ရုရှား-ယူကရိန်းစစ်ပွဲက စစ်အေးတိုက်ပွဲအသစ်တစ်ခုကဲ့သို့ ဖြစ်သွားနိုင်ဖွယ်ရှိကြောင်း ဖင်လန်အစိုးရ သတိပေး

992

Pika (NP News) - ဒီဇင်ဘာ ၂၅
အနောက်အုပ်စုနိုင်ငံများတွင် ယူကရိန်းတပ်ဖွဲ့များကို အပြည့်အဝထောက်ပံ့မှုများ လုပ်ဆောင်ရန်အတွက် ခဲယမ်း မီးကျည်များ အလုံအလောက်မရှိသည့်အပြင် ထုတ်လုပ်မှုကိုလည်း ပိုမိုတိုးမြှင့်ခြင်းမျိုး မရှိသောကြောင့် ယူကရိန်း ပဋိပက္ခမှာ စစ်အေးတိုက်ပွဲအသစ်တစ်ခုကဲ့သို့ ဖြစ်သွားနိုင်ဖွယ်ရှိကြောင်း ဖင်လန်ကာကွယ်ရေးဝန်ကြီး အန်တီ ဟက်ကာနန်က သတိပေးပြောဆိုခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့်ဇွန်လအစောပိုင်းက စတင်ခဲ့သော ယူကရိန်း၏ တန်ပြန်ထိုးစစ်ဆင်မှုများမှာ အောင်မြင်မှုမရှိခဲ့ ကြောင်းလည်း သိရသည်။ ယူကရိန်းသည် တန်ပြန်ထိုးစစ်ဆင်မှုများအတွင်း ရုရှားကသိမ်းယူထားသောနယ်မြေ များကို ပြန်လည်သိမ်းယူနိုင်ခြင်းမျိုးမရှိခဲ့သည့်အပြင် တပ်ဖွဲ့ဝင်(၁၆ဝဝဝဝ)ခန့် ဆုံးရှုံးခဲ့ရကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းပြောခဲ့သည်။
ယူကရိန်းတွင် လူသစ်စုဆောင်းမှုအခက်အခဲများနှင့် ခဲယမ်းမီးကျည်များ ပြတ်တောက်မှုများ ကြုံတွေ့နေရပြီး ယူကရိန်း၏ ဥရောပကျောထောက်နောက်ခံနိုင်ငံများသည် ခဲယမ်းမီးကျည်များပေးပို့မည့် ၎င်းတို့၏ ကတိဝတ်ကို တည်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် ယူကရိန်းသို့ နောက်ထပ်စစ်ရေးအကူအညီများ ကူညီပံ့ပိုးပေးမည့် အမေရိကန်၏ အစီအစဉ်များသည် လည်း လွှတ်တော်တွင် ရပ်တန့်နေခဲ့ကြောင်း သိရသည်။ အန်တီဟက်ကာနန် က "ဒီပဋိပက္ခဟာ ရေတိုပြဿနာ တစ်ခုလို့ အနောက်အုပ်စုနိုင်ငံတွေက ထင်နေကြပါတယ်။ ပြီးတော့ ယူကရိန်းက အနိုင်ရရှိမယ်လို့လည်း အနောက်အုပ်စုနိုင်ငံတွေ အတော်များများက ခန့်မှန်းနေကြပါတယ်။ ရုရှားမှာ ဒီစစ်ပွဲကို နှစ်ပေါင်းများစွာကြာ အောင် ဆက်တိုက်နိုင်ဖို့ စွမ်းရည်တွေရှိပါတယ်" ဟု ပြောခဲ့သည်။
