင္အားအလုံးအရင္းျဖင့္ ဝင္တိုက္ကာ စခန္းအမ်ားအျပားကို သိမ္းပိုက္ထားသည္။

အဆိုပါစစ္ဆင္ေရး စတင္ခဲ့ၿပီးေနာက္ပိုင္း အျခားေသာ ျပည္ နယ္ႏွင့္တိုင္းမ်ားတြင္လည္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ မ်ားႏွင့္ PDF အဖြဲ႕မ်ား ပူးေပါင္းကာ တိုက္ပြဲေဖာ္ေဆာင္မႈမ်ား ရွိေနသည္။

နစက၏ NSPNC ႏွင့္ ေျမာက္ပိုင္းမဟာမိတ္(၃)ဖြဲ႕တို႔သည္ ၿပီးခဲ့ေသာရက္ပိုင္းအတြင္း တ႐ုတ္ႏိုင္ငံ၌ စစ္ေရးအစား ႏိုင္ငံေရးျဖင့္ ေျဖရွင္းရန္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားရွိခဲ့ေသာ္လည္း လက္ရွိတြင္ ႏွစ္ဖက္ၾကား၌ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနလ်က္ရွိသည္ကို ေတြ႕ရသည္။

© 2021. All rights reserved.