ချစ်သူသက်တမ်း ၁၂ နှစ်ရှိပြီဖြစ်တဲ့ ဖိလစ်ပိုင်သရုပ်ဆောင်ကင်ချူနဲ့ ရှန်းလင်တို့စုံတွဲ လမ်းခွဲပြတ်ဆဲ

1537

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၄
ဖိလစ်ပိုင်သရုပ်ဆောင်စုံတွဲဖြစ်တဲ့ ကင်ချူနဲ့ ရှန်းလင်တို့စုံတွဲဟာ (၁၂) နှစ်တာကြာ လက်တွဲခဲ့ပြီးနောက် လမ်းခွဲခဲ့ ကြပြီဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်းကို ဒီဇင်ဘာ ၂၃ ရက်က ၎င်းတို့ရဲ့အင်စတာဂရန်အကောင့်မှာ အသီးသီးဖော်ပြပြီး ပရိသတ်တွေကို အသိပေးလာခဲ့တာဖြစ်ပါတယ်။ "အချစ်ရေးမှာ အချစ်ဆိုတာ အမြဲတမ်း အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပေမယ့် တစ်ခါတရံ အချစ်နဲ့ မလုံလောက်ဘူး” “ကျွန်မတို့ ဆယ်စုနှစ်တစ်ခုကျော်ကြာ ချစ်ခြင်းမေတ္တာ၊ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ပံ့ပိုးကူညီရင်းနဲ့ အမှတ်တရများစွာကို မျှဝေခဲ့ပါတယ်။ အခုတော့ ဆက်ဆံရေးကို တစ်သက်တာ ရင်းနှီးသူ မိတ်ဆွေတွေ အဖြစ်ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့ သူမရဲ့စာလွှာမှာ ရေးသားဖော်ပြခဲ့ ပါတယ်။
ဒါ့အပြင် ကင်က ရှန်ကို ကျေးဇူးတင်ကြောင်းပြောပြီး "အချစ်က ဘာလဲဆိုတာ ပြသပေးလို့ ကျေးဇူးတင်ပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ကင် က လမ်းခွဲကြောင်းအသိပေးစာ တင်ခဲ့ပြီးနောက် ရှန်းကလည်း "တစ်ယောက်ကိုတစ်ယောက် နှစ်အတော်ကြာ ချစ်ခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ ရေးသားခဲ့ပြီး "သူ့ဘဝရဲ့ ၁၂ နှစ်တာဖြတ်သန်းမှုအတွင်း သူတောင်း သမျှထဲက ကင်ဟာ အကောင်းဆုံးလက်ဆောင်ဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။
ဒီသတင်းဟာ သူတို့ရဲ့ပရိသတ်တွေအတွက် ဝမ်းနည်းစရာဖြစ်ခဲ့ရပါတယ်။ ၎င်းတို့စုံတွဲဟာ နိုဘာလကတည်းက လမ်းခွဲလိုက်တယ်ဆိုတဲ့ကောလဟာလတွေ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

Zawgyi Version;
ခ်စ္သူသက္တမ္း ၁၂ ႏွစ္ရွိၿပီျဖစ္တဲ့ ဖိလစ္ပိုင္သ႐ုပ္ေဆာင္ကင္ခ်ဴနဲ႔ ရွန္းလင္တို႔စုံတြဲ လမ္းခြဲျပတ္ဆဲ
ရောင်နီ (NP News) - ဒီဇင်ဘာ ၂၄
ဖိလစ္ပိုင္သ႐ုပ္ေဆာင္စုံတြဲျဖစ္တဲ့ ကင္ခ်ဴနဲ႔ ရွန္းလင္တို႔စုံတြဲဟာ (၁၂) ႏွစ္တာၾကာ လက္တြဲခဲ့ၿပီးေနာက္ လမ္းခြဲခဲ့ ၾကၿပီျဖစ္တယ္လို႔ သိရပါတယ္။
ဒီအေၾကာင္းကို ဒီဇင္ဘာ ၂၃ ရက္က ၎တို႔ရဲ႕အင္စတာဂရန္အေကာင့္မွာ အသီးသီးေဖာ္ျပၿပီး ပရိသတ္ေတြကို အသိေပးလာခဲ့တာျဖစ္ပါတယ္။ "အခ်စ္ေရးမွာ အခ်စ္ဆိုတာ အၿမဲတမ္း အေရးႀကီးတဲ့အခ်က္တစ္ခုျဖစ္ေပမယ့္ တစ္ခါတရံ အခ်စ္နဲ႔ မလုံေလာက္ဘူး” “ကြၽန္မတို႔ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ ခ်စ္ျခင္းေမတၱာ၊ တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ ပံ့ပိုးကူညီရင္းနဲ႔ အမွတ္တရမ်ားစြာကို မွ်ေဝခဲ့ပါတယ္။ အခုေတာ့ ဆက္ဆံေရးကို တစ္သက္တာ ရင္းႏွီးသူ မိတ္ေဆြေတြ အျဖစ္ေျပာင္းလဲဖို႔ ဆုံးျဖတ္ခဲ့ပါတယ္" လို႔ သူမရဲ႕စာလႊာမွာ ေရးသားေဖာ္ျပခဲ့ ပါတယ္။
ဒါ့အျပင္ ကင္က ရွန္ကို ေက်းဇူးတင္ေၾကာင္းေျပာၿပီး "အခ်စ္က ဘာလဲဆိုတာ ျပသေပးလို႔ ေက်းဇူးတင္ပါတယ္" လို႔ ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။
ကင္ က လမ္းခြဲေၾကာင္းအသိေပးစာ တင္ခဲ့ၿပီးေနာက္ ရွန္းကလည္း "တစ္ေယာက္ကိုတစ္ေယာက္ ႏွစ္အေတာ္ၾကာ ခ်စ္ခဲ့ၾကတဲ့အတြက္ ေက်းဇူးတင္ပါတယ္” လို႔ ေရးသားခဲ့ၿပီး "သူ႔ဘဝရဲ႕ ၁၂ ႏွစ္တာျဖတ္သန္းမႈအတြင္း သူေတာင္း သမွ်ထဲက ကင္ဟာ အေကာင္းဆုံးလက္ေဆာင္ျဖစ္တယ္” လို႔ ေျပာခဲ့ပါတယ္။
ဒီသတင္းဟာ သူတို႔ရဲ႕ပရိသတ္ေတြအတြက္ ဝမ္းနည္းစရာျဖစ္ခဲ့ရပါတယ္။ ၎တို႔စုံတြဲဟာ ႏိုဘာလကတည္းက လမ္းခြဲလိုက္တယ္ဆိုတဲ့ေကာလဟာလေတြ ပ်ံ႕ႏွံ႔ခဲ့တာျဖစ္ပါတယ္။