ရုရှား၏ စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုစွမ်းရည်များနှင့် လူသစ်စုဆောင်းမှုတို့ကို အန်တီဟက်ကာနန်က ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ထို့အပြင် ရုရှားနိုင်ငံသည် ပြီးခဲ့သည့်နှစ်ကဖြစ်ပွားခဲ့သော ပဋိပက္ခအစပိုင်းထက် အမြောက်ကျည် (၁၇ ဒသမ ၅) ရာခိုင်နှုန်း ပိုမိုထုတ်လုပ်နေပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဆာဂေးရှိုဂူက ထုတ်ဖော်ပြောခဲ့သည်။
အန်တီဟက်ကာနန်က "ကျွန်တော်တို့ဟာ စစ်အေးတိုက်ပွဲအသစ်တစ်ခုခုဆီကို ဦးတည်သွားနေတယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု ပြောခဲ့သည်။ ထို့အပြင် ယူကရိန်းကို ကူညီပံ့ပိုးမှုများလုပ်ဆောင်ပေးရန်အတွက် အမြောက်ကျည်များကို နှစ်ဆတိုးမြင့်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဖင်လန်အစိုးရက ပြီးခဲ့သည့်လတွင် ထုတ်ပြန်ကြေညာခဲ့သည်။
သို့သော်လည်း အမြောက်ကျည်အရေအတွက် မည်မျှထုတ်လုပ်မည်ဆိုသည့်အချက်နှင့် မည်သည့်အချိန်တွင် ထုတ်လုပ်မည်ဆိုသည့်အချက်တို့ကို ဖင်လန်အစိုးရက ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
႐ုရွား-ယူကရိန္းစစ္ပြဲက စစ္ေအးတိုက္ပြဲအသစ္တစ္ခုကဲ့သို႔ ျဖစ္သြားႏိုင္ဖြယ္ရွိေၾကာင္း ဖင္လန္အစိုးရ သတိေပး
Pika (NP News) - ဒီဇင္ဘာ ၂၅
အေနာက္အုပ္စုႏိုင္ငံမ်ားတြင္ ယူကရိန္းတပ္ဖြဲ႕မ်ားကို အျပည့္အဝေထာက္ပံ့မႈမ်ား လုပ္ေဆာင္ရန္အတြက္ ခဲယမ္း မီးက်ည္မ်ား အလုံအေလာက္မရွိသည့္အျပင္ ထုတ္လုပ္မႈကိုလည္း ပိုမိုတိုးျမႇင့္ျခင္းမ်ိဳး မရွိေသာေၾကာင့္ ယူကရိန္း ပဋိပကၡမွာ စစ္ေအးတိုက္ပြဲအသစ္တစ္ခုကဲ့သို႔ ျဖစ္သြားႏိုင္ဖြယ္ရွိေၾကာင္း ဖင္လန္ကာကြယ္ေရးဝန္ႀကီး အန္တီ ဟက္ကာနန္က သတိေပးေျပာဆိုခဲ့သည္။
ထို႔အျပင္ ၿပီးခဲ့သည့္ဇြန္လအေစာပိုင္းက စတင္ခဲ့ေသာ ယူကရိန္း၏ တန္ျပန္ထိုးစစ္ဆင္မႈမ်ားမွာ ေအာင္ျမင္မႈမရွိခဲ့ ေၾကာင္းလည္း သိရသည္။ ယူကရိန္းသည္ တန္ျပန္ထိုးစစ္ဆင္မႈမ်ားအတြင္း ႐ုရွားကသိမ္းယူထားေသာနယ္ေျမ မ်ားကို ျပန္လည္သိမ္းယူႏိုင္ျခင္းမ်ိဳးမရွိခဲ့သည့္အျပင္ တပ္ဖြဲ႕ဝင္(၁၆ဝဝဝဝ)ခန႔္ ဆုံးရႈံးခဲ့ရေၾကာင္း ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနက ခန႔္မွန္းေျပာခဲ့သည္။
ယူကရိန္းတြင္ လူသစ္စုေဆာင္းမႈအခက္အခဲမ်ားႏွင့္ ခဲယမ္းမီးက်ည္မ်ား ျပတ္ေတာက္မႈမ်ား ႀကဳံေတြ႕ေနရၿပီး ယူကရိန္း၏ ဥေရာပေက်ာေထာက္ေနာက္ခံႏိုင္ငံမ်ားသည္ ခဲယမ္းမီးက်ည္မ်ားေပးပို႔မည့္ ၎တို႔၏ ကတိဝတ္ကို တည္ႏိုင္ခဲ့ျခင္း မရွိခဲ့ေၾကာင္းလည္း သိရသည္။
ထို႔အျပင္ ယူကရိန္းသို႔ ေနာက္ထပ္စစ္ေရးအကူအညီမ်ား ကူညီပံ့ပိုးေပးမည့္ အေမရိကန္၏ အစီအစဥ္မ်ားသည္ လည္း လႊတ္ေတာ္တြင္ ရပ္တန႔္ေနခဲ့ေၾကာင္း သိရသည္။ အန္တီဟက္ကာနန္ က "ဒီပဋိပကၡဟာ ေရတိုျပႆနာ တစ္ခုလို႔ အေနာက္အုပ္စုႏိုင္ငံေတြက ထင္ေနၾကပါတယ္။ ၿပီးေတာ့ ယူကရိန္းက အႏိုင္ရရွိမယ္လို႔လည္း အေနာက္အုပ္စုႏိုင္ငံေတြ အေတာ္မ်ားမ်ားက ခန႔္မွန္းေနၾကပါတယ္။ ႐ုရွားမွာ ဒီစစ္ပြဲကို ႏွစ္ေပါင္းမ်ားစြာၾကာ ေအာင္ ဆက္တိုက္ႏိုင္ဖို႔ စြမ္းရည္ေတြရွိပါတယ္" ဟု ေျပာခဲ့သည္။
႐ုရွား၏ စစ္လက္နက္ပစၥည္းထုတ္လုပ္မႈစြမ္းရည္မ်ားႏွင့္ လူသစ္စုေဆာင္းမႈတို႔ကို အန္တီဟက္ကာနန္က ရည္ၫႊန္းေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ ထို႔အျပင္ ႐ုရွားႏိုင္ငံသည္ ၿပီးခဲ့သည့္ႏွစ္ကျဖစ္ပြားခဲ့ေသာ ပဋိပကၡအစပိုင္းထက္ အေျမာက္က်ည္ (၁၇ ဒသမ ၅) ရာခိုင္ႏႈန္း ပိုမိုထုတ္လုပ္ေနၿပီျဖစ္ေၾကာင္း ႐ုရွား ကာကြယ္ေရးဝန္ႀကီးဆာေဂးရႈိဂူက ထုတ္ေဖာ္ေျပာခဲ့သည္။
အန္တီဟက္ကာနန္က "ကြၽန္ေတာ္တို႔ဟာ စစ္ေအးတိုက္ပြဲအသစ္တစ္ခုခုဆီကို ဦးတည္သြားေနတယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္" ဟု ေျပာခဲ့သည္။ ထို႔အျပင္ ယူကရိန္းကို ကူညီပံ့ပိုးမႈမ်ားလုပ္ေဆာင္ေပးရန္အတြက္ အေျမာက္က်ည္မ်ားကို ႏွစ္ဆတိုးျမင့္ထုတ္လုပ္သြားမည္ျဖစ္ေၾကာင္း ဖင္လန္အစိုးရက ၿပီးခဲ့သည့္လတြင္ ထုတ္ျပန္ေၾကညာခဲ့သည္။
သို႔ေသာ္လည္း အေျမာက္က်ည္အေရအတြက္ မည္မွ်ထုတ္လုပ္မည္ဆိုသည့္အခ်က္ႏွင့္ မည္သည့္အခ်ိန္တြင္ ထုတ္လုပ္မည္ဆိုသည့္အခ်က္တို႔ကို ဖင္လန္အစိုးရက ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမ်ိဳး မရွိခဲ့ေၾကာင္းလည္း သိရသည္